The Corner

The Corner

cropped-Logo_round_grey-background.png

ဇင်လင်း

တီမောလက်စ်တေနိုင်ငံ

တီမောလက်စ်တေ နိုင်ငံသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အရှေ့တောင် အာရှနိုင်ငံများ အသင်း (ASEAN)၏ ၁၁ နိုင်ငံမြောက် အာဆီယံ အဖွဲ့ဝင် ဖြစ်လာတော့မည်။ အရှေ့တီမော သို့မဟုတ် တီမောလက်စ်တေနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ၁၁ နိုင်ငံ မြောက် အာဆီယံ အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့် ရရှိရန် အသင့် အနေအထားဖြင့် အားတင်းကာ စောင့်စားလျက်ရှိသည်။ အရှေ့တောင်အာရှ ဒေသအတွင်း၌ ‘တီမောလက်စ်တေ’ နိုင်ငံသည် သက်တမ်းအငယ်ဆုံး နိုင်ငံတစ်ခု ဖြစ်သည်။ အရှေ့တောင် အာရှနိုင်ငံများ အသင်း (ASEAN) တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ခွင့်ရရှိရန် ကာလအတော်ကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသည်။ ၂၀၁၁ မှ ၂၀၂၂ ခုနှစ်အထိ လေ့လာသူအဖြစ်ဖြင့် စောင့်ဆိုင်းခဲ့ရသည်။ […]

တီမောလက်စ်တေနိုင်ငံ Read More »

အစ္စရေးက ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသလား

အမေရိကန် အထက်လွှတ်တော်အမတ် ‘ဘာနီ ဆန်းဒါးစ်’ က ဂါဇာဒေသ တွင် အစ္စရေး၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ‘လူမျိုးတုံး သတ်ဖြတ်မှု’ (Genocide) အဖြစ် ဖော်ပြခဲ့ပြီး “ပါလက်စတိုင်းလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” တွင် ဝါရှင်တန်အစိုးရ ပါဝင်နေမှုကို ရပ်ရန် တိုက်တွန်းလိုက်သည်။ ပါလက်စတိုင်းပြဿနာအသစ် ပေါ်ပေါက်လာခြင်း ဆယ်စုနှစ်ပေါင်းများစွာ စစ်ရေး နိုင်ငံရေး ပြဿနာပေါင်း မြောက်မြားစွာဖြင့် အမယ်ဘုတ်ကဲ့ သူ့ချည်ခင်ဟု ဆိုရမည့် အစ္စရေးနှင့် ပါလက်စတိုင်းအရှုပ်အထွေးသည် ကြာလေ ဖြေရှင်းရခက်လေ ဖြစ်လာနေသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား နှစ်နိုင်ငံပေါ်ထွန်းရေး မူကို ဦးတည်မည့် မူကြမ်းအဆင့်များကို အခြေခံသည့် ကြေညာချက် တစ်ရပ်ကို ၂၀၁၅ စက်တင်ဘာ ၁၂ ရက်

အစ္စရေးက ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသလား Read More »

‘သမ္မတ ပရာဘိုဝို’ ကို စိန်ခေါ်နေတဲ့ အင်ဒိုနီးရှား လူထုအုံကြွမှု

အင်ဒိုနီးရှားနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ အကြားမှာ တည်ရှိပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိ တဲ့အတွက် ကမ္ဘာပေါ်မှာ အကြီးဆုံး ကျွန်းနိုင်ငံဖြစ်တယ်။ လူဦးရေ ၂၈၆ ဒသမ ၆ သန်းကျော်ရှိကြောင်း ၂၀၂၅ ဇွန်လ အင်ဒိုနီးရှား ပြည်ထဲရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရတယ်။ လူဦးရေရဲ့ ၈၆ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၁၆ ခုနှစ်က စာရင်းဇယားအရ လူဦးရေရဲ့ ၁၀ ဒသမ ၈% ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရောက်ရှိ နေပြီး အလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၅% ရှိတယ်လို့ ဖော်ပြထားတယ်။ အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံရေးသြဇာ အမြင့်ဆုံးလို့ ပြောနိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ‘သမ္မတ ပရာဘိုဝို

‘သမ္မတ ပရာဘိုဝို’ ကို စိန်ခေါ်နေတဲ့ အင်ဒိုနီးရှား လူထုအုံကြွမှု Read More »

ယီမင်ဝန်ကြီးချုပ်သေဆုံးရတဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှု အရှေ့အလယ်ပိုင်းမှာ စစ်ဘောင် ပိုကျယ်လာမည်လား

ယီမင်နိုင်ငံက ဟူသီအဖွဲ့ ပြဿနာဟာ အရှေ့အလယ်ပိုင်းအတွက် နောက်ထပ်တောက်လောင် လာနေတဲ့ စစ်ပွဲကြီးဖြစ်လာနေပြီလားလို့ နိုင်ငံတကာ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြတယ်။ အစ္စရေးရဲ့  သြဂုတ် ၂၈ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်မြို့တော်ရှိ သူပုန် အစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် အာမက် အယ်လ် ရာဟာဝီ(Ahmed al-Rahawi) သေဆုံးသွားကြောင်း ဟူသီ အဖွဲ့က ဩဂုတ် ၃၀ ရက်မှာ ကြေညာခဲ့တယ်။ အီရန်က ကျောထောက် နောက်ခံ ပေးထားတဲ့ ဟူသီသူပုန် အဖွဲ့ အပေါ် အစ္စရေး-အမေရိကန် တိုက်ခိုက်မှုအတွင်း အဆင့်အမြင့်ဆုံး ဟူသီ ခေါင်းဆောင်တစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သူပုန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ Source: Washington Institute ယီမင်မြို့တော် ဆာနားကို ဩဂုတ် ၂၈ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ

ယီမင်ဝန်ကြီးချုပ်သေဆုံးရတဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှု အရှေ့အလယ်ပိုင်းမှာ စစ်ဘောင် ပိုကျယ်လာမည်လား Read More »

အပြောလွယ်ပေမယ့် အလုပ်ခက်တဲ့ တရုတ် နဲ့ ထိုင်ဝမ်တို့ရဲ့ စနစ် နှစ်ရပ်ပေါင်းစည်းရေး

၂၀၂၅ ဇွန်လ ၄ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ‘လင်ကျန့်’ က ပုံမှန် သတင်းစာ ရှင်းလင်း ပွဲကို ကြီးမှူး ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ သတင်းထောက်တစ်ဦးက မကြာသေးမီက (၂၀၂၅ မေလ ၃၁ ရက်နေ့ ) စင်္ကာပူမှာ ကျင်းပခဲ့တဲ့ Shangri-la ဆွေးနွေးပွဲအတွင်း ဥရောပနိုင်ငံ ခေါင်းဆောင်တစ်ဦးက ‘ထိုင်ဝမ် ပြဿနာ’ နဲ့  ‘ယူကရိန်း ပြဿနာ’ ကို နှိုင်းယှဉ်ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အဆိုပါ မေးမြန်းချက်နဲ့ ပတ်သက်လို့ ‘လင်ကျန့်’ က “မိမိတို့သည် သက်ဆိုင်ရာ ပြောဆိုချက် အပေါ် ခိုင်မာပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ ‘ထိုင်ဝမ်’ သည် တရုတ် ပိုင်နက်နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်း

အပြောလွယ်ပေမယ့် အလုပ်ခက်တဲ့ တရုတ် နဲ့ ထိုင်ဝမ်တို့ရဲ့ စနစ် နှစ်ရပ်ပေါင်းစည်းရေး Read More »

ဂျပန် နဲ့ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်ရေး ရုရှား၊ တရုတ်နဲ့ မြောက်ကိုးရီးယားတို့က ခြိမ်းခြောက်နေပြီလား

နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ ခေတ်သစ်ကပ်ဘေးဆိုးကာလကြီး တစ်ခုထဲကို တိုးဝင်နေပြီ ဖြစ်တယ်လို့ ၂၀၂၅ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် “ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ” မှာ ဖော်ပြထားတယ်။ အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ ဂျပန်အတွက် “အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှု” ဖြစ်တယ်လို့ ဆိုထားတယ်။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ မူဝါဒတွေဟာ အင်ဒို-ပစိဖိတ်ဒေသအပေါ် ထိရောက်တဲ့ သြဇာသက်ရောက်မှုတွေ ဖြစ်လာ မယ်လို့ မျှော်လင့်ကြောင်း အစီရင်ခံစာက ဆိုတယ်။ ဂျပန်ရဲ့ အဆိုပါ နှစ်ပတ်လည် ကာကွယ်ရေးအစီရင်ခံစာကို ဇူလိုင် ၁၅ ရက်နေ့ က ပြုလုပ်တဲ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်တယ်။ အစီရင်ခံစာမှာ ဂျပန်နိုင်ငံရင်ဆိုင်နေရတဲ့ ဒေသဆိုင်ရာ လုံခြုံရေး ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ခက်ခဲတဲ့

ဂျပန် နဲ့ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်ရေး ရုရှား၊ တရုတ်နဲ့ မြောက်ကိုးရီးယားတို့က ခြိမ်းခြောက်နေပြီလား Read More »

‘အမေရိကန် ရွှေခေတ် ပြန်ရောက်ရေး’ – ‘ဒီမိုကရေစီ’ ကို ဆန့်ကျင်ရမည်ဆိုသည့်သမ္မတ ထရမ့်၏ ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’

အမေရိကန်အစိုးရအဖွဲ့များတွင် ယေဘုယျအားဖြင့် သမ္မတပြီးလျှင် အစဉ်အလာအားဖြင့် ထင်ပေါ်သူမှာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သည်။ လက်ရှိ အမေရိကန် သမ္မတ ထရမ့်အစိုးရအဖွဲ့တွင်မူ နိုင်ငံခြားရေးဝန်ကြီး (Marco Antonio Rubio) ထက် ကာကွယ်ရေးဝန်ကြီးက ပို၍ ထင်ပေါ်နေလေသည်။ နိုင်ငံခြားရေးနှင့်ပတ်သက်သော မူဝါဒဆိုင်ရာ သဘောထား များကို နိုင်ငံခြားရေးဝန်ကြီးထက် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ (Pete Hegseth) က ထုတ်ဖော်ပြောဆိုနေသည်ကို ရံဖန်ရံခါ ကြားနေရသည်။ အထူးသဖြင့် သမ္မတ ထရမ့်အစိုးရအဖွဲ့သည် နယ်မြေချဲ့ထွင်ရေးမူဝါဒ (သို့မဟုတ်) ကိုလိုနီနယ် မြေတိုးချဲ့ ရေးမူဝါဒကို ကိုင်စွဲထားသည်ဟု ပြောဆိုမှုများလည်းရှိနေသည်။ လက်ရှိ ဥရောပနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေကို ကြည့်၍ အထီးကျန်ဝါဒ ကျင့်သုံးနေသူ (Isolationist)ဟုလည်း သုံးသပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်အစိုးရ၏

‘အမေရိကန် ရွှေခေတ် ပြန်ရောက်ရေး’ – ‘ဒီမိုကရေစီ’ ကို ဆန့်ကျင်ရမည်ဆိုသည့်သမ္မတ ထရမ့်၏ ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ Read More »

အသက်နဲ့ရင်း သတင်းဖေါ်ထုတ်တဲ့ သတင်းထောက် အန်နာ ပိုလစ်ကော့ဗ်စကာယာ

(The Corner အတွဲ (၉) ပါ ဆရာ ဇင်လင်း၏ “ဗလာဒီမာ ပူတင်၊ ယူကရိန်းစစ်ပွဲ နဲ့ နောက်ကွယ်က နိုင်ငံရေးလှိုင်းဂယက်များ” ဆောင်းပါးတွင် ပါဝင်သည့် ရုရှားသမ္မတ ပူတင် အစိုးရခေတ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသူများ ထဲ၌ ပါဝင်သည့် သတင်းထောက် တစ်ဦး ဖြစ်သူ အန်နာ ပိုလစ် ကော့ဗ်စကာယာအကြောင်းအား ဇင်လင်း ကိုယ်တိုင် ရေးသားခဲ့ပြီး အတွေးအမြင် အမှတ် ၃၂၄၊ စက်တင်ဘာလ၊ ၂၀၁၉ ၌ ဖော်ပြခဲ့သည့် ဆောင်းပါးအား ဆရာ ဇင်လင်း၏ ခွင့်ပြုချက်ဖြင့် Archived Corner ကဏ္ဍတွင် ပြန်လည် ဖော်ပြပါသည်။ The Corner စာတည်းအဖွဲ့) ‘အန်နာ စတက်ပါနော့ဗ်နာ ပိုလစ်ကော့ဗ်စကာယာ’ (Anna

အသက်နဲ့ရင်း သတင်းဖေါ်ထုတ်တဲ့ သတင်းထောက် အန်နာ ပိုလစ်ကော့ဗ်စကာယာ Read More »

ဗလာဒီမာ ပူတင်၊ ယူကရိန်းစစ်ပွဲ နဲ့ နောက်ကွယ်က နိုင်ငံရေးလှိုင်းဂယက်များ

ရုရှားအစိုးရ ဝန်ကြီးတစ်ဦးအပါအဝင် အရာရှိကြီးများ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ တသီတတန်း ဖြစ်နေတာ ဘာကြောင့်လဲ? မျက်မှောက်ခေတ် ရုရှားနိုင်ငံ အကြောင်း ပြောကြတဲ့အခါ ‘ဗလာဒီမာ ပူတင်’အကြောင်းနဲ့ ယူကရိန်း စစ်ပွဲအကြောင်းက ထိပ်ဆုံးကပါလာမှာဖြစ်တယ်။ ရုရှား သမ္မတ ‘ပူတင်’ဟာ လက်ရှိသမိုင်းမှာ နာမည် ဆိုးနဲ့ကျော်ကြားနေသူဖြစ်တယ်။ သူ့ရဲ့ ရက်စက် ကြမ်းကြုတ်မှုနဲ့ အာဏာမက်မောမှုတွေကို မြင်ကြရတဲ့ အခါ ဆိုဗီယက်ခေတ် အာဏာရှင် ‘စတာလင်’ ကိုလည်း သတိရစရာဖြစ်တယ်။ ၁၉၃၄ ကစပြီး အာဏာရှင်ဖြစ်လာတဲ့ ‘စတာလင်’ဟာ နိုင်ငံရေးအရ မရှိသင့်ဘူးလို့ သူထင်တဲ့လူတွေကို  ပိုက်စိပ်တိုက် ရှာဖွေပြီး လုပ်ကြံသတ်ဖြတ်ဖယ်ရှားခဲ့တယ်လို့ ဆိုတယ်။ စတာလင်ရဲ့ အကြံပေး ပုဂ္ဂိုလ် ကွန်မြူနစ်အရာရှိကြီး ‘ဆာဂီ ကိရော့ဗ်’ (Sergi Kirov)ဟာ  ၁၉၃၄ ဒီဇင်ဘာ

ဗလာဒီမာ ပူတင်၊ ယူကရိန်းစစ်ပွဲ နဲ့ နောက်ကွယ်က နိုင်ငံရေးလှိုင်းဂယက်များ Read More »

‘Animal Farm’ ကို ဘာကြောင့် အဆိုးမြင်ရှုထောင့်က ‘ဂျော့ချ်အော်ဝဲလ်’ ရေးဖွဲ့ခဲ့တာလဲ  

“စပိန်နိုင်ငံထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့အတွက် ကျွန်တော်တို့ အတော် ကံကောင်းတယ် လို့ဆိုရမယ်။” – လို့ နောင်အခါမှာ ‘ဂျော့ချ်အော်ဝဲလ်’ က ရေးသားဖော်ပြခဲ့ဖူးတယ်။ စပိန်ပြည်တွင်းစစ်တုန်းက တိုက်ပွဲအတွင်း သူ့လည်ပင်း မှာ သေလောက်တဲ့ ဒဏ်ရာရခဲ့တဲ့အကြောင်း သူ မပြောဖူးပေမယ့် စတာလင်ရဲ့ သွေးဆာနေတဲ့ နိုင်ငံရေးမှူး တွေအကြောင်းတော့ သူပြောလေ့ရှိတယ်။ အဲဒီ  နိုင်ငံရေးမှူးဆိုသူတွေဟာ ၁၉၃၇ ခုနှစ်က အာဏာရ စပိန် အစိုးရအဖွဲ့ အပေါ် အတော်အတန် သြဇာ လွှမ်းမိုးခဲ့သူတွေ ဖြစ်တယ်။  ‘ဂျော့ချ်အော်ဝဲလ်’ စပိန်ကို သွားခဲ့တာက အစိုးရဘက်က ပါဝင်တိုက်ခိုက်ပေးဖို့ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ပါဝင်တိုက်ခိုက်ခဲ့ခြင်းဟာ သူကိုယ်စားပြုတဲ့ နိုင်ငံရေးကျင့်ဝတ်ကို ဖော်ပြရာရောက်တယ်လို့ သူယူဆခဲ့တာကြောင့် ဖြစ် တယ်။ သူယုံကြည်ခဲ့တဲ့ အဲဒီ နိုင်ငံရေးကျင့်ဝတ်ရဲ့ အရေးပါမှုကပဲ သူ့ဘဝကို နိဂုံးချုပ်

‘Animal Farm’ ကို ဘာကြောင့် အဆိုးမြင်ရှုထောင့်က ‘ဂျော့ချ်အော်ဝဲလ်’ ရေးဖွဲ့ခဲ့တာလဲ   Read More »