The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

တိမ်မဲ့မိုး

ကျစ်ကျစ်ပါအောင် ပူလောင်နေသည့် ထဲတွင် ခရီးသွားရသည်က ဝေဒနာအထုပ်ကြီးတစ်ခုကို ရွက်ထားရသည့်နှယ်။ ကားတံခါးပေါက်မှ အရှိန်ဖြင့် တိုးဝင်နေသည့် လေပူများကလည်း ပူမဖြေနိုင်သော်လည်း ဖြေသိမ့်စရာတစ်ခု ဖြစ်နေသည်။ ကိုယ့်ရပ်ကိုယ့်ဇာတိကို ပြန်ရသည်ဖြစ်၍ ဇာတိဇောကပ်နေသည်ကလည်း ပံ့ပိုးမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ခရီးသည်တင်ကားကဖြင့် ခရီးသည် တင်လိုက်၊ ဆင်းလိုက်နှင့် နိစ္စဓူဝ တာဝန်ထမ်းဆောင်နေသည်။ နေပူဒဏ်နှင့်အတူ အင်ဂျင်အပူဒဏ်တို့ကို လက်ဆောင်အဖြစ် ထွေးပိုက်ထားရချေသည်။ မယူချင်လည်းမရ၊ မရချင်လည်း ယူနေရသည်။ ထိုသို့ လုံးထွေးနေသည့် အပူအမျိုးမျိုးတို့ကို ကား၏ လီဗာတံက မည်သို့မျှ ဂရုစိုက်လိမ့်မည်လည်း မဟုတ်ချေ။ မခံစားနိုင်လျှင် အာရုံပြောင်းသည့်အနေဖြင့် အဝေးမှ မြင်ကွင်းများကို ငေးကြည့်နေရသော်လည်း တလက်လက်ထနေသည့် တံလျှပ်များကြောင့် မျက်လုံးထဲမှတစ်ဆင့် အပူတို့ စီးဝင်လာသလို ခံစားရပြန်သည်။ လယ်ကွင်းများကလည်း ရိတ်သိမ်းပြီးစ အချိန် ဖြစ်၍ ရိုးပြတ်ဝါဝါများက […]

တိမ်မဲ့မိုး Read More »

အပြိုအပျက်နဲ့ အပြုအပြင်

အဖွဲ့အစည်းတစ်ရပ်ရဲ့ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အဓိကကျတဲ့ အစိတ်အပိုင်းအားလုံး အချိတ်အဆက်မိမိ၊ ဟန်ချက်ညီညီ လည်ပတ်နေဖို့ လိုပါတယ်။ ပထမ အရေးကြီးတဲ့ အချက်ကတော့ တိကျရှင်းလင်းတဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက် တိတိကျကျ ရှိနေဖို့ပါ။ တချို့ အဖွဲ့အစည်းတွေမှာ စာနဲ့ပေနဲ့ ချရေးထားမယ်။ တချို့ကျတော့ အဖွဲ့အစည်းလေးတွေ၊ လုပ်ငန်းလေးတွေကျတော့ မျှော်မှန်းချက်၊ ဦးတည်ချက်ဆိုတာမျိုး ဆိုင်းဘုတ်ကြီးတွေ စိုက်ထူထားချင်မှ ထားမယ်။ ယုတ်စွအဆုံး စာရွက်ထဲမှာတောင် ချရေးထားချင်မှ ရေးထားလိမ့်မယ်။ ဆိုင်းဘုတ်ထောင်တာ၊ မထောင်တာ၊ စာနဲ့ရေးတာ၊ မရေးတာထက် ပိုအရေးကြီးတာကတော့ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်က ဘာလဲဆိုတာကို အဖွဲ့အစည်းဝင်တိုင်း ရှင်းရှင်းလင်းလင်း သိနေဖို့ပါ။ ဆိုင်းဘုတ်ကြီးကိုတော့ ဖတ်လိုက်ရတာပဲ၊ ဘာပြောချင်မှန်းမသိဘူး၊ ဘာကိုဆိုလိုမှန်းမသိဘူးဆိုရင် ပြဿနာရှိပါတယ်။ တချို့

အပြိုအပျက်နဲ့ အပြုအပြင် Read More »

ရှေ့ပြေး အီးဗွီ BYD (ဘီဝိုင်ဒီ)

ကမ္ဘာ့ အီးဗွီကား ထုတ်လုပ်သူ ဘီဝိုင်ဒီ ရုံးချုပ်တည်ရှိရာ တရုတ်နိုင်ငံ ရှင်ကျန်းမြို့ကို လာရောက်လည်ပတ် လေ့လာသူ တွေဟာ ဘီဝိုင်ဒီက သူ့ရဲ့ အလန်းစား လုံခြုံရေး အစီအမံတွေ၊ သရုပ်ပြပွဲတွေကို ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဧည့်သည် လေ့လာသူတွေ မှန်အထူကြီး ကာထားတဲ့ အခန်းထဲကနေ သရုပ်ပြမြင်ကွင်းတွေကို ကြည့်ကြရမှာပါ။ လွန်ပူ ဖောက်စက်ကြီးနဲ့ လူကြားထဲမှာ ရေပန်းစားနေတဲ့ အီးဗွီကားများမှာ တပ်ဆင်တဲ့ ဘက်ထရီကို ထိုးဖောက် ပြတဲ့ အခါတိုင်း ဘက်ထရီတွေက ထ’ ပေါက်ကုန်ကြတယ်။ ဘီဝိုင်ဒီရဲ့ အကောင်းဆုံး နည်းပညာတစ်ခုဖြစ်တဲ့ “ဘလိတ်” လို့ အမည်ရှိတဲ့ ဘက်ထရီကို လွန်နဲ့ ဖောက်ရင်တော့ ရှေ့က ပြသွားတဲ့ ဘက်ထရီတွေလို ထ’ ပေါက်တာ၊ မီးလောင်တာတွေ မဖြစ်စေဘူးတဲ့။ ဘီဝိုင်ဒီဆိုတာ

ရှေ့ပြေး အီးဗွီ BYD (ဘီဝိုင်ဒီ) Read More »

အရူး ကွာစေ့

အရူးနဲ့ကွာစေ့က  ဘာဆိုင်လို့လဲလို့ တွေးကြမယ်ထင်ပါတယ်။ဆိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကွာစေ့ရဲ့တံဆိပ် (Brand)ကိုက “အရူး”ဖြစ်နေလို့ပါ။ ကွာစေ့အကြောင်းကဘာများအရေးပါလို့လဲလို့ ထပ်တွေးကြဦးမယ်ထင်ပါတယ်။ အင်မတန်အရေးကြီးပါတယ်။ အရူးကွာစေ့ဟာ တရုတ်နိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ အဆင့်သစ်တစ်ရပ်ကို ထပ်တက်ဖို့အတွက် သမိုင်းအချိုးအကွေ့ ဖြစ်ခဲ့လို့ပါ။ အရူးကွာစေ့နဲ့တွဲကပ်ပါလာတဲ့ သမိုင်းသဘောတရားကလည်း ဆင်ခြင်သုံးသပ်စရာပါ။ သမိုင်းဆိုင်ရာ အပြောင်းအလဲတွေဟာ တစ်ဖြောင့်တည်းဖြစ်ပေါ်တာတော့ မဟုတ်ပါဘူး။အလှည့် အပြောင်း အချိုးအကွေ့ တွေဆိုတာ ရှိနေတတ်ပါတယ်။ပိုစိတ်ဝင်စားစရာကောင်းတာက လောကသဘာဝဖြစ်တဲ့ “အကျိုးအမြတ်” နဲ့ “ပေးဆပ်မှု”ယှဥ်တွဲနေတာကို “အရူးကွာစေ့” မှာ တွေ့ရတာပါ တိတိကျကျပြောရရင် “မင်းမှာလုပ်ချင်ရင် တင်းကုပ်မှာအချုပ်ခံဝံ့  မခံဝံ့” – လို့ပြောရမှာပါ။ ‘အရူးကွာစေ့’ကိုပုံဖော် ထုဆစ်ခဲ့သူက နီယန်ဂွမ်ဂျူး (Nian Guangjin)ပါ။ နီယန်ဂွမ်ဂျူးဟာမဖွံ့ဖြိုးမတိုးတက်သေးတဲ့ တရုတ်နိုင်ငံမှာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ ကြီးပြင်းလာတဲ့ သာမန်ပြည်သူတစ်ဦးပါ။ အသက် ခုနစ်နှစ်မှာ

အရူး ကွာစေ့ Read More »

ဒေါ်နယ်ထရမ့်အတွက် ကျူးဘားထွက်ပေါက်

သဘောတရားရေးရာဆိုင်ရာသေချာရေရာမှုဆိုတာတွေက ကျူးဘားပြည်သူတွေကို နှစ်ပေါင်း ၇ဝကြာထိခိုက်နစ်နာစေခဲ့ရတယ်။သံသယဝါဒကိုပဲအခွင့်အခါပေးရမယ့် အချိန် ဆိုရမလား သန့်စင်တဲ့သူရဲကောင်းဝါဒ စိတ်ကူးယဉ်အိပ်မက်တွေဟာ ကျွန်းပေါ်မှာလက်ရှိနေထိုင်ကြတဲ့ သူတွေကိုရော၊ ပြည်ပကို ထွက်သွားကြတဲ့ ပြည်ပြေးတွေ အပါအဝင် သာမန် ကျူးဘားပြည်သူ အရပ်သူအရပ်သားတွေကို ဒုက္ခပေးနေခဲ့တာကာလအတော်ကြာပါပြီ။ ကျူးဘားနိုင်ငံမှာ တဖြည်း ဖြည်း ယုတ်လျော့လာနေတဲ့လူဦးရေဟာအခုဆို ကိုးသန်းလောက်ပဲ ရှိတော့တယ်။ အဲဒီအခြေအနေ ဆိုက်နေတဲ့ ကျူးဘားရဲ့  ဒီကနေ့နံနက်ခင်းဟာလည်း လူတွေဖန်တီးလို့ပေါ်ပေါက်လာခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေကြားမှာ ပူပြင်းအိုက်စပ်လှတဲ့ နေ့သစ်တစ်ရက်အဖြစ်သို့ ထပ်ပြီးတော့ကူးပြောင်း ရောက်ရှိလာခဲ့ပြန်ပါပြီ။စားနပ်ရိက္ခာ၊ ဆေးဝါး၊ လျှပ်စစ်စွမ်းအင်နဲ့သန့်ရှင်းတဲ့ သောက်ရေတွေလုံလုံ လောက်လောက် မရရှိကြတဲ့ ကျူးဘားပြည်သူတွေဟာ အာဏာရ ကွန်မြူနစ်ပါတီ ဆီကနေ အဆောတလျင် ကယ်ဆယ်မှု သို့တည်းမဟုတ် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှု အပေါင်းကနေ အဆောတလျင် သက်သာရာရစေမှုမျိုး မျှော်လင့်နိုင်ပါဘူး။ ကျူးဘားကျွန်းနိုင်ငံက ခေါင်းဆောင်တွေဟာ ခေါင်းမာပြီး 

ဒေါ်နယ်ထရမ့်အတွက် ကျူးဘားထွက်ပေါက် Read More »

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့

တိုတိုထွာထွာ မှတ်စရာ (၂၄) ဘောလိဝုဒ်ရုပ်ရှင်လောကတွင် စက်ရုပ်ဆင်များ အစားထိုးလာခြင်း ဘောလိဝုဒ် အက်ရှင်ကားတွေကို အပတ်စဉ်ကြည့်ပြီး “CGI သဘာဝကျရဲ့လား” ဆိုတာ ငြင်းခုံနေကြချိန်မှာ… တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံ ကျေးရွာရဲ့ စိုက်ခင်း တွေ အနားမှာတော့ တကယ့် သည်းထိတ်ရင်ဖို အသက်လုပွဲ ရုပ်ရှင်အစစ်ကြီး ရိုက်ကူးနေရပါတယ်။  ပဲခူးရိုးမ တိုက်ကြီးနဲ့ လှည်းကူးဒေသတစ်ဝိုက်က တောထဲမှာ တောဆင်ရိုင်း အကောင် ၃၀ ခန့် ကျက်စားနေကြပါတယ်။ တောဆင်ရိုင်းတွေက တောထဲမှာ အစာနဲ့ ရေ ရှားလာလို့ ရွာနားက စိုက်ခင်းတွေထဲ ဝင်ဝင်မွှေနေကြတာပါ။ ဆင်အုပ်ကြီးတွေ ဝင်လာပြီး စပါးတွေ၊ ကြံတွေ၊ ငှက်ပျောပင်တွေကို စားသောက် ဖျက်ဆီးပစ်တော့ စိုက်ခင်းတွေလည်း ပျက်စီးကုန်တာပေါ့။ ဒီလိုမျိုး အစာလာရှာရင်း ရွာသားတွေနဲ့ ထိပ်တိုက်တိုးမိတော့ နှစ်တိုင်း

ကာရန်မညီ တေးမပီလည်း ဤစာကို ရေးချင်လို့ Read More »

ကိုယ်စွမ်းကိုယ်စ

စာရေးဆရာ ဖြစ်ချင်စိတ်သည် အလယ်တန်းကျောင်းသားဘဝကတည်းက မက်ခဲ့ဖူးသည့် အိပ်မက်မျှသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခေါင်ခေါင်ကျေးကျေး ဝေးလံလှသည့် အနောက်မြောက်ဘက် တောင်ကုန်းဒေသ၏ အစွန်အဖျား နယ်ခြားမြေဝေး  ကျွန်တော့်ဇာတိမြေ တမူးမြို့ကလေးသည် မြန်မာ-အိန္ဒိယခြံစည်းရိုးဘေးတွင် တည်ရှိသည်။ ကျောင်းနှင့်သုံးမိုင်ဝေးသည့် လယ်တောတဲက မိုး ဘယ်လောက်ပဲရွာရွာ၊ နှင်းမြူမှုန်ဘယ်လောက်ပဲကျကျ မပျက်မကွက် ကျောင်းတက်ခဲ့ရသည်။ မြို့ပေါ်တွင် အိမ်ရှိသော်လည်း လယ်လုပ်ချိန်ဆိုလျှင် အိမ်ကိုပိတ်၍ မိသားစုအကုန် လယ်တဲသို့ ပြောင်း ရွှေ့နေကျဖြစ်သည်။ လယ်လုပ်ချိန်နှင့် ကျောင်းဖွင့်ချိန်က ကွက်တိ။ နွေဦးရောက်လျှင် လယ်လုပ်ငန်း သိမ်းချိန်မှာ ကျောင်းပိတ်ချိန်နှင့် ကွက်တိ။ ထို့ကြောင့် ‌ကျောင်းစတင်နေချိန် မူလတန်းကျောင်းသား ဘဝကတည်းက လယ်တောတဲနှင့်ကျောင်း မဆက်စပ်မပတ်သက်ချင်ဘဲ  ဆက်စပ်ပတ်သက်ခဲ့ရသည်။ တစ်ခုရှိတာက မိုးအကုန် ထွန်တုံးပစ်ချိန် ‌၊ ဆောင်းဦးကာလတွင် စပါးစိုက်ပြီး၍ စပါးတွေ မောင်းညိုချိန်ထိ

ကိုယ်စွမ်းကိုယ်စ Read More »

ဂါးနီးကားပန်းချီကားရဲ့ ဇာစ်မြစ်

ဂါးနီးကားမှာ ရွာတဲ့ (ဗုံး) မိုး ၁၉၃၆ ခုနှစ်တွင် စပိန်နိုင်ငံ၌ ဗိုလ်ချုပ်ကြီးဖရန်ကိုခေါင်းဆောင်သော  ဖက်ဆစ်တပ်များက ဒီမိုကရေစီသမ္မတနိုင်ငံတော်အစိုးကို တော်လှန်ပုန်ကန်တိုက်ခိုက်သဖြင့် ပြည်တွင်းစဂါးနီးကားမှာ ရွာတဲ့ (ဗုံး) မိုးစ်ကြီးဖြစ်ပွားခဲ့ရသည်။ ဗိုလ်ချုပ်ကြီးဖရန်ကို,ကို ဂျာမန်ခေါင်းဆောင်ဟစ်တလာနှင့် အီတလီခေါင်းဆောင် မူဆိုလီနီတို့က ထောက်ခံအားပေးသည်။ ဂျာမနီနိုင်ငံ၏ထောက်ခံအားပေးမှုတွင် လေကြောင်းစစ်ကူပါ,ပါ သည်။ ၁၉၃၇ ခုနှစ် ဧပြီလ ၂၆ နေ့တွင် ဂါးနီးကားမြို့လေးကို ဂျာမန်လေတပ်မတော်က အပြင်းအထန် ဗုံးကြဲဖျက်ဆီးခဲ့သည်။ တကယ်တော့ ဒီမြို့ငယ်လေးမှာ စစ်ဘက်ဆိုင်ရာလုပ်ငန်းဘာမှမရှိ။ စစ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံက မြို့အပြင်မှာရှိပြီး စစ်တန်းလျားနှစ်ခုက မြို့နှင့်မလှမ်းမကမ်းမှာရှိသည်။ ယင်းစစ်ရေးပစ်မှတ်များကို ဂျာမန်လေတပ်မတော်က လုံးဝတို့ထိမှုမရှိခဲ့။ ယခုဗုံးကြဲဖျက် ဆီးခဲ့သည့်ပစ်မှတ်တွေက စစ်ရေးနှင့်လုံးဝအကျုံးမဝင်တဲ့ အရပ်သူ အရပ်သားနေတဲ့နေရာတွေ။                           ဤဗုံးကြဲမှုက ဝေဟင်မှအကြားမလပ် တရစပ်ဗုံးကြဲခြင်း (aerial saturation bombing) တစ်ခုအဖြစ်သမိုင်းတွင်သွားသည်။

ဂါးနီးကားပန်းချီကားရဲ့ ဇာစ်မြစ် Read More »

ဦးနှောက်ပြုန်းတီးစေမှု

နိုင်ငံတစ်ခုမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကရှားပါးလာတယ်။ ရှားရှားပါးပါးထဲက ရှာလို့ဖွေလို့ ရတဲ့အလုပ်ကလေးတွေကလည်း လုပ်ရတဲ့အလုပ်နဲ့ ရလာတဲ့ခံစားခွင့်ကမမျှဘူး၊ ဖြစ်ဖြစ်မြောက်မြောက်၊​ ထိုက်ထိုက်တန်တန်မပေးနိုင်ဘူးပေါ့။ ဒီအလုပ်ကလေးတွေထဲမှာပေပေတေတေဆက်လုပ်နေဦးမယ် ဆိုပြန်ရင်လည်း အသက်မွေး ဝမ်းကျောင်းဆိုင်ရာတိုးတက်မှုအခွင့်အလမ်းကောင်းတွေက စောင့်ကြို နေတာမျိုး မရှိဘူး။ မျှော်လင့်ချက်တွေအတော်လေးမဲ့နေတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေ ကလည်း အကျဘက်ကိုဦးတည်နေတယ်။ ဒီလိုအခြေအနေမျိုးရောက်လာပြီ ဆိုရင် ရင်ဆိုင်နေရတဲ့ အခြေအနေ တွေကို ဖြေရှင်းနိုင်ဖို့၊ ကျဉ်းထဲကျပ်ထဲကနေရုန်းထွက်နိုင်ဖို့အတွက် ရေကြည်ရာမြက်နုရာကို ရှာကြတော့တာပေါ့။ ရေကြည်ရာမြက်နုရာရှာတယ်ဆိုတာကတော့ “တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဆိုတဲ့ထုံးကို နှလုံး မူပြီး အခြေအနေကောင်းမယ်ထင်တဲ့နိုင်ငံ၊ သွားလို့လာလို့၊ လုပ်လို့ကိုင်လို့လည်းကောင်းမယ်လို့ယူဆရတဲ့ နိုင်ငံတစ်နိုင်ငံဆီကို ထွက်ခွာကြတာပါပဲ။ အလုပ်အကိုင်အခွင့်အလမ်းကောင်းလေးရယူဖို့အတွက် ခဏတာ ယာယီသဘောမျိုးသွားကြသူတွေလည်းပါမယ်၊ မိခင်နိုင်ငံကိုအပြီးစွန့်သွားပြီး နိုင်ငံသစ်မှာအခြေချတော့မယ် လို့ သန္နိဋ္ဌာန်ချလိုက်ကြသူတွေလည်းပါမယ်ပေါ့။ လာရောက်ခိုနား၊သူပျံသွားသော်၊ကိုင်းဖျားသိမ့်သိမ့်ခါသတည်း တဲ့။ ဆရာမောင်ပေါက်စည်(မန်းတက္ကသိုလ်)ရဲ့ “ဧည့်သည်”ကဗျာလေးပါ။ ကိုင်းဖျားကိုကန် ပျံသွားတဲ့ ငှက်ကလေးတွေကြောင့်

ဦးနှောက်ပြုန်းတီးစေမှု Read More »