ပါဝါအရှိဆုံး ဒု သမ္မတ
ရယ်စရာ ပျက်လုံးတစ်ခုကြားဖူးပါတယ်။ အသက် ၈၀ အဘွားကြီး လူအိုရုံကို ရောက်လာတော့ ကျွေးမွေး စောင့်ရှောက်မယ့် သားသမီးမရှိဘူးလားလို့ မေးပါတယ်။ အဘွားကြီး က သား နှစ်ယောက်ရှိ ကြောင်း ဖြေတော့ သား နှစ်ယောက်က မစောင့် ရှောက်ဘူးလားလို့ ထပ်မေးကြပါတယ်။ အဲဒီတော့ အဘွားကြီးက ဖြေပါတယ်။ “သားနှစ်ယောက်ရှိတာ အကြီးကောင်က သင်္ဘောသား ဖြစ်သွားပြီးကတည်းက ဘာသတင်းမှ မရတော့ဘူး။ အငယ်ကောင်လည်း တူတူပဲ၊ ဒု-သမ္မတ ဖြစ်သွားပြီး ကတည်းက ဘာသံမှကို မကြားရတော့ဘူး”။ ပြက်လုံးက ဒု-သမ္မတတွေ အရာမဝင်ပုံကို လှောင်ပြောင်ထားတာပါ။ အမေရိကန်မှာ ဒု-သမ္မတနဲ့ သမ္မတဟာ အတော်ကွာပါတယ်။ သမ္မတက အိမ်ဖြူတော်ကို အပိုင်စားရပေမယ့် ၁၉၈၀ ဝန်းကျင်လောက်အထိ ဒု-သမ္မတအတွက် သတ်မှတ်ထားတဲ့ စံအိမ်မရှိဘူးလို့ ဆိုပါတယ်။ […]
ပါဝါအရှိဆုံး ဒု သမ္မတ Read More »








