The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

ဂါဇာ သုံးပွင့်ဆိုင် အုပ်ချုပ်ရေး မြင်ကွင်းသစ်

ဂါဇာဒေသရဲ့  ပျက်စီးဆုံးရှုံးမှုက  ကျယ်ပြန့်နက်ရှိုင်းလွန်းတော့  တိုက်ခိုက်ယူလောက်စရာ  မက်စရာဆိုလို့  မရှိသလောက်ပါဘဲ။ ဂါဇာဒေသနေ  ပါလက်စတိုင်းတစ်ဦးကတော့  ဟီရိုရှီးမား၊ ဒရက်စဒန်တို့ထက်  ဆိုးတာပါဗျာ  လို့ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး  သဘောတူညီချက်  ထုတ်ပြန်လိုက်ချိန်မှာပဲ  စစ်ပွဲအလွန် ဂါဇာဒေသကို  ဘယ်သူ ထိန်းချုပ်မလဲ  ဆိုတဲ့  နိုင်ငံရေးအားပြိုင်ပွဲက  စတင် သက်ဝင်လှုပ်ရှားလာပါတယ်။ ဂါဇာဒေသရဲ့  အင်အားကြီး အုပ်စု တွေဟာ  ဂါဇာဒေသ ထိန်းချုပ်နိုင်ဖို့  ဟားမတ်စ်အဖွဲ့နဲ့  အသည်းအသန်  အပြိုင်အလှန်  တိုက်ခိုက်ကြပြီး  တစ်နေ့တည်းမှာ ကို  လူလေးဆယ်အထက်  သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့  ဂါဇာဒေသနဲ့  အလွန် ဝေးကွာတဲ့ ဒေသတွေမှာ လည်း  နိုင်ငံရေးသမားတွေ၊ ကန်ထရိုက်တာတွေနဲ့  နိုင်ငံခြားသား အတိုင်ပင်ခံတွေဟာ  သူတို့ သြဇာ လွှမ်းမိုးနိုင်ဖို့  အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ  ဖုန်းဆိုးမြေဖြစ်သွားတဲ့  ဂါဇာဒေသကို […]

ဂါဇာ သုံးပွင့်ဆိုင် အုပ်ချုပ်ရေး မြင်ကွင်းသစ် Read More »

အွန်လိုင်းပေါ် က ဘူကီနာဖာဆို သံမဏိ ခေါင်းဆောင်ရဲ့ ဗီဒီယိုများ

ဗီဒီယိုထဲမှာ သူရဲ့ အမေရိကန် အင်္ဂလိပ် အသံထွက်က ကတော့ အာဖရိကန်သံ နည်းနည်း ပါတယ်။ ပုံမှန်ပါပဲ။ သူ့ မျက်နှာ အသွင်အပြင်ကတော့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိလှဘူး။ ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ သူ့မိန့်ခွန်းထဲက စကားတွေကတော့ အမှန်ကို ထင်ဟပ်နေတယ်။ “အာဖရိကတိုက်သားတွေ စည်းလုံး ညီညွတ်ဖို့လိုပြီ” လို့ ဘူကီနာဖာဆို နိုင်ငံရဲ့ ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ်သာ ရှိသေးတဲ့ အီဘရာဟင် ထရာအိုရေးက ပြောပါတယ်။ ပြောလက်စ စကားကို ခဏရပ်လိုက်ပြီးနောက် “ဗလာဒီ မီယာ ပူတင်၊ ခင်ဗျား ကျွန်တော်တို့ကို ပေးခဲ့တဲ့ အကူအညီ အားလုံး အတွက် ကျေးဇူးပါဗျာ“ လို့ ထည့်ပြော သွားခဲ့တယ်။ ၂ဝ၂၂ခုနှစ်မှာ အာဏာသိမ်းပြီး နိုင်ငံ့

အွန်လိုင်းပေါ် က ဘူကီနာဖာဆို သံမဏိ ခေါင်းဆောင်ရဲ့ ဗီဒီယိုများ Read More »

ထရမ့်၊ ပူတင်၊ ဇလန်းစကီး တို့နဲ့ တိုမာဟော့ခ် ဒုံးကျည်ဗျူဟာ ဘယ်လဲ ဘာလဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဗိုလ်လုပ်ဖို့ ကြံစည် နေတယ်။ လက်ရှိအခြေအနေမှာ ယူကရိန်းစစ်ပွဲကြောင့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်နေတဲ့ ရုရှားသမ္မတ ပူတင် ကို နယ်ရုပ်တစ်ရုပ်အဖြစ် ကစားဖို့ ထရမ့်က ဗျူဟာခင်းနေတာတွေ့ရတယ်။ ယူကရိန်းသမ္မတ ဇလန်းစကီး ကတော့ နိုင်ငံအရွယ် ပမာဏနဲ့ စစ်အင်အားအရ ရုရှားကို မယှဉ်နိုင်ဘူးလို့ ထင်ရပေမယ့် အမေရိကန်နဲ့ နေတိုးမဟာမိတ်တို့ဆီက လက်နက်တွေရရှိအောင်ကြံဖန်နိုင်တာကြောင့် စစ်ပွဲအနေအထားက သရေပွဲ ဖြစ်နေတာတွေ့ရတယ်။ ဒါကြောင့် စစ်ပွဲချိန်ခွင်လျှာ အပြောင်းအလဲဖြစ်စေဖို့အတွက် အမေရိကန်ဆီက မဟာဗျူဟာ လက်နက်တွေရရှိနိုင်ရေး ကြိုးပမ်းနေရတာ တွေ့ရတယ်။ ဒါကြောင့် ယူကရိန်းက တိုမာဟော့ခ်ဒုံးကျည်တွေ လိုချင်တဲ့ အကြောင်းဖြစ်လာတယ်။ ၂၀၂၂ ခုနှစ် ရုရှားရဲ့ အလုံးစုံ ကျူးကျော်စစ် စတင်ကတည်းက တာဝေးပစ်ဒုံးကျည်တွေ ရရှိရေးအတွက် ယူကရိန်းက

ထရမ့်၊ ပူတင်၊ ဇလန်းစကီး တို့နဲ့ တိုမာဟော့ခ် ဒုံးကျည်ဗျူဟာ ဘယ်လဲ ဘာလဲ Read More »

အိန္ဒိယနိုင်ငံက သူကြွယ်တွေ ဘာကိုကြောက်

“မညီမျှမှုတွေကို သိသိသာသာချည်း မြင်တွေ့နေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ လူမှုရေးဆိုင်ရာ ငြိမ်းချမ်းမှုဟာ ဘာကြောင့် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနေရတာလဲ”  ဒီမေးခွန်းဟာ အတွေ့အကြုံနည်းပါးတဲ့ ကမ္ဘာ့လှည့် ခရီးသွားတွေသာ မေးတဲ့ မေးခွန်းတစ်ခုတော့ မဟုတ်ပါဘူး။ ယင်းမေးခွန်းဟာ အိမ်ကြီးအိမ်ကောင်းတွေ မှာ အိမ်ဖော်တွေ၊ ထမင်းချက်တွေ၊ ယာဥ်မောင်းတွေနဲ့ နေထိုင်ကြတဲ့ အဆင့်မြင့် ပညာတတ် အိန္ဒိယနိုင်ငံသားတွေ အကြားမှာလည်း မေးလေ့ မေးထရှိတဲ့ မေးခွန်း တစ်ခုပါပဲ။ ဆင်းရဲချမ်းသာ ကွာဟမှုကို အလွယ်တကူပဲ အများဆုံးမြင်ရတဲ့ အိန္ဒိယနိုင်ငံရဲ့ မြို့ကြီးတွေဟာ ဘာကြောင့် ရီယိုဒီဂျနီးယိုး သို့မဟုတ် ဂျိုဟန်နက်စဘတ် မြို့တွေလောက် ကွဲပြားနေတဲ့ လူတန်းစား အမျိုးမျိုးကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားခြင်း မရှိတာလဲ။ ခွစာ သတင်းစာ ဆောင်းပါးရှင် တစ်ဦးဖြစ်သူ မာနူဂျိုးဆက်ကတော့ “ဆင်းရဲသားတွေက ကျုပ်တို့ကို

အိန္ဒိယနိုင်ငံက သူကြွယ်တွေ ဘာကိုကြောက် Read More »

ဂျပန်ရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်သစ် ‘တကာအီချီ ဆနာအဲ’

ဂျပန် ဒိုင်းယက်လွှတ်တော်က ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် မစ္စ တကာအီချီ ဆနာအဲ (Takaichi Sanae) ကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ရွေးချယ်တင်မြှောက်လိုက်ကြောင်း NHK သတင်းအရ သိရတယ်။ ‘တကာအီချီ ဆနာအဲ’  ဟာ ဂျပန်လွှတ်‌တော်မှာ မဲအနိုင်ရရှိခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးအနေနဲ့ တိုင်းပြည်ကို ဦးဆောင်မယ်ဆိုတာ ဂျပန်နိုင်ငံ သမိုင်းမှာပထမဆုံး ထူးခြားဖြစ်စဉ် ဖြစ်လာပါတယ်။ အာဏာရ Liberal Democratic Party (LDP) ပါတီ ဦးဆောင်သူ ‘တကာအီချီ ဆနာအဲ’ ဟာ Japan Innovation Party (JIP) ပါတီ နဲ့ ညွန့်ပေါင်းအစိုးရသစ်ဖွဲ့စည်းဖို့ စီစဉ်ထားကြောင်း သိရတယ်။ ၂၀၂၅ အောက်တိုဘာ ၂၁ ရက်နေ့ (အင်္ဂါနေ့) ညနေပိုင်းမှာ

ဂျပန်ရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်သစ် ‘တကာအီချီ ဆနာအဲ’ Read More »

အာဆီယံ ခေါင်းဆောင်များနဲ့ အာဆီယံ နိုင်ငံရေး ဇာတ်ခုံ

အာဆီယံက ခုတော့ (၁၁) နိုင်ငံဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆) ရက်ကစပြီး အရှေ့တီမော နိုင်ငံငယ် ကလေးက အဖွဲ့ဝင် ဖြစ်လာတာပါ။ အရှေ့တီမောက အာဆီယံမှာ သက်တမ်းအနုဆုံး နိုင်ငံဖြစ်သလို နောက်အကျဆုံး အဖွဲ့ဝင်ဖြစ်လာတဲ့နိုင်ငံပါ။ ၂၀၀၂ ခုနှစ်ကမှ အင်ဒိုနီးရှားနိုင်ငံလက်အောက်က လွတ်မြောက်ပြီး နိုင်ငံတခုအဖြစ် ပေါ်ထွန်းလာခဲ့တာပါ။ သမိုင်းကြောင်းအရ အရှေ့တီမောဟာ ပေါ်တူဂီကိုလိုနီအဖြစ် ၁၉၇၅ ခုနှစ်အထိ နေခဲ့ရပြီး ၁၉၉၉ ခုနှစ်မှာ အင်ဒိုနီးရှားတပ်တွေက ကျူးကျော်သိမ်းပိုက်ခြင်းခံခဲ့ရတယ်။ ကုလသမဂ္ဂရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ၂၀၀၂ ခုနှစ်မှာ အရှေ့တီမော လွတ်လပ်ရေး ရခဲ့တယ်။ အင်ဒိုနီးရှားကျွန်းစုများရဲ့ အစွန်ဆုံး တီမောကျွန်းရဲ့ အရှေ့ဘက်ခြမ်းတည်ရှိလို့ အရှေ့တီမောလို့ ခေါ်တွင်တာဖြစ်တယ်။ တကယ်တော့ အာဆီယံမှာ ၂၀၂၅၊ အောက်တိုဘာ(၂၆)မတိုင်မီအထိ အဖွဲ့ဝင် (၁၀) နိုင်ငံပဲ

အာဆီယံ ခေါင်းဆောင်များနဲ့ အာဆီယံ နိုင်ငံရေး ဇာတ်ခုံ Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁)

အာဖရိကတိုက်ရဲ့ ပလ္လင်ပေါ်က သက်တမ်းရင့် ခေါင်းဆောင်များ ဦးမိုး – ဟာ ကိုတိုး လာဗျာ။ ဒီကို မလာတာကြာပေ့ါ။ ဘာ အလုပ်တွေ ရှုပ်နေလို့ ပျောက်နေတာလဲဗျ။ ဦးတိုး – ဒီလို ကိုမိုးရေ။ အိမ်မှာ သားတို့ မိသားစု တစ်သိုက်က ကျွန်တော်တို့ အဘိုးကြီး အဘွားကြီးနှစ်ယောက်ကို သီတင်းကျွတ် လာကန်တော့ရင်း အိမ်မှာ သောင်တင်နေတာဗျ။ မြေးလေးတွေလည်း ပါလာတော့ သူတို့မိသားစု နဲ့ပဲ အလုပ်ရှုပ်နေတာ။ မနေ့ကတော့ ပြန်သွားကြပြီ။ အခုမှပဲ ကျွန်တော်လည်း ကိုယ်ပိုင်အချိန် လေးတွေ ပြန်ရတော့တယ်။ ဦးမိုး – အေးပါဗျာ ကောင်းပါတယ်။ ခင်ဗျားကတော့ သားနဲ့ မြေးတွေနဲ့ သိုက်သိုက် ဝန်းဝန်း ဆိုတော့။ ကျုပ်ကိုတောင် တပည့် သားမြေးများက

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁) Read More »

ဓားနဲ့ဆား လဲကြမယ့် နဂါးနဲ့ လင်းယုန်

စီးပွားရေး အကြမ်းဖက်မှု ချိန်ခွင်လျှာ မျှတနေတာဟာ တည်ငြိမ်မှု အတွက် အခြေခံ မဟုတ်ပါဘူး။ “တရုတ်နိုင်ငံနဲ့ ပတ်သက်လို့က မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ”လို့ တရုတ်ပြည်ရဲ့ ဘက်ထရီနဲ့ မြေရှား သတ္တုတွေ ပေါ်မှာ ပို့ကုန်ဆိုင်ရာ ထိန်းချုပ်မှု အဟန့်အတားသစ်တွေ ချမှတ်ခဲ့တာနဲ့ စပ်လျဥ်းလို့ လက်စားချေ တုံ့ပြန်ဖို့ ခြိမ်းခြောက်မှုတွေ လုပ်ပြီးတဲ့ နောက်မှာ သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၂ ရက်နေ့တုန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ ရေးလိုက်တယ်။ တရုတ် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း “ကမ္ဘာ့နိုင်ငံတွေ စိတ်မပူကြပါနဲ့ အားလုံး အဆင်ပြေ သွားမှာပါ” လို့ စောစောပိုင်း တစ်ရက်က သတင်းစာ ရှင်းလင်းပွဲမှာ အကြမ်းဖျင်း ပြောခဲ့တယ်။ အဲဒီမှာ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက

ဓားနဲ့ဆား လဲကြမယ့် နဂါးနဲ့ လင်းယုန် Read More »

အဖိနှိပ်ခံ ပြည်သူတွေကိုယ်စား ပေးတဲ့ဆု

အဖိနှိပ်ခံ ပြည်သူတွေကိုယ်စား ပေးတဲ့ဆု (သို့မဟုတ်) ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို ရရှိသွားတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ၂၀၂၅ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ ရလိမ့်မယ်လို့ ဆုရွေးချယ်ရေး ကော်မတီရဲ့ ကြေညာချက် မထွက်ခင်အထိ ကြွေးကြော်နေခဲ့တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ လုပ်ဆောင်ချက် တွေဟာ နိုဘယ်လ်ဆုနဲ့ ထိုက်တန်တယ်ဆိုပြီးတော့လည်း လူအများရှေ့မှာ ပြောဆိုနေတာ တွေ့ရတယ်။ နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဟာ ခုလို သမ္မတထရမ့်က သူ ရလိမ့်မယ်လို့ ပြောဆိုနေတဲ့ကြားက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် အမျိုးသမီး မာရီယာ ကိုရီနာ မာချာဒို ကို ချီးမြှင့် လိုက်ကြောင်း အောက်တိုဘာ(၁၀)ရက်နေ့မှာ ကြေညာလိုက်တယ်။ ဗင်နီဇွဲလားအတိုက်ခံခေါင်းဆောင် မာချာဒို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိကြောင်း သတင်းတွေ

အဖိနှိပ်ခံ ပြည်သူတွေကိုယ်စား ပေးတဲ့ဆု Read More »

ထရမ့်ခေတ်ထဲ ရပ်တည်နေရတဲ့ ကုလသမဂ္ဂ

သမ္မတ ဒေါ်နယ် ထရမ့် အိမ်ဖြူတော်ကို ပြန်ရောက်ပြီး ပထမဆုံး အကြိမ် တက်တဲ့   ၂၀၂၅ ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) မှာ အခြေအနေတွေက လုံးဝကို ပြောင်းလဲသွားပါပြီ။ သူ ဒီနှစ် UNGA ကို ရောက်တာနဲ့ ညီလာခံရဲ့ အငွေ့အသက်ကြီးက အရင်လို မဟုတ်တော့ဘူး။ ဒီ ၂၀၂၅ UNGA ကို ထရမ့် ပြန်ရောက်လာတာက အခြေအနေကို တော်တော်ထူးခြားသွားစေတယ်။ ကမ္ဘာကြီး ပြောင်းလဲ လာတာနဲ့အမျှ UN လို အဖွဲ့အစည်းကြီးရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာကို ခေါင်းဆောင်တွေနဲ့ သံတမန် တွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ ဒီအဖွဲ့ကြီးရဲ့ အရေးပါမှုက ကျသွားမလားဆိုတဲ့ သံသယ တွေကလည်း ရှိနေခဲ့ပါတယ်။ ထရမ့်ကတော့ UN

ထရမ့်ခေတ်ထဲ ရပ်တည်နေရတဲ့ ကုလသမဂ္ဂ Read More »