The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၂)

အပေးအကမ်း ရက်ရောတဲ့ သမ္မတကြီး ဦးမိုး – ဟာ ကိုတိုး လာဗျာ။ ပြီးခဲ့တဲ့ အပတ်ကတောင် မျှော်နေသေးတယ်။ ခင်ဗျား ရောက်လာမလားလို့။ ကျွန်တော်လည်း မိုးထဲရေထဲ အိမ်ထဲမှာ နေရတာ ပျင်းလာလို့ လက်ဖက်ရည်ဆိုင် ခဏထိုင်ဖြစ်သေးတယ်။ ဦးတိုး – ဟုတ်တယ် ကိုမိုးရေ။ သီတင်းကျွတ် ပိတ်ရက်တွေတုန်းက သားတို့ မိသားစုရောက်နေလို့ ရှုပ်နေခဲ့လို့ တန်ဆောင်တိုင် ပိတ်ရက်မှာတော့ စုဆောင်း သိမ်းဆည်းထားတဲ့ စာအုပ်လေးဘာလေး ဖတ်မယ် စိတ်ကူးထားတာ။ ဘယ်ဟုတ်လို့တုံး။ ရွာလိုက်တဲ့မိုး ဆိုတာဗျာ။ အိမ်ထဲလည်း ရေတွေဝင်လို့ ကျွန်တော်တို့ အဘိုးကြီး အဘွားကြီး နှစ်ယောက် ဒုက္ခတွေ ရောက်လိုက်တာဆိုတာ မပြောပါနဲ့ဗျာ။ ဦးမိုး – ကျွန်တော့် အိမ်လည်း အတူတူပါပဲ။ အိမ်ဝိုင်းထဲရော လမ်းပေါ်မှာရော […]

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၂) Read More »

တဟီရာရှားပြောတဲ့ ကမ္ဘာဒီးယားနိုင်ငံရဲ့ လူသတ်ကွင်းအသစ်ထဲက မိန်းမ သူရဲကောင်းတွေ

သူမ၏ ဗိုက်ကို မြေပြင်မှာ မှောက်ထားပြီး ခြေထောက်နှစ်ချောင်း ခပ်ကျဲကျဲထားကာ ဆိုးခထန်းသည် သူမရှေ့ရှိ မြက်ပင်ရှည် တစ်အုပ်ကို လှံစွပ်ဓားသွားနှင့်ညင်ညင်သာသာလေးဆွနေသည်။ မျက်နှာပေါ် ချွေးသီး ချွေးပေါက်တွေ ကျနေသည့်ကြားက သူမက သတိနှင့်စိုက်ကြည့်ရင်း တစ်ကြိမ်လျှင်      မြက်တစ်ထုံးသာဖြတ်သည်။ ကိုယ်မှာ ရေတပ်အပြာရောင်ကျည်ကာအင်္ကျီဝတ်ထားပြီး ခေါင်းမှာ      စတီးခမောက်ဆောင်းထားရသဖြင့် လူကပိတ်လှောင်မွန်းကျပ်နေသည်။ သူမ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်သည်။ ညာလက်ပေါ်က ချွေးတွေကိုသုတ်ပြီး သူမ ခေတ္တရပ်နားလိုက်သည်။ မြက် ထုပ်ရဲ့အခြေမှာ၊ သူမရဲ့ မျက်နှာကာနှင့် ခြောက်လက်မအကွာမှာ အစိမ်းရောင်ပလတ်စတစ် ချပ်ပြားဝိုင်းလေး။ ရေခဲပြင်ဟော်ကီမှာ ဘောလုံးအဖြစ်သုံးတဲ့ ရော်ဘာ ဒိုးပြားလောက် အရွယ်ရှိတဲ့ ချပ်ပြားဝိုင်းလေး။ ဒီချပ်ပြားဝိုင်းလေးက တရုတ်နိုင်ငံကထုတ်လုပ်သည့် ၇၂-ဘီ အမျိုးအစားမြေမြှုပ်မိုင်းဖြစ်သည်။ လူသေစေသည်ထက် အနာတရ ဖြစ်အောင်၊ ဒုက္ခိတဖြစ်အောင် တီထွင်ထုတ်လုပ်ထားသည့်မိုင်း။

တဟီရာရှားပြောတဲ့ ကမ္ဘာဒီးယားနိုင်ငံရဲ့ လူသတ်ကွင်းအသစ်ထဲက မိန်းမ သူရဲကောင်းတွေ Read More »

ထိုင်း-တရုတ် ဆက်ဆံရေး နဲ့ တိုက်ဆိုင်မှုမဟုတ်တဲ့ နိုင်ငံရေး

နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူးလို့ ပြောကြတယ်။ ထိုင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန် ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၂)ရက် (ဗုဒ္ဓဟူးနေ့)က တရုတ်နိုင်ငံ ပီကင်းမြို့ကို နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိလာပါတယ်။ ထိုင်းဘုရင်မင်းမြတ်ရဲ့ ဒီခရီးစဉ်ဟာ ထိုင်း-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းမှာ အထူးခြားဆုံး မှတ်တမ်းတင်ရမယ့် ခရီးစဉ် လည်းဖြစ်တယ်။ တရုတ် နဲ့ ထိုင်းဟာ ၁၉၇၅ ခုနှစ်ကျမှ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ကြတာဖြစ်ပြီး ဒီနှစ်မှာ နှစ် (၅၀) ပြည့် ပါတယ်။ အစဉ်အလာအားဖြင့် ထိုင်းဟာ တရုတ်ရဲ့ မဟာမိတ်မဟုတ်ပါဘူး။ အမေရိကန်ရဲ့ မဟာမိတ်ပါ။ နှစ်ပေါင်း (၅၀) သံတမန်ဆက်ဆံရေး ထူထောင်ထားစဉ်ကာလ တစ်လျှောက်လုံး ထိုင်းအစိုးရအဖွဲ့ခေါင်းဆောင်တွေ ပီကင်းကို သွားရောက် လည်ပတ်တာမျိုး ရှိခဲ့ပေမယ့် ခုလို ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး

ထိုင်း-တရုတ် ဆက်ဆံရေး နဲ့ တိုက်ဆိုင်မှုမဟုတ်တဲ့ နိုင်ငံရေး Read More »

တရုတ်၊ ဂျပန်၊ ထိုင်ဝမ် နဲ့ အင်ဒို-ပစိဖိတ်ဒေသ အရေးတော်ပုံ

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိ (Shinjiro Koizumi) နဲ့ တရုတ်ကာကွယ်ရေး ဝန်ကြီး တုန်ကျွင်း (Dong Jun) တို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ Mainichi သတင်းစာမှာ ဖော်ပြ ခဲ့တယ်။ ဂျပန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတွေဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်းနဲ့ မိတ်ဖက်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေ ကျင်းပနေစဉ် ဘေးပန်းပြင်ပမှာ အလွတ်သဘော တွေ့ဆုံခဲ့ကြကြောင်း သိရတယ်။ နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေးမှုနဲ့ အဆင့်အသီးသီးမှာ အပြန်အလှန် အမြင်ဖလှယ်မှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုတယ်။ အာရှပစိဖိတ်ဒေသအတွင်းမှာ ဘေဂျင်းရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးလာမှုအပေါ် ဂျပန်အနေနဲ့ စိုးရိမ်ပူပန်ကြောင်း ဂျပန်

တရုတ်၊ ဂျပန်၊ ထိုင်ဝမ် နဲ့ အင်ဒို-ပစိဖိတ်ဒေသ အရေးတော်ပုံ Read More »

စစ်ပြင်နေရတဲ့ ဥရောပ

ဥရောပသမဂ္ဂရဲ့ ရုံးစိုက်ရာ မြို့လည်းဖြစ်တဲ့ အပြင်နေတိုး (NATO) ခေါ်  မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ရဲ့ တည်ရှိတဲ့အပြင်  နိုင်ငံတကာ မြို့တော်တစ်ခုဖြစ်တဲ့ ဘရပ်ဆဲလ်မြို့ရဲ့ အမည်စာလုံးတွေကို  လက်နှိပ်စက်ရိုက်မယ်ဆိုရင်တောင်  မျက်စိနောက်စရာ ကောင်းသလို  စစ်ပွဲဆင်နွှဲတော့မယ့် ပြင်ဆင်နေတဲ့ မြို့တစ်မြို့သဖွယ်လည်း ခံစားရပါတယ်။ စက်တင်ဘာ (၁၀) ရက်နေ့က  ပြည်ထောင်စု  အခြေအနေပြ မိန့်ခွန်း တစ်ရပ်ကို  ပြောခဲ့ရာမှာတော့  ဥရောပသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့နဲ့  အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင် (European  Commission) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ  အာဆူလာ ဘွန် ဒါလေယန်က ဥရောပဟာ စစ်ပွဲ ဆင်နွှဲနေရပြီလို့  ပြောခဲ့ပါတယ်။ အင်အားအပေါ် အခြေခံတဲ့  ကမ္ဘာကြီးရဲ့ ပုံစံအသစ် တစ်ခုအတွက် စစ်ကြောင်းတွေကို ယခုပဲ ရေးဆွဲ ပြီးခဲ့ပါပြီလို့ ပြောခဲ့တယ်။

စစ်ပြင်နေရတဲ့ ဥရောပ Read More »

ကြပ်ကြပ်သတိထား နိုင်ဂျီးရီးယား

“ကျွန်တော်တို့ နိုင်ငံကို ကျူးကျော်သိမ်းပိုက်ဖို့ အမေရိကန်သမ္မတက စဉ်းစားနေတယ် ကြားရတော့ ကျွန်တော်တို့ ရှော့ခ် ရသွားတယ်” နိုင်ဂျီးရီးယားရီးယားသမ္မတ ဘိုလာတီနူဘူရဲ့ ပြောရေးဆိုခွင့်ရှိသူ က  CNN သတင်းဌာနကို ပြောခဲ့တာပါ။ ရလည်း ရလောက်ပါပေတယ်။ အာဖရိကမှာ လူဦးရေအများဆုံး နိုင်ငံ ဟာ သူ့ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ အမေရိကန်နိုင်ငံကြီးကို ဘာခြိမ်းခြောက်မှုမျိုးမှ မလုပ်ခဲ့ပါဘူး။ နိုင်ဂျီးရီးယားသားတွေက ထရမ့်ကို အကြီးအကျယ်ထောက်ခံသူတွေပါ။ ဒီနှစ် စစ်တမ်းတစ်ခုမှာ ၇၉ % သော နိုင်ဂျီးရီးယားတွေက ထရမ့်ဟာ ကမ္ဘာ့အရေးမှာ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်လို့ ယုံကြည် ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ပြူး သုတေသနဌာနက နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ စစ်တမ်းကောက်ရာမှာ ရရှိတဲ့ အကြီးဆုံး ထောက်ခံမှုပါ။ ဒါပေမဲ့ ထရမ့်က သိနေတယ်။

ကြပ်ကြပ်သတိထား နိုင်ဂျီးရီးယား Read More »

ဘယ်ကလာလို့ ဘယ်ကိုသွားမလဲ AI

ဒေတာစင်တာ (Data Center) ကြီးများ လွှမ်းမိုးလာခြင်း အမေရိကန်မြို့အတော်များများကနေ ဘယ်ဘက်ကိုပဲသွားသွား မကြာခင်မှာ ဒေတာစင်တာ (Data Center) တစ်ခုဆီကို ရောက်လာပါလိမ့်မယ်။ အဲဒီ ဒေတာစင်တာတွေက အဖြူရောင်သေတ္တာကြီးတွေနဲ့တူပြီး မီးစက်တွေနဲ့ ထောင်ဝင်းလို ခြံစည်းရိုးတွေနဲ့ ဝန်းရံထားလေ့ရှိပါတယ်။ ဉာဏ်ရည်တု (AI – အေအိုင်) ထုတ်လုပ်ဖို့ အတွက် ဒေတာစင်တာ တွေဟာ အမေရိကန်ရဲ့ စက်ရုံအသစ်တွေ ဖြစ်လာနေပါတယ်။ ဒီစင်တာတွေမှာ အချက်အလက်တွေကို စားသုံးကာ ဉာဏ်ရည်တု (AI) ကို ထုတ်လုပ်ပေးပါတယ်။ AI Data Center ဆိုတာက Artificial Intelligence (AI) နည်းပညာအတွက် အထူးပြုလုပ်ထားတဲ့ ကွန်ပျူတာ စနစ်ကြီးတွေ ထားရှိရာ နေရာ (အဆောက်အအုံ) ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ

ဘယ်ကလာလို့ ဘယ်ကိုသွားမလဲ AI Read More »

အနာဂတ်မှာ ဉာဏ်ရည်တု အေအိုင်က လူသားတွေနေရာကို အပြည့်အဝ အစားထိုးနိုင်မှာလား

အေအိုင်က လူသားတွေနေရာ အပြည့်အဝ အစားထိုးတာဖြစ်မလားဆိုတဲ့ မေးခွန်းအပေါ် သုံးသပ်ချက်ကို မဖော်ပြခင် လူသား ဝန်ထမ်းတွေနေရာကို အေအိုင် အစားထိုး အသုံးပြုနိုင်ခဲ့တဲ့ နာမည်ကျော် ကုမ္ပဏီကြီးတွေထဲကမှ ကုမ္ပဏီ ငါးခု အကြောင်း ကနဦး အနေနဲ့ ဖော်ပြပါရစေ။ Amazon ကမ္ဘာ့နာမည်အကြီးဆုံး အွန်လိုင်းဈေးဝယ်နိုင်တဲ့ ဝက်ဘ်ဆိုက် (website) အပါအဝင် ဈေးကွက် စီးပွားရေးနဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်းတွေပါ လုပ်ဆောင်နေတဲ့ အမေဇုံကုမ္ပဏီရဲ့ စီအီးအို အန်ဒီဂျာစီ (CEO Andy Jassy) က အေအိုင်ကို ကုမ္ပဏီ လုပ်ငန်းတွေမှာ အသုံးချခဲ့ခြင်းက ထိရောက်မှု ရှိခဲ့တာကြောင့် “ဝန်ထမ်းအင်အား လျှော့ချရန်အစီအစဉ်ရှိကြောင်း” ကုမ္ပဏီ အတွင်း ကြေညာခဲ့အပြီး ၂၀၂၅ ခုနှစ်‌ အောက်တိုဘာလမှာ ဝန်ထမ်း အယောက်

အနာဂတ်မှာ ဉာဏ်ရည်တု အေအိုင်က လူသားတွေနေရာကို အပြည့်အဝ အစားထိုးနိုင်မှာလား Read More »

ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် အေအိုင်

AI က အတိတ်က ထွက်ပေါ်လာခဲ့တဲ့ နည်းပညာများနည်းတူ တန်းတူညီမျှ‌တဲ့ ယှဉ်ပြိုင်ခွင့်ကို ပေးပါတယ် အီလီတန်ဒေ (Elly Ntonde) က ယူဂန္ဓာနိုင်ငံ ဘူဒွန်ဒို (Budondo) ရွာမှာ ဓာတုဗေဒ စာမေးပွဲ ဖြေဆိုဖို့ စာကျက်နေပါတယ်။ ဒီရွာလေးက လမ်းတွေမှာ ပလက်ဖောင်းများ မရှိပါဘူး။ ရေပိုက်လိုင်းတွေလည်း မရှိပါဘူး။ မီးကတော့ လာတစ်လှည့် ပျက်တစ်လှည့်ပါ။ ဒါပေမဲ့ အသက် ၁၈ နှစ်အရွယ် အီလီတန်ဒေ က သတ္တုတွေ အက်ဆစ်နဲ့ ဘယ်လို ဓာတ်ပြုလဲ သိရှိဖို့ လေ့လာတဲ့အခါ ကမ္ဘာ့ အဆင့်မြင့်ဆုံး ဆရာတစ်ယောက်က လက်နဲ့ သုံးလေးချက် တို့လိုက်တာနဲ့ ရောက်လာပါတယ်။ သူက ဈေးဆိုင်လေးဆီ လမ်းလျှောက်သွားပြီး အင်တာနက် ဒေတာ ၁၀၀ မီဂါဘိုက်

ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် အေအိုင် Read More »

မြန်မာ့ရှေးရိုးစဉ်လာ လက်ဖက်စားသုံးခြင်းဓလေ့နှင့် လက်ဖက်ယဉ်ကျေးမှု

နိဒါန်း လက်ဖက်သည် အနံ့ပါသော အရွက်တစ်မျိုးဖြစ်သည်။ လက်ဖက်ယဉ်ကျေးမှု စတင် ထွန်းကားခဲ့ သည်မှာ အာရှတိုက်မှဖြစ်သည်။ တရုတ်နိုင်ငံတွင် လက်ဖက်ခြောက် (အခါးခြောက်) ယဉ်ကျေးမှု ထွန်းကား ခဲ့ပြီး အိန္ဒိယနိုင်ငံတွင် လက်ဖက်ခြောက် (အချိုခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ ကမ္ဘာပေါ်ရှိ လက်ဖက် ယဉ်ကျေးမှုများအနက် မြန်မာနိုင်ငံရှိ လက်ဖက် ယဉ်ကျေးမှုမှာ ထူးခြားသည်။ မြန်မာ့ရိုးရာ လက်ဖက်ယဉ်ကျေးမှုတွင် လက်ဖက်ကို လက်ဖက်စိုနှင့် လက်ဖက်ခြောက်အဖြစ် သုံးသည်ကို တွေ့နိုင်သည်။ လက်ဖက်စားခြင်းဓလေ့သည် မြန်မာတို့၏ရိုးရာယဉ်ကျေးမှု ရှေးထုံးစဉ်လာ တစ်ရပ်ပင် ဖြစ်ပါသည်။ “လက်ဖက်”ဟုဆိုလျှင် မြန်မာလူမျိုး တို့သည် “လက်ဖက်စို”ဟု နားလည်ကြလေသည်။ မြန်မာပြည်တွင် လက်ဖက်အစို နှင့် လက်ဖက်​ခြောက် နှစ်မျိုး လုံးကို အသုံးပြု လျက်ရှိသည်။ အထူးသဖြင့် လက်ဖက်စိုမှာ ရိုးရာအလိုက်ပွဲဝင်သော

မြန်မာ့ရှေးရိုးစဉ်လာ လက်ဖက်စားသုံးခြင်းဓလေ့နှင့် လက်ဖက်ယဉ်ကျေးမှု Read More »