ခံစားခွင့်
လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသဘောတရားကိုလေ့လာတဲ့အခါ ခံစားခွင့်တွေအကြောင်းက ချန်ထားခဲ့လို့မရတဲ့ အဓိက အကြောင်းအရာတစ်ခုပေါ့။ လုပ်ခလစာဆိုတာ လူတစ်ယောက်အပေါ်မှာ စီးပွားရေး အရရော၊ လူမှုရေးအရရော၊ စိတ်ပိုင်း ဆိုင်ရာ အရပါ သက်ရောက်မှုရှိတတ်ပါတယ်။ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဝန်ထမ်းတွေဆီကနေ အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေအောင်မြင် လာအောင် တစ်ဦးချင်းစီရဲ့ ပင်ကိုအရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေ၊ လုပ်ငန်း စွမ်းဆောင်ရည်တွေကို ထိထိရောက်ရောက်အသုံးချပြီး ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေနဲ့အညီ ကြိုးပမ်း အကောင်အထည်ဖော်ဖို့ စတဲ့စတဲ့ မျှော်လင့်ချက်တွေရှိပါတယ်။ အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်ဝန်ထမ်းတွေဘက်က အများကြီးကြိုးစားပေးဖို့မျှော်လင့်ပိုင်ခွင့်ရှိသလိုပဲ ဝန်ထမ်းတွေအနေနဲ့လည်း အဖွဲ့အစည်း ဘက်က သင့်တင့်မျှတတဲ့လုပ်ခလစာပေးဖို့၊ ခံစားခွင့်တွေပေးဖို့ မျှော်လင့်ပိုင်ခွင့်ရှိပါတယ်။ တချို့ကကျတော့လည်း လစာတွေ အများကြီးပေးထားပေမယ့် အလုပ်ကျတော့ သိပ်မလုပ်ချင်ဘူးဆိုတဲ့ အမြင်မျိုးလည်းရှိတတ်ပြန်တယ်။ အခြားတစ်ဖက်မှာ ကျတော့လည်း လစာကသာတိုးမလာ၊ အလုပ် ဝန်တွေကပိပိလာတယ်လို့ မြင်လာတတ်တဲ့သဘောရှိတယ်။ လူတိုင်း ကျေနပ်တဲ့ […]









