The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

သင့်အချိန်ပိုမှာ

၁၉၅၁ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကဘွဲ့ခဲ့ရတဲ့ကျောင်းသူကျောင်းသားတွေရဲ့ အနှစ် ၆၀ ပြည့်စိန်ရတုပွဲအတွက် တက္ကသိုလ်က ကျောင်းသား ကျောင်းသူဟောင်းတွေကို မေးခွန်းလွှာတွေပို့ပါတယ်။ ကျွန်မလည်းတစ်ခုရတယ်။ ဟုတ်ပ။ ကျွန်မတက်ခဲ့တဲ့ကောလိပ်က ရက်ကလစ်ဖ်လေ။ အဲဒီအချိန်က ကျွန်မတို့ကောလိပ်က ဟားဗတ်တက္ကသိုလ်ရဲ့နှီးနွှယ်ကောလိပ်လို့ဆိုပေတဲ့ ဟားဗတ်တော့မဟုတ်ဘူးတဲ့ရှင်။ အကြောင်းကတော့ အဲဒီအချိန်ကျွန်မတို့ကောလိပ်က အမျိုးသမီးများအတွက်ကောလိပ်ဖြစ်ပြီး ဟားဗတ်က ပုရိသတွေချည်းလက်ခံတဲ့ကျောင်းဖြစ်နေလို့ပါတဲ့။ ဒါပေမဲ့ စင်မြင့်ပေါ်ရောက်နေတဲ့ ဟားဗတ်လူကြီးမင်းတွေက ဒီလိုအသေးစိတ်အချက်အလက်တွေကို လျစ်လျူရှုပြီးသကာလ ကျွန်မတို့ ကောလိပ်ကို သူ့အောက်ထဲ လုံးထည့်လိုက်တာ။ ဘယ်လိုပဲဖြစ်ပစေ မေးခွန်း လွှာဖြေရာမှာ အမည်နာမထည့်စရာမလိုဘူး။ ဒါကြောင့် လိင်ခွဲခြားခြင်း မရှိဘူးလို့ ယူဆရတဲ့အပြင် စိတ်ဝင်စားစရာလည်းကောင်းလို့ ကျွန်မဖြေစမ်းကြည့်လိုက်တယ်။ ဒီမေးခွန်းလွှာဖြေမယ့်သူက အသက် ၈၀ တန်းတွေဖြစ်မှာ။ မျက်လုံးတောက်တောက်နဲ့ ဘွဲ့ရပြီးကာစ ပျိုရွယ်လူးတစ်ဦးတစ်ယောက်အဖို့ နှစ်ပေါင်း ၆၀ ကာလဆိုတာ အဖြစ်အပျက်ပေါင်းစုံ ဖြစ်ပွားဖို့ရာအတွက်လုံလောက်တဲ့အချိန်လို့ ဆိုရမှာပေါ့ရှင်။ […]

သင့်အချိန်ပိုမှာ Read More »

ကလေးနှင့် လူငယ်များအတွက် လိင်ပညာပေး

ကလေးနှင့် လူငယ်များအတွက် ကာကွယ်ရန် လိင်ပညာပေးခြင်း (Sexuality Education) သည် မြန်မာ့ လူမှု အသိုင်းအဝိုင်းမှာ ဆွေးနွေးရ ပြောရဆိုရခက်သည့် ခေါင်းစဥ်တစ်ခုဖြစ်သော်လည်း ရှောင်လွှဲနေ၍ မရသည့် ကိစ္စတစ်ခုဖြစ်ပါတယ်။ မိမိတို့၏ ကျန်းမာရေး၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို နားလည်ရန်နှင့် မိဘများဘက်မှ လုပ်သင့်လုပ်ထိုက်သည်များကို ပြင်ဆင်ထားကြရန် ရှေးရှု၍ ဤဆောင်းပါးကို ရေးသားတင်ဆက် လိုက်ရခြင်းပါတယ်။ မကြာသေးခင်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခုမှာ အတော်လေး အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ စင်ပေါ်က အဆိုတော်တစ်ဦးဟာ ပရိသတ်ကို လိင်ဆက်ဆံရေးနဲ့ ကွန်ဒုံးအသုံးပြုမှု အကြောင်းတွေကို ပွင့်ပွင့် လင်းလင်း ပြောဆိုခဲ့တာပါ။ အဲဒီနောက်မှာ ပိုပြီး အငြင်းပွားစရာ ဖြစ်သွားတာကတော့ အဲဒီ ရက်ပ်ပါဟာ ကွန်ဒုံးတွေကို စင်ရှေ့က ပရိသတ်တွေဆီကို

ကလေးနှင့် လူငယ်များအတွက် လိင်ပညာပေး Read More »

သစ္စာ

ပုဂ္ဂလိကအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ကိုယ့် အဖွဲ့အစည်းဝင်တွေနဲ့ ပတ်သက်လို့ စိစစ်သုံးသပ်၊ အကဲဖြတ်ကြတဲ့အခါ ကာယကံရှင်တစ်ယောက်ချင်းစီရဲ့ သစ္စာမြဲမှု၊ မမြဲမှုဆိုတဲ့အချက်ကလည်း အဓိကအချက်တစ်ခုအနေနဲ့ပါဝင်ပါတယ်။ ကိုယ့်အဖွဲ့အစည်းဝင်တွေ ကိုမှမဟုတ်ပါဘူး၊ ကိုယ်နဲ့ဆက်ဆံနေရတဲ့ ဖောက်သည်တွေ၊ ဝန်ဆောင်မှုရယူသူတွေ၊ ဆက်စပ်ပတ်သက် နေရသူတွေ ဒီလိုဒီလိုလူတွေအပေါ်မှာလည်း ကိုယ့်အဖွဲ့အစည်းအပေါ် သစ္စာဘယ်လောက်မြဲသလဲ ဆိုတဲ့အချက်ကိုကြည့်ကြပါတယ်။ တွေ့ရှိချက်အပေါ်မူတည်ပြီး လိုအပ်တဲ့တုံ့ပြန်မှုတွေလုပ်တယ်ပေါ့။ သစ္စာမြဲတဲ့သူက အတွင်းစည်းကလူဆိုရင် ထိုက်သင့်သလိုချီးမြှင့်မြှောက်စားတယ်။ ကိုယ့်အဖွဲ့အစည်း ထဲကမဟုတ်ဘဲ ကိုယ်နဲ့ ဆက်စပ် ပတ်သက် နေရတဲ့လူ၊ လုပ်ငန်းအတူလုပ်နေရတဲ့သူ၊ ဝန်ဆောင်မှုအပေးအယူ လုပ်နေတဲ့သူ၊ ကုန်ပစ္စည်း အရောင်းအဝယ် လုပ်နေတဲ့သူဆိုရင် တစ်ဖက်ရဲ့သစ္စာမြဲမှုအပေါ်မူတည်ပြီး သူတို့အတွက် သီးသန့်အစီအစဉ်လေးတွေနဲ့ အခွင့်အရေးတွေပေးတယ်ပေါ့။ ပထမဆုံးအနေနဲ့တော့ သစ္စာဆိုတဲ့စကားကိုအရင်ရှင်းဖို့လိုလိမ့်မယ်ထင်တယ်။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထသစ္စာတွေကို ဆိုလိုတာမဟုတ်သလို ဒုက္ခ၊ သမုဒယ၊ နိရောဓနဲ့ မဂ္ဂဆိုတဲ့

သစ္စာ Read More »

ကလေးများအပေါ် နည်းပညာရဲ့ သက်ရောက်မှု

မြန်ဆန်စွာတိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်အခါမှာ နည်းပညာဟာ ကလေးကနေ လူကြီးများ အားလုံးရဲ့ တစ်နေ့တာမှာ မပါမဖြစ်တဲ့ အခြေအနေကို ရောက်ရှိလို့လာနေပြီ ဖြစ်ပါတယ်။ ဖန်သားမျက်နှာပြင်ဟာ ကလေးများရဲ့ ပတ်ဝန်းကျင်မှ မမြင်တွေ့ချင်မှ အဆုံး ရှိနေပါပြီ။ အိမ်၊ ကျောင်း၊ ဈေးဆိုင်၊ စူပါမားကက်၊ ကစားကွင်း စတဲ့နေရာတွေအားလုံးမှာ ဖုန်း၊ တက်ဘလက် (Tablet)၊ တီဗွီ၊ ကွန်ပျူတာ၊ LED ဘုတ် ပုံစံမျိုးစုံနဲ့ တွေ့ရပါတယ်။ ကလေးတွေဟာ နည်းပညာကို အသုံးပြုပြီး ပညာရေးဆိုင်ရာအက်ပလီကေးရှင်း (Educational Application) တွေကနေတစ်ဆင့် ကမ္ဘာသစ်ကြီးကို ထိတွေ့နိုင်သလို နည်းပညာအခြေပြု ပလက်ဖောင်းမျိုးစုံကနေ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်နေတာလည်း ဖြစ်ပါတယ်။ နည်းပညာဟာ ကလေးတွေရဲ့ သင်ယူမှုစွမ်းရည်၊ သိမြင်မှု စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တာအပြင် တစ်ကမ္ဘာလုံးနဲ့

ကလေးများအပေါ် နည်းပညာရဲ့ သက်ရောက်မှု Read More »

AI က ကလေးတွေရဲ့ ဘဝကို ပြောင်းလဲပစ်နိုင်လား

အိမ်မှာရော ကျောင်းမှာရော AI က ကလေးတွေရဲ့ ဘဝကို ပြောင်းလဲပစ်နေတယ်။ AI က ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုးတွေကိုပါ သယ်ဆောင်လာတယ် ယနေ့ခေတ် ဆရာတွေက အဖြေရှာမရ ဖြစ်နေကြရတယ်။ သူတို့ရဲ့ ကျောင်းသားတွေဟာ အမည်မသိ လူတစ်ဦးထံကနေ သင်္ချာ ပုစ္ဆာတွေရဲ့ အဖြေကို ခိုးချနေသလို ဖြစ်နေတယ်။ သေချာ အဖြေရှာကြည့်တော့ တရားခံက ခမ်း အကယ်ဒမီ အွန်လိုင်း သင်တန်းကျောင်းက simulation လုပ်ထားတဲ့ AI ဆရာ ပိုင်သာဂိုရပ်စ် ဖြစ်နေတယ်။ သူက ကျောင်းသားတွေရဲ့ သင်္ချာပုစ္ဆာတွေကို ဒိုင်ခံ ဖြေရှင်းပေးနေတာပါ။ ကလေးတွေက AI ခေတ်မှာ ရှေ့က ဦးဆောင်သူတွေ ဖြစ်သလို အစမ်းသပ်ခံတွေလည်း ဖြစ်နေတယ်။ အမေရိကန် ကလေးတွေက AI ကို

AI က ကလေးတွေရဲ့ ဘဝကို ပြောင်းလဲပစ်နိုင်လား Read More »

ကလေးတွေရဲ့ စိတ်ကူးကို ပုံဖော် ထုဆစ်မယ့် AI

ခရစ္စမတ်အကြို AI ရေစီးကြောင်းများ ဒီနှစ် ခရစ္စမတ်ပွဲတော်အတွက် ထုတ်လုပ်ထားတဲ့ ခြေအိတ် တွေထဲမှာ ကလေးတွေအတွက် ပုံမှန်ထက် ပိုပြီး အံ့သြစရာတွေ ပါလာနိုင်ပါ တယ်။ဘာကြောင့်လဲဆိုတော့ သူတို့ဖွင့်လိုက်တဲ့ လက်ဆောင်ပစ္စည်းတွေဟာ ကလေးတွေကို စကားပြန်ပြောနိုင်တဲ့ ပစ္စည်းတွေ  ပါဝင် နေလို့ပါပဲ။ ကလေးတွေအတွက် သူတို့နဲ့ စကားပြောပြီး အပြန်အလှန် ဆက်ဆံလို့ရတဲ့  အရုပ်တွေဟာ တစ်မူထူးခြားလှပါတယ်။ တရုတ်နိုင်ငံက အရုပ်ထုတ်လုပ်သူတွေက ၂၀၂၅ ခုနှစ်ကို ‘ဉာဏ်ရည်တု နည်းပညာနှစ်’ (Year of Artificial Intelligence – AI) လို့ ကြေညာထား ကြပါတယ်။ သူတို့ဟာ စက်ရုပ် (Robots) တွေနဲ့ အမွေးပွ ဝက်ဝံရုပ်(Teddies) တွေကို ထုတ်လုပ်နေကြပြီး အဲဒီအရုပ်တွေက ကလေးတွေကို စာသင်ပေးနိုင်တယ်၊ သူတို့နဲ့အတူ

ကလေးတွေရဲ့ စိတ်ကူးကို ပုံဖော် ထုဆစ်မယ့် AI Read More »

အလွဲတွေကြားက တစ်နှစ်သား ဆီးရီးယား

လွတ်မြောက်လာခဲ့တာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်တဲ့ အာမက်အယ်လ်ရှာရား အစိုးရ အမှားအယွင်းတွေ ပြစပြုနေပြီ ပေါက်ကွဲမှုတွေကနေ တဖျစ်ဖျစ် တဖြောက်ဖြောက် မည်တဲ့အသံတွေ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ရဲ့ ကောင်းကင်ယံ တစ်ခိုမှာ ပဲ့တင်သံတွေ ထပ်နေတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကတော့ ဒီလိုပေါက်ကွဲသံတွေဟာ  မြို့ပေါ်မှာရှိတဲ့ သူပုန်တပ်ဖွဲ့တွေကို ဖိအားပေး တိုက်ခိုက်နေတဲ့ အသံတွေပါ။ ဒီကနေ့ အချိန်မှာတော့ ဒီအသံတွေဟာ အာဏာရှင် အောက်ကလွတ်မြောက်လာတဲ့နေ့ အထိမ်းအမှတ် ကျင်းပတဲ့ပွဲတွေက မီးရှူးမီးပန်းတွေ လွှတ်တဲ့ အသံတွေပဲ ဖြစ်တယ်။ ဆီးရီးယား ပြည်သူလူထုဟာ ၂ဝ၂၄ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံခြားကို ထွက်ပြေးသွားခဲ့ရတဲ့ သွေးစွန်း အာဏာရှင် ဘာရှား အယ်လ်အာ ဆတ်အစိုးရရဲ့ လက်အောက်ကနေ လွတ်မြောက်တဲ့ ပထမဆုံး နှစ်ပတ်လည်နေ့ကို ကျင်းပဖို့ ပြင်ဆင်နေကြ ပါတယ်။ လွတ်မြောက်တဲ့

အလွဲတွေကြားက တစ်နှစ်သား ဆီးရီးယား Read More »

‘ဒေါ်နယ်ထရမ့်’ က  ‘ဗလာဒီမီယာ ပူတင်’ ကို မျက်နှာသာပေး နေသရွေ့ ယူကရိန်းစစ်ပွဲ ရပ်စဲနိုင်ဖွယ် မရှိ

သမ္မတ ထရမ့်ရဲ့  ၂၈-ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက် အလားအလာ ရုရှားဟာ ယူကရိန်းကို ကျူးကျော်တာ လေးနှစ်ထဲ ဝင်လာပြီဖြစ်တယ်။ ရှေ့တန်းစစ်မြေပြင်နဲ့တကွ စီးပွားရေးအရပါ အကြီးအကျယ် ထိခိုက် ဆုံးရှုံးနေရပေမယ့် ရုရှားသမ္မတ ပူတင်ကတော့ သူတပ်တွေက စစ်နိုင်နေတယ်လို့ ယူဆနေတာ တွေ့နေ ရတယ်။ လက်ရှိ အနေအထားအရ စစ်ပွဲရပ်ဖို့ အချိန် မတန်သေးဘူးလို့ ပူတင်က မြင်နေပုံရပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတ ထရမ့်ကတော့ ဒီစစ်ပွဲကို အမြန်ရပ်စေလိုတဲ့ သဘောထားရှိနေတာတွေ့ရတယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုလိုချင်တဲ့ သမ္မတ ထရမ့်ဟာ စစ်ရပ်စဲနိုင်အောင် သူ့အနေနဲ့ ဆောင်ရွက်နိုင်ရင် ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးဆီကနေ သယံဇာတ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးအကျိုးအမြတ် ကြီးကြီးမားမား ရလိမ့်မယ်လို့ ယုံကြည် နေပုံရပါတယ်။ ဒါကြောင့် ယူကရိန်းစစ်ပွဲ

‘ဒေါ်နယ်ထရမ့်’ က  ‘ဗလာဒီမီယာ ပူတင်’ ကို မျက်နှာသာပေး နေသရွေ့ ယူကရိန်းစစ်ပွဲ ရပ်စဲနိုင်ဖွယ် မရှိ Read More »

လူငယ့်အားမာန်နှင့် နီပေါနိုင်ငံ

အေဂျေရာ ဘာဒရာခါနဲလ် (Ajaya  Bhadra  Khanal) ရဲ့ ရုံးကနေ မြင်ရတဲ့ မြင်ကွင်းဟာ သူ့အလုပ်အကိုင်က ဘယ်လောက်ထိ အန္တရာယ်များ မလုံခြုံတာကို အမြဲသတိပေးနေသလိုပါပဲ။ သူ့ရုံးက ပေရာဂဏန်းလောက် အကွာမှာ မီးလောင်ပြီး အခွံသာကျန်တဲ့ ဆင်ဂါဒါဘာ (Singha  Durbar) နန်းတော်ရှိပါတယ်။ သက်တမ်း (၁၁၇) နှစ်ရှိပြီဖြစ်တဲ့ နန်းတော်ပါ။ ဒီနန်းတော်ဟာ စက်တင်ဘာလ (၉) ရက်နေ့အထိ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ် ရုံးထိုင်ရာ နေရာပါ။ အဲဒီနေ့က လူအုပ်ကြီးဟာ ပါလီမန်၊ အခြားဖက်ဒရယ်ရုံးတွေနဲ့ စီးပွားရေးလုပ်ငန်း အမြာက်အမြား အပါအဝင် နန်းတော်ကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာပါ။ အကျဥ်းထောင်တွေကို ဖွင့်ပေးခဲ့သလို နိုင်ငံရေးသမားတွေကို သူတို့ရဲ့ နေအိမ်တွေမှာ တိုက်ခိုက်ခဲ့ ကြပါတယ်။ ဝန်ကြီးချုပ် ကေပီ ရှားမားအိုလီ

လူငယ့်အားမာန်နှင့် နီပေါနိုင်ငံ Read More »

မိတ်ဆွေဟောင်းကို ထားခဲ့တော့မှာလား ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဟာ ကုန်သွယ်ရေးနဲ့လုံခြုံရေးအတွက် ပိုပြီးအင်အားကြီးတဲ့အိမ်နီးချင်း တရုတ်ပြည်ကို မှီခိုအားထားမှု တိုးလာနေတယ်။ ထိုင်းနိုင်ငံရဲ့ဘုရင် တရုတ်ပြည်ကိုချစ်ကြည်ရေးခရီးမရောက်ခင်တစ်ရက်မှာ သူ့နိုင်ငံအစိုးရအဖွဲ့က အိမ်ရှင် တရုတ်ပြည်အတွက် အထူးလက်ဆောင် တစ်ခုပို့လိုက်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်လူမျိုး ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ရှဲကျိကျန်းကို ထိုင်းနိုင်ငံမှာ သုံးနှစ်ကျော်ကြာ တရားဥပဒေကြောင်း အရ ရှည်လျားရှုပ်ထွေးတဲ့ အငြင်းအခုံ ဖြစ်ပြီးတဲ့နောက် တရားခံအဖြစ် လွဲပြောင်းပေးခဲ့တယ်။ မစ္စတာရှီဟာ ထိုင်းနိုင်ငံရဲ့ နယ်စပ်တွေမှာ ကျယ်ပြန့်တဲ့အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကိုဆောင်ရွက် နေတဲ့သူလို့ စွပ်စွဲထားပြီး တရုတ်ပြည်က သူ့ကိုပြည်တွင်းမှာ အမှုရင်ဆိုင်စေပြီး စစ်ဆေးဖို့ အချိန်အတော် ကြာကြာကတည်းက လိုချင်နေခဲ့တဲ့သူဖြစ်တယ်။ လက်ရှိဘုရင် မဟာဝိဇယ လောင်ကွန်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်ကျော် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင် ပြီးချိန်ကတည်းကဆိုရင် ပထမဆုံး တရုတ်ပြည်ကို လာရောက်လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံဘုရင်ဖြစ်တယ်။ တရုတ်နဲ့

မိတ်ဆွေဟောင်းကို ထားခဲ့တော့မှာလား ထိုင်းနိုင်ငံ Read More »