ဒုံးကျည်စစ်ပွဲမှာ လက်ရှိအင်အားအခြေအနေအရ ရုရှားက အလိုအလျောက် အသာစီးရနေသော်လည်း ယူကရိန်းကတော့ ထိုအခြေအနေ ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်နေ
ယူကရိန်းနိုင်ငံသူနိုင်ငံသားတွေဟာ ဇွန်လ ၁၅ ရက် တနင်္လာနေ့မနက်က သူတို့ကြုံနေကြ ရေနံဆီနံ့၊ မီးလောင်လို့ညှော်တဲ့အနံ့၊ နံ့သွေးညှိနံ့စတဲ့ အနံ့ဆိုးတွေကြောင့် လန့်နိုးလာကြတယ်။ ရုရှားရဲ့ နောက်ဆုံးတိုက်ခိုက်မှုမှာ ဒရုန်းအစင်းပေါင်း ၆၁၁ စင်းနဲ့ ဒုံးကျည်ပေါင်း ၇၀ ပါဝင်ပြီး ယူကရိန်းမြို့တော် ကီယက်ဗ်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်။
အဲဒီမြို့တော်မှာရှိတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ရှေးဟောင်း ပီချာဆက် လာဗရာ ခရစ်ယာန်အယူမှန်ဂိုဏ်း ဘုန်းတော်ကြီးကျောင်းဟာ ဒေသတွင်းအာဏာပိုင်အဖွဲ့အစည်းတွေက တတာဝန်ရှိသူတွေအဆိုအရတော့ တိုက်ရိုက်ကိုထိမှန်ခဲ့တယ်လို့ သိရပါတယ်။

နေရာတိုင်းမှာကတော့ အဓိကပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့နေရာတွေဟာ စစ်ရေးဆိုင်ရာပစ္စည်းတွေထုတ်လုပ်တဲ့စက်ရုံတွေနဲ့ လျှပ်စစ် ဓာတ်အားပေးရေး အခြေခံအဆောက်အဦတွေ ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ တချို့ဒုံးကျည်တွေကတော့ အိပ်ခန်းထဲတွေအထိ ခါတိုင်းလိုပဲ ကျရောက်တတ်ပါသေးတယ်။ လူနေအိမ်ရာရပ်ကွက် ရှစ်ခု ဒုံးကျည်ထိမှန်ခဲ့ပြီး ကိယက်ဗ်မြို့မှာ အနည်းဆုံး လူငါးဦးသေဆုံးခဲ့ကာ လူလေးဆယ်နီးပါး ဒဏ်ရာရခဲ့ကြတယ်။
ခါကိဗ်မြို့တွင်ဆိုလျှင် “Double-tap” ဗျူဟာ ဟုခေါ်သည့် နှစ်ကြိမ်ဆက်တိုက် ဗုံးကြဲသည့်နည်းဖြင့် တိုက်ခိုက်ရာတွင် အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းငါးယောက်ထက်မနည်း သေဆုံးခဲ့ရသည်။
ဒီဗုံးကြဲနည်းက ပထမအကြိမ် တိုက်ခိုက်တာပြီးလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကူညီဖို့ ကယ်ဆယ်ရေးသမားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ဒါမှမဟုတ် လူအုပ်ကြီးစုမိသွားမယ့်အချိန်ကို တွက်ချက်ပြီး ဒုတိယအကြိမ်ထပ်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ဗျူဟာဖြစ်တယ်။ သေဆုံးဒဏ်ရာရသူ ဆတိုးတိုးအောင်လုပ်တာဖြစ်တယ်။ တိုက်ခိုက်မှုပြီးတဲ့အခါ သေဆုံးမှုတွေက စိတ်မချမ်းမြေ့ဖွယ်လမ်းကြောင်းတစ်ရပ်ကို ဆက်ပြီးဖြစ်ပေါ်စေတယ်။ အခုနှစ်မေလဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်းကတည်းကဆိုရင် ယူကရိန်းအရပ်သူအရပ်သား အသေအပျောက်အများဆုံးလပဲ ဖြစ်ပါတယ်။
တိုက်ခိုက်မှုများအပြီးတွင် သေဆုံးမှုများသည် စိတ်မချမ်းမြေ့ဖွယ် လမ်းကြောင်းတစ်ခုသို့ ဆက်လက်ဦးတည်နေသည်။ ယခုနှစ် မေလသည် ၂၀၂၂ ခုနှစ် နောက်ပိုင်းကတည်းက ဆိုလျှင် ယူကရိန်းအရပ်သား အသေအပျောက် အများဆုံးလ ဖြစ်လာခဲ့သည်။
လေကြောင်းစစ်ပွဲကို အင်တိုက်အားတိုက်ဆင်နွှဲတိုက်ခိုက်တာဟာ ရုရှားတွေရဲ့ မြေပြင်စစ်မျက်နှာမှာ ဆုံးရှုံးမှုတွေနဲ့ အခက်အခဲပေါင်းစုံ တိုးလာတဲ့အဖြစ်ရဲ့ ရောင်ပြန်ဟပ်မှုတစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကတည်းက ယူကရိန်းတို့ရဲ့ ဒရုန်းတွေချည်းသက်သက်တိုက်ခိုက်တဲ့တပ်ဖွဲ့တွေဟာ ရုရှားအစိုးရက တပ်သားသစ်တွေစုဆောင်းရရှိနိုင်တာထက်ပိုပြီး မြန်ဆန်စွာနဲ့ သေဆုံးသူတွေနဲ့ အကြီးအကျယ်ဒဏ်ရာရတဲ့သူတွေ များလာစေခဲ့တယ်။
ဒါ့ပြင် ရုရှားစစ်သည်တွေ ရှေ့ကိုတိုးပြီးချီတက်ဖို့ နှေးကွေးစေတဲ့အပြင် တချို့ဖြစ်ရပ်တွေမှာ ဆုတ်ခွာ ပေးလိုက်ရတာမျိုးတွေတောင် ရှိပါတယ်။ ရှေ့တန်းစစ်မျက်နှာတွေမှာ အနိုင်အရှုံးသိသိသာသာမရှိဘဲ တုံ့ဆိုင်းလုနီးပါးဖြစ်နေတဲ့ အခြေအနေကြောင့် စစ်ပွဲရဲ့ အဓိကဗဟိုချက်ဟာ ကတုတ်ကျင်းတွေဆီကနေ အဲဒါတွေရဲ့ နောက်ကွယ်က စက်ရုံတွေနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေဆီကို ရွှေ့လျားပြောင်းလဲလာစေခဲ့ပါတယ်။ တစ်ဖက်စီကတော့ သူတို့ဆီမှာရှိတဲ့ လက်နက်ကိရိယာတွေကိုသုံးပြီး တုံ့ပြန်တိုက်ခိုက်နေကြတာပါပဲ။
ယူကရိန်းသည် ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို တိကျသေချာသော လက်နက် ဆန်းများဖြင့် ခြိမ်းခြောက်ရန်အတွက် အချိုးမညီသည့် တာလတ်ပစ်ဒရုန်း စစ်ဆင်ရေးကို ဦးစားပေးလုပ်ဆောင်လာခဲ့သည်။ ထိုလက်နက်များထဲတွင် နောက်ဆုံးပေါ် လက်နက်မှာ မောင်းပြန် တစ်ပိုင်းစနစ်သုံး (Semi-automated) လက်နက်များ ဖြစ်သည်။ ထိုစစ်ဆင်ရေး၏ ပြတ်သားသော ရလဒ်တစ်ခုမှာ ရုရှားတို့ သိမ်းပိုက်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်တွင် ဓာတ်ဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။
ရုရှားနိုင်ငံဟာ သူ့ဘက်ကနေကြည့်ရင်တော့ ယူကရိန်းမြို့ကြီးတွေကို ပြင်းပြင်းထန်ထန်နဲ့ ပိုပြီး ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်တာပဲ ဖြစ်ပါတယ်။ သူ့ရည်ရွယ်ချက်တွေကတော့ စစ်ရေးအရသာမကပါဘူး စိတ်ဓာတ်စစ်ဆင်ရေးအတွက်လည်း ပါဝင်တယ်။ အဲဒါတွေက ဒေသခံတွေရဲ့ စိတ်ဓာတ်ကိုကျဆင်းအောင် ဖျက်ဆီးဖို့နဲ့ နိုင်ငံခြားမဟာမိတ်တွေက ယူကရိန်းဟာ သူ့ဘာသာသူကာကွယ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ဖျက်ဆီးပစ်ဖို့ဖြစ်ပါတယ်။ မေလနှောင်းပိုင်းမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်တွေကို ကိယက်ဗ်မြို့ကနေ ထွက်ခွာကြဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ အခုအချိန်အထိ တစ်ယောက်မှ မထွက်ခွာကြသေးပါဘူး။
ဂိုးပေါက်ထဲ ဘောလုံးဆယ်လုံး တစ်ပြိုင်နက် ဝင်လာသလို ယူကရိန်း၏ လေကြောင်းကာကွယ် ရေး တပ်ဖွဲ့များအတွက်မူ ယခုကဲ့သို့ ညမျိုးတွင် အတော်ကို ဗျာများရပြီး အခြေအနေ ပိုမိုဆိုးရွားလာသည်။ အဆိုးဆုံးအချိန်မှာ ဒရုန်းများနှင့် ဒုံးကျည်များ လှိုင်းလုံးကြီးများကဲ့သို့ ဝင်ရောက် လာပြီး သူတို့၏ ရေဒါမော်နီတာ ဖန်သားပြင်တစ်ခုလုံး အနီစက်များ ပင်လယ်ဝေသွားသည့် အချိန်မျိုးဖြစ်သည်။
“အဲဒီအခြေအနေဟာ ဘာနဲ့တူသလဲဆိုရင် ဂိုးပေါက်ထဲကို တစ်ချိန်တည်းမှာ ဘောလုံးဆယ်လုံးဝင်လာတာကို ရင်ဆိုင်ရတဲ့ ဂိုးသမားနဲ့ တူနေပါတယ်ဗျာ။ ခင်ဗျားမှာက လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက်ပဲ ရှိတာလေ။ ဘောလုံးဆယ်လုံးကို ကျွံမသွားအောင် ဘယ်လိုဖမ်းရမလဲ၊ ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မှာလဲဆိုတာ ခင်ဗျားနားလည်မှာမဟုတ်ပါဘူး” လို့ ယူကရိန်းအရာရှိတစ်ယောက်က ပြောလိုက်ပါတယ်။
ဒီလိုအခြေအနေတွေ၊ အခက်အခဲတွေ ရှိနေပေမဲ့ စွမ်းဆောင်မှုကတော့ ကောင်းမွန်တည်ငြိမ်နေဆဲပဲ ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့်ဆိုရရင် တစ်ညမှာ ယူကရိန်းတပ်တွေဟာ သူတို့ဆီကိုပစ်လွှတ်လိုက်တဲ့ ဒရုန်းနဲ့ ခရုစ်ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ကြားဖြတ်တိုက်ခိုက်ပါတယ်။ ပြည်တွင်းကပဲ အဓိကထုတ်လုပ်တဲ့ ကြားဖြတ်တိုက်ခိုက်ရေးဒရုန်းတွေဟာ မကြာခဏဆိုသလို အစင်းရေ ရာပေါင်းများစွာပါဝင်တတ်ပြီး စံချိန်တင်ရလောက်အောင် အရေအတွက်များပြားလှတဲ့ ရှာဟိဒ်ဒရုန်းတွေရဲ့ တိုက်ခိုက်မှုလှိုင်းတွေကို အကြိတ်အနယ် ဟန့်တားချေမှုန်းနေရပါတယ်။ ရှာဟိဒ်ဒရုန်း (အထူးသဖြင့် Shahed-136) ဆိုတာက အီရန်နိုင်ငံက ထုတ်လုပ်ပြီး ရုရှား-ယူကရိန်းစစ်ပွဲမှာ အင်မတန်လူသိများလာတဲ့ အသေခံဒရုန်း (Kamikaze Drone) အမျိုးအစား ဖြစ်ပါတယ်။ (Kamikaze ဒရုန်းဆိုတာ ပစ်မှတ်ကို ဝင်တိုက်ပြီး သူကိုယ်တိုင်ကိုပါ ဗုံးခွဲဖျက်ဆီးပစ်တဲ့ ဒရုန်းအမျိုးအစားကို ပြောတာဖြစ်ပါတယ်)။
(မှတ်ချက် – Shahed-136 အပါအဝင် ရှာဟိဒ်ဒရုန်းဆိုသည်မှာ အီရန်နိုင်ငံထုတ်ဖြစ်ပြီး ပစ်မှတ်ကို ဝင်တိုက်ကာ မိမိကိုယ်ကိုယ်ပါ ဗုံးခွဲဖျက်ဆီးပစ်သည့် အသေခံဒရုန်း Kamikaze Drone အမျိုးအစား ဖြစ်သည်)
ဒါပေမဲ့ ကြားဖြတ်တိုက်ခိုက်ရေးတပ်ဖွဲ့တွေမှာ တိုက်ခိုက်ရေးစစ်သည်တွေ အင်အားချို့တဲ့တာကြောင့် ဘယ်ဟာကို ပစ်မှတ်ထားမယ်၊ ဘယ်ဟာကိုတော့ လွှတ်လိုက်မယ်ဆိုတာနဲ့ စပ်လျဉ်းလို့ အဆုံးအဖြတ်ပေးဖို့ရာ အခက်အခဲဖြစ်ရတယ်။ အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ အမေရိကနဲ့ သူ့ရဲ့ပင်လယ်ကွေ့မဟာမိတ်တွေဟာ ပက်ထရီယော့ (Patriot) လေကြောင်းကာကွယ်ရေးဒုံးကျည်လက်ကျန်ကို ရုတ်တရက်ဆို ခေါင်းနပန်းကြီးလောက်တဲ့ နှုန်းထားမျိုးနဲ့ တရားလွန်အသုံးပြုခဲ့ကြတာမို့ နဂိုကတည်းက ဆိုးရွားနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုံးကျည်ပြတ်လတ်တဲ့ပြဿနာကို ပိုပြီးတော့ ဆိုးရွားလာစေခဲ့တယ်။ အဲဒီဒုံးကျည်တွေထုတ်တဲ့ ကုန်ထုတ်လုပ်လမှုလိုင်းအသစ်တွေကနေ ထင်ရှားတဲ့ရလဒ်တွေနဲ့ ထုတ်လုပ်မှုတိုးလာဖို့ဆိုရင် နှစ်တွေနဲ့ချီပြီးတော့ကို မမျှော်လင့်နိုင်သေးပါဘူး။ ကတိအလွန်အကျွံပေးတတ်တယ်လို့ နာမည်ကြီးတဲ့ ယူကရိန်းရဲ့ တည်ထောင်ခါစ လုပ်ငန်းသစ်တစ်ခုဖြစ်တဲ့ Fire Point ကတော့ သူတို့ကုမ္ပဏီကနေ တိုက်ချင်းပစ်ဒုံးကျည်ဖြိုခွင်းရေး လက်နက်သစ်တစ်မျိုးကို ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီဒုံးကျည်ဟာ ရေတိုကာလအတွင်းမှာတော့ ထိထိရောက်ရောက် လုပ်ငန်းဆောင်ရွက်မယ်ဆိုတာကို အတွင်းသိထဲက တချို့တလေလောက်ကပဲ ယုံကြည်ကြတယ်။ ရုရှားကတော့ သူ့နိုင်ငံရဲ့ အပြတ်အသတ်သာလွန်တဲ့ ဒုံးကျည်အင်အားနဲ့ ဖိအားပေးတိုက်ခိုက်ဖို့ အဲဒီဟာကွက်အခွင့်အရေး အခါသမယကို အသုံးချနေပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဒုံးကျည်ပြတ်လတ်မှုနှင့် ယူကရိန်း၏ အကျပ်အတည်းမှာ ယူကရိန်းတွင် ရှိနေသည့် လက်နက်စနစ်များအနက် အမေရိကန်နိုင်ငံထုတ် ပက်ထရီယော့ (Patriot) ဒုံးကျည်စနစ် တစ်ခုတည်းကသာ ပဲ့ထိန်းဒုံးကျည်များကို ယုံကြည်စိတ်ချရလောက်အောင် ကြားဖြတ်တိုက်ခိုက်နိုင်သည်။
ယူကရိန်းရဲ့ ဒုံးကျည်အင်ဂျင်နီယာပညာရပ်ဆိုင်ရာကျောင်းတွေကို ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်းမှာ ရုရှားနှင့် အမေရိကန်တို့ရဲ့ မေတ္တာရပ်ခံချက်အရ အားလုံးနီးပါးကို ဖျက်သိမ်းခဲ့ရတယ်။ ရုရှားအစိုးရကတော့ သူတို့ရဲ့ ဒုံးကျည်ဒီဇိုင်းပုံစံတွေနဲ့ လက်ရှိလည်ပတ်နေတဲ့ ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံတွေကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခွင့်ရခဲ့တယ်။ အခုနှစ်အတွင်း ရုရှားနိုင်ငံဟာ မြေပြင်ကနေ ပစ်ခတ်တဲ့ အစ္စကန်ဒါ (Iskander) တိုက်ချင်းပစ်ဒုံးကျည်စင်းရေ ၇၀၀ ခန့်နဲ့အတူ လေယာဉ်တွေကနေ ပစ်ခတ်တဲ့ ကင်ဇယ် (Kinzhal) တိုက်ချင်းပစ်ဒုံးကျည်အစင်း ၆၀ နှင့် ဇာကွန် (Zircon) အသံထက်မြန်တဲ့ ခရုစ်ဒုံးကျည်အစင်း ၃၀ တို့ကို ထုတ်လုပ်လိမ့်မယ်လို့ ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။ ကိယက်ဗ် (Kyiv) မြို့ပေါ်ကို အဲဒီဒုံးကျည်မျိုးစုံနဲ့ စုပေါင်းတိုက်ခိုက်မှုတွေဟာ အခုနှစ်အတွင်းမှာ အကြမ်းဖျဉ်း ရက်သတ္တတစ်ပတ်ကို တစ်ကြိမ်ခန့်လောက်နဲ့ တည်ငြိမ်နေပေမဲ့ အဲဒီတိုက်ခိုက်မှုတွေမှာ တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ ဇာကွန်ဒုံးကျည်တွေ ပါဝင်တဲ့ အချိုးအစားကတော့ ပိုပြီးမြင့်တက်လာနေပါတယ်။
ယူကရိန်းဟာ သူ့နိုင်ငံရဲ့ ဒုံးကျည်ရှားပါးမှုအခြေအနေကို ပိုပြီးတော့ရိုးရှင်းတဲ့ ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေကိုသုံးပြီး အလုံးအရင်းနဲ့ တိုက်ခိုက်တဲ့ပုံစံအဖြစ် ပြောင်းလဲလို့ အားသာချက်အခွင့်အလမ်းတစ်ရပ် ဖြစ်စေခဲ့ပါတယ်။ ယူကရိန်းဟာ ရုရှားနိုင်ငံအတွင်းပိုင်း အတော်ကိုဝေးလံတဲ့နေရာတွေအထိ ပစ်မှတ်တွေကို ထိမှန်စေခဲ့တဲ့ တတာဝေးပစ်ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေမှာ အောင်မြင်မှုတွေရရှိခဲ့တယ်။ ဇွန်လစောစောပိုင်းတုန်းက စိန့်ပီတာစဘတ်မြို့မှာ ကျင်းပခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ နှစ်ပတ်လည် စီးပွားရေးပြပွဲလုပ်နေချိန်မှာ အဲဒီမြို့ရဲ့ ဆိပ်ကမ်းကို တိုက်ခိုက်နိုင်ခဲ့တာကြောင့် ပူတင်ကို အရှက်တကွဲအကျိုးနည်း ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ ရုရှားရဲ့ လေကြောင်းကာကွယ်ရေးအားနည်းချက်တွေက အခွင့်အလမ်းတွေ ပိုမိုရရှိစေပေမဲ့ အလုံးအရင်းနဲ့ ဆောင်ရွက်ရတဲ့ စစ်ဆင်ရေးတွေကတော့ အတော်ကိုပဲ စွမ်းဆောင်ရည်အားနည်းပြီး ထိရောက်မှုမရှိလှသေးပါဘူး။ အဓိကပါဝင်ရတဲ့ အရှိန်အမြန်ဆုံးလက်နက်တွေ (တစ်နာရီလျှင် ၃၅၀ ကီလိုမီတာထက်မြန်သော လက်နက်တွေ) အရေအတွက်အနည်းငယ်လောက်ကပဲ ကာကွယ်ရေးစနစ်ကို ဖြတ်ကျော်နိုင်တယ်။ အောင်မြင်မှုနှုန်းကတော့ ပုံစံအမျိုးအစားပေါ်မူတည်ပြီး နှစ်ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိလောက်ပဲ ရှိပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ ကာကွယ်ရေးစနစ်တွေကို ဖြတ်ကျော်နိုင်မယ့် ဒုံးကျည်တွေ လုံလုံလောက်လောက် ထုတ်လုပ်ဖို့ဆိုတာက မလွယ်လှပါဘူး။ ဒုံးပျံတွေက ဒရုန်းတွေထက် အတော့်ကိုပိုမိုရှုပ်ထွေးပြီး အင်ဂျင်တွေကစလို့ ပစ်မှတ်နားကပ် လေကြောင်းလမ်းညွှန်အီလက်ထရွန်နစ်စနစ် (Terminal-guidance avionics) (နောက်ဆုံးအဆင့်လမ်းညွှန်အီလက်ထရွန်းနစ်စနစ်) တွေအထိ အစစအရာရာကို တိကျမှု လိုအပ်ပါတယ်။ အရာဝတ္ထုတစ်ခုကို ရပ်ဝေးသို့ ပျံသန်းစေနိုင်တာက တစ်ကဏ္ဍဖြစ်ပါတယ်။ အဲဒါကို ပစ်မှတ်ထိမှန်အောင် ပြုလုပ်နိုင်တာက ပိုပြီးတော့ကို ခက်ခဲလှပါတယ်။ အသုတ်လိုက် အမြောက်အမြားထုတ်လုပ်နိုင်ဖို့အရေး ဘဏ္ဍာငွေရှာဖွေရတာကတော့ အခက်ခဲဆုံးအပိုင်း ဖြစ်နိုင်ပါတယ်။ “ဒီနေ့ ပေါက်ပြားလုပ်ပြီး မနက်ဖြန်ကျရင် ဒုံးပျံချက်ချင်း လုပ်လို့ကတော့ မရဘူးလေ” လို့ ယူကရိန်းရေတပ်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ အန်ဒရီ ရီဇန်ကို (Andriy Ryzhenko) က ပြောလိုက်ပါတယ်။ “ယူကရိန်းမှာ ဒုံးပျံနည်းပညာသင်တန်းကျောင်းတစ်ခုတော့ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နည်းပညာတွေက နှစ်ပေါင်း ၄၀ လောက် ဘာမှဆက်မလုပ်နိုင်ဘဲ ရပ်နေခဲ့တာလေ” လို့ သူက ဆိုပါတယ်။
ယူကရိန်းအောင်ပွဲခံဖို့ ဘယ်လောက်နီးစပ်နေပြီလဲဆိုတဲ့ မေးခွန်းကတော့ ဘယ်သူ့ကို မေးသလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ဗြိတိသျှမီဒီယာနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်စကီးက ယူကရိန်းဟာ ရုရှားအစိုးရရုံးစိုက်ရာ ဌာနချုပ်ကရင်မလင်ကို တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ စစ်ပွဲဆင်နွှဲနိုင်ဖို့ အတော်ကိုနီးစပ်နေပြီလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒီလိုဆိုရင်တော့ စစ်ပွဲဟာ ပုံသဏ္ဌာန်အသစ်တစ်မျိုး ဖြစ်လာနိုင်တယ်။ ယူကရိန်းရဲ့ တတာဝေးပစ်ဒုံးကျည်တွေဟာ ရုရှားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကို အန္တရာယ်ပေးနိုင်ပြီး ယူကရိန်းမြို့ကြီးတွေကို ရုရှားတွေက ခွဲခြားမှုမရှိဘဲ စည်းလွတ်ဝါးလွတ် တိုက်ခိုက်တာမျိုးကိုပါ ဟန့်တားနိုင်မှာဖြစ်ပါတယ်။
လောလောဆယ် အနီးဆုံးကြုံတွေ့ရနိုင်တဲ့အန္တရာယ်ကတော့ ရုရှားက စစ်ရှိန်မြှင့်မယ့်အရေးပါပဲ။ ရုရှားနိုင်ငံဟာ ပိုပြီးတော့ အဖျက်စွမ်းအားကြီးမားတဲ့ လက်နက်မျိုးတွေကိုတောင် အသုံးပြုလာနိုင်တယ်။ ဒါမှမဟုတ် ယူကရိန်းအစိုးရနှင့် ပြည်သူတွေကို ဟန်ဆောင်ပန်ဆောင် သည်းခံတာမျိုးတောင် မပြတော့ဘဲ ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ပါတယ်။ ယူကရိန်းဟာ တရုတ်အင်ဂျင်တွေနဲ့ တည်ဆောက်ထားပြီး အောက်တိုဘာလကစလို့ ဒရုန်းအုပ်စုတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းခန့်အထိ ရှိလာမယ်လို့ မျှော်လင့်ရတဲ့ ဂျက်အင်ဂျင်သုံး ရှာဟက် (Shahed) ဒရုန်းမျိုးဆက်သစ်တွေကိုသုံးပြီး ရုရှားက တိုက်ခိုက်လာမယ့်စစ်ဆင်ရေးအတွက် ပြင်ဆင်နေပါတယ်။ ဒီဒရုန်းအသစ်တွေက လောလောဆယ်သုံးနေတဲ့ ကြားဖြတ်တိုက်ခိုက်ရေးဒရုန်းတွေ လိုက်မမီနိုင်အောင် အတော်မြန်မြန်ဆန်ဆန် ပျံသန်းနိုင်တာမို့ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပိုပြီး အခက်အခဲတွေ့စေနိုင်တယ်။
ယူကရိန်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ မြို့ကြီးတွေဟာ အခုချိန်ထိထိုင် ထပ်ပြီးဖျက်ဆီးမှုတွေကို ရင်ဆိုင်နေရတယ်။ သမိုင်းကြောင်းအရ ကြည့်ရင်တော့ ဒါဟာ ယူကရိန်းနိုင်ငံရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ချိုးနှိမ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ဘဝတွေကိုတော့ အတော့်ကိုပဲ စိတ်မချမ်းမြေ့စရာ ဆင်းရဲဒုက္ခရောက်စေမှာတော့ အသေအချာပါပဲလို့ လန်ဒန်ထုတ် အီကော်နောမစ် (The Economist) စာစောင် ဆောင်းပါးရှင်က သုံးသပ်တင်ပြထားကြောင်းပါဗျာ။
ကိုးကားရည်ညွှန်း – The Economist (June 20th – 26th, 2026)


