The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

Single Story ကို ယုံနေတုန်းပဲလား

ဇာတ်လမ်းတွေက အများကြီး အရေးပါပါတယ်။ တခါတလေမှာ ကျိုးပဲ့သွားတဲ့ ဂုဏ်သိက္ခာတွေကို ပြန်ဆယ်ဖို့အတွက်ဖြစ်နိုင်သလို၊ တခါတလေမှာလည်း သူများကိုရှင်းထုတ်ဖို့၊ အပုပ်ချဖို့အတွက် ဇာတ်လမ်းတွေက အရေးပါတဲ့ နေရာကနေ အသုံးတော်ခံကြပါတယ်။   အဲဒီဇာတ်လမ်းတွေထဲမှာမှ Single Story လို့ပြောကြတဲ့ တစ်ပုဒ်ထည်းသော ဇာတ်လမ်း လို့ပဲခေါ်ခေါ်၊ တစ်ပုဒ်တည်း သော ပုံပြင်လို့ပဲပြောပြော ပြောကြတဲ့ Single Story ကတော့ လူမှု ပတ်ဝန်းကျင်အတွက် များစွာအန္တရာယ်ရှိပါတယ်။ ဒါက လူတစ်ယောက်၊ နေရာတစ်ခု ဒါမှမဟုတ် အကြောင်းအရာ တစ်ခု အကြောင်းကို တဖက်သတ်အမြင်၊ ရှုထောင့်တခုတည်းက ကြည့်တဲ့အမြင်ကို ရည်ညွှန်းပါတယ်။   ကျွန်တော်ကိုယ်တိုင်က ၁၉၈၈ ဝန်းကျင်တဝိုက်မှာ မွေးခဲ့တာကြောင့် ဒီ Single Story ရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြီးပြင်းခဲ့ရတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ငယ်ငယ်ကဆိုရင် အခုခေတ်လိုမျိုး […]

Single Story ကို ယုံနေတုန်းပဲလား Read More »

အင်္ဂလန် ဘောလုံးကွင်းတွေထဲကို ရမ်းကားသူတွေ ပြန်လာကြပြီ

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အာဆင်နယ်နဲ့ ဝက်စ်ဟမ်း ဘောလုံးပြိုင်ပွဲဟာ အကြိတ်အနယ် ဖြစ်ပါလိမ့်မယ်။ လက်ရှိ အနိုင်အရှုံး ရလဒ်တွေ အရဆိုရင် အာဆင်နယ်ဖက်က အလေးသာ ပါတယ်။ ဂန်းနားတွေက ဒုတိယနေရာက ဦးဆောင်နေပြီး ဟမ်းမားတွေက ၁၆ နေရာ တန်းဆင်းဇုံ နားမှာ ဝဲလည်လည် ဖြစ်နေတာပါ။ တကယ့် အဆုံးအဖြတ်ကတော့ ကွင်းထဲမှာပါ။ နိုဝင်ဘာလတုန်းက ဒီနှစ်သင်း တွေ့ဆုံခဲ့ကြတုန်းက ပွဲကြည့်စင်ပေါ်မှာ ဒီအသင်းတွေရဲ့ ပရိသတ်တွေ ရန်ဖြစ်ခဲ့ကြပါတယ်။ ဒီ ကလပ် အသင်းနှစ်သင်းဟာ သူတို့ရဲ့ ပရိသတ်တွေ အဖမ်းခံခဲ့ရတာ၊ ဘောလုံးပွဲတွေကို မလာစေဖို့ ပိတ်ပင် တားမြစ်ခံခဲ့ရတဲ့ အပြစ် အများဆုံး ငါးသင်းထဲမှာ ပါပါတယ်။ မနှစ် ဘောလုံးရာသီမှာ ဒီနှစ်သင်းက ၈၅ ယောက် အဖမ်းခဲ့ခဲ့ရပြီး

အင်္ဂလန် ဘောလုံးကွင်းတွေထဲကို ရမ်းကားသူတွေ ပြန်လာကြပြီ Read More »

ဟောလိဝုဒ်ရဲ့ အကြီးဆုံးပွဲ

မြန်မာရုပ်ရှင် အကယ်ဒမီ ပေးပွဲကြီးလဲ ဖေဖော်ဝါရီလထဲက ပြီးသွားခဲ့သလို ဟောလိဝုဒ်က Biggest night လို့ တင်စားကြတဲ့ ၉၇ ကြိမ်မြောက် အကယ်ဒမီ ပေးပွဲကြီးလဲ မတ်လ နှစ် ရက်နေ့ (ကျွန်တော်တို့ အာရှဖက်မှာတော့ မတ်လ သုံးရက်နေ့ မနက်စောစော) မှာ ပြီးသွားပါပြီ။ အားလုံးက ခေါ်သလို အော်စကာပေးပွဲလို့ ဘာလို့ ခေါ်မှန်း မသိခဲ့ပါဘူး။ သူတို့ရဲ့ official name ကလဲ အကယ်ဒမီဆု Academy Award of Merit ပါပဲ။ ဒီဆုကို Academy of Motion Picture Arts and Sciences လို့ခေါ်တဲ့ အဖွဲ့က ချီးမြှင့်တာပါ ။ ဒီအဖွဲ့ကြီးကို ၁၉၂၇ ခုနှစ်က

ဟောလိဝုဒ်ရဲ့ အကြီးဆုံးပွဲ Read More »

ပြတင်းပေါက် 

(ထိုက်) အခုအချိန်အထိ အိမ်ယာ အတည်တကျ မရှိသေးတဲ့ သံသရာခရီးသည် ကိုယ့်အတွက်တော့ ကိုယ်လက်ရှိနေတဲ့ နေရာကို ကိုယ့်အိမ်လို့ သတ်မှတ်နေရချိန်မှာ နေရာအသစ်တစ်ခုမှာ အိမ်အသစ် တစ်ခုကို ရှာရပြီဆိုရင် ကိုယ်ပထမဆုံး တောင်းဆိုတာက ပြတင်းပေါက် များများပါတဲ့၊ အလင်းရောင် များများရတဲ့ အိမ်ဖြစ်ဖို့ပါပဲ။  ပြတင်းပေါက်လို့ ပြောလိုက်တာနဲ့ ဘာကို ပြောတယ်ဆိုတာ လူတိုင်းနီးပါး သိကြမှာပါ။ မျက်စိထဲမှာလဲ ပြတင်းပေါက် ပုံလေးတွေကို တန်းမြင်ကြမှာပါပဲ။ တံခါးပေါက်ကတော့ အဓိပ္ပါယ် နောက်တစ်မျိုးပေါ့။ အခု ပြောချင်တာက ပြတင်းပေါက် အကြောင်းပါ။  ပြတင်းပေါက်ဆိုတဲ့ စကားလုံး ရိုးရိုးကိုမှ ထပ်ပြီး ချဲ့လိုက်ရင် သစ်သားပြတင်းပေါက်၊ မှန်ပြတင်းပေါက်၊ ထရံကာ ပြတင်းပေါက်၊ အုတ်တံတိုင်းကြားက သံတိုင်တွေနဲ့ ပြတင်းပေါက်၊ ခြင်လုံဇကာတပ်ထားတဲ့ ပြတင်းပေါက်၊ မှန်အနောက်တွေ ကာထားတဲ့ ပြတင်းပေါက်

ပြတင်းပေါက်  Read More »

ဇလန်းစကီးက တောင်းပန်သင့်တယ် (မာကို ယူဘီယို)

Aftermath လို့ခေါ်တဲ့ ကိစ္စတစ်ခု ကြီးကြီးကျယ်ကျယ် ဖြစ်ပီးတဲ့နောက်မှာ နောက်ဆက်တွဲတွေ ရှိတတ်ပါတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်တဲ့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ညမှာ CNN သတင်းထောက် ကိတ်လန် ကောလင်းစ် (Kaitlan Collins) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ယူဘီယို (Marco Rubio) တို့ တွေ့ဆုံမေးမြန်ခန်း CNN က ထုတ်လွှင့်သွားခဲ့ပါတယ်။ Interview အပြည့်အစုံပါ။ CNN။       ။ ဒီည ကျွန်မတို့ CNN သတင်းဌာနကနေ တွေ့ဆုံမေးမြန်းမယ့်သူကတော့ အခု စတူဒီယိုထဲကို ရောက်နေပြီဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကို ယူဘီယိုဖြစ်ပါတယ်။ ဝန်ကြီး ယူဘီယိုရှင့် အခုလို ကျွန်မတို့ဆီ လာရောက်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ သမ္မတ

ဇလန်းစကီးက တောင်းပန်သင့်တယ် (မာကို ယူဘီယို) Read More »

စက်ရုပ် ဗေဒင်

“Transiting Pluto Semi sextile Natal Uranus in Capricorn”. ဒီစကားစုက ကိုစတား (Co-Star) လို့ခေါ်တဲ့ ဖုန်းတွေပေါ်မှာ သုံးလို့ရတဲ့ နက္ခတ်ဗေဒင် အက်ပ်ကို တစ်ယောက်ယောက်က ငါအလုပ်ပိုကြိုးစားဖို့ လိုမလားလို့ အင်္ဂလိပ်လို မေးလိုက်တဲ့ အခါနဲ့ ပြန်လာတဲ့ အဖြေပါ။ ဆိုလိုရင်းကတော့ ပလူတိုဂြိုလ်ရဲ့ တည်နေရာက ယူရေးနပ်စ်ဂြိုဟ်ခွင်ထဲကျနေတဲ့အတွက် လမ်းသစ်တွေ ဖောက်ပါ။ မလိုအပ်ဘဲ လုပ်နေကျ အလုပ်တွေပေါ်က မျှော်လင့်ချက်တွေ လျှော့ထားဖို့လိုမယ်။ ကိုယ့်အရည်အချင်းသစ်တွေကို ရဲရဲကြီး ထုတ်သုံးပြီး လမ်းဟောင်းတွေဆီကနေ ခွဲထွက်လိုက်ပါလို့ ဆိုလိုပါတယ်။ မေးတဲ့လူက ဒါကိုအဟုတ်ကြီး မှတ်ပြီး “ဗေဒင်က ဂြိုဟ်တွေ အပြောင်းအလဲရှိလို့ မင်းခိုင်းတာတွေ မလုပ်နိုင်ဘူး လမ်းသစ်တွေ ဖောက်ဖို့ လိုမယ်လို့ ငါလုပ်ချင်တာဘဲ လုပ်မယ်” လို့များ

စက်ရုပ် ဗေဒင် Read More »

ပန်းသီးနဲ့ ပန်းသီး

ဖေဖော်ရီလ ၁၉ ရက်နေ့မှာတော့ အက်ပဲလ်ကနေ အိုင်ဖုန်း ၁၆အီး (iPhone 16e) ကို စတင် မိတ်ဆက် လိုက်ပါပြီ။ ဒီလို မိတ်ဆက်လိုက်တာဟာ အက်ပဲလ်ရဲ့ အိုင်ဖုန်းဆိုတဲ့ အမှတ်တံဆိပ်ကိုပါ အပြီး ပိတ်သိမ်း သလိုပါပဲ။ နောက်ဆုံးတော့ အက်ပဲလ်က အက်ပဲလ်ပဲဆိုတဲ့ အတိုင်း သူ့ရဲ့ ပရိသတ်ကြီးက ဒါ အိုင်ဖုန်း အက်ဆီး iPhone SE ပဲမဟုတ်လားလို့ စူးစမ်းနေကြတာကိုတောင် ဂရုမစိုက်ဘဲ ခပ်မာမာ သူလုပ်ချင်တာ လုပ်ပြသွားခဲ့ပါပြီ။ ကိုယ့်ဘာသာ အိုင်ဖုန်း 16e ကို အခြားအိုင်ဖုန်းများနဲ့ပဲ ယှဥ်ရမလား စျေးကွက်ထဲက အခြားဖုန်း တွေနဲ့ ယှဥ်ရမလားဆိုတာ ဝေခွဲမရ ဖြစ်နတုန်းမှာပဲ တင်မ်ကွတ် (Tim Cook) နဲ့ သူ့အဖွဲ့သား တွေက

ပန်းသီးနဲ့ ပန်းသီး Read More »

ဇာတ်လမ်းတို စီးပွားရေး

ဒါရိုက်တာက “ကဒ်” လို့ အော်လိုက်ပြီးတာနဲ့ လော့စ်အိန်ဂျလိစ်က ရုပ်ရှင်စတူဒီယိုအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သရုပ်ဆောင်တွေက နောက်တစ်ခန်းအတွက် အဝတ်အစား ကမန်းကတန်း ပြေးလဲကြသလို ရိုက်ကွင်းထဲက ဝန်ထမ်းတွေကလဲ ဆက်တင် နောက်တခု အပြေးအလွှားနဲ့ တပ်ဆင်ကြလေသည်။ ဇာတ်လမ်းရိုက်ကူးချိန် နှစ်ရက်တာ အချိန်အတွင်းမှာ တစ်ပတ်လောက် အလုပ်တွေကို တက်သုတ်ရိုက် လုပ်နေကြသည်။ တရုတ်နိုင်ငံတွင် ခေတ်စားလာသော ဇာတ်လမ်းတိုများကို စက်နှင့်လှည့်ထုတ်သကဲ့သို့ မြန်မြန် ရိုက်ကူးထုတ်လုပ်ရသလို ကြည့်ရှုဖို့ အချိန်ကလည်း သိပ်မလိုပေ။ ဇာတ်ညွှန်းဆရာတစ်ဦး “ဒီအလုပ်က သမားရိုးကျ လုပ်ရိုးလုပ်စဥ်တွေကို စတီးရွိုက် ထိုးထည့်ပြီး မြန်သွားအောင် လုပ်နေသလိုပါပဲ” လို့ ရှင်းပြသည်။  နက်ဖလစ် (Netflix) က ဇာတ်လမ်းလောက်လဲ မရှည် တစ်တော့ (Tiktok) ဗီဒီယိုကလစ်တွေ လောက်လဲမတိုတဲ့ မဲပြာပုဆိုး

ဇာတ်လမ်းတို စီးပွားရေး Read More »

မက္ကဆီကိုက Tesla

မက္ကဆီကိုက တက်စလာ ကားထုတ်လုပ်ရေး စက်ရုံစီမံကိန်း ရပ်ဆိုင်းတော့မလား အီလွန်မတ်ဟာ ကြီးကြီးကျယ်ကျယ်တွေ တွေးပြီး အကောင်အထည် ဖော်ရတာကို သဘောကျတယ်။ အင်မတန် ကြီးမား  လှတဲ့ ဒုံးပျံကြီးတွေကစ ဝင်ငွေ အမြောက်အမြား ရနိုင်တဲ့ လုပ်ငန်းကြီးတွေနဲ့ အလုံးအရင်းနဲ့ ဆောင်ရွက် ရတဲ့ လုပ်ငန်းကြီးမျိုး တွေကိုသူတွေးတယ်။ လမ်းလွဲခဲ့တဲ့ ဆိုရှယ် မီဒီယာမှာ ရင်းနှီးမြုပ်နှံမှူ မျိုးတွေလဲ  ရှိခဲ့တယ်။ မက္ကဆီကိုက ဖြစ်ရပ်မှာတော့ ၂ဝ၂၃ ခုနှစ် မတ်လက “ကမ္ဘာပေါ် မှာ အကြီးဆုံး လျှပ်စစ်ဓာတ်အား စက်ရုံကြီး” လို့ကြေညာခဲ့တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ ဖြစ်ပါတယ်။ တက်စလာ (Tesla) ရဲ့သူဌေးကြီး အီလွန်မတ်က အမေရိကန် ပြည်ထောင်စုနဲ့ နယ်နိမိတ်ချင်း စပ်နေတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ နွယ်ဗိုလေယွန် (Nuevo

မက္ကဆီကိုက Tesla Read More »

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့

မြန်မာနှင့် သနပ်ခါးသည် ခွဲခြား၍မရသည့် မြန်မာ့ယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်ပြီး မြန်မာ့ လူ့အဖွဲ့ အစည်းအတွင်း သနပ်ခါးလိမ်းသည့် အလေ့အကျင့်သည် ရှေးနှစ်ပေါင်းများစွာကပင် စတင်ခဲ့ သည်ဟု ယူဆထားကြသည်။ သနပ်ခါးယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းသုတေသန အထောက် အထားများ အဖြစ် ပုဂံခေတ် အေဒီ ၁၁၁၃ ခုနှစ်မှာ တည်ခဲ့သည့် မြင်းကပါကူပြောက်ကြီးဘုရား နံရံ ဆေးရေးပန်းချီများ တွင် လည်းကောင်း၊ အေဒီ ၁၁၈၃ ခုနှစ်တွင်တည်ခဲ့သည့် စူဠာမဏိဘုရား အတွင်းနံရံပန်းချီများတွင် လည်း ကောင်း၊ ခေတ်အဆက်ဆက် တည်ထောင်ခဲ့သော ဂူဘုရားများရှိ နံရံပန်းချီများတွင်လည်းကောင်း သနပ်ခါး လိမ်းခြယ်သည့် ဓလေ့ကို သရုပ်ဖော်ရေးဆွဲထားသည်ကို တွေ့ရှိရသည်။ ထို့အပြင် မြန်မာတို့၏ ရိုးရာ ရှေးရိုးပုံပြင်၊ ရိုးရာဘာသာစကားနှင့်စာပေ၊ အရေးအသားများတွင်လည်း သနပ်ခါးဓလေ့ကို ဖော်ပြခဲ့ကြ သည်ကို ခေတ်အဆက်ဆက်

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ Read More »