The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

ဝါးပင်လေးတစ်ပင်ကနေ ဝါးတောကြီးဖြစ်လာနိုင်တဲ့ သာဓကတွေ

ဝါးပင်လေးတစ်ပင်ကနေ ဝါးတောကြီးဖြစ်လာနိုင်သလိုပဲ လူငယ်တွေဟာလည်း သူတို့ရဲ့ အိပ်မက်တွေကို ကြိုးစားအားထုတ်ရင် အောင်မြင်နိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီစကားကို ကြားရတဲ့အခါ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တာက ‘ငါ့ရဲ့ အိပ်မက်တွေက ဘာတွေလဲ။ ငါ ဘယ်ကိုရောက်ချင်လဲ’ ဆိုတာပါပဲ။ လူငယ်တိုင်းမှာ ကိုယ်ပိုင်အိပ်မက်တွေ၊ ရည်မှန်းချက်တွေကိုယ်စီ ရှိကြပါတယ်။ တချို့က ဆရာဝန်ဖြစ်ချင်တယ်၊ တချို့က အင်ဂျင်နီယာ၊ တချို့က စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာရှင်။ ဒီအိပ်မက်တွေဟာ ငယ်ရွယ်စဉ်ကတည်းက စတင်ခဲ့တာ ဖြစ်နိုင်သလို အရွယ်ရောက်လာမှ ပေါ်ပေါက်လာတာလည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ အိပ်မက်ကို ယုံကြည်ဖို့နဲ့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်ဖို့ပါပဲ။ ဝါးပင်လေးဟာ သူ့ရဲ့အစွမ်းအစကို ယုံကြည်ပြီး ကြီးထွားဖို့ ကြိုးစားလို့ ဝါးတောကြီး ဖြစ်လာသလိုပဲ လူငယ်တွေဟာလည်း သူတို့ရဲ့ စွမ်းရည်ကို […]

ဝါးပင်လေးတစ်ပင်ကနေ ဝါးတောကြီးဖြစ်လာနိုင်တဲ့ သာဓကတွေ Read More »

အပေးအယူ လောကကြီး

ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ။ ပိုက်ဆံ ဘယ်လိုရှာရမလဲ။ အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းတွေကို သမိုင်းတစ်လျှောက် လူတိုင်းမေးခဲ့ပြီးပါပြီ။ ဒီမေးခွန်းကို သုံးပြီးလည်း အောင်မြင်ရေး တက်ကျမ်းဆရာကြီးတွေ ဒေါ်လာငွေ သန်းပေါင်းများစွာ ရှာခဲ့ပြီးပြီ။ ဒါကြောင့် သွယ်၀ိုက်မနေတော့ဘဲ လိုရင်းအဖြေကို အခုပဲပြောပါမယ်။ ဘ၀မှာ အောင်မြင်ဖို့၊ ပိုက်ဆံရဖို့အတွက် အသေချာဆုံး နည်းလမ်းကတော့ ‘အပေးအယူ’ ပါပဲ။ လူတွေလိုချင်တာကို ကိုယ်လုပ်ပေးနိုင်ရင် လူတွေက ကိုယ့်ကို ပိုက်ဆံတွေ ထိုးပေးမှာပါ။ ဒါပါပဲ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေ ဘာလို့ အောင်မြင်နေသလဲ။ သူတို့ဟာ လူတွေလိုချင်တာကို ပေးနိုင်ခဲ့တယ်။ လူ့သဘောကို နပ်ပြီး လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေကို ကိုယ်ဖြေရှင်းပေးနိုင်လေလေ – လူသားမျိုးနွယ်က ကိုယ့်ကို ပြန်ပြီး ပိုက်ဆံတွေ ပုံပေးလေလေ

အပေးအယူ လောကကြီး Read More »

ထရမ့်နေးဒိုး

သင်္ဘောပဲ့ထိန်းတစ်ယောက်ဟာ မုန်တိုင်းထန် လှိုင်းလေကြီးချိန် တက်မ ကျိုးသွားလို့ ဘာမှ ဆက်လုပ်လို့မရတော့တဲ့ အချိန်မှာ မုန်တိုင်းမြန်မြန်စဲသွားဖို့နဲ့ ကမ်းကို အန္တရာယ်ကင်းကင်း ရောက်နိုင်ဖို့ ဆုတောင်းရုံကလွဲလို့ အခြားလုပ်စရာ သိပ်မရှိတော့ပါဘူး။ အတူတူပါပဲ ဒီမိုကရေစီဟာ နိုင်ငံရေး မုန်တိုင်းထန်ထန်ထဲမှာ ရောက်မိနေပြီဆိုရင် တည်ငြိမ်အေးဆေးမှုဆီကို ပြန်လည်ရောက်ရှိဖို့ လမ်းသစ်တွေ ဖောက်ဖို့ အလုပ်လုပ်ကြရမှာဖြစ်တယ်။   စီးပွားရေး ကလည်း အဆင်မပြေ၊ မဲပေးသူပြည်သူများကလည်း ခေါင်းဆောင်တွေကို စိတ်တိုင်းမကျမချင်း ဆန္ဒမဲတွေနဲ့ ပြောင်းပစ်၊ မနီးမဝေးမှာ ဖြစ်နေတဲ့ စစ်ပွဲကြောင့် တည်ငြိမ်မှုမရတာ သုံးနှစ်တောင် ရှိပါရော့လား…။ ဒီကြားထဲ နောက်ထပ် စိုးရိမ်ကြောင့်ကြစရာ အကြီးကြီးတခုက လာနေသေးတယ်။ ထရမ့်နေးဒိုး လို့ခေါ်တဲ့ မုန်တိုင်းကြီးတခုဟာ ခနော်နီ ခနော်နဲ့ ပျက်လုလုသင်္ဘောဆီ ဦးတည်လာနေပါပီ။ အားလုံးကြိုးစားပြီးတော့ အပျက်အစီး နည်းနိုင်သမျှ နည်းအောင်

ထရမ့်နေးဒိုး Read More »

အာရှက မိတ်ဆွေများ

အမေရိကန်ရဲ့ မဟာမိတ်စစ်စစ် ဒီမိုကရေစီနိုင်ငံတစ်ခုက တစ်ကိုယ်တော်အာဏာသိမ်းဖို့ ကြိုးစားမှုဟာ အိမ်ဖြူ တော်က သူတွေအတွက် ပိုပြီး အတွေးအမြင်တွေ ကောင်းလာစေပါသလား၊ တောင်ကိုရီးယား နိုင်ငံ သမ္မတ ယွန်းဆွတ်ယူးက စစ်အုပ်ချုပ်ရေးကြေညာချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပါးစပ်ပိတ်နေခဲ့ပါတယ်။ သမ္မတရဲ့လုံခြုံရေးဆိုင်ရာအကြံပေး ဂျိတ်ဆူလီဗန်က တောင်ကိုရီးယား အဖြစ်ဟာ အချက်ပေးခေါင်းလောင်း မြည်တာ လို့ ပြောပါတယ်။ ဒီကိစ္စ မလျော်ကန်ဘူးဆိုတာ ထုတ်ပြောနိုင်ဖို့ အရေး ဆူလီဗန်အတွက် တစ်လ ကြာခဲ့ပါတယ်။ ဘာကြောင့်စောင့်စည်းနေတာလဲ၊ ဂျပန်နိုင်ငံနဲ့ ပြန်လည်စည်းလုံးဖို့ အရေးမှာ သမိုင်းတစ်လျှောက်က အားလုံး သော သမ္မတတွေထက် ယွန်းဆွတ်ယူးက ပိုလုပ်နိုင်ပါတယ်။ ဒါက အမေရိကန် မဟာဗျူဟာ သမားတွေ ဆယ်စု နှစ်များစွာ စောင့်ဆိုင်းခဲ့ရတဲ့ တိုးတက်မှုကြီးပါ။ သုံးနိုင်ငံ သမ္မတများအကြား ပြုလုပ်တဲ့

အာရှက မိတ်ဆွေများ Read More »

စကားလုံးတွေဟိန်းဟောက်နေတဲ့စက္ကူကျား (သို့မဟုတ်) ထရမ့်အစိုးရ

ထရမ့်အစိုးရက ကမ္ဘာ့နံပါတ်တစ် အင်အားကြီးနိုင်ငံဆိုပြီး ကျန်ကမ္ဘာ့နိုင်ငံတွေအပေါ် သူပြုသမျှ နုရမယ့်၊ လက်ခံရမယ့် လက်အောက်ခံနိုင်ငံတွေလို ပြုမူဆက်ဆံနေတာက စိတ်ပျက်စရာပါ။ တကယ်ကတော့ အမေရိကန်နိုင်ငံ ကလည်း သူ့နိုင်ငံရဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ ကျန်ကမ္ဘာ့နိုင်ငံ တွေအပေါ် အနည်းနဲ့ အများ မှီခိုနေရတာပါ။ ကုန်သွယ်ရေးဆိုတာ သူ့နိုင်ငံလိုအပ်ချက်၊ ကိုယ့်နိုင်ငံ လိုအပ်ချက် အပြန်အလှန် ဖြည့်ဆည်းနိုင်ဖို့ ရောင်းဝယ်ကြရတာပါ။ အရင်ဆောင်းပါးမှာ တင်ပြထားတဲ့ ကနေဒါကိစ္စကို ပြန်ကောက်ရရင် အမေရိကန်နိုင်ငံကပဲ ကနေဒါနိုင်ငံကို တစ်နှစ် ဒေါ်လာဘီလီယံ ၃၀ဝ လောက် အသားလွတ် ထောက်ပံ့ပေးနေရသလို “အောက်ကလိအာ” ပြောပါသေးတယ်။ ကနေဒါလို မဟာမိတ်အရင်းနိုင်ငံကိုတောင် ဒီလိုဆက်ဆံနေတဲ့ ထရမ့်အစိုးရအပေါ် ကျန်ကမ္ဘာ့နိုင်ငံတွေက အားကိုး အားထားပြုရတဲ့ မဟာမိတ်နိုင်ငံအဖြစ် ဘယ်လိုလုပ် သဘောထားမှာလဲ။ ကနေဒါနိုင်ငံဟာ သူ့နိုင်ငံရဲ့ စီးပွားရေးက အမေရိကန်နိုင်ငံအပေါ်

စကားလုံးတွေဟိန်းဟောက်နေတဲ့စက္ကူကျား (သို့မဟုတ်) ထရမ့်အစိုးရ Read More »

သမ္မတပြုသမျှ နုရမည့် US လူဝင်မှု

ဘယ်ကိစ္စမှ လူဝင်မှုကိစ္စလောက် ဒေါ်နယ်ထရမ့်နဲ့တွဲ မနေပါဘူး။ ၂၀၁၅ သမ္မတဖြစ်တာနဲ့ မက်ဆီကန်တွေကို ရာဇဝတ်ကောင်တွေ၊ မုဒိမ်းကောင် တွေလို့ ပြောခဲ့ပါတယ်။ ကိုးနှစ်လုံးလုံး သမ္မတရွေးကောက်ပွဲ သက်တမ်း တစ်လျှောက် “တံတိုင်းကာမယ်”၊ “အစုလိုက် အပြုံလိုက် ပြန်ပို့ပစ်မယ်” ဆိုတဲ့ကြုံးဝါးသံတွေ ညံနေခဲ့တာပါ။ ကင်မလာဟားရစ်ကို အနိုင်ယူပြီးနောက်မှာတော့ တရားဝင် လူဝင်မှုကို ထိန်းချုပ်ပြီး တရားမဝင် လူဝင်မှုကို တားမြစ်ဖို့ ထရမ့်က အားထုတ်လာမှာပါ။ သူ့ရဲ့အဖွဲ့က ၂၀၂၅မှာ အတွေ့အကြုံပိုများလာပြီး ထိထိရောက်ရောက် ပိုလုပ်လာနိုင်ပါလိမ့်မယ်။ အမေရိကန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်က ပြည်ထောင်စုအစိုးရဌာနများရဲ့ အကဲဖြတ်မှုအပေါ် အခြေခံထား တာပါ။ လုပ်ထုံးလုပ်နည်းတွေက အရမ်းကို ခေတ်နောက်ကျနေပြီး ရွှေ့ပြောင်းဝင်ရောက်လာ သူများနဲ့ မူဝါဒရေး ဆွဲသူများ နားမလည်နိုင်အောင် ရှုပ်ထွေးပါတယ်။ သုံးနေရာစလုံးမှာ နိုင်ထားတဲ့ ရီပတ်ဘလီကန်တွေ (အထက်လွှတ်တော်၊

သမ္မတပြုသမျှ နုရမည့် US လူဝင်မှု Read More »

ယုံပါဗျာ သူက ကျွန်တော်တို့ သမ္မတ မဟုတ်ပါဘူး

နိုင်ငံတော် သမ္မတဆိုတာ တိုင်းပြည်အတွက် လေးနက် ကျယ်ပြန့်တဲ့ ယုံကြည်မှု တစ်ခု ရှိရပါမယ်။ စာရိတ္တနေရာမှာလည်း စံပြုထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါမယ်။ တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်ပေး နိုင်သလို ကိုယ်တိုင်လည်း တရားဥပဒေ ကို လေးစားလိုက်နာသူဖြစ်ရပါမယ်။ ဒေါ်နယ်ထရမ့်မှာ ဒီစံချိန်စံညွှန်းတွေ အားလုံးမရှိပါဘူး။ လုံးဝမရှိပါဘူး။ ဒီတော့ ပြောချင်သလိုပြော လုပ်ချင်သလို လုပ်တယ်ဆိုတာ အံသြစရာ မရှိပါဘူး။ ဒေါ်နယ်ထရမ့်က ဒီအမူအကျင့်တွေကို သူ့နိုင်ငံထဲ ကျင့်သုံး ရုံမက မဟာမိတ်မချန် ကမ္ဘာကြီး အပေါ်မှာပါ ကျင့်သုံးလာတာကတော့ ကမ္ဘာကြီးကို ကသောင်းကနင်း ချောက်ကမ်းပါးထဲ တွန်းချနေတာနဲ့ အတူတူပါပဲ။  ကနေဒါနိုင်ငံဆိုတာ အမေရိကန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကမ္ဘာ့စီးပွားရေး အင်အားကြီး ခုနှစ် နိုင်ငံထဲက တစ်နိုင်ငံပါ။ သမိုင်းတစ်လျှောက် နှစ်နိုင်ငံ လက်တွဲဆောင်ရွက်ခဲ့တဲ့ စံနမူနာကောင်း

ယုံပါဗျာ သူက ကျွန်တော်တို့ သမ္မတ မဟုတ်ပါဘူး Read More »

ဩဇာလွှမ်းမိုးရေး ကစားပွဲ

ပနားမားတူးမြောင်းရဲ့ မီရာဖလိုးရက်စ် ရေလှောင်တမံထဲ ဝင်လာတဲ့ သင်္ဘောကြီးတွေကို ရေထိန်းတံခါး ပေါက်က လမ်းလွှဲပေးနေချိန်မှာ ကမ္ဘာလှည့်ခရီးသည်အုပ်စုတစ်စုဟာ တမံပေါ်ကနေ ကြည့်နေတယ်။ အမေရိကန်အင်ဂျင်နီယာတွေက ဒီတူးမြောင်းကို တည်ဆောက်ပေးခဲ့ပြီး နှစ်ပေါင်း ၁၀၀ကျော် အကြာမှာ၊ အမေရိကန်က ပနားမားအစိုးရကို ပြန်လွှဲပေးပြီး ၂၅ နှစ်အကြာမှာ အသစ်တက်လာတဲ့ သမ္မတဒေါ်နယ် ထရမ့်က ဒီတူးမြောင်းကို ပြန်လိုချင်တယ်လို့ ပြောလိုက်ပါတယ်။ တစ်ဆက်တည်းမှာ ထရမ့်က ဒီလက်ဆောင် ဟာ ဘယ်တုန်းကမှ မပေးသင့်ခဲ့တဲ့လက်ဆောင်ပါ လို့လည်း ပြောလိုက်တယ်။  ဒီတူးမြောင်းထဲမှာ အမေရိကန်ကို ဝင်ထွက်နေတဲ့ ကုန်သင်္ဘောကြီးတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါပေမဲ့ ပနားမားကို လွှဲပြောင်းပေးအပ်ပြီးနောက်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားတယ်။ ရာစုနှစ်တစ်ခုကျော်ကတည်းက အသုံးပြုလာတဲ့ တူးမြောင်းရေလှောင်တမံထဲကို ခုချိန်မှာ နေ့စဉ် ဖြတ်သန်း နေတဲ့ သင်္ဘောအရေအတွက်ဟာ ကုန်တန်ချိန်အရ

ဩဇာလွှမ်းမိုးရေး ကစားပွဲ Read More »

ဒေါ်နယ်ထရန့်မူဝါဒ

ဒေါ်နယ်ထရန့်ကိုဝေဖန်တဲ့သူတွေက သူ့ကို ကမောက်ကမတွေ ရွှတ်နောက်နောက် အပြုအမူတွေနဲ့   တလွဲတွေ လိုက်လုပ်နေတဲ့ အထီးကျန်ဝါဒကိုကျင့်သုံးတဲ့သူလို့ ယေဘုယျအားဖြင့် စွပ်စွဲခဲ့ကြတယ်။ ဇန်နဝါရီလ ၂ဝ ရက် သမ္မတရာထူးကို စတင်လက်ခံဆောင်ရွက်တဲ့နေ့မတိုင်ခင်အချိန်ထိတိုင်သူသမ္မတ အဖြစ် ဒုတိယ အကျော့ဝင်လာဖို့ မျှော်လင့်နိုင်ဖွယ်မရှိဘူးဆိုတာကို အဲဒီစကားလုံးတွေက ဖော်ပြနေပြီး ဖြစ်ပါ တယ်။ သမ္မတရာထူး တာဝန်စတင်လက်ခံတဲ့ အခမ်းအနားနီးကပ်လာတဲ့အလျောက် အရှေ့ အလယ်ပိုင်းက ဂါဇာဒေသ မှာ  အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေး သဘောတူညီချက် ခိုင်မာအောင်သူက အထောက်အကူ ပြုပေးခဲ့တယ်။ သူက မပြောအပ်မဆိုအပ်တဲ့ ရှောင်ဓလေ့ကို ချိုး ဖောက်ပြီး အာတိတ်ဒေသက တွင်းထွက် သယံဇာတ ကြွယ်ဝကာ မဟာဗျူဟာကျတဲ့အနေအထားရှိ  ဂရင်းလန်ကျွန်းကို ထိန်းချုပ် နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ဖို့ ရှိတယ်လို့ ပြောကြားခဲ့တယ်။ မစ္စတာထရမ့်ရဲ့ ဒုတိယသက်တမ်းဟာ

ဒေါ်နယ်ထရန့်မူဝါဒ Read More »

ထရမ့်ရဲ့ ကသောင်းကနင်း ကမ္ဘာ

ဒေါ်နယ်ထရမ့် ရင်ဆိုင်ရမယ့် မေ့လျော့ခံ ကမ္ဘာကြီးကို နားလည်နိုင်ဖို့ဆိုရင် စာမျက်နှာ (၇၅) မျက်နှာပါရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ဝေခဲ့တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးတွဲကော်မရှင်ရဲ့ အစီရင်ခံစာကို ဖွင့်ဖတ်လိုက်ပါ။ အမေရိကန် ရင်ဆိုင်ကြုံတွေ့ရမယ့် ခြိမ်းခြောက်မှုတွေဟာ ၁၉၄၅ခုနှစ် နောက်ပိုင်း ရင်ဆိုင်ခဲ့ရတဲ့ ခြိမ်းခြောက်မှု စိန်ခေါ်မှုတွေထက် အများကြီး ပိုပါတယ်။ ဒီအထဲမှာ သိပ်မကြာခင်ဖြစ်လာနိုင်တဲ့ စစ်ပွဲကြီးလည်း ပါဝင်တယ်။  အမေရိကန်ဟာ ဒေသဆိုင်ရာ ပဋိပက္ခအများအပြားကို တစ်ချိန်တည်း တိုက်ခိုက်ရဖွယ်ရှိပြီး ဒီပဋိပက္ခတွေဟာ ပေါင်းစည်းပြီး ကမ္ဘာ့ပဋိပက္ခတစ်ခုထိ ဖြစ်လာနိုင်တယ်။ အစီရင်ခံစာအရ အမေရိကန်ဟာ ဒီစစ်ပွဲတွေအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုတယ်။ ပိုဆိုးတာက အမေရိကန် ဟာ ကိုယ့်အနီးပတ်ဝန်းကျင်ကမ္ဘာကြီး ဘယ်လောက်အထိ မှောင်မိုက်လာနေတယ်ဆိုတာ ထိတ်လန့်စရာ ကောင်းအောင် သတိမမူမိတာဘဲဖြစ်တယ်။  သမ္မတသစ်အနေနဲ့ ပြဿနာပေါင်းစုံကို အမွေဆက်ခံရမှာဖြစ်တယ်။ အမေရိကန်ဟာ

ထရမ့်ရဲ့ ကသောင်းကနင်း ကမ္ဘာ Read More »