The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

လမ်းသစ်ရွေးရမယ့် ဟားမတ်စ်

[ဟားမာ့စ်အဖွဲ့ဟာ ပျောက်သွားမှာတော့ မဟုတ်ပါဘူး ဒါပေမဲ့ သူတို့ လမ်းသစ်ကို ရွေးကြရမယ်]  တိုက်ပွဲတွေ မရပ်ခင် ကတည်းကကိုပဲ ဟားမာ့စ်အဖွဲ့ဟာ သူတို့ ရှင်သန်နေတဲ့ အကြောင်းကို ဖော်ပြဖို့ အင်မတန်ကို စိတ်အားထက်သန် နေကြပါတယ်။ အစ္စလာမ်မစ် ဝါဒီအုပ်စု တွေက အစ္စရေးတပ်တွေနဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီချက် ရပြီးတဲ့နောက်မှာ စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဟားမာ့စ် တိုက်ခိုက်ရေး သမားတွေဟာ နာရီပေါင်း များစွာ ပုန်းအောင်းနေရာက နေထွက်လာ ကြပါတယ်။ အပစ်အခတ်ရပ်စဲတာ စတင်ချိန်ကတည်းက ဟားမာ့စ်တွေက လမ်းတွေပေါ်မှာ ရဲအဖွဲ့ဝင်တွေကို ချက်ချင်းပဲ တပ်ချ ထားလိုက် ကြတယ်။ ပြီးတော့ လက်နက်ကိုင်တွေကို ထောက်ပံ့ရေး ယာဉ်တန်းတွေကို စောင့်ရှောက်ဖို့နေရာ ယူထား စေတယ်။ အစ္စရေး ဓားစာခံတွေနဲ့ အကျဉ်းသား […]

လမ်းသစ်ရွေးရမယ့် ဟားမတ်စ် Read More »

လှမ်းလာမယ့် ခြေလှမ်းသစ်များ

ဇန်နဝါရီလ ၂၉ ရက်။ ဒမတ်စကတ်မြို့မှာရှိတဲ့ ကော်ဖီဆိုင်အားလုံးမှာ ဆိုင်ထိုင်သူတွေနဲ့ ပြည့်နေပါတယ်။ ဆိုင်ထိုင်နေကြတဲ့ ဆီးရီးယားပြည်သူတွေထဲမှာ တူရကီနဲ့ ဥရောပကို တိမ်းရှောင် နေရာကနေ ဆီးရီးယားကို ပြန်ရောက်လာ ကြတဲ့သူတွေပါသလို ဘာရှာအယ်လ်အာဆတ်ဒ် (Bashar al – Assad)  လက်အောက်၊ ဆီးရီးယားနိုင်ငံတွင်းမှာ ဆက်နေထိုင် ကြတဲ့သူတွေလည်း ပါပါတယ်။ ဘာရှာအယ်လ်အာဆတ်ဒ်ကတော့ သက်တမ်းရှည်ကြာ အာဏာရှင်တစ်ယောက်ပါ။ ဆီးရီးယား ပြည်သူတွေ ဒီလိုစုဝေးနေထိုင်ကြတာဟာ အာမက်အယ်လ်ရှာရာ (Ahmar al – Sharaa)  ရဲ့မိန့်ခွန်းကို နားထောင် ကြဖို့ပါ။ အာမက်အယ်လ်ရှာရာဟာ အာဆတ်ဒ်ကို ဖယ်ရှားအပြီး ဆီးရီးယားနိုင်ငံကို လက်တွေ့အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်ပါ။ ဆိုင်ထိုင်နေကြသူတွေထဲ တချို့က ခေါင်းစည်းပဝါတွေ ခြုံပတ် ထားကြပါတယ်။ တချို့ကျတော့လည်း ဘီယာသောက်နေ ကြပါတယ်။ သူတို့အားလုံးဟာ

လှမ်းလာမယ့် ခြေလှမ်းသစ်များ Read More »

နယ်စပ် စစ်ဆေးရေးဂိတ်တွေ ပြန်ပေါ်လာတဲ့ ဥရောပ..

ဥရောပကို ရောက်ဖူးကြသူတွေရော၊ မရောက်ဖူးကြသူတွေပါ ဥရောပကို သွားရင် ဗီဇာ တစ်ကြိမ်ပဲ လိုပြီး နိုင်ငံပေါင်း(၂၉)နိုင်ငံကို တိုးလျှိုပေါက် ဗီဇမလို ဝင်ထွက်သွားလာနိုင်တာကို သိကြမှာပါ။ ကမ္ဘာမှာ ခုလို နိုင်ငံအများကြီးထဲ ဝင်ထွက်သွားလာဖို့ ဗီဇာတစ်ကြိမ်ပဲ လိုအပ်တဲ့အရပ် မရှိသေးပါဘူး။ ဥရောပ နိုင်ငံတွေကို ဝင်ထွက်ခွင့်ရစေတဲ့ ဗီဇာကိုတော့ ရှမ်ကန်ဗီဇာ လို့ မြန်မာလိုအလွယ်ခေါ်ကြတယ်။ ၁၉၈၅ခုနှစ် မှာ Schengen  သဘောတူညီချက်အရ ဥရောပ (၂၉)နိုင်ငံက ဗီဇာမလို နိုင်ငံတွင်း ဝင်ထွက် သွားလာခွင့်ပြုရေး သဘောတူခဲ့ကြတယ်။ ဒီ (၂၉)နိုင်ငံမှာ (၂၅) နိုင်ငံက အီးယူ (ဥရောပသမဂ္ဂ) အဖွဲ့ဝင်နိုင်ငံ တွေပါ။ ပြင်ပကမ္ဘာက လူတစ်ယောက်ဟာ ဥရောပနိုင်ငံတခုခုကို သွားမယ်ဆိုရင် Shengen ဗီဇာပဲ လိုအပ်ပါတယ်။ ဥရောပထဲရောက်ပြီဆိုရင်တော့ ပြင်သစ်သွားမလား၊

နယ်စပ် စစ်ဆေးရေးဂိတ်တွေ ပြန်ပေါ်လာတဲ့ ဥရောပ.. Read More »

ကျောင်းတွေမှာ စမတ်ဖုန်းတွေ သုံးခွင့် ပိတ်သင့်လား

ပြင်သစ်နိုင်ငံက မူလတန်းကျောင်းများနဲ့ အလယ်တန်းကျောင်းများမှာ  စမတ်ဖုန်း အသုံးပြုခွင့်ကို ၂၀၁၈ ခုနှစ်ကတည်းက ပိတ်ပင်ခဲ့ပါတယ်။ ဒီလို ပိတ်ပင်ရတဲ့ အကြောင်းထဲမှာ ကလေးငယ်များကို စာထဲမှာ ပို စိတ်ဝင်စား စေဖို့၊ ဆိုရှယ်မီဒီယာ အသုံးပြုတာကို လျှော့ချနိုင်စေဖို့ နဲ့ အွန်လိုင်း ပေါ်နေ အနိုင်အထက် ပြုကျင့်မှုတွေကို ပပျောက်စေဖို့  ရည်ရွယ်တယ်လို့ ဆိုပါတယ်။ နယ်သာလန် နိုင်ငံမှာ တော့ ဒီလိုမျိုး ပိတ်ပင်မှုမျိုးကို ၂၀၂၄ခုနှစ် ဇန်နဝါရီလက တည်းက စခဲ့ပြီး ဟန်ဂေရီ နိုင်ငံမှာလဲ မနှစ်က အလားတူ စည်းကမ်းတွေ စတင်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံရှိ ဥပဒေပြုအမတ်များကလဲ ဒီလို စမတ်ဖုန်း အသုံးပြု့ခွင့် မပေးဖို့ စဥ်းစား တိုင်ပင်နေကြတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အဓိက ကျတာက

ကျောင်းတွေမှာ စမတ်ဖုန်းတွေ သုံးခွင့် ပိတ်သင့်လား Read More »

ကာဗွန်မိုနော့ဆိုက် အသုံးပြုမှု (သို့မဟုတ်) စက်ဘီးစီး အားကစား လောကအတွက် စိန်ခေါ်မှု အသစ်

ကာဗွန်မိုနော့ဆိုဒ် (CO) အန္တရာယ်   ကာဗွန်မိုနော့ဆိုဒ်ဆိုတာ လူ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို တော်တော်ထိခိုက်စေနိုင်တဲ့ ဓာတ်ငွေ့ပါ။ (chemical formula: CO) အရောင်လည်းမရှိ၊ အနံ့လည်းမရှိတော့ လူတွေက မျက်စိနဲ့လည်း မမြင်နိုင်၊ အနံ့ခံလို့လည်း မသိနိုင်ဘူး။ နှစ်တိုင်း ကမ္ဘာတဝှမ်းမှာ လူပေါင်း သုံးသောင်းလောက်က အိမ်သုံးမီးဖိုတွေ၊ ကားအိတ်ဇောတွေ၊ မီးလောင်တာတွေကနေ ထွက်တဲ့ ဒီကာဗွန်မိုနော့ဆိုဒ်ကြောင့် အသက်ဆုံးရှုံးနေရတယ်။ အန္တရာယ်ရှိတဲ့ ဒီဓာတ်ငွေ့ကို ရှူမိရင် သွေးထဲက ဟေမိုဂလိုဘင်နဲ့ ပေါင်းပြီး အောက်ဆီဂျင် သယ်တာကို တားဆီးလို့ အသက်ရှူလမ်းကြောင်းကို ပိတ်ပြီး အသက်အန္တရာယ်ကိုတောင် ဖြစ်စေနိုင်တယ်။  ဒါပေမဲ့ အခု သိပ္ပံပညာရှင်တွေ၊ အားကစားသမားတွေနဲ့ အားကစားလောကက ကျွမ်းကျင်သူတွေက ကာဗွန်မိုနော့ဆိုဒ်က အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးနိုင်လားဆိုတာကို အလေးအနက် စဉ်းစားဆွေးနွေးနေကြတယ်။ တချို့

ကာဗွန်မိုနော့ဆိုက် အသုံးပြုမှု (သို့မဟုတ်) စက်ဘီးစီး အားကစား လောကအတွက် စိန်ခေါ်မှု အသစ် Read More »

ကမ္ဘာကို ခြေဆန့်လာမယ့် တရုတ် ဆေးဝါး အသစ်များ

လတ်တလောမှာ ကင်ဆာဝေဒနာအတွက် ကီထရူဒါ (Keytruda) လို့ အမည်ရတဲ့ဆေး ဟာ စျေးကွက်မှာ ရောင်းအား အကောင်းဆုံး ဆေးတစ်မျိုးပါ။ ၂၀၁၄ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ပြီး အမေရိကန် ဆေးကုမ္ပဏီကြီး Merck က ဒီဆေးနဲ့ ဒေါ်လာ ၁၃၀ ဘီလီယံ ရောင်းချပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တည်း မှာတင် ၂၉.၅ ဘီလီယံ ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နောက်ထပ် ဆေးသစ် တစ်မျိုးကို စတင်စမ်းသပ်ခဲ့ရာမှာ အရင်က မရခဲ့ဖူးတဲ့ ရလဒ်ကောင်းတွေကို ရခဲ့ကြောင်း သိရှိရပါတယ်။  small cell ဆိုတဲ့ အဆုတ်ကင်ဆာ တစ်မျိုးရဲ့ နောက်ဆုံးအဆင့် ရောက်နေတဲ့ ကင်ဆာ ဝေဒနာရှင်များကို ကီထရူဒါဆေး ပေးမယ်ဆိုရင် ကင်ဆာလူနာတွေရဲ့ အသက်ကို ၅.၈ လလောက်

ကမ္ဘာကို ခြေဆန့်လာမယ့် တရုတ် ဆေးဝါး အသစ်များ Read More »

နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေး (Chinua Achebe) (၁၉၃၀-၂၀၁၃)

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကျော်အချိန်က အင်္ဂလိပ် စာတတ်ပေတတ်ပုဂ္ဂိုလ်များ၏ အမြင်၌ အင်္ဂလိပ်ဘာသာစကားသည် အင်္ဂလိပ်အတွေး နှင့် စိတ်ကူးစိတ်သန်းများ ကိုသာလျှင် ဖော်ကျူးနိုင် သည်ဟု ယူဆခဲ့ကြသည်။ ၂၁ ရာစုအမြင် နှင့် ငဲ့စောင်း ကြည့်လိုက်သောအခါ ထိုအမြင်က မည်သို့ မျှလက်ခံ နိုင်ဖွယ်မရှိ။ နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေးက သူ၏နာမည်ကျော်ဝတ္ထု Things Fall Apart (1958) ကို သူ့မိခင်ဘာသာစကားဖြစ်သည့် အစ်ဂ်ဘို (Igbo) နှင့် မရေးဘဲ အင်္ဂလိပ် ဘာသာနှင့်ရေးသားခဲ့ခြင်းမှာ ယင်းအမြင်ကို တစ်စိတ်တစ်ဒေသ ချေဖျက်ချင်သော ကြောင့်ဖြစ်သည်။ သူသုံးစွဲခဲ့သည့် အင်္ဂလိပ်ဘာသာက သာမန် ရေးရိုးရေးစဉ် အင်္ဂလိပ်ဘာသာ စကားမဟုတ်ဘဲ နိုင်ဂျီးရီးယား လူမျိုး တစ်ယောက်ပြောနေသည်ကို တစ်နိုင်ငံတည်းသားနိုင်ဂျီးရီးယား

နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေး (Chinua Achebe) (၁၉၃၀-၂၀၁၃) Read More »

အမေဇုန်တောနက်ထဲက ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ

(ကိုလံဘတ်စ်မတိုင်မီ အမေဇုန်ဒေသတွင် လူဦးရေ ထူထပ်စွာ နေထိုင်ခဲ့ကြောင်း ထင်ရှား)  ဘိုလီးဗီးယားမြောက်ပိုင်း၊ အမေဇုန်တောအစပ်မှာ လျားနိုစ် ဒီ မိုဆိုစ်လို့ခေါ်တဲ့ ဆာဗားနား  မြက်ခင်းပြင်ကြီး တစ်ခုရှိတယ်။ အဲဒီနေရာက ဘာစီလိုနာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်က သိပ္ပံပညာရှင် အမ်ဘာတို လွန်ဘာဒိုအတွက် အလွန်အရေးပါတဲ့နေရာတစ်ခုပေါ့။  ဥရောပသားတွေ မရောက်ခင်က အမေဇုန်မြစ်ဝှမ်းက မြေဆီလွှာဟာ လူအများကြီးကို ထောက်ပံ့ မပေးနိုင်ဘူး လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒေါက်တာ လွန်ဘာဒိုက သူတို့ ထင်တာတွေ မှားကြောင်းကို သက်သေပြဖို့ ကြိုးစားနေတာပါ ကိုလံဘတ်စ်မတိုင်ခင် အမေဇုန်တောဟာ လူသူကင်းမဲ့ပြီး သဘာဝအတိုင်းပဲ ရှိခဲ့တယ်ဆိုတဲ့ အယူအဆက မကြာသေးခင် နှစ်တွေမှာ ပြောင်းလဲလာခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေက လူတွေနေခဲ့တဲ့ အထောက်အထားတွေ အများကြီးကို  ရှာဖွေတွေ့ခဲ့ကြတယ်။

အမေဇုန်တောနက်ထဲက ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ Read More »

ဘာကြောင့် တို့တွေ ဝိတ်မကျသလဲ

ဒီခေါင်းစဉ်ကို ရုတ်တရက် ကြည့်ရင် စိတ်ပိုင်းဖြတ်နိုင်မှု စွမ်းအားနဲ့ ပတ်သက်တဲ့ ပုဂ္ဂလိကဆိုင်ရာ ပြဿနာလို့ ထင်ရတယ်။ ဒါပေမယ့် နယ်ပယ် အသီးအသီးက ကျွမ်းကျင်သူတွေကတော့ နောက်တစ်မျိုး မြင်ကြတယ်။ ကိုယ်အလေးချိန်ကျစေတဲ့ ထုတ်ကုန်တွေရဲ့ ကမ္ဘာ့ဈေးကွက်တန်ဖိုးဟာ ပေါင် ဘီလျံ ရာနဲ့ချီပြီး ရှိနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြကြတယ်။ လူတွေ ဝိတ်ချနေတာ ရပ်လိုက်ရင် အဲဒီကုမ္ပဏီကြီးတွေ စီးပွားရေး အကျိုးအမြတ် ရှိတော့မှာ မဟုတ်ဘူး။ ဝိတ်ချသင့် တယ်လို့ ထင်မိတာရယ် တကယ်လို့သာ ဝိတ်မကျတာကို ကျရှုံးမှုတစ်ခုလို့ ခံစား ရတာရယ်ဟာ သူတို့ ကြော်ငြာတွေရဲ့ သက်ရောက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်နေမလား။  လူအများစုဟာ ကိုယ့်ကိုယ်ကို အဝလွန်နေတယ်လို့ မြင်တဲ့အတွက် စိတ်ဆင်းရဲရတယ်။ အဲဒါထက် ဝိတ်ချတာ မအောင်မြင်လို့ဆိုပြီး နှစ်ဆတိုးကာ စိတ်ညစ်ကြရပြန်တယ်။

ဘာကြောင့် တို့တွေ ဝိတ်မကျသလဲ Read More »

ပြတင်းပေါက်

အခုအချိန်အထိ အိမ်ရာ အတည်တကျ မရှိသေးတဲ့ သံသရာခရီးသည် ကိုယ့်အတွက်တော့ ကိုယ်လက်ရှိ နေတဲ့ နေရာကို ကိုယ့်အိမ်လို့ သတ်မှတ်နေရချိန်မှာ နေရာအသစ်တစ်ခုမှာ အိမ်အသစ် တစ်ခုကို ရှာရပြီဆိုရင် ကိုယ်ပထမဆုံး တောင်းဆိုတာက ပြတင်းပေါက် များများပါတဲ့၊ အလင်းရောင် များများရတဲ့ အိမ်ဖြစ်ဖို့ပါပဲ။   ပြတင်းပေါက်လို့ ပြောလိုက်တာနဲ့ ဘာကို ပြောတယ်ဆိုတာ လူတိုင်းနီးပါး သိကြမှာပါ။ မျက်စိထဲမှာလဲ ပြတင်းပေါက် ပုံလေးတွေကို တန်းမြင်ကြမှာပါပဲ။ တံခါးပေါက်ကတော့ အဓိပ္ပာယ် နောက်တစ်မျိုးပေါ့။ အခု ပြောချင်တာက ပြတင်းပေါက် အကြောင်းပါ။  ပြတင်းပေါက်ဆိုတဲ့ စကားလုံး ရိုးရိုးကိုမှ ထပ်ပြီး ချဲ့လိုက်ရင် သစ်သားပြတင်းပေါက်၊ မှန်ပြတင်းပေါက်၊ ထရံကာ ပြတင်းပေါက်၊ အုတ်တံတိုင်းကြားက သံတိုင်တွေနဲ့ ပြတင်းပေါက်၊ ခြင်လုံဇကာတပ်ထားတဲ့ ပြတင်းပေါက်၊ မှန်အနောက်တွေ ကာထားတဲ့

ပြတင်းပေါက် Read More »