The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

နေတိုးနိုင်ငံတွေ ကာကွယ်ရေးအသုံးစရိတ်တိုးရေးနဲ့ သမ္မတထရမ့်ရဲ့ ကြိုးပမ်းမှု 

နေတိုး (NATO) ခေါ် မြောက်အတ္တလန္တိတ်စာချုပ်များအဖွဲ့ဝင် ၂၄ နိုင်ငံထဲမှာ အမေရိကန်ပြည်ထောင်စုဟာ ကာကွယ်ရေးအသုံးစရိတ်တွေ အများဆုံးသုံးစွဲခဲ့တဲ့ နိုင်ငံပါ။ ဒေါ်လာဘီလီယံပေါင်း ၉၆၇ ဒသမ ၇ ရှိပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်ပေမယ့် ၎င်းမှာ ပြည်ပ ကြွေးမြီတွေလည်း အများအပြား ရှိနေတာပါ။ အမေရိကန်နိုင်ငံရဲ့ ကြွေးမြီစုစုပေါင်းဟာ ဒေါ်လာ ၃၆ ဒသမ ၂ ထရီလီယံကျော် ရှိနေတယ်လို့ ဘဏ္ဏာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။ ဒါ့အပြင် ပြည်ပအစိုးရတွေဟာ အမေရိကန်ရဲ့ ကြွေးမြီတွေအနက် ဒေါ်လာ ကိုးထရီလီယံကို ပိုင်ဆိုင်ထား ကြပြီ။ ထိုနိုင်ငံတွေထဲမှာ ဂျပန်၊ တရုတ်နဲ့ ဗြိတိန်နိုင်ငံတွေက အများဆုံး ပိုင်ဆိုင် ထားကြ တယ်။ ထိုအခြေအနေမှာ နေတိုးအဖွဲ့ဝင်တွေထဲမှာ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန် အနေနဲ့ […]

နေတိုးနိုင်ငံတွေ ကာကွယ်ရေးအသုံးစရိတ်တိုးရေးနဲ့ သမ္မတထရမ့်ရဲ့ ကြိုးပမ်းမှု  Read More »

ကုန်သွယ်ခွန် လျှော့ပေါ့ဖို့ ဗီယက်နမ်ဆီက အမေရိကန် ဘာတောင်းဆိုခဲ့သလဲ

အမေရိကန်သမ္မတ ထရမ့်ဟာ ဇူလိုင်လ ၃ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံနဲ့ ကုန်သွယ်ခွန် အပေးအယူ ဆွေးနွေးမှု အောင်မြင် အထမြောက်သွားကြောင်း သူပိုင် ဆိုရှယ်မီဒီယာဖြစ်သည့် “Truth Social” မှနေ၍ အသေးစိတ်များ မဖော်ပြဘဲ ရေးသား ကြေညာခဲ့ပါသည်။ ဖော်ပြပါ ဆောင်းပါးသည် အမေရိကန်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့ ကုန်သွယ်ခွန်ကိစ္စ ညှိနှိုင်း နေကြစဥ်အတွင်း ထွက်ပေါ်လာသည့် ရိုက်တာ သတင်းတစ်ပုဒ် ကို အခြေခံလျက် သုံးသပ်ရေးသားထားခြင်း ဖြစ်ပြီး ကုန်သွယ်ခွန်လျှော့ချရေး ဆွေးနွေးပွဲ အသေးစိတ်ကို မသိရသော်လည်း ဗီယက်နမ်နိုင်ငံ အနေနှင့် အဆိုပါ သဘော တူညီချက် ရရှိရေး အတွက် ဖြစ်နိုင်ဖွယ်ရှိသော လိုက်လျော အလျှော့ပေး လိုက်ရသည့် အချက်တစ်ချက် ဖြစ်ပါကြောင်း ခန့်မှန်းရပါသည်။  အ​မေရိကန်က ကုန်သွယ်ခွန်လျှော့ပေးဖို့ ဗီယက်နမ်ကို တရုတ်နှင့် စီးပွား​ရေး ဆက်ဆံ​မှု အဆင့်​လျှော့ချရန် ဖိအား​ပေး​ ​တောင်းဆိုမှုများကိုတင်းတင်းမာမာပြုလုပ်လျက်ရှိ

ကုန်သွယ်ခွန် လျှော့ပေါ့ဖို့ ဗီယက်နမ်ဆီက အမေရိကန် ဘာတောင်းဆိုခဲ့သလဲ Read More »

တရုတ်ခြိမ်းခြောက်မှု နှင့် အမေရိကန်၏ ကာကွယ်ရေး မူဝါဒအကြောင်း တစေ့တစောင်း 

အင်ဒို-ပစိဖိတ်ဒေသအပေါ် အမေရိကန်နိုင်ငံ၏ သဘောထားနှင့် တရုတ်နိုင်ငံ၏ အန္တရာယ် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) ၏ (၂၂) ကြိမ်မြောက် “ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ” ကို ယခု ၂၀၂၅ခုနှစ် မေလ ၃၁ ရက်နေ့တွင် စင်္ကာပူ၌ ကျင်းပခဲ့သည်။ ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲကို  နှစ်စဉ် ကျင်းပလေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသအတွင်းရှိ  အင်ဒို-ပစိဖိတ်နိုင်ငံများမှ  ကာကွယ်ရေးဝန်ကြီးများ၊  ကာကွယ်ရေး ဦးစီးချုပ်များနှင့် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်း အဆင့်ပုဂ္ဂိုလ်များ တက်ရောက် လေ့ရှိသည်။  ယင်းမေလ ၃၁ ရက်နေ့ ဆွေးနွေးပွဲသို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ (Pete Hegseth) တက်ရောက်ခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်နိုင်ငံ၏ နိုင်ငံခြား‌ရေးမူဝါဒကို ရှင်းပြခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ လက်ရှိ ‘ထရမ့်အစိုးရ’ သည် ယခင့်ယခင် အစိုးရအဖွဲ့များကဲ့သို့ “တာဝန်မဲ့သည့် ပျော့ညံ့ညံ့”

တရုတ်ခြိမ်းခြောက်မှု နှင့် အမေရိကန်၏ ကာကွယ်ရေး မူဝါဒအကြောင်း တစေ့တစောင်း  Read More »

အရူးတွေရဲ့ ကမ္ဘာ..

(၁) အရူးဟာ သူရူးနေတာကို မသိဘူး။ အရူးဟာ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတယ်။ အရူးပြောသမျှစကား ယုံသူအားလုံး ရူးသွားကြတယ်။ အရူးက ဒီနေ့ ဒီစကားပြောပြီး နောက်တနေ့ နောက်တမျိုးပြောတယ်။ တနေ့တမျိုး မရိုးရဘူး။အရူးကို သွားမခန့်မှန်းနဲ့ ရူးသွားမယ်။ အရူးဟာ ဗလောင်းဗလဲ အမြဲပြောတယ်။ အရူးစကားကို အတည်ယူလို့ မရသလို အတည်မယူလို့လည်း မရဘူး။ အရူးဟာ သူစိတ်ထင်ရင် ထင်သလို ဆုံးဖြတ်တတ်ပြီး စိတ်မထင်ရင် မထင်သလို ရုတ်တရက်ပြောင်းလဲလုပ်တတ်တယ်။အရူးဟာ သူ့ကိုယ်သူသာ ဒီကမ္ဘာမှာ အကြီးမြတ်ဆုံးလို့ ယူဆပြီး တခြားသူတွေကို အထင်သေးတယ်။။ အရူးကို ဘယ်သူမှ လျှော့မတွက်ရဲကြဘူး။ အရူးက ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်လို့။ အရူးဟာ စကားကိုအလွယ်ပြောတယ်။ ပြောပြီး ကတိမတည်ဘူး။  (၂) ဘီဘီစီ In-Depth မှာ Allan Little ရဲ့ How

အရူးတွေရဲ့ ကမ္ဘာ.. Read More »

အကဲဖြတ်တဲ့အလုပ် 

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအကြောင်းပြောရင် စွမ်းဆောင်ရည်တိုင်းတာအကဲဖြတ်မှု၊ စွမ်းဆောင်ရည် စီမံခန့်ခွဲမှု အကြောင်းက မဖြစ်မနေပြောကြရမှာပါပဲ။ မဖြစ်မနေပြောရမှာဖြစ်သလို မကြာမကြာ လည်းပြောနေမှ ရမှာ။ တကယ် အရေးကြီးတဲ့ကိစ္စတစ်ခုမို့ပါ။ လုပ်ငန်းခွင်ထဲမှာ သူသူကိုယ်ကိုယ် အလုပ်တွေကတော့လုပ်နေကြတာပဲ။ ကိုယ့်အလုပ်ကိုယ် ပုံမှန် လုပ်နေတဲ့ သူ၊ ပျာပျာသလဲလုပ်နေတဲ့သူ၊ နေ့မအား ညမနားလုပ်တဲ့သူ၊ ဝတ်ကျေတန်းကျေလောက်ပဲ လုပ်တဲ့သူ စသည်အားဖြင့် လူအမျိုးမျိုးတွေ့နိုင်ပါတယ်။ ဒါဆို အလုပ်လုပ်တဲ့သူတွေကိုမြှောက်စားပြီး ဝတ်ကျေ တန်းကျေ သမားတွေကို နှိပ်ကွပ် လိုက်ရုံပေါ့လို့ပြောကြမှာပေါ့။ တကယ်တော့ ဒီလောက်လည်း မရိုးရှင်းပါဘူး။ လုပ်တော့ လုပ်နေတယ်လို့ ထင်ရတာပဲ ဆိုပေမယ့် တကယ်လုပ်နေတာဟုတ်ရဲ့လားဆိုတာကို စိစစ်ဖို့လိုလာပြန်တယ်။ ကိုယ်တိုင် လုပ်ရမယ့်အလုပ်ကို ကိုယ့်အဆင့်အတန်းနဲ့လျော်ညီစွာ အကြံကောင်း၊ ဉာဏ်ကောင်း၊ အားထုတ်မှု ကောင်းတွေနဲ့ လုပ်ကိုင်နေတာ ဟုတ်ရဲ့လား၊ အပြောတွေ၊ အပြတွေကများနေပြီး တကယ့် တကယ်တမ်း ကျတော့ မျက်နှာပန်း

အကဲဖြတ်တဲ့အလုပ်  Read More »

တောင်ရှည်ပုဆိုး 

တောင်ရှည်ပုဆိုး ဝေါဟာရနှင့် အသုံး တောင်ရှည်ပုဆိုး ဆိုသည်မှာ တောင်ရှည်နှင့် ပုဆိုး ဟူသော ဝေါဟာရ နှစ်ခုကို ပေါင်းစပ်၍ ခေါ်ဆိုခြင်း ဖြစ်ပါသည်။  တောင်ရှည် ဆိုသည်မှာ အလျား ၁၀ တောင်အထိ ရှည်လျားသောကြောင့် တောင်ရှည်ဟု ခေါ်ဆိုခြင်း ဖြစ်မည်ဟု ယူဆရပေသည်။ တောင်ရှည်ဟူသော ဝေါဟာရကို မည်သည့် ခေတ်တွင် စတင် အသုံးပြုသည်ကို လေ့လာကြည့်ရာ ကိုလိုနီခေတ်လယ်သို့ ရောက်ရှိမှသာ စတင်တွေ့ရှိ ရပါသည်။ ထိုခေတ်ကာလတွင် မြန်မာလူငယ် အမျိုးသားများသည် အတောင်နှစ်ဆယ်ဝတ် မင်းယောကျ်ားဘဝမှ လေးတောင်ဝတ်ဘဝသို့ ဝတ်စားဆင်ယင်မှု စတင်ကူးပြောင်းသွားကြပါသည်။  အလျား လေးတောင် ရှိသော ဖျင်စကို လုံခြုံစွာ ကွင်းချုပ်လုပ် ဝတ်ဆင် လာကြသည်။ ထို့ကြောင့် “လုံချည်”၊ “ကွင်းလုံချည်”၊ “လုံကွင်း”၊ “ကွင်းပုဆိုး”၊ “ပုဆိုးကွင်း”

တောင်ရှည်ပုဆိုး  Read More »

နစ်ဆင်နှင့်စ၍ ထရမ့်နှင့် ဆုံးမည်လား

မကြာခင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံကြမည်ဟု ဆိုသည်။ အမေရိကန် နှင့် တရုတ် ပထမဆုံး သမ္မတအဆင့် ခရီးစဉ်မှာ ၁၉၇၂ခုနှစ် တွင် သမ္မတ နစ်ဆင် နှင့် မော်စီတုန်း၊ ချူအင်လိုင်း တို့ လက်ထက်တွင် ဖြစ်၏။ အောက်ပါ ဆောင်းပါးမှာ တရုတ်ပြည်သို့ ပထမဆုံးခရီးစဉ်တွင် မော်စီတုန်း၊ ချူအင်လိုင်း တို့နှင့် တွေ့ဆုံခဲ့ရသည်တို့ကို သမ္မတ (ဟောင်း) နစ်ဆင်က သူ၏ ကိုယ်တိုင်ရေးမှတ်တမ်း In The Arena စာအုပ်တွင် ဖော်ပြထားသည်ကို ပြန်ဆိုထားခြင်း ဖြစ်ပါသည်။  KIDD ဘာသာပြန်သူ ~~~~~~~~~~~~~~~ ၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်၊ ဘေဂျင်း လေဆိပ်မှ အစိုးရဧည့်ဂေဟာသို့ အသွားလမ်းမှာ ရင်ဖိုစရာ ဖြစ်သည်။ ဒု

နစ်ဆင်နှင့်စ၍ ထရမ့်နှင့် ဆုံးမည်လား Read More »

တိုက်တန်းနစ် ကုလသမဂ္ဂ

ဤဆောင်းပါးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၂၀၀၇ မှ ၂၀၁၆ အထိ တာဝန် ထမ်းဆောင် ခဲ့သည့်ဘန်ကီမွန်းနှင့် UNDP အကြီးအကဲအဖြစ် ၂၀၀၉ မှ ၂၀၁၇ အထိ ထမ်းဆောင်ခဲ့သည့် ဟယ်လင်ကလာ့ခ် တို့ ရေးသားသည့်ဆောင်းပါးဖြစ်သည်။ ဘန်ကီမွန်းနှင့် ဟယ်လင် ကလာ့ခ် တို့သည် တောင်အာဖရိက လူမည်းသမ္မတ နယ်လ်ဆင် မန်ဒဲလား တည်ထောင်ခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရသူအများအပြား ပါဝင်သည့် The Elders အဖွဲ့ဝင်များ ဖြစ်ကြသည်။ ~ ~ ~ ~ ~ ~ ~ ~ ၁၉၆၂ခုနှစ်တွင် အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ကျူးဘားတို့အကြား ဝက်ပင်လယ်အော်အရေး အခင်းကိုအောင်မြင်စွာ စေ့စပ်ဖြေရှင်းပေးခဲ့သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်အလုပ်ဆိုတာ တကယ်တော့ ကမ္ဘာ့ရုံးစာရေးကြီးအလုပ်ပါ ဟု ပြောခဲ့ဖူးသည်။ နိုင်ငံခေါင်းဆောင်များကို ပြောနိုင် ဆိုနိုင် အကြံပြုနိုင်သော်လည်း လိုက်ကိုလိုက်နာရမည် ဟူသည့် သြဇာအာဏာ မရှိခြင်းကို ဆိုလိုပုံရပါသည်။ လက်ရှိ ကာလတွင်မည်သည့် အရေးအခင်းကိုမှ မဖြေရှင်းနိုင်သူ အန်တိုနီယို ဂူတားရက် လက်ထက်မှာတော့ ဆနွင်းမကင်းတွေ (စိုးရိမ်မကင်း) ပဲ ဖုတ်နေသည်ဟု လှောင်ပြောင် ကြသည်။ ဒေါ်နယ်ထရမ့်က (WHO) မှ ထွက်လိုက် ပြီးနောက်တွင် ကုလသမဂ္ဂမှလည်း ထွက်မည်လားဟု ထင်မြင်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေ အတွင်းရေးမှူး ချုပ် ဒက် ဟမ်းမားရှိုးက “ကုလသမဂ္ဂကို ဖွဲ့စည်းတာ (နိုင်ငံအားလုံး) နတ်ပြည်တက်ဖို့ မဟုတ်ပါဘူး။ ငရဲပြည်မကျဖို့ပါ” ဟု ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ဤသီတင်းပတ်မှာပင် စာချုပ်ကြီးကို လက်မှတ်ထိုးခဲ့ကြသည်။ အမေရိကန် သမ္မတ ထရူးမင်းက စာချုပ်ကြီး၏ တန်ဖိုးမှာ အဖွဲ့ဝင်နိုင်ငံများက မည်မျှ လိုက်နာ ကျင့်သုံးကြမည်ဟူ သည့် စိတ်ဆန္ဒပေါ်တွင်မူတည်ကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကိုယ်ကျင့် တရားနဲ့ စရိုက် လက္ခဏာတွေ အပေါ် ဒီအလုပ်ကြီးက တောင်းဆိုမှု တွေ အရမ်းများမှာပဲ” ဟု သူကဆိုသည်။ ဤအချက်မှာ ၁၉၄၅ခုနှစ်တုန်းက ပိုမိုထင်ရှားမည် ဖြစ်သော်လည်း ယနေ့အခါတွင်မူ နိုင်ငံ ပေါင်းစုံပါဝင် သည့်အဖွဲ့ကြီး ကောင်းစွာလည်ပတ်ရန် မည်သည့်အရာများလိုအပ်သည်နှင့် မည်သည့် အတွက် လိုအပ်သည်တို့ကို ကမ္ဘာကြီးကမေ့သွားလေပြီ။ စစ်ပွဲအစား ငြိမ်းချမ်းရေးကို ရွေးခဲ့ သည်ကတော့ ထင်ရှားသည်။ သို့ရာတွင် ငြိမ်းချမ်း ရေး ကို ထိန်းသိမ်းရန်အတွက် သဘောတူညီချက်ရရန် ကမ္ဘာစစ် ကြီးနှစ်ခု၏ ကြောက်မက်ဖွယ်တို့ကို ဖြတ်ကျော်ခဲ့ ရသည်။  ကမ္ဘာကြီးသည် အထိန်း အကွပ်မဲ့ အာဏာ၊ မကြုံဖူး သည့် ပဋိပက္ခများ၊ စီးပွားရေး ကပ်၊ ရောဂါများ၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲ မွဲတေမှု များပြည့်နေသည့် အန္တရာယ်တွင်း ထဲသို့ စစ်ပြီးခေတ်တွင် ပိုမိုကောင်းမွန်ကျယ်ပြန့်သည့် ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးနှင့် လူ့အခွင့် အရေး အပေါ်လေးစားလိုက်နာမှုရှိသည့် ကမ္ဘာကြီးကို အတူတကွ တည်ဆောက်ရန် ၎င်းတို့၏ စိတ်ခွန် အားများကို နိုင်ငံအများကအနည်းနှင့်အများ ပါဝင်စိုက်ထုတ်ခဲ့ကြသည်။ ပြီးပြည့်စုံမှု မရှိသေး

တိုက်တန်းနစ် ကုလသမဂ္ဂ Read More »

ထရာအိုရေးနဲ့ ဘူကီနာဖာဆိုနိုင်ငံရေး

လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ် လောက်တုန်းက ဘူကီနာဖာဆို နိုင်ငံရဲ့ ကြည်းတပ်က အသက် ၃၄  နှစ် အရွယ် လောက်ပဲရှိသေးတဲ့ ဗိုလ်ကြီးတစ်ယောက်ဟာ ကုသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ရှေ့မှောက်မှာ မိန့်ခွန်းပြောကြားရင်း ကမ္ဘာ့ စနစ်သစ်တစ်ရပ် (A New World Order) ကို ဖော်ဆောင်ဖို့ တောင်းဆို ခဲ့တယ်။ အနောက် အာဖရိက တစ်ဝန်းက လူငယ်လူရွယ်တွေ အားတက်သရော စောင့်ကြည့် နားထောင်ခဲ့ကြတဲ့ ဒီမိန့်ခွန်းဟာ ” အာဖရိက တိုက်ကြီးက ချေဂွေ ဗားရား ” လို့ တင်စားခေါ်ဆို အမွှမ်း တင်ခံခဲ့ရတဲ့ တော်လှန်ရေးသမားတစ်ယောက် မွေးဖွားလာတာကို မော်ကွန်း မှတ်တမ်း တင်ခဲ့တယ်။ ၁၉၈၃ ခုနှစ်မှာ အောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ သောမတ်စ် ဆန်ခါရာ (Thomas Sankara) အာဏာရ လာခဲ့တယ်။  သူက တစ်မျိုးသားလုံးကိုယ့်အားကိုယ်ကိုးရေး အစီအစဉ်ကို စတင်

ထရာအိုရေးနဲ့ ဘူကီနာဖာဆိုနိုင်ငံရေး Read More »

သမ္မတထရမ့်နဲ့ အမေရိကန်မီဒီယာတွေရဲ့ပဋိပက္ခ အရှိန်မြင့်တက်လာနေပြီလား

အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် စတာတွေကို အကာအကွယ်ပေးထားတဲ့ အခြေခံ ဥပဒေ ပထမအကြိမ် ပြင်ဆင်ချက် နဲ့ သက်ဆိုင်တဲ့ အမှုတစ်ခုကို အမိန့်ချမှတ်ခဲ့ပါတယ်။ ထိုအမိန့် ကတော့ အေပီ (Associated Press)သတင်း ဌာနကို သမ္မတနဲ့ သက်ဆိုင်တဲ့ သတင်းတွေ ရယူဖို့အတွက် အပြည့်အဝ လမ်းဖွင့်ပေးဖို့ပါပဲ။ အင်္ဂါနေ့က ထိုအမိန့်ကို ချမှတ်ရာမှာ အစိုးရအနေနဲ့ သတင်းဌာနတစ်ခုကို ၎င်းရဲ့ မိန့်ခွန်းမှာပါတဲ့ အကြောင်းအရာ တစ်ခုအတွက် ပြစ်ဒဏ် မခတ်သင့်ဘူးဆိုတဲ့ မှတ်ချက်ကိုလည်း ဖော်ပြထားပါတယ်။ သမ္မတထရမ့်က ခန့်အပ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ခရိုင်တရားသူကြီး  ထရီဗာအင်(န်) မက်ဖက်ဒင်က”မက္ကဆီကို ပင်လယ်ကွေ့ကို အမည် ပြန်လည် ပေးဖို့ဆိုတဲ့ သမ္မတထရမ့်ရဲ့ အုပ်ချုပ်ရေး အမိန့်ကို အေပီ (AP) အနေနဲ့ လိုက်နာခြင်း

သမ္မတထရမ့်နဲ့ အမေရိကန်မီဒီယာတွေရဲ့ပဋိပက္ခ အရှိန်မြင့်တက်လာနေပြီလား Read More »