ကင်ဆာရောဂါ ကုထုံး အသစ်
အိုမင်းရင့်ရော်မှုနှင့် ဆက်စပ်သော နာတာရှည် ရောင်ရမ်းမှု (inflammaging) – အသက်ကြီး ရောင်ရမ်းမှု မှတစ်ဆင့် ဆေးဘက်ဆိုင်ရာ သုတေသီများက ကင်ဆာရောဂါ ကုသနည်း အသစ်တစ်ခု ဖော်ထုတ်ဖို့ ကြိုးစားခဲ့ ကြပါသည်။ အသက် ၅၀ ကျော် နောက်ပိုင်း အရွယ်ကြီးရင့်လာသည်နှင့်အမျှ အသက်ကြီး ရောင်ရမ်းမှုသည် ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်းကို တိုးပွားစေနိုင်သည်။ ဆေးဘက်ဆိုင်ရာ ပညာရှင်များသည် အရောင်ကျစေသော ဆေးများဖြင့် ကင်ဆာရောဂါကို စမ်းသပ်ကုသရန် ဖော်ထုတ် ကြိုးစားလာကြသည်။ ကိုယ်ခန္ဓာက အသက်ကြီးလာရင် ကင်ဆာရောဂါ ကြီးထွား ဆက်လက်ပေါက်ဖွားဖို့ ပြင်ဆင်ထားတဲ့ နေရာတစ်ခုနဲ့ တူလာတယ် လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ များလာသည်။ ဒေါက်တာ မီရီယမ် မီယတ်က သမားရိုးကျ မဟုတ်သော နည်းတစ်ခုဖြင့် ထိုဖြစ်ရပ်ကို ဟန့်တားနိုင်ရန် ကြိုးစား ရှာဖွေလျက် ရှိသည်။ ဓာတ်မတည့်မှုတွင် ကုသသော ဆေးဝါးများ အခြား ဖြစ်နိုင်ခြေမရှိဟု ထင်ရသော ဆေးဝါးများဖြင့် အသက်ကြီး ရောင်ရမ်းမှု အဆင့်ထိ ရောက်မလာနိုင်စေရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ကိုယ်ခံအားဗေဒ ပညာရှင်လည်းဖြစ်၊ ကင်ဆာရောဂါ အထူးကု ဆရာဝန်လည်း ဖြစ်သော မီရီယမ် သည် ကင်ဆာဖြစ်စေနိုင်သော အကျိတ်များကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ ထို့နောက် အမေရိကန် ပြည်ထောင်စုရှိ ကင်ဆာကျိတ်ရှိသော အသက် ၅၀ကျော် လူများတွင် ၁၀ ယောက်တွင် ကိုးယောက်သည် ကင်ဆာ အဖြစ် ပြောင်းလဲသွားကြသည်။ နယူးယောက် ပြည်နယ်၊ မောင့်ဆီနိုင် တွင်ရှိသော အီခန် စကူးလ်အော်ဖ် မဲဒီဆင် မှ မီရီယမ် နှင့် သုတေသီများ ပါဝင်သော ဆေးဝါးပညာရှင် တစ်စုသည် အသက်ကြီးလာသည်နှင့်အမျှ အိုမင်းလာသည့် ကိုယ်ခံအား စနစ် ကို ရပ်တန့်နိုင်မည့် အဖြေကို ရှာဖွေနေကြသည်။ သူတို့သည် လူများ၏အဆုတ် အကျိတ်ရှိ ကိုယ်ခံအားကောင်းသော ဆဲလ်များနှင့် ကြွက်အိုများကို လေ့လာခဲ့ရာ အသက်ကြီး၍ ဖြစ်ပေါ်သော သက်ကြီးရောင်ရမ်းမှုသည် ကိုယ်ခံအားစနစ်ကို ဝင်ရောက်နှောင့်ယှက်ပြီး ကင်ဆာရောဂါ ကြီးထွားလာမှုကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြသည်။ မီရီယမ် နှင့် အခြား သုတေသီများသည် (rheumatoid arthritis) အဆစ်အမြစ်ရောင် ရောဂါ၊ (eczema) အင်ပျဥ်ထအရေပြား ယားယံရောဂါများကို ကုသသော အရောင်ကျဆေးများသည် အသက်ကြီးသော ကင်ဆာ ရောဂါသည်များကို ကုသနိုင်မည်လား စမ်းသပ်ခဲ့ကြသည်။ ထို့အပြင် သူတို့သည် ဆေးဝါးအသစ်များ ကိုလည်း ရှာဖွေခဲ့ကြသည်။ “အိုမင်းရင့်ရော်ခြင်းဆိုတာကျွန်မတို့ ပြောင်းလဲနိုင်တယ်လို့ ထင်ထားတဲ့ အရာတစ်ခု ဖြစ်တယ်” ဟု မောင့်ဆီနိုင်း၌ ရှိသော Marc and Jennifer Lipschultz Precision Immunology Institute မှ ဒါရိုက်တာ မီရီယမ် က ပြောသည်။ ရောင်ရမ်းခြင်းဆိုသည်မှာ ကိုယ်ခန္ဓာကိုယ်ကို ထိခိုက်မှု တစ်ခုခု ဖြစ်လာလျှင် ကိုယ်ခံအားစနစ်က တုံ့ပြန်ပေးခြင်းဖြစ်သည်။ ကိုယ်ခံအားကောင်းသော ဆဲလ်များက ကိုယ်ခန္ဓာအတွင်း လည်ပတ်ပြီး ဗိုင်းရပ်စ်များ ကင်ဆာဆဲလ်များကို တိုက်ခိုက်ပါသည်။ လိုအပ်သောအခါတွင် စစ်ကူ အဖြစ် ပိုမိုများပြားသော (immune cells) များကို ခေါ်ယူပေးပါသည်။ ၎င်းတို့ မှန်ကန်စွာအလုပ်လုပ်နိုင်ပါက Covid-19 နှင့် ဓားရှရာများကို ပျောက်ကင်း အောင် ကုသပေးနိုင်ပါသည်။ သို့သော် ကိုယ်ခံအား စနစ်သည်လွန်ကဲစွာ တုံ့ပြန်သည့်အခါလည်း ရှိသည်။ ထိုအခါ ရောင်ရမ်းမှုသည် ကုသမှုကို အနှောင့်အယှက်ပေးလာပြီး ရောဂါဖြစ်လာသည်။အသက်ကြီးသော လူများတွင် ထိုသို့ ပို၍ဖြစ်တတ်ပါသည်။ အရေးကြီးသည်မှာ ကျွန်တော်တို့ကို အဏုဇီဝ ပိုးမွှားများ အကျိတ်များမှ ကာကွယ်ပေးသော ကောင်းကျိုးပေးသည့်ရောင်ရမ်းမှုများနှင့် ကင်ဆာကို ကြီးထွားစေသော သွေးကြောပိတ်ဆို့မာကျောရောဂါ (atherosclerosis) ဖြစ်စေသော အိုမင်းလာသော ဦးနှောက်တွင် ပျက်စီးမှုကို ဖြစ်စေသော ရောဂါဖြစ်စေသည့် ရောင်ရမ်းမှုကို ခွဲခြားနိုင်ရန် ဖြစ်သည်ဟု မီရီယမ် က ဆိုသည်။ ကင်ဆာရောဂါသည်ကို အရောင်ကျဆေးများပေး၍ ကုသခြင်းသည် ပုံမှန်မဟုတ်သည့် ကုထုံး တစ်ခု တော့ ဖြစ်နေမည်ဟုသြဂုတ်လတွင် Memorial Sloan Kettering Cancer Center ၏ ကိုယ်ခံအားနှင့် ကင်ဆာဗေဒ အစီအစဥ်၏ ဥက္ကဋ္ဌ ဖြစ်လာမည့်ဒေါက်တာ အင်ဒီမင်း က ပြောသည်။ မကြာသေးမီ နှစ်များ အတွင်း လက်ခံထားခဲ့ကြသော ပုံမှန်ကုထုံးအဖြစ် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာအကျိတ်ကို တိုက်ဖျက်စေသော ကိုယ်ခံအားဖြင့် ကုသသော နည်းသည် ကင်ဆာကုသပုံကို အပြောင်းအလဲဖြစ်လာ စေသည်။ ကင်ဆာဆဲလ်များကို တိုက်ဖျက် နိုင်လောက်သည်အထိ ကိုယ်ခံအားစနစ်က ရောင်ရမ်းခြင်းအပေါ် ထိန်းညှိ နိုင်လောက်အောင် ရောင်ရမ်းခြင်းကို မြှင့်တင်ပေးရသည်ဟု မင်း က ဆိုသည်။ ဆက်လက်၍ သူက “ကျွန်တော်တို့ မသိတဲ့ အချက်ကတော့ ရောင်ရမ်းတဲ့ ပုံစံတွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြခြင်းပင် ဖြစ်တယ်” ဟု […]
ကင်ဆာရောဂါ ကုထုံး အသစ် Read More »









