The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

မစားကောင်းသောအသီး၊ အီလွန်မတ်နှင့် ဓနဥစ္စာ၏ လှည့်ဖြားမှု

အီလွန်မတ်ရော ဒေါ်နယ်ထရမ့်ပါ သူတို့အတ္တကို ရှေ့တန်းတင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာက ထင်းခနဲ မြင်နေရတာပါ။ ထရမ့်က ”အမေရိကန် တွေ အာရုံအစိုက်ဆုံး သတင်းဟာ သူ့သတင်းဖြစ်ရမယ်”လို့ ခံယူထားတာဟာ သိသာမြင်သာပါတယ်။ အီလွန်မတ်ရဲ့ ပုဂ္ဂိုလ်ရေး စရိုက် လက္ခဏာ ကလည်း ထူးမခြားနားပါ။ ဒီပုဂ္ဂိုလ်နှစ်ဦး တွဲထွက်လာကတည်းက ”ဒီနှစ်ယောက် ဘယ်တော့ ထချကြမလဲ”လို့ တွေးဆ ပြီးသားပါ၊ အီလွန်မတ်နဲ့ ထရမ့်တို့ ကွဲကြပြဲကြဆိုတာက အံ့ဩစရာမဟုတ်ပါဘူး။ တွေးထင် ထားတာထက်ကိုစောစောစီးစီး ”စလယ်ဝင် ဖင်မမည်းခင် ကတည်းကကွဲ” တာကသာ အံ့ဩစရာ ဖြစ်နေတာပါ။ နိုင်ငံရေးမှာ သက်ဆုံးတိုင် မဟာမိတ်တွေဖြစ်တော့မလိုလို၊ နှစ်ဦးစလုံးက ဒရာမာတွေခင်းခဲ့ကြပေမယ့် ကွဲပြကြတာ ဖင်မနွေးခင် မှာပဲ အီလွန်မတ်က ပါတီသစ် ”အမေရိကားပါတီ”ကို ထူထောင်မယ်လို့ ကြေညာလာပါတယ်။ ထရမ့်ကတော့ ထုံးစံအတိုင်း […]

မစားကောင်းသောအသီး၊ အီလွန်မတ်နှင့် ဓနဥစ္စာ၏ လှည့်ဖြားမှု Read More »

ကြည့်လည်း လုပ်ကြပါဦး ဆရာတို့ရယ်

ဖေဖော်ဝါရီလမှာ လူဝီစီးယားနားပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဖြစ်သလို ဆရာဝန်တစ် ယောက်လည်းဖြစ်တဲ့ ဘေးလ်ကာစီဒီ (Bill Cassidly) က ရောဘတ်အက်ဖ်ကနေဒီ ဂျူနီယာကို အမေရိကန်ကျန်းမာရေးဌာန အကြီးအကဲအဖြစ် ခန့်အပ်သင့်/မသင့် ကြားနားပွဲမှာ အတည်ပြုဖို့ အဆုံး အဖြတ် မဲပေးခဲ့ပါတယ်။ ဘေးလ်ကာစီဒီက ရှင်းလင်းရာမှာ ရောဘတ်ကနေဒီဟာ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန (Centres for Disease Control and Prevention – CDC) ၊ ကာကွယ်ဆေးဆိုင်ရာ အထူး ကျွမ်းကျင်သူများ အကြံပေး ကော်မတီ (ACIP) ရဲ့ ဆုံးဖြတ်ချက်တွေမှာ ဝင်ရောက်မစွက်ဖက်ပါဘူး လို့ ကတိကဝတ်ပြုခဲ့လို့သာ အခုလို အတည်ပြု ဆုံးဖြတ် ခဲ့တာလို့ ပြောပြခဲ့ပါတယ်။ ရောဘတ်ကနေဒီက ကာကွယ်ဆေးအပေါ် ယုံကြည်မှုမရှိဘူးဆိုတာက တစ်နိုင်ငံလုံး

ကြည့်လည်း လုပ်ကြပါဦး ဆရာတို့ရယ် Read More »

ဒါလိုင်လားမားရဲ့ အနာဂတ်နဲ့ တိဗက်ရဲ့ စိန်ခေါ်မှုများ

(Featured Article) ဒါလိုင်လားမားကြီးဟာ ဇူလိုင်လ ၆ ရက်နေ့မှာ အသက် ၉၀ ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့ပါတယ်။ မိုးရွာနေပေမယ့်လည်း ဘုန်းကြီးတွေနဲ့  ဒါယကာ၊ဒါယိကာမတွေအများကြီး လာရောက် ဂုဏ်ပြုခဲ့ ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုလို ကမ္ဘာ့ခေါင်းဆောင်တချို့က သူ့ထံ မွေးနေ့ဆုတောင်းတွေ ပို့ခဲ့ကြ ပါတယ်။ သူ့ကို ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးရဲ့ သင်္ကေတအဖြစ် ချီးကျူးခဲ့ကြပါတယ်။ နာမည်ကြီး သရုပ်ဆောင် ရစ်ချတ်ဂီယာ (Richard Gere) အပါအဝင် လူအများအပြားက မွေးနေ့ပွဲကို တက်ရောက် ပြီး သူ့ကို အားပေးခဲ့ကြပါတယ်။ ကိုယ်တော်ကြီးဟာ အသက် ၉၀ ပြည့်ပြီ ဖြစ်ပေမယ့် ကျန်းမာရေးက အံ့ဩစရာ ကောင်းလောက် အောင် ကောင်းတုန်းပဲ။

ဒါလိုင်လားမားရဲ့ အနာဂတ်နဲ့ တိဗက်ရဲ့ စိန်ခေါ်မှုများ Read More »

တရုတ်ပြည်လုပ် အမှတ်တံဆိပ်များနှင့် အမွေးပွရုပ်များရဲ့ ပါဝါ

အနောက်နိုင်ငံသား တစ်ယောက်ကို တရုတ်နိုင်ငံက နာမည်ကြီး လူသုံးကုန် အမှတ်တံဆိပ်တစ်ခု ကို ပြောပါလို့ မေးကြည့်ရင် ဘာပြန်ဖြေရမှန်း သိမယ်မထင်ပါဘူး။ ဒါဟာ သိပ်မကြာသေးခင် ကာလတစ်ခု အထိပေါ့။ အခုတော့ မဟုတ်တော့ဘူး ထင်ပါတယ်။ တရုတ်နိုင်ငံက ထွက်ပေါ်လာတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေ များလာနေပါပြီ။ စတော့ဟုမ်း၊ ဆစ်ဒနီ စတဲ့ မြို့ကြီးတွေမှာ စက်သံ ညက်ညက်၊ ‘ဝှစ်’ ‘ဝှစ်’ နဲ့ ဖြတ်သန်း သွားလာနေကြတဲ့ လျှပ်စစ်ကားတွေကို ကြည့်လိုက်ရင် တရုတ်ထုတ်ကား များသည်ထက် များလာ နေပါပြီ။ ဟိုးအရင်တုန်းက တရုတ်လုပ်ငန်းရှင်များဟာ အနောက်နိုင်ငံထုတ် ပစ္စည်းများကို ဆင်တူယိုးမှား တုပ ထုတ်လုပ်တဲ့ နည်းလမ်း ကနေ အခုဆိုရင် ဉာဏပစ္စည်း ပိုင်ဆိုင်မှု မူပိုင်ခွင့်တွေကို အရင်းအနှီးပြုပြီး ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့

တရုတ်ပြည်လုပ် အမှတ်တံဆိပ်များနှင့် အမွေးပွရုပ်များရဲ့ ပါဝါ Read More »

ပြန်ဆုံကြမယ်နော် 

(‘ထိုက်’ ကလောင်နှင့် ရင်းနှီးသူများက သူ၏ “ဝလုံးရေ…” အစချီ ရေးသားခဲ့သည့် ခပ်သွက်သွက် ဆောင်းပါးများကို ဖတ်ဖူးသူများ ဖြစ်ကြပါ လိမ့်မည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထုတ် “သရဖူ” မဂ္ဂဇင်းပါ ‘ထိုက်’ ရေးသားခဲ့သည့် ရသ အသားပေး လက်ရာ တစ်ပုဒ်ကို ဒီလ The Corner အတွဲ (၈) တွင် ထိုက်၏ ပရိသတ်များအတွက် ပြန်လည် တင်ဆက် လိုက်ပါသည်။ မူရင်း သရုပ်ဖော်ပုံများကို သရဖူမဂ္ဂဇင်း၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ The Corner စာတည်းအဖွဲ့ ) ~~~~~~~~~~~~~~ အပြင်ဘက်က လူသံတွေက ကျွန်မ နားထဲမှာ နီးလာလိုက်၊ ဝေးသွားလိုက် နဲ့ အိပ်မက်လိုလို၊ တကယ်လိုလို၊ ဖွင့်ဖို့ သိပ်ခက်နေတဲ့ မျက်စိကို အားယူ ပြီး ဖွင့်ကြည့်လိုက်တော့ အိပ်ရာဘေး မီးတိုင်က

ပြန်ဆုံကြမယ်နော်  Read More »

ပျောက်ဆုံးသွားနိုင်သည့် ရွှေလက် ပိုင်ရှင်များ

ကျွန်တော် သူ့ကို တစ်ခါတုန်းက စျေးဆစ်ဖို့ကြိုးစားကြည့်ဖူးသည်။ အရှေ့အလယ်ပိုင်း စစ်ပွဲနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ် ရေးနေစဥ် နိုင်ငံခြား သတင်းဌာနတွေက ပြောသည့် အသံထွက် အတိုင်း အီရန်နိုင်ငံရဲ့ မြို့တော် ‘တီဟီရန်’ ကို ‘တီရန်’ ပြောင်းရေးလို့ ရမလားလို့ လှမ်းပြောတော့ သူက လေသံပြတ်ပြတ်နှင့် “တရားဝင်အတိုင်း လုပ်မယ်”ဟု ပြန်ပြော လေသည်။ ကျွန်တော် သူ့ကို စျေးဆစ်လို့ ရမယ်လို့ မထင်လို့ ထပ်မပြောတော့ပါ။ သူကား ကိုဇော်ဝင်း ဖြစ်လေသည်။ ဦးဇော်ဝင်း ဆိုခြင်းက ပိုမှန်ပေလိမ့်မည်။ ထိုက်နဲ့ အကြောင်းပါပြီး ကျွန်တော် ဒေါင်း ဒိုင်နက်စတီကို ရောက်တော့ ကိုဇော်ဝင်းကို မြင်ဖူးရုံ။ ဒေါင်းစာပေ အတွေးအမြင် စာအုပ်တိုက်မှာ မကြာခဏဆိုသလို မျက်မှန်းတန်းမိရုံ လောက်ပဲ

ပျောက်ဆုံးသွားနိုင်သည့် ရွှေလက် ပိုင်ရှင်များ Read More »

မိုးကထာ

မိုးသည် တစိမ့်စိမ့်ဖြင့်။ တက်လန်းစဉ်အခါက ဤအချိန်မျိုးတွင် စာအုပ်တစ်အုပ်ဖတ်နေခြင်း စည်းစိမ်က မြိန်လှသည်။ ယခု မဟုတ်။ ကော်ဖီခါးခါးသာမက ကော်ဖီမှုန့်ကိုချည်းဝါးစားနေပြီး စာအုပ် တစ်အုပ် ဖတ်မည် ဆိုလျှင်လည်း မျက်လုံးကချော့သိပ်နေသည့်အလား။ အပြင်ထွက်ရန်ကလည်း မိုးရေကာပစ္စည်းများက အပြည့်အဝ အကာအကွယ် မပေးနိုင်ကြ။ အိမ်ထဲ၌လည်းကိုယ်လုပ်ချင်တာ ကိုလုပ်မရ။ ကြာလျှင် အိပ်ခြင်း ဘူတာဆီသို့သာ ဆိုက်ရောက်ချေမည်။ ဆိုးသည်ကလေဖိအားနည်း ရပ်ဝန်းကြောင့်ရွာသောမိုးဖြစ်၍ ထိုလေဖိအားနည်း ရပ်ဝန်းအား မလျော့မချင်း ရွာနေ ဦးမည်။ လက်တွေ့တွင် ကိုယ့်အတွက် ကယောင်ချောက်ချား ဖြစ်စေသော်လည်း ဦးကြီးများက ဝမ်းသာပျော် ရွှင်နေ လိမ့်မည်။ ထိုမိုးရေမှ မရလျှင် မိုးစပါး မည်သို့ စိုက်မည်နည်း။ ကိုယ်ကလေဖိအားနည်းရပ်ဝန်း ကိုအပြစ်တင်နေ သလောက် ဦးကြီးတို့ကလက်ဆွဲနှုတ်ဆက်နေလိမ့်မည်။ ဟုတ်သည်။ ယနေ့တွင် သိသိသာသာ အနောက်တောင်

မိုးကထာ Read More »

ကမ္ဘာပေါ်မှာအရေးအကြီးဆုံးသောအရာ 

Find something outside yourself that is yourself. Then devote yourself to it with all your heart. – Bob Walker သင့်ခန္ဓာပြင်ပက သင့်ကိုယ်ထဲမှာ တစ်စုံတစ်ခုတွေ့အောင်ရှာ။ ပြီးလျှင်ထိုအရာကို သင့်နှလုံးသားနှင့်သိမ်းကျုံးပူဇော်ပါ။ – ဘော့ပ်ဝေါ်လ်ကာ တဆောင်းလုံးမိုးစွေခဲ့သမို့ ကျွန်မတို့ခြံနောက်ဘေးကွက်လပ်မှာ ပေါင်းပင်တွေဟီးထနေသည်။ နွေဦးပေါက်လာ သည်နှင့် သူတို့တစ်တွေထိုးထိုးထောင်ထောင် အပြိုင်းအရိုင်းဖြစ်လာသည်။ ကျွန်မ တစ်ခုခုလုပ်ရတော့မည်။ မဟုတ်လျှင် ဒီပေါင်းပင်တွေက ကျွန်မတို့ ဥယျာဉ်တစ်ခုလုံး စုံးစုံးမြုပ် ပစ်ရော့မည်။ လက်အိတ်တစ်စုံ စွပ်ပြီး ပေါင်းပင်တွေ ကျွန်မ စ ရှင်းသည်။ တစ်နာရီခန့်ကြာသွားချိန်မှာ ဒီအလုပ်ကြီးနှင့် နေကုန်နေခန်း တိုင်တော့မည် ဆိုတာ ကျွန်မသိလိုက်ပြီ။ တစ်နေကုန်ပြန်တော့ ဒီအလုပ်က သုံးရက်လေးရက်ပိုပိုသာသာ သို့တည်း မဟုတ် တစ်ပတ်ထိ တိုင် ကြာသွားနိုင် ကြောင်းကျွန်မသိ   လိုက်ရပြီ။ ဒါမှမဟုတ် တစ်သက်တာလုံးကြာသွားနိုင်သည်။ ဒီပေါင်းတွေကို တစ မကျန်ရှင်းလင်းဖို့ရာက ကျွန်မအတွက်ကပ်ကမ္ဘာတစ်ခုဖြစ်သွားနိုင်သည်။

ကမ္ဘာပေါ်မှာအရေးအကြီးဆုံးသောအရာ  Read More »

‘Animal Farm’ ကို ဘာကြောင့် အဆိုးမြင်ရှုထောင့်က ‘ဂျော့ချ်အော်ဝဲလ်’ ရေးဖွဲ့ခဲ့တာလဲ  

“စပိန်နိုင်ငံထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့အတွက် ကျွန်တော်တို့ အတော် ကံကောင်းတယ် လို့ဆိုရမယ်။” – လို့ နောင်အခါမှာ ‘ဂျော့ချ်အော်ဝဲလ်’ က ရေးသားဖော်ပြခဲ့ဖူးတယ်။ စပိန်ပြည်တွင်းစစ်တုန်းက တိုက်ပွဲအတွင်း သူ့လည်ပင်း မှာ သေလောက်တဲ့ ဒဏ်ရာရခဲ့တဲ့အကြောင်း သူ မပြောဖူးပေမယ့် စတာလင်ရဲ့ သွေးဆာနေတဲ့ နိုင်ငံရေးမှူး တွေအကြောင်းတော့ သူပြောလေ့ရှိတယ်။ အဲဒီ  နိုင်ငံရေးမှူးဆိုသူတွေဟာ ၁၉၃၇ ခုနှစ်က အာဏာရ စပိန် အစိုးရအဖွဲ့ အပေါ် အတော်အတန် သြဇာ လွှမ်းမိုးခဲ့သူတွေ ဖြစ်တယ်။  ‘ဂျော့ချ်အော်ဝဲလ်’ စပိန်ကို သွားခဲ့တာက အစိုးရဘက်က ပါဝင်တိုက်ခိုက်ပေးဖို့ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ပါဝင်တိုက်ခိုက်ခဲ့ခြင်းဟာ သူကိုယ်စားပြုတဲ့ နိုင်ငံရေးကျင့်ဝတ်ကို ဖော်ပြရာရောက်တယ်လို့ သူယူဆခဲ့တာကြောင့် ဖြစ် တယ်။ သူယုံကြည်ခဲ့တဲ့ အဲဒီ နိုင်ငံရေးကျင့်ဝတ်ရဲ့ အရေးပါမှုကပဲ သူ့ဘဝကို နိဂုံးချုပ်

‘Animal Farm’ ကို ဘာကြောင့် အဆိုးမြင်ရှုထောင့်က ‘ဂျော့ချ်အော်ဝဲလ်’ ရေးဖွဲ့ခဲ့တာလဲ   Read More »

လူ ၁၁ ယောက်ပဲရှိတဲ့ ဂျပန်ကျွန်းလေးက Manga (မန်ဂါ) လောကကို လွှမ်းမိုးဖို့ ကြိုးစားနေပြီ 

သူငယ်ချင်းတို့ရေ….   ဒီနေ့တော့ ဂျပန်နိုင်ငံက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ပြောပြချင် ပါတယ်။ JAPAN TODAY “Japan Today” (ဂျပန်တူဒေး) က အွန်လိုင်းသတင်းဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဂျပန်နိုင်ငံက တခိုင့်ကမိရှိမား (Takaikamishima) လို့ခေါ်တဲ့ကျွန်းလေးတစ်ကျွန်းအကြောင်းပါပဲ။ ဒီကျွန်းလေးဟာ လူဦးရေ သိသိသာသာ လျော့နည်းလာတဲ့ ပြဿနာကို ရင်ဆိုင်နေရတာကြောင့် လူတွေကို ပြန်လည်ဆွဲဆောင်ဖို့အတွက် အံ့သြစရာကောင်းတဲ့ အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒါကတော့ ကိုယ်ပိုင် Manga ကျောင်း ကို ဖွင့်လှစ်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်းလေး ရင်ဆိုင်နေရတဲ့  စိန်ခေါ်မှု ဒီ  တခိုင့်ကမိရှိမား ကျွန်းလေးမှာ ၁၉၇၀ ခုနှစ်တုန်းက လူဦးရေ ၁၈၄ ယောက် နေထိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ရောက်တော့ ၁၁ ယောက်ပဲ ကျန်ပါတော့တယ်။ စဉ်းစားကြည့်ပါဦးနော်၊ လူဦးရေ ဘယ်လောက်တောင်

လူ ၁၁ ယောက်ပဲရှိတဲ့ ဂျပန်ကျွန်းလေးက Manga (မန်ဂါ) လောကကို လွှမ်းမိုးဖို့ ကြိုးစားနေပြီ  Read More »