The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

အသက်နဲ့ရင်း သတင်းဖေါ်ထုတ်တဲ့ သတင်းထောက် အန်နာ ပိုလစ်ကော့ဗ်စကာယာ

(The Corner အတွဲ (၉) ပါ ဆရာ ဇင်လင်း၏ “ဗလာဒီမာ ပူတင်၊ ယူကရိန်းစစ်ပွဲ နဲ့ နောက်ကွယ်က နိုင်ငံရေးလှိုင်းဂယက်များ” ဆောင်းပါးတွင် ပါဝင်သည့် ရုရှားသမ္မတ ပူတင် အစိုးရခေတ်အတွင်း အကြောင်းအမျိုးမျိုးဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသူများ ထဲ၌ ပါဝင်သည့် သတင်းထောက် တစ်ဦး ဖြစ်သူ အန်နာ ပိုလစ် ကော့ဗ်စကာယာအကြောင်းအား ဇင်လင်း ကိုယ်တိုင် ရေးသားခဲ့ပြီး အတွေးအမြင် အမှတ် ၃၂၄၊ စက်တင်ဘာလ၊ ၂၀၁၉ ၌ ဖော်ပြခဲ့သည့် ဆောင်းပါးအား ဆရာ ဇင်လင်း၏ ခွင့်ပြုချက်ဖြင့် Archived Corner ကဏ္ဍတွင် ပြန်လည် ဖော်ပြပါသည်။ The Corner စာတည်းအဖွဲ့) ‘အန်နာ စတက်ပါနော့ဗ်နာ ပိုလစ်ကော့ဗ်စကာယာ’ (Anna […]

အသက်နဲ့ရင်း သတင်းဖေါ်ထုတ်တဲ့ သတင်းထောက် အန်နာ ပိုလစ်ကော့ဗ်စကာယာ Read More »

အလှူဒါန ဘယ်လောက်ပြုရပါ့

ဆင်ခြင်တုံတရား အခြေခံပြီး ကိုယ်ကျိုးစီးပွားရှာတာကို အားပေးတဲ့ ဘာသာရပ်အဖြစ် ဘောဂဗေဒအပေါ် ရှုမြင်ကြတယ်။ ဒါကြောင့် အများအတွက် လှူတယ်ဆိုတဲ့ သဘောတရားကို ဘောဂဗေဒအရ ဘယ်လိုအမြင်သစ်မျိုး ပေးနိုင်မလဲ။ အစွန်းအထင်း မရှိတဲ့ ပရဟိတဆိုတာ ရှိပါ့မလား။ ဒါမှမဟုတ် အလှူအတန်းလုပ်တာတွေ ဘာတွေ အပါအဝင် အရာရာဟာ ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးစီးပွား တိုးတက်ဖို့ပဲ ဖြစ်နေမလား။ ၁၉၂၈ ခုနှစ်မှာ ဗြိတိသျှ ဘောဂဗေဒပညာရှင်၊ သင်္ချာပညာရှင် နဲ့ ဒဿနပညာရှင်လည်းဖြစ်တဲ့ ဖရန့်ပီ ရမ်းဆေး (၁၉၀၃-၃၀) က “စံပြပရဟိတ” ဆိုတဲ့ အတွေးအခေါ်ကို ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့တယ်။ စီမံကိန်းတစ်ခုက ကျွန်တော်တို့ရဲ့ပိုက်ဆံကို တကယ် လိုအပ်တယ်လို့ ကျွန်တော်တို့ရင်ထဲမှာ ခံစားမိတဲ့အခါ သက်ဆိုင်ရာ အသင်းအဖွဲ့တွေဆီကို လှူဒါန်း သင့်တယ်တဲ့။ ဥပမာ ရေကောင်း

အလှူဒါန ဘယ်လောက်ပြုရပါ့ Read More »

“မောင်” “ညိန်း” “ဦး” တို့ နှင့် “ဗေဒင်လက္ခဏာ”

“မောင်” ဆိုသည်က သိပ္ပံမောင်ဝ၊ “ညိန်း” ဆိုသည်က ကိုစောညိန်း၊ “ဦး” ဆိုသည်က ဝင်းဦး တို့ကို ဆိုလိုသည်။ ခေတ်စမ်းစာပေ ဦးဆောင်သူ သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂)၊ ဂီတနက်သန် ကိုစောညိန်း (၁၉ ၂၅-၁၉ ၅၂)၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော် ဝင်းဦး (၁၉၃၅ – ၁၉၈၈)။ မြန်မာစာပေ၊ ဂီတ၊ ရုပ်ရှင်စသည့် မြန်မာ့အနုပညာကို နှစ်သက်လက်ခံ ခံစားသူတိုင်း အဆိုပါ အနုပညာ ရှင်သုံးဦးကို သိကြပေမည်။ မသိမမီလိုက်သည့်တိုင် သူတို့ထားရစ်ခဲ့သည့် အနုပညာလက်ရာများကို တစ်ကွေ့မဟုတ် တစ်ကွေ့တွင် ဖတ်မှတ် သိရှိ ခံစားဖူးကြပေမည်။ မောင်လူအေးနှင့် ရင်းနှီးဖူးကြမည်။ ချစ်ပြုံးနှင်းဆီသီချင်း।မိုးသက်လေနှင် သီချင်းတို့နှင့် ငြိမ့်ဖူးကြမည်။ မှုံရွှေရည်ရုပ်ရှ င်ကြည့်ပြီး မှုံရွှေရည်သီချင်း ညည်းဖူးကြမည်။

“မောင်” “ညိန်း” “ဦး” တို့ နှင့် “ဗေဒင်လက္ခဏာ” Read More »

အကာလ မရဏ

လူသားတွေ ကွယ်လွန်အနိစ္စရောက်ခြင်း သို့မဟုတ် သေဆုံးခြင်းနဲ့ ပတ်သက်တဲ့ မရဏတရား လေးပါးရှိပါတယ်။ ထိုလေးမျိုးကတော့ (၁) အာယုက္ခယမရဏ သို့မဟုတ် သက်တမ်းကုန်ဆုံး၍ သေရခြင်း၊ (၂) ကမ္မက္ခယမရဏခေါ် ကံအစွမ်းကုန်၍ သေရခြင်း၊ (၃) ဥဘယက္ခယ မရဏခေါ် သက်တမ်းရော ကံပါ နှစ်မျိုးစလုံးကုန်၍ သေရခြင်းနဲ့ (၄) ဥပ‌စ္ဆေဒက မရဏ သို့မဟုတ် သက်တမ်းမကုန်တဲ့အပြင် နေမယ်ဆိုရင် ဆက်လက်အသက်ရှင်နိုင်သေးပေမယ့် ကံဆိုးဖြတ်ခြွေလို့ သေဆုံးခြင်းတို့ပဲ ဖြစ်ပါတယ်။  အာယုက္ခယမရဏခေါ် လူ့သက်တမ်းကုန်ဆုံးလို့ ကွယ်လွန်ကြရတဲ့အဖြစ်မျိုးကတော့ လူတိုင်း ကြုံရမယ့်အဖြစ်ပါ။ ရှေးခေတ်တုန်း ကတော့ လူ့သက်တမ်းဟာ နှစ်ပေါင်းရာကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်မှာတော့ လူတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ခြောက်ဆယ့်ငါး လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ သို့ပေမယ့် အသက်ခုနစ်ဆယ်

အကာလ မရဏ Read More »

လူတိုင်းအသုံးပြုလာနိုင်တဲ့ အင်တာနက်နဲ့  လုံခြုံရေးအသိပညာ

အင်တာနက်ဆိုတဲ့ ကွန်ရက်ကြီးကျယ်ပြန့်လာတာအမျှ အသက်ကြီး/ငယ် မရွေး လူတိုင်းအသုံးပြုနိုင်တဲ့ အရာတစ်ခု ဖြစ်လာပါပြီ။ အင်တာနက်ကို သတင်းအချက်အလက်တွေ ရယူဖို့အသုံးပြုကြသလို စိတ်အပန်းဖြေဖို့၊ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ အတွက်  ဆိုရှယ်မီဒီယာလို့ ခေါ်ကြတဲ့ ဖေ့ဘုတ်၊ တစ်တော့ခ် နဲ့ အခြား တယ်လီဂရမ်လိုမျိုး ပလက်ဖောင်းတွေကို လူတိုင်း အသုံးပြု နေကြပါပြီ။ ဒါ့အပြင် ငွေကြေးစီးဆင်းမှုတွေအတွက်လည်း ကိုင်တွယ်ထိတွေ့လို့ရတဲ့ ပိုက်ဆံတွေကနေ KBZ, AYA စတဲ့ ဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ internet banking တွေ digital wallet တွေအပြင် wave pay, true money စတဲ့ ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ software တွေကိုလည်း အင်တာနက်ကနေ တစ်ဆင့် လူတိုင်းနီးပါး အသုံးပြုနေကြပြီပဲဖြစ်ပါတယ်။

လူတိုင်းအသုံးပြုလာနိုင်တဲ့ အင်တာနက်နဲ့  လုံခြုံရေးအသိပညာ Read More »

ကွန်ဂို နဲ့ ရဝမ်ဒါတို့ရဲ့ စာရွက်ပေါ်က ငြိမ်းချမ်းရေး

ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်တွင် အရေးကြီးသည့် အချက်အလက် အချို့တော့ ပါမလာ။ တွေ့မြင်လိုက်ရတဲ့မြင်ကွင်းကတော့ယုံရခက်ခက်အခြေအနေလို့ဆိုရ မှာပါ။ ဇွန်လ ၂၇ ရက်နေ့က အိမ်ဖြူတော်က ဘဲဥပုံ ရုံးခန်းမှာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ နဲ့ ရဝမ်ဒါ နိုင်ငံတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီး နှစ်ယောက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဘေးမှာ ရပ်နေ ကြပါတယ်။ သူတို့နှစ်ယောက်ဟာ သမ္မတ ထရမ့်ရဲ့ ရှေ့မှောက်မှာပဲ နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုး ခဲ့ကြတာပါ။ သမ္မတ ထရမ့် က “ဒီနေ့ ကျွန်တော်တို့ဟာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ အောင်ပွဲတစ်ခုကို ကျင်းပဖို့ ရောက်ရှိ လာကြတာပါ။ အကြမ်းဖက်မှုနဲ့ ဖျက်ဆီးမှုတွေ အဆုံးသတ် ခဲ့ပါပြီ။ ဒီဒေသကြီး

ကွန်ဂို နဲ့ ရဝမ်ဒါတို့ရဲ့ စာရွက်ပေါ်က ငြိမ်းချမ်းရေး Read More »

ဗလာဒီမာ ပူတင်၊ ယူကရိန်းစစ်ပွဲ နဲ့ နောက်ကွယ်က နိုင်ငံရေးလှိုင်းဂယက်များ

ရုရှားအစိုးရ ဝန်ကြီးတစ်ဦးအပါအဝင် အရာရှိကြီးများ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ တသီတတန်း ဖြစ်နေတာ ဘာကြောင့်လဲ? မျက်မှောက်ခေတ် ရုရှားနိုင်ငံ အကြောင်း ပြောကြတဲ့အခါ ‘ဗလာဒီမာ ပူတင်’အကြောင်းနဲ့ ယူကရိန်း စစ်ပွဲအကြောင်းက ထိပ်ဆုံးကပါလာမှာဖြစ်တယ်။ ရုရှား သမ္မတ ‘ပူတင်’ဟာ လက်ရှိသမိုင်းမှာ နာမည် ဆိုးနဲ့ကျော်ကြားနေသူဖြစ်တယ်။ သူ့ရဲ့ ရက်စက် ကြမ်းကြုတ်မှုနဲ့ အာဏာမက်မောမှုတွေကို မြင်ကြရတဲ့ အခါ ဆိုဗီယက်ခေတ် အာဏာရှင် ‘စတာလင်’ ကိုလည်း သတိရစရာဖြစ်တယ်။ ၁၉၃၄ ကစပြီး အာဏာရှင်ဖြစ်လာတဲ့ ‘စတာလင်’ဟာ နိုင်ငံရေးအရ မရှိသင့်ဘူးလို့ သူထင်တဲ့လူတွေကို  ပိုက်စိပ်တိုက် ရှာဖွေပြီး လုပ်ကြံသတ်ဖြတ်ဖယ်ရှားခဲ့တယ်လို့ ဆိုတယ်။ စတာလင်ရဲ့ အကြံပေး ပုဂ္ဂိုလ် ကွန်မြူနစ်အရာရှိကြီး ‘ဆာဂီ ကိရော့ဗ်’ (Sergi Kirov)ဟာ  ၁၉၃၄ ဒီဇင်ဘာ

ဗလာဒီမာ ပူတင်၊ ယူကရိန်းစစ်ပွဲ နဲ့ နောက်ကွယ်က နိုင်ငံရေးလှိုင်းဂယက်များ Read More »

စစ်ရေးမှာ ထွန်းကားလာတဲ့ရိုဘော့ စက်ရုပ်တွေ

ယူကရိန်းစစ်ပွဲဟာ ရိုဘော့လို့ခေါ်တဲ့ စက်ရုပ် အချင်းချင်းတိုက်ခိုက်ကြတဲ့   စစ်ပွဲခေတ်ဆီကို တဖြည်းဖြည်းချဉ်းကပ်လာပြီဖြစ်တယ်။ ကိယက်ဗ်မြို့တော် တစ်နေရာက အင်္ဂတေကြမ်းနဲ့တည်ဆောက်ထားတဲ့ အခန်းတွဲတိုက်ကြီးက ဘေးပတ်လည်မှာ အုတ်ကျိုး အုတ်ပဲ့ အပျက်အစီးတွေပြန့်ကျဲပြီးပေါင်းမြက်တွေပေါက်နေတဲ့မြင်ကွင်း ဟာ ယူကရိန်းနိုင်ငံရဲ့အနာဂတ်စစ်မြေပြင်မှာ ရှင်သန်ရပ်တည် နိုင်စေဖို့ မြင်ကွင်းကို ဖော်ပြနေတယ်။ တိုက်ကြီးရဲ့ အစွန်တစ်ဖက်မှာက စစ်သားစုဆောင်းရေးရုံးခန်းရှိတယ်။ တန်းစီနေတဲ့လူ ၂ဝ လောက်  ဟာသူတို့ရဲ့ ပထမဆုံးအကြိမ်စစ်မှုထမ်းအဖြစ် ခန့်အပ်တဲ့ အမိန့်စာကိုလက်ခံယူဖို့စောင့်ဆိုင်း နေကြ တယ်။ အချို့ကလည်း ကတုတ်ကျင်း တူးထားတဲ့မြောင်းထဲမှာ ထိုင်ပြီး နေရာယူထားတယ်။ တချို့ တပ်သားသစ်တွေက အခက်အခဲကျော်လွှားရတဲ့ လေ့ကျင့်ခန်းတွေ လုပ်နေ ကြတယ်။ ထိုးစစ် တပ်မဟာ (၃) ရဲ့ “Kill House” (သုတ်သင်ရေးအိမ်)ဆိုတာကတော့ စစ်ဘက်သုံး ရိုဘော့ခေါ် စက်ရုပ်တွေ အတွက် လေ့ကျင့်ရေး

စစ်ရေးမှာ ထွန်းကားလာတဲ့ရိုဘော့ စက်ရုပ်တွေ Read More »

ပိုပြီးပြောင်းလဲရဦးမယ့်ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်ကို ပြဿနာဟောင်းတွေက ခြောက်လှန့်နေတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့တဲ့ လူထု အုံကြွမှုကြီး  ပေါ်ပေါက်ခဲ့တာ  အခုဆို တစ်နှစ်နီးပါး ကြာခဲ့ပါပြီ။ ရက်သတ္တပတ်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ ဒီလူထု အုံကြွမှုကြီးမှာ လူပေါင်း တစ်ထောင် ကျော် သေဆုံးခဲ့ရတယ်။ လူအတော် များများ ထိခိုက် ဒဏ်ရာ ရခဲ့ကြတယ်။ ဖြုတ်ချ ခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟာ ၂ဝ၂၄ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေး လွတ်မြောက် သွားခဲ့ပြီးတဲ့ နောက်မကြာခင်မှာဘဲ  နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက်ယူနွတ် ဦးဆောင်တဲ့ ယာယီအစိုးရ နိုင်ငံ့ တာဝန်ကို ယူပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့တယ်။ ယာယီအစိုးရက နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ဖြုတ်ချ

ပိုပြီးပြောင်းလဲရဦးမယ့်ဘင်္ဂလားဒေ့ရှ် Read More »

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး

အမေရိကန် နိုင်ငံရေးဟာ ရှင်းပါတယ်။ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီကြီး နှစ်ခုသာရှိလို့ ရွေးကောက်ပွဲတွေမှာ အနိုင်မဟုတ်ရင် အရှုံးပါပဲ။ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ အနိုင်ရတဲ့ မဲအရေအတွက် ခြားနားမှုက နည်းသည်ထက် နည်းလာလို့ စိန်ခေါ်မှုတွေ ပိုပြင်းထန်လာပါတယ်။ အခု အာဏာရ ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတ ဒေါ်နယ်ထရမ့် လက်စောင်းထက်လာတဲ့ အခါ အတိုက်အခံ ဒီမိုကရက် ပါတီ ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာနေပါပြီ။ ထိုင်နေသူတွေ ဆက်ထိုင်ကြမှာလား အပြောင်းအလဲတွေ လုပ်မှာလား။ “အလှည့် ရောက်လာမှာကို ထိုင်မစောင့်နိုင်သလို နောက်ကလည်း တန်းစီ နေမှာ မဟုတ်ဘူး၊ ဒီမိုကရေစီဆိုပြီး ဆေးခါးကြီးကိုလည်း အောင့်အီးပြီး မသောက်ချင် ကြတော့ဘူး” တစ်ယောက်က လူမျိုးစုပေါင်းစုံရာ နယူးယောက်မြို့က ဒီမိုကရက် ဆိုရှယ်လစ်၊

အတိုက်အခံ ဘဝမှာ ကိုယ့်အလှည့်ရောက်ဖို့ ထိုင်စောင့် မနေတော့ဘူး Read More »