The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

မစ္စတာ ဒေါ်နယ်ထရမ့်ခင်ဗျား.. ကျေးဇူးပါ -မှ လူလာ

ဘရာဇီးရဲ့ တရားရေး လုပ်ပိုင်ခွင့်ကို ဝင်နှောက့်ယှက်တဲ့ အမေရိကန် ထင်သလိုဖြစ်ရဲ့လား စစ်အေးကာလ ပြီးဆုံးသွားကတည်းက အမေရိကန်ပြည်ထောင်စုက လက်တင်အမေရိက နိုင်ငံတစ်ခုအပေါ်မှာ ဒီလောက် နက်နက်ရှိုင်းရှိုင်း ဝင်ရောက် စွက်ဖက်တာမျိုးကို တွေ့ရမြင်ရ ခဲပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်က ဘရာဇီးနိုင်ငံက သွင်းကုန် တွေအပေါ်မှာ အခွန် ၅၀ ရာနှုန်း ကောက်ခံတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဘရာဇီး သမ္မတဟောင်း လက်ယာစွန်းဝါဒီ ဘော်လ်ဆိုနာရို (Jair Bolsonaro) ကိုလည်း အပြစ်ရှာ နှိပ်ကွပ်နေတယ်လို့ မှတ်ချက် ပြုပါသေးတယ်။ သမ္မတဟောင်း ဘော်လ်ဆိုနာရို ဟာ အာဏာသိမ်းရန် ကြံစည်မှု စွပ်စွဲချက်နဲ့ မကြာခင် တရားရုံးမှာ အမှုရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဘော်လ်ဆိုနာရို ကတော့ ဒီစွတ်စွဲချက်ဟာ မဟုတ်မမှန် […]

မစ္စတာ ဒေါ်နယ်ထရမ့်ခင်ဗျား.. ကျေးဇူးပါ -မှ လူလာ Read More »

မရယ်ရတဲ့ ဟာသ

အရွှန်းဖောက်တယ်ဆိုတာ အဖောက်ခံရသူက မျက်နှာကြီးမည်း သွားပြီး ပရိသတ်က “ဝါးခနဲ” ရယ်တဲ့အခါမှ ဟာသမြောက်တာပါ။ ဝါရင့် လူရွှင်တော်ကြီးတွေ ပြောတာ ‘အအုပ်’ နဲ့ ‘အခံ’ ဆိုတာ မှတ်သားမိပါတယ်။ ၂၀၂၄ ခုနှစ် အမေရိကန် ရွေးကောက်ပွဲအတွင်းမှာ အိုနီယွန် (Onion) – ကြက်သွန်လို့ အမည်ရတဲ့ လစ်ဘရယ် အသော အထေ့ ဂျာနယ် တစ်စောင်မှာ သတင်းခေါင်းစီးကို ဒီလိုရေးပါတယ် “Trump calls Harris to congratulate himself on winning“။ မြန်မာလို ပြန်မယ်ဆိုရင်တော့ “သူ အနိုင်ရတဲ့အတွက် ထရမ့်က ဟဲရစ်ဆီကို ဖုန်းခေါ်ပြီး သူ့ကိုယ်သူပဲ ဂုဏ်ပြု စကားပြောလိုက်တယ်” တဲ့။  ခပ်တိုတိုပါပဲ။ ဟာသတစ်ခု အမြင်နဲ့ဆိုရင် ဒီစာကြောင်းက

မရယ်ရတဲ့ ဟာသ Read More »

စစ်တပ်မရှိတဲ့ အိုက်စလန်နိုင်ငံ

သမ္မတ ထရမ့် ခေတ်မှာ သူ့နိုင်ငံရဲ့ကာကွယ်‌ရေးကို ပြောင်းလဲဖို့ ပြန်စဉ်းစားရမယ့်အိုက်စလန် မီးတောင်ချော် လယ်ကွင်းတွေနဲ့  ဖယော့လို့ ခေါ်တဲ့ ချောက်ကမ်းပါးနှစ်ခုကြားက ပင်လယ်ရေဝင်ပေါက်၊ တစ်နည်း ဆိုရရင် ပင်လယ်ကျဉ်း တွေမှာ တစ်နေရာကနေ တစ်နေရာ အင်မတန်ကို လျင်မြန်စွာနဲ့ ရွေ့ရှား သွားလာနေကြရတဲ့ အိုက်စလန် နိုင်ငံရဲ့  ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ စွမ်းရည်ပြပြီး ရဟတ်ယာဉ် မောင်းသမားကို ချပေးနေတယ်။ အိုက်စလန် နိုင်ငံမှာ စစ်တပ်အစား မှီခို အားထားနေရတဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဟာ ထိန်းကျောင်းရခက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေ ကိုကယ်ဆယ်‌ရေး သာမက ပင်လယ်ရေအောက်က ကေဘယ်ကြိုးတွေကို အဖျက်အမှောင့်တွေ ဘေးကနေ ကာကွယ် ပေးရတာမျိုး အထိ အစစ အရာရာ ဆောင်ရွက်ပေးရပါတယ်။ အခုတော့ သူတို့တွေဟာ ဝန်နဲ့ အားမျှအောင်

စစ်တပ်မရှိတဲ့ အိုက်စလန်နိုင်ငံ Read More »

အကျင့်ပျက် ခြစားခြင်းကို သုံးသပ်ခြင်း

လွန်ခဲ့တဲ့လက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး ဟာ အငြင်းပွားဖွယ်ရာ ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေအရ အမျိုးသား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဗျူရိုနဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အထူးအဖွဲ့ စတဲ့ အရေးပါတဲ့ ဌာန နှစ်ခုကို အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို သွတ်သွင်းလိုက်ပါတယ်။ အဆိုပါ အဖွဲ့အစည်းများကို ၂၀၁၃-၁၄ တော်လှန်ရေးကာလအတွင်း အနောက်နိုင်ငံများရဲ့ တိုက်တွန်းမှုနဲ့ ဖွဲ့စည်း ထားတာပါ။ ဒီ ဥပဒေပြဋ္ဌာန်းပြီးနောက် ထောင်နဲ့ချီတဲ့ ယူကရိန်းပြည်သူများဟာ မြို့တော် “ကိယက်ဖ်” နဲ့ အခြား မြို့ကြီး တချို့မှာ လမ်းမများပေါ် ထွက်လာကြပြီး “လာဘ်စားမှုဟာ လူတွေကို သတ်ပစ် နိုင်တယ်“၊ “ယူကရိန်းဟာ ရုရှားမဟုတ်” စတဲ့ ကြွေးကြော်သံများ

အကျင့်ပျက် ခြစားခြင်းကို သုံးသပ်ခြင်း Read More »

အမေရိကန်-တရုတ် မြေရှားသတ္တုရရှိရေး အပြိုင်ကြိုးပမ်းမှုမှာ ရှေ့တန်းရောက်လာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ

တခါတုန်းက တရုတ်သမ္မတ တိန်ရှောက်ဖိန်က ဒီလိုပြောခဲ့ဖူးတယ်။ “အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရေနံ ရှိတယ်။ တရုတ်က မြေရှားသတ္တုရှိတယ်“ တိန်ရှောက်ဖိန်ရဲ့စကားက တကယ်မှန်ပါတယ်။ ဒီနေ့အချိန်မှာ ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်ရေး တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တရုတ်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ အပေါ်စီးက စကားပြောနိုင်ခဲ့ပြီ။ တရုတ်ဟာ ကမ္ဘာ့မြေရှားသတ္တုထုတ်လုပ်ရေးရဲ့ ၆၀ ရာခိုင်နှုန်း၊ မြေရှားသတ္တုသန့်စင်ရေး ၈၅ ရာခိုင်နှုန်း နဲ့ အမြဲတမ်းသံလိုက်ပစ္စည်း (Permanent magnet) ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်။ အမြဲတမ်းသံလိုက်ပစ္စည်းတွေကို လျှပ်စစ်ကားတွေ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ၊ လေရဟတ်တာဘိုင်တွေမှာ အသုံးပြုကြတယ်။ ဒီလိုအခြေအနေကြောင့် အမေရိကန် နဲ့ အနောက်နိုင်ငံတွေဟာ တရုတ်ရဲ့နောက်မှာ ကျန်နေခဲ့ပြီး ခုကျမှ မြေရှား သတ္တုကို တရုတ်ဆီက မဝယ်ယူဘဲ အခြားနေရာက ရရှိဖို့ နည်းလမ်းပေါင်းစုံနဲ့

အမေရိကန်-တရုတ် မြေရှားသတ္တုရရှိရေး အပြိုင်ကြိုးပမ်းမှုမှာ ရှေ့တန်းရောက်လာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ Read More »

လျှော့တွက်ခဲ့သော AI အန္တရာယ်

ဖြစ်လာနိုင်သော အန္တရာယ်များကိုပင် စဉ်းစားချင့်ချိန်ရန် အချိန်မရှိတော့သော AI ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှု နည်းပညာသစ်တစ်ခု ပေါ်လာသောအခါ လူများကြားတွင် ပွက်လောရိုက်တတ်သည်မှာ သဘာဝပင် ဖြစ်သည်။ ဝိတိုရိယ ဘုရင်မကြီးလက်ထက် ကြေးနန်း စာပို့စနစ်များ ပေါ်ပေါက်လာတုန်းက လူတွေက ထိုစနစ်ကြောင့် လူတွေ အထီးကျန် လာမည်ကို စိုးရိမ်ခဲ့ကြသည်။ စာပေ အရေးအသားများ ပေါ်ပေါက်လာတုန်းကလည်း ဆိုကရေးတီးစ် က လူများ၏ ဦးနှောက်စွမ်းရည် ကျဆင်းသွားမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ထိုနည်းပညာကို တီထွင်သူ ကိုယ်တိုင်က စိုးရိမ်ရမည် ဆိုလျှင်တော့ အဆန်းပင်။ ပို၍ ဆန်းသည်က ထိုတီထွင်သူများက ထိုနည်းပညာတွင် အန္တရာယ်များ ရှိလင့်ကစား သူ့ထက်ငါ ရှေ့ရောက်အောင် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။ ယနေ့ခေတ် ကမ္ဘာတွင် နည်းပညာ ကုမ္ပဏီများသည် အေဂျီအိုင် Artificial

လျှော့တွက်ခဲ့သော AI အန္တရာယ် Read More »

အကောင်းဆုံးမိတ်ဆွေ

စာဖတ်တာဟာ ကောင်းပါတယ်။ စာဖတ်တဲ့အတွက် ယဉ်ကျေးသိမ်မွေ့လာနိုင်တယ်။ အသိဉာဏ် ရင့်ကျက် လာနိုင်တယ်။ ဗဟုသုတရှိပြီး လူလိမ်မခံရနိုင်ဘူး။ ဒါပေမဲ့ စာဖတ်တိုင်း လူလိမ္မာ၊ လူယဉ်ကျေး ဖြစ်မယ်လို့တော့ ကောက်ချက်မချနိုင်ပါဘူး။ လူ့ဘဝရဲ့အကောင်းဆုံးအဖော်ဟာ ဘာလဲလို့မေးလာရင် အကောင်းဆုံးအဖော်ဟာ “စာအုပ်”ပေါ့လို့ ကျွန်တော်ဖြေမယ်လို့ ရေးခဲ့ဖူးပါတယ်။ စာအုပ်ဟာ အကောင်းဆုံးအဖော်၊ အကောင်းဆုံးမိတ်ဆွေ ဖြစ် ပါတယ်။ စာဖတ်နေသူဟာ စိတ်ကို တည်ငြိမ်စေပြီး အာရုံကို မပျံ့လွင့်စေတော့ပါဘူး။ စာအုပ်ထဲမှာက အားလုံးပါတယ်။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာတရား စတဲ့ လူ့လောကနဲ့ဆိုင်တဲ့ အကြောင်းအရာအားလုံး စာအုပ်ထဲမှာရှိတယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာသိနဲ့မှတ်ပြီး လောကထဲမှာ ဘဝသိဖြစ်အောင် တိုးဝင်ကြရတာပဲ။ စာသိမရှိဘဲ လောကထဲ ဆင်းတဲ့အခါ မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းသလို ဖြစ်ကြလိမ့်မယ်။ စာရေးခြင်းနဲ့

အကောင်းဆုံးမိတ်ဆွေ Read More »

အဖေ့ခြေမီတဲ့သား

အဂ္ဂါကီးရက် (၁၉၆၇-  )။ နာမည်ကျော်အစ္စရေးစာရေးဆရာ။ ဝတ္ထုတို၊ ရုပ်ပြဝတ္ထု၊ဇာတ်ညွှန်းရေးသူ။ “ထိုခုနစ်နှစ်”စာအုပ်က သူ့သားငယ်မွေးဖွားသည့်နှစ်နှင့် သူ့ဖခင်ကွယ်လွန်သည့်နှစ် ကြားကာလ သူ့ဘဝအတွေ့အကြုံမှတ်တမ်း။ ဒီညက အစ္စရေးကနေ လော့စ်အိန်ဂျယ်လိစ်ကို လေယာဉ်နဲ့ သွားရမယ့်ည။ ကျွန်တော့်စာအုပ် မိတ်ဆက်ပွဲခရီးစဉ် တာစ ထွက်ရမယ့် နေရာ။ ဒါပေမယ့် ဒီခရီး ကျွန်တော်မသွားချင်ဘူး။ အဖေသေတာက တစ်လရှိသေးတယ်။ ဒီခရီးသွားလိုက်ရင် အဖေ့သင်္ချိုင်းဂူ မှတ်တိုင် ဖွင့်ပွဲ ကျွန်တော်လွတ်သွားမှာ။ ဒါပေမဲ့ အမေက ကျွန်တော့်ကို သွားဖို့ တိုက်တွန်းတယ်။ “မင့်အဖေက မင့်ကို သွားစေချင်မှာ“တဲ့။ သူ့အကြောင်းပြချက်က ကျွန်တော်ငြင်းလို့ မရလောက်ဘူး။ အဖေကိုယ်နှိုက်က ကျွန်တော့်ကို ဒီခရီးသွားစေချင်ခဲ့မှာပဲ။ သူနေမကောင်းစ ဖြစ်တာနဲ့ ကျွန်တော့်ခရီးစဉ်တွေ အကုန် ဖျက်ပစ်လိုက်တယ်။ ဒီလို ခက်ခက်ခဲခဲကာလမှာ သူ့နဲ့ ကျွန်တော် အတူတူရှိနေဖို့

အဖေ့ခြေမီတဲ့သား Read More »

ပြစ်ဒဏ်ကြီးတဲ့ ကိုရီးယား ဇာတ်လမ်းတွဲများ

အခြားနိုင်ငံတွေမှာဆို တီဗီကြည့်တာ၊ ရုပ်ရှင်ကြည့်တာက လွယ်လွယ်လေးပဲ။ ဥပမာ- Netflix တစ်လစာကြေးဆို ပီဇာတစ်ချပ်ဖိုးတောင် မရှိဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ တီဗီဇာတ်လမ်းတွဲတွေ ကြည့်ဖို့ဆိုတာ အင်မတန် အန္တရာယ်များပြီး အသက်နဲ့တောင် ရင်းရတဲ့ ကိစ္စဖြစ်နေသတဲ့။ ဆန့်ကျင်ဘက် အယူအဆနဲ့ ယဉ်ကျေးမှု ၂၀၂၀ ခုနှစ်မှာ မြောက်ကိုရီးယားက “ဆန့်ကျင်ဘက် အယူအဆနဲ့ ဆန့်ကျင်ဘက် ယဉ်ကျေးမှု တိုက်ဖျက်ရေး ဥပဒေ”( Anti-Reactionary Thought and Culture Denunciation Law ) ဆိုတာကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေအရ မြောက်ကိုရီးယားမှာ ဘယ်သူမှ (သူတို့ အဆိုအရ)  “ရန်သူဆီက မကောင်းတဲ့ အတွေးအခေါ်နဲ့ ယဉ်ကျေးမှု” တွေကို ကြည့်လို့၊ ပိုင်ဆိုင်လို့၊ မျှဝေလို့ မရဘူးတဲ့။ အဲဒီထဲမှာ

ပြစ်ဒဏ်ကြီးတဲ့ ကိုရီးယား ဇာတ်လမ်းတွဲများ Read More »

အာဏာရှင်တွေဟာ ရူးသွပ်ကြတယ်..

(ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ပွဲ အထူး သုံးသပ်ချက်) ၁၉၈၀ ပြည့်လွန်နှစ်များက အင်ဒိုချိုင်းနား (အာဆီယံမဖြစ်သေး) အခင်းအကျင်းကို ကြည့်ရင် အနိဋ္ဌာရုံ အတော်ပေါများပြီး စစ်ပွဲတွေ၊ ဒုက္ခသည်တွေ၊ ဆင်းရဲခြင်းတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ မြင်ကွင်းတွေကို မြင်ကြရမှာပါ။ အင်ဒိုချိုင်းနားဆိုတာ တောင်/မြောက် ဗီယက်နမ်၊ ကမ်ပူးချား၊ လာအိုတို့ကိုပြောတာပါ။ ဗီယက်နမ်မှာ တောင်ဗီယက်နမ်ကွန်မြူနစ်ပြောက်ကျား ဗီယက်ကောင်းတွေက အမေရိကန်နဲ့ တောင်ဗီယက်နမ် ရုပ်သေး အစိုးရကို ဖြုတ်ချလိုက်တဲ့အခါ ဒီနေ့ ဟိုချီမင်းလို့ အမည် တွင်နေတဲ့ ဆိုင်ဂုံမြို့ပေါ်က ထွက်ပြေးကြရတဲ့ ဗီယက်နမ် လှေစီး ဒုက္ခသည်တွေဟာ တောင်တရုတ်ပင်လယ်မှာ ရေမျော ကမ်းတင်ပါ။ ဆိုင်ဂုံကျဆုံးရှုံးခြင်း (fall of Saigon) နဲ့အတူ ဗီယက်နမ်နှစ်နိုင်ငံ ပေါင်းစည်းသွားပေမယ့် ဗီယက်နမ်ရဲ့ ဆင်းရဲ မွဲတေမှုဟာ မြန်မာထက်တောင်

အာဏာရှင်တွေဟာ ရူးသွပ်ကြတယ်.. Read More »