The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရှင်ဖြစ်ဖို့ ကြံစည်နေပြီလား

ဒေါ်နယ်လ်ထရမ့် – ဒီမိုကရေစီကို ပုန်ကန်ကာ အာဏာရှင်ဆန်နေပြီလား? ဒီကနေ့ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အခြေအနေအရပ်ရပ် မတည်မငြိမ် ဖြစ်နေရခြင်းရဲ့ နောက်ကွယ်မှာ ဘယ်သူ့ပယောဂ အများဆုံးလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်ချက်တွေကို တစ်နေ့တစ်မျိုး မရိုးအောင် တွေ့နေရတယ်။ ဒေါ်နယ်လ်ထရမ့်ဟာ အာဏာရှင် (Autocrat) လမ်းကြောင်းပေါ် ရောက်နေပြီလားလို့ မေးခွန်းထုတ်မှုတွေ ရှိလာနေတယ်။ သမိုင်းအတွေ့အကြုံတွေအရ အာဏာရှင်ဆိုတာ ဘယ်လိုလူမျိုးဆိုတာကို နိုင်ငံရေးလေ့လာသူတွေ အတော်လေး ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်။ သမိုင်းဥပမာ အတော်များများ ရှိပြီးသားလည်း ဖြစ်ပါတယ်။ ဟစ်တလာ၊ မူဆိုလီနီ၊ စတာလင်၊ မော်စီတုန်း၊ ချောင်ဆက်စကူး၊ ပိုပေါ့၊ မားကို့စ် စသဖြင့် သမိုင်းမှာ တွေ့ခဲ့ကြရပြီ ဖြစ်တယ်။ မျက်မှောက်ခေတ်မှာလည်း […]

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရှင်ဖြစ်ဖို့ ကြံစည်နေပြီလား Read More »

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား

၂ဝဝ၈ နောက်ပိုင်း ပထမဆုံး မှန်မှန်ကန်ကန် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေခဲ့ပြီး မိခင်နိုင်ငံကို ပြန်လာတဲ့ နိုင်ငံရေး မျိုးဆက်ထဲက ထင်ရှားသူ တစ်ယောက် အနိုင်ရခဲ့တယ်… “အမေရိကန်မှာလိုပဲပေါ့ဗျာ” ဆိုပြီး အသစ်စက်စက် ဝန်ကြီးတစ်ယောက်က အားရပါးရ ပြုံးပြီး ပြောလိုက်သည်။ ၎င်း၏ အကြီးအကဲသစ် တာကစ်ရာမန်သည် လေဟာပြင်မှာ ကျင်းပသည့် အခမ်းအနားတစ်ခု၏ စင်မြင့်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ပွင့်လင်းမြင်သာမှုရှိသည့် နေဟန်ထားသစ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ငါးရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဗဟိုလက်ယာယိမ်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) သည် ပါလီမန်အမတ်နေရာ ၃၀၀ ရှိသည့်အနက် သုံးပုံနှစ်ပုံဖြင့် အပြီးသတ် အနိုင်ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား Read More »

ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု စစ်ပွဲ လေးနှစ်ပြည့်လာခဲ့ပြီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်မူ ရုရှားက ဗီတိုအာဏာ ကိုင်စွဲထားခြင်းကြောင့် စစ်ပွဲတစ်လျှောက်လုံး ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့သည်။ မကြာသေးခင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်  ကုလသမဂ္ဂ အထွေထွေညီလာခံသည် ယူကရိန်းနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်များကို ထောက်ခံကြောင်းနှင့် အရပ်သားများအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကို စိုးရိမ်ကြောင်း ဖော်ပြထားသည့် အဆိုပြုချက်တစ်ခုကို မဲအပြတ်အသတ်ဖြင့် အတည်ပြုလိုက်သည်။ ရုရှား၏ ကျူးကျော်စစ် ၄ နှစ်ပြည့်မြောက်သည့် အချိန်တွင် ကမ္ဘာ့နိုင်ငံများမှ ယူကရိန်းနှင့် တစ်သားတည်းရှိမှုကို စမ်းသပ်သည့် ယခုမဲခွဲမှု၌ ထောက်ခံမဲ ၁၀၇ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ နှင့် ကြားနေမဲ

ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉)

ဘာလုပ်မလဲ အမေရိကန် ဦးမိုး။  ။ ဟေ့လူ ဦးတိုး… ခင်ဗျားကြည့်ရတာ ဒီနေ့ မျက်မှောင်ကြီးကုပ်လို့။ ဘာလဲ… ဟိုဘက်က ထရမ့်ကြီးက နောက်တစ်ခါ ဗုံးထကြဲပြန်ပြီလား။ ဦးတိုး။ ။ အောင်မယ်… ဦးမိုးကလည်း၊ ကြဲတော့မယ့် အနေအထား ဖြစ်နေပြီဗျ။ အခု အရှေ့ အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ ပုံအောပြီး လွှတ်ထားတာ ၂၀၀၃ အီရတ် စစ်ပွဲတုန်းကထက်တောင် များနေပြီ။ လေယာဉ်တင်သင်္ဘောကြီး နှစ်စင်းတင်မကဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန် လေတပ်အင်အားရဲ့ တစ်ဝက်နီးပါးလောက်ကို အဲ့ဒီမှာ သွားစုထားတာဗျ။ ဦးမိုး။ ။ ကျွန်တော်လည်း အဲဒါကိုပဲ သိချင်နေတာ ပြောပြပါဦး… ဒါက အီရန်ကို ခြိမ်းခြောက်တာလား၊ တကယ်ပဲ ဝင်တိုက်တော့မှာလား။ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း အစ္စရေးနဲ့ပေါင်းပြီး အီရန်ရဲ့

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉) Read More »

“ကျွန်တော့် နာမည် လူဝီပါ၊ ရေကျော်မှာ နေပါတယ်”

အဲဒါ ကျွန်တော့်ကို ပါပါး အမြဲတမ်း နောက် နောက်ပြီး ဆိုနေတဲ့ သီချင်း။ သူဆိုရင် မာမားကပါ လိုက်ဆိုပြီး ကျွန်တော့်ကို စကြတယ်။ ကျွန်တော်ကတော့ ရေကျော်ဆိုတာ ဘာမှန်းမသိပေမယ့် ခဏခဏတော့ ကြားဖူးနေတာ။ ကျွန်တော့်ကို အရင်ဆုံး အိမ်မှာ မွေးစားခဲ့တဲ့ အန်နီကလည်း ရေကျော်မှာနေတယ်တဲ့။ ကျွန်တော့်ကို အမေ ကြောင်မကြီးက ညီအစ်ကို မောင်နှစ်မ လေးယောက်မွေးခဲ့တာ။ ကျွန်တော်တို့ကို မွေးပြီးတော့ အမေလည်း ဘယ်ပျောက် သွားလည်း မသိဘူး။ မှတ်လဲ မမှတ်မိတော့ဘူး။ အန်နီနောက်မှ ပြောပြလို့ သိတာက ကျွန်တော့်တို့ ကြောင်သေးသေးလေး လေးကောင်ကို ရေကျော် စီးတီးမတ်အောက်မှာ သူ အလုပ်သွား အလုပ်ပြန် လုပ်ရင် တွေ့ဖူးတယ်လို့ ပြောဖူးတယ်။ ကျွန်တော်တို့ လမ်းနည်းနည်း စပြီး

“ကျွန်တော့် နာမည် လူဝီပါ၊ ရေကျော်မှာ နေပါတယ်” Read More »

ဇာတ်ခုံပေါ်ကကြတဲ့အခါ

“ညီမလေး အကကောင်းတယ်ဆိုလို့ လာကြည့်တာ” လူရွှင်တော် ကိုကျောက်ခဲ မိတ်ဆက်မပေးမီမှာပင် အတူပါလာသော ကိုမင်းဟန်က ပွဲထွက်ရန် အပြီးသတ် ပြင်ဆင်နေသော မင်းသမီးဝေဝေလွင်ကို နှုတ်သွက်လျှာသွက် ပြောလိုက်သည်။ မှန်ထဲတွင် အကြည့်ရောက်နေသော ဝေဝေလွင်က လည်ပြန်စောင်းငဲ့ ကြော့ကြော့ကလေး မျက်ဝန်းကို မှေးရီ၍ ကြည့်လိုက်သည်။ ဝေဝေလွင်ကတော့ တမင်လုပ်စရာမလိုဘဲ ကြည့်လိုက်တိုင်းယဉ်၊ မြင်လိုက်တိုင်းလှအောင် အကြည့်ခံရုပ်နှင့် ဟန်အမူအရာ ရှိနေပါပေါ့လား။ “အစ်ကိုနဲ့ ယဉ်ကျေးမှုတက္ကသိုလ်ဆင်း သူငယ်ချင်း ပန်းချီဆရာ ကိုမင်းဟန်က တပူဆာဆာလုပ်နေလို့ ညီမလေးနဲ့ ခေါ်တွေ့ပေးရတာ” လူရွှင်တော် ကိုကျောက်ခဲ မိတ်ဆက်ပေးတာက နောက်ကျနေသည်။ ကိုမင်းဟန်၏ ပြောပုံဆိုပုံမှာ မသိခင်ကကျွမ်းပြီး ကြည့်ပုံရှုပုံမှာ မကျွမ်းခင်က သိနေသလိုပင်။ “ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီအဓိကမယူဘဲ သဘင်ပညာအဓိကသာ ယူခဲ့ရင် အစ်ကို ပြိုင်ဘက်ကင်း မင်းသားဖြစ်မှာ သေချာတယ်”

ဇာတ်ခုံပေါ်ကကြတဲ့အခါ Read More »

ပစ္စုပ္ပန်ဆိုတာ အကောင်းဆုံးအချိန်

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ရန်ကုန်မြို့ရဲ့ သမိုင်းဝင် ဝန်ကြီးများရုံးဝင်းအတွင်းရှိ Brick Studio မှာ ကျင်းပခဲ့တဲ့ ထူးခြားတဲ့ ပန်းချီပြပွဲတစ်ခုဆီကို ကျွန်တော် ရောက်ရှိခဲ့ပါတယ်။ လူနေမှုဟန်ပန် (Lifestyle) တွေနဲ့ ဘဝဒဿနကဗျာတွေကို နူးညံ့သိမ်မွေ့စွာ ရေးဖွဲ့လေ့ရှိတဲ့ စာရေးဆရာ နွယ်ဦးလှိုင် နဲ့အတူ “Temporal Deception” (အချိန်ကာလရဲ့ လှည့်စားခြင်း) လို့ အမည်ပေးထားတဲ့ ပြပွဲဆီကို အတူတူ ခြေဆန့်ဖြစ်ခဲ့ကြတာပါ။ ပြပွဲခန်းမထဲကို ခြေချလိုက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ထူးခြားတဲ့ အနုပညာရသတစ်ခုကို စတင် ခံစားလိုက်ရပါတယ်။ အဲဒါကတော့ “Generation Gap” လို့ခေါ်တဲ့ မျိုးဆက်ကွာဟမှုကို အနုပညာရဲ့ နူးညံ့တဲ့ ကြိုးမျှင်လေးတွေနဲ့ ကျော်ဖြတ်ပေါင်းကူးထားတဲ့ အလှတရားပဲ ဖြစ်ပါတယ်။ ဒီပြပွဲမှာ အနုပညာလောကထဲ နှစ်ပေါင်း ၅၀ ကျော်

ပစ္စုပ္ပန်ဆိုတာ အကောင်းဆုံးအချိန် Read More »

Pachamama ကယ်တော်မူပါ

“ပျံသန်းတဲ့ငှက်ကို သူတို့မို့ ဖမ်းချင်တာ . . . . ရွှေလှောင်အိမ်မှာ ပျော်လို့မရပါ . . . ချစ်တဲ့ကောင်းကင်ရဲ့ လွတ်လပ်မှုကိုရှာ “ ဆိုသည့် သီချင်းလေးကို တစ်ချိန်က အလွန်နှစ်သက်မိခဲ့၏။ ရှမ်းသံလေး ခပ်ဝဲဝဲက သဘာဝသရုပ်ကို ပေါ်အောင် တမင်ဖြည့်ဆည်းပေးနေလို့လားမသိ။ တေးရေး ဆရာစိုင်းခမ်းလိတ်၏ သီချင်းများတွင် ဤကဲ့သို့ သဘာဝနှင့် ဆက်စပ်လျက် ရေးဖွဲ့လေ့ရှိသည်။ နောက်ဆုံးအပိုဒ်ဖြစ်သည့် ‘ချစ်တဲ့ချစ်သူရဲ့ ယုယမှုကိုရှာ’ ဆိုသည့် အပိုဒ်တွင် လူငယ်တို့သဘာဝတွင် ဖြစ်တည်တတ်သည့် ချစ်ခြင်းအကြောင်းဖြင့် နှိုင်းယှဉ်ရေးဖွဲ့ပြသွားသည်မှာ ကျွန်တော်တို့ လူငယ်ထုအတွက် အားကိုးစရာ လက်နက်ကြီးတစ်ခု ရလိုက်သလိုမျိုး ခံစားရစေခဲ့သည်။ ဟုတ်သည်။ ငှက်တို့မည်သည် ကောင်းကင်တွင်သာ လွတ်လွတ်လပ်လပ် ပျံသန်းခြင်းသည်သာ ငှက်၏ အဓိပ္ပာယ် ဖြစ်သလို၊ ပန်းဆိုသည်မှာလည်း

Pachamama ကယ်တော်မူပါ Read More »

ကျွန်တော့်ပြတင်းပေါက်က ဂါဇာမြင်ကွင်း

ဂါဇာကမ်းမြောင်ကို အစ္စရေးစစ်ရှိန်မမြင့်ခင် နှစ်ရက်အလိုမှာ ကျွန်တော်တို့မိသားစုက ပေါင်မုန့်တွေ ဝယ်ခဲ့တယ် ။ ကျွန်တော်တို့မိသားစု အိမ်ကနေ မဖြစ်မနေ ထွက်ခွာခဲ့ရပြီးတဲ့နောက် အဲဒီပေါင်မုန့်တွေ ပြန်ယူဖို့ရာ အိမ်ကို ကျွန်တော် ဘီးစီးသွားခဲ့တယ်။ (မိုးဆတ်အာဘူတိုးဟာ။ ၂၀၂၃ အောက်တိုဘာ ၂၀။ နယူးယော့ကာ မဂ္ဂဇင်း) အောက်တိုဘာလ ၁၂ ရက် ကြာသပတေးနေ့ကပေါ့ဗျာ။ စာရွက်ပိုင်းလေးတွေ ဘိတ်လားဟီယာမြို့ရဲ့ ကောင်းကင်ကနေ ကျလာတယ်။ ဘိတ်လားဟီယာက ဂါဇာကမ်းမြောင်မြောက်ခြမ်း၊ ကျွန်တော်တို့မိသားစုရဲ့ အိမ်ရှိတဲ့မြို့ပါ။ စာရွက်တိုင်းမှာ အစ္စရေးတပ်မတော်တံဆိပ်နဲ့အတူ သတိပေးချက် ပါလာတယ်။ ဟားမားစ်စစ်ရေးလှုပ်ရှားမှုနေရာတွေ၊ စစ်သွေးကြွတွေနဲ့ ဝေးဝေးနေဖို့ရယ်၊ မိမိနေအိမ်ကိုစွန့်ပြီး ချက်ချင်းလက်ငင်း ထွက်ခွာပေးဖို့ရယ် . . . ဒါပဲ။ ကျွန်တော် အိမ်အောက်ထပ်ကို ဆင်းလာတဲ့အခါ မိဘနှစ်ပါးနဲ့အတူ ကျွန်တော့်အစ်ကိုနဲ့ နှမတွေ ပစ္စည်းထုပ်ပိုးနေတာ

ကျွန်တော့်ပြတင်းပေါက်က ဂါဇာမြင်ကွင်း Read More »

စင်္ကာပူနဲ့ မလေးရှားက တမူထူးခြားတဲ့ တရုတ်နှစ်သစ်ကူးမုန့်တွေရဲ့ အဓိပ္ပာယ်နဲ့ သင်္ကေတများ

ဒီနှစ်မှာတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ကျွန်တော်အကြိုက်ဆုံး အစိတ်အပိုင်းကတော့ ပွဲလမ်းသဘင်မှာ ကျွေးမွေးလေ့ရှိတဲ့ မုန့်အချိုအချဉ်တွေနဲ့ သရေစာတွေပဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော့်ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းကြီးထဲက လူအတော်များများဆီကို မသွားချင်သွားချင်နဲ့ လိုက်လည်ခဲ့ရဖူးပါတယ်။ အဲဒီဆွေမျိုးတွေထဲက အများစုကို ကျွန်တော် လုံးဝသဘောမကျခဲ့သလို (အခုထိလည်း သဘောမကျသေးပါဘူး)၊ အဲ့ဒီလို သွားလည်ရတဲ့အခါ ကျွန်တော့်အတွက် တစ်ခုတည်းသော စိတ်သက်သာရာရစရာကတော့ သူတို့အိမ်တွေမှာ ပြင်ဆင်ထားတဲ့ စုံလင်လှတဲ့ စားစရာသရေစာတွေပါပဲ။ ကျွန်တော့်ရဲ့ တစ်နေ့တာ အနှောင့်အယှက်ဖြစ်ရတဲ့အတွက် ကလဲ့စားချေတဲ့အနေနဲ့ သူတို့ရဲ့ သရေစာတွေကို တတ်နိုင်သမျှ အများကြီး စားပစ်ခဲ့တာလည်း ဖြစ်နိုင်သလို၊ ဒါမှမဟုတ် ကျွန်တော် ကိုယ်တိုင်ကပဲ ငယ်ငယ်က မုန့်အလွန်ကြိုက်တဲ့ကလေး ဖြစ်နေလို့လည်း ဖြစ်ပါလိမ့်မယ်။ တရုတ်နှစ်သစ်ကူးရဲ့ အထိမ်းအမှတ် စားသောက်ဖွယ်ရာတွေဟာ တရုတ်ပြည်ရဲ့

စင်္ကာပူနဲ့ မလေးရှားက တမူထူးခြားတဲ့ တရုတ်နှစ်သစ်ကူးမုန့်တွေရဲ့ အဓိပ္ပာယ်နဲ့ သင်္ကေတများ Read More »