The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

ဆိုရှယ်မီဒီယာကုမ္ပဏီများအတွက် စိန်ခေါ်မှုအသစ်

အိန္ဒိယအစိုးရသည် ဆိုရှယ်မီဒီယာကုမ္ပဏီများအနေဖြင့် စည်းကမ်းများနှင့် မညီညွတ်သည့် content များကို သက်ဆိုင်ရာ အာဏာပိုင်ထံမှ အကြောင်းကြားစာ ရရှိပြီး ၃ နာရီအတွင်း အပြီးတိုင် ဖြုတ်ချရမည်ဟူသော တင်းကျပ်သည့် စည်းမျဉ်းအသစ်ကို ပြီးခဲ့သည့်အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်။ ဤသည်မှာ ယခင်က သတ်မှတ်ထားသော ၃၆ နာရီအတွင်း ဖြုတ်ချရမည်ဟူသော အချိန်ကာလကို အကြီးအကျယ် လျှော့ချလိုက်ခြင်းဖြစ်ပြီး Meta (Facebook)၊ YouTube နှင့် X (ယခင် Twitter) ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများအတွက် လိုက်နာဆောင်ရွက်ရန် ခက်ခဲသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်သည်။ ဥပဒေပြင်ဆင်ချက်နှင့် နောက်ခံအကြောင်းအရင်း ယခု ပြင်ဆင်လိုက်သည့် ဥပဒေသည် ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သော အိန္ဒိယအိုင်တီ (IT) စည်းမျဉ်းများ အပေါ် ကို အခြေခံ၍ ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ […]

ဆိုရှယ်မီဒီယာကုမ္ပဏီများအတွက် စိန်ခေါ်မှုအသစ် Read More »

ရွှေ နဲ့ ငွေက ပေးသွားခဲ့တဲ့ တန်ဖိုးကြီး သင်ခန်းစာ

Too Good to Be True! အဖိုးတန်သတ္တုများတွင် ရင်းနှီးမြှုပ်နှံပြီး ဘဝတစ်ခုလုံး ပြောင်းလဲသွားစေမည့် ကြွယ်ဝ ချမ်းသာမှုများကို ရှာဖွေနေကြသည့် အပျော်တမ်း ရင်းနှီးမြှုပ်နှံသူတို့၏ ပုံပြင်ဆန်ဆန် ဇာတ်သိမ်းခန်းသည် မရှောင်လွှဲနိုင်သော ဆိုးရွားသည့် အဆုံးသတ်နှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ရင်းနှီးမြှုပ်နှံသူ အားလုံးအတွက် “ဈေးကွက်အတွင်း၌ အခြေအနေတစ်ခုသည် လက်တွေ့ဖြစ်နိုင်ခြေထက် ပို၍ကောင်းမွန်လွန်းနေပါက ၎င်းမှာ အစစ်အမှန်ဖြစ်ရန် ခဲယဉ်းသည်” (Too good to be true) ဆိုသည့် သတိပေးချက် တစ်ခုပင် ဖြစ်လိမ့်မည် ထင်သည်။ ထို့အပြင် ၎င်းသည် ဘဏ္ဍာရေး ဈေးကွက်၏ အခြားနေရာများတွင် ဖြစ်ပေါ်နေသည့် အလွန်အကျွံ မှန်းဆကစားမှု (Speculative excess) များအတွက်လည်း red flag တစ်ခု

ရွှေ နဲ့ ငွေက ပေးသွားခဲ့တဲ့ တန်ဖိုးကြီး သင်ခန်းစာ Read More »

ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးအရှုပ်အထွေး

(Feature article: အာရှဒေသတွင်း ရွေးကောက်ပွဲများကို လေ့လာသုံးသပ်ချက်) ဒီလထဲမှာ ရွေးကောက်ပွဲတွေ ဆက်နေတယ်။ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလားမသိ။ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာ ဖေဖော်ဝါရီ (၇) ရက်နေ့က ရွေးကောက်ပွဲတွေ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြတယ်။ သူ့အကြောင်းနဲ့သူ ရွေးကောက်ပွဲ ကျင်းပကြတာဖြစ်ပေမဲ့ ရွေးကောက်ပွဲနေ့က ဖေဖော်ဝါရီ (၇) ရက် တစ်ရက်တည်းမှာဆိုတော့ ထူးခြားနေတယ်လို့ ဆိုရမယ်။ ရွေးကောက်ပွဲ နှစ်ခုစလုံးကလည်း လက်ရှိဝန်ကြီးချုပ်တွေကပဲ ဆက်ပြီး အနိုင်ရသွားကြတယ်။ ထိုင်းနိုင်ငံက ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အနုတင် ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်းပါတီက ထိုင်ခုံနေရာအများဆုံးနဲ့ အနိုင်ရခဲ့သလို ဂျပန်ရွေးကောက်ပွဲမှာလည်း လက်ရှိဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ အယ်လ်ဒီပီပါတီက အပြတ်အသတ် အနိုင်ရရှိသွားခဲ့တယ်။ တိုက်ဆိုင်တာမဟုတ်ပေမဲ့ ထူးထူးခြားခြား တစ်ရက်တည်း တစ်ပြိုင်တည်း ကျင်းပတဲ့ ရွေးကောက်ပွဲနှစ်ခုမှာ ဝန်ကြီးချုပ်နှစ်ဦး

ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးအရှုပ်အထွေး Read More »

တရုပ်နိုင်ငံ၏ “၁-၂-၄” ပြဿနာ

“၁-၂-၄” ပြဿနာဆိုလိုက်တော့ သင်္ချာရဲ့ GP Series လိုလို၊ အမှန်ကတော့ တရုတ်ပြည်သူတွေရဲ့ မိသားစုအလိုက် ဝင်ငွေနဲ့ အသုံးစရိတ် (Household Income and Consumption) ပြဿနာပါ။ မိသားစုအတွက် လိုအပ်တဲ့ ပစ္စည်း၊ ဝန်ဆောင်မှုတွေ ဝယ်ယူရတဲ့ အတွက် ကျခံရတဲ့ ကုန်ကျစရိတ်ပါ။ ဒီကုန်ကျစရိတ်ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တိုင်းပြည် ထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၆၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။ အမေရိကန် နိုင်ငံမှာ မိသားစုအလိုက် ကုန်ကျစရိတ်ဟာ (Household consumption) ဟာ တိုင်းပြည်ထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၆၈ ရာခိုင်နှုန်း ရှိပါတယ်။ ဥရောပမှာတော့ ၅၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်

တရုပ်နိုင်ငံ၏ “၁-၂-၄” ပြဿနာ Read More »

တရုတ်ပို့ကုန်များကြောင့် ထိခိုက်လာရသည့် လက်တင်အမေရိကနိုင်ငံများ၏ စီးပွားရေး

အမေရိကန်ပြည်ထောင်စုရဲ့ သွင်းကုန်ခွန်တွေကြောင့် စီးပွားရေးထိခိုက်လာတဲ့ တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ ဈေးပေါလှတဲ့ ပို့ကုန်တွေနဲ့ လက်တင်အမေရိကဈေးကွက်ကို လွှမ်းမိုးထားခဲ့တာမို့ အဲဒီနိုင်ငံတွေက ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းတွေဟာ အခက်အခဲတွေကြုံကာ ညှစ်သတ်လိုက်သလို ဖြစ်ခဲ့ရတာမို့ တရုတ်ရဲ့ လွှမ်းမိုးမှုကို တွန်းလှန်ဖို့ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးဖို့ တွက်ဆလာရတယ်။ တရုတ်နိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဟာ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ရဲ့ သွင်းကုန်ခွန်တိုးမြှင့်တာနဲ့ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ကာမိအောင် ဆောင်ရွက်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံက လက်တင်အမေရိကနိုင်ငံတွေရဲ့ ဈေးကွက်ကို ဈေးပေါတဲ့ သူ့နိုင်ငံထွက် ပို့ကုန်ပစ္စည်းတွေနဲ့ လွှမ်းမိုးထားတယ်။ အထူးသဖြင့်ကတော့ ကားအမျိုးမျိုးနဲ့ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး ပစ္စည်းတွေပဲ ဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ဟာ လက်တင်အမေရိကနိုင်ငံ အတော်များများရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပြီး ဒီနိုင်ငံတွေက ပေါကြွယ်ဝလှတဲ့

တရုတ်ပို့ကုန်များကြောင့် ထိခိုက်လာရသည့် လက်တင်အမေရိကနိုင်ငံများ၏ စီးပွားရေး Read More »

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းသစ်

(Feature article: အသေးစိတ် လေ့လာသုံးသပ်ချက်) ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ထိုင်းနိုင်ငံ၏ အမျိုးသား ရွေးကောက်ပွဲသည် အရှေ့တောင်အာရှ ဒေသတွင်း၌သာမက ကမ္ဘာ့အဆင့်တွင်ပါ စိတ်ဝင်စားစရာ ကောင်းသည့် နိုင်ငံရေးအလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤရွေးကောက်ပွဲသည် ထိုင်းနိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသော ဒီမိုကရေစီသမိုင်းကြောင်းတွင် နောက်ထပ်အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်သည် တိုးတက်သောဝါဒီ (Progressive) အင်အားစုများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး၊ ကွန်ဆာဗေးတစ် (Conservative) အင်အားစုများအတွက်မူ မမျှော်လင့်ထားသော အောင်ပွဲတရပ် ဖြစ်လာခဲ့သည်။ ဘွန်ဂျိုင်ထိုင်း (Bhumjaithai) ၏ အံ့အားသင့်ဖွယ် အောင်ပွဲနှင့် အမျိုးသားရေးလှိုင်း ရွေးကောက်ပွဲကော်မရှင်၏ မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးစီးချိန်တွင် ဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ် ၏ ဘွန်ဂျိုင်ထိုင်းပါတီသည်

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းသစ် Read More »

သက်တံရောင်အလံနဲ့ ထရမ့်အစိုးရရဲ့ စစ်ဆင်ရေး

အမေရိကန်ရဲ့ လိင်တူ ချစ်သူများရဲ့  LGBTQ+ လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ နယူးယောက်က သမိုင်းဝင် Stonewall အထိမ်းအမှတ်နေရာမှာ လွှင့်ထူထားတဲ့ သက်တံရောင်အလံကြီးကို ထရမ့်အစိုးရက ဖြုတ်ချလိုက်တာကြောင့် အခုရက်ပိုင်းအတွင်း နယူးယောက်မှာ တော်တော်လေး ပွက်လော ရိုက်ခတ်လျက် ရှိနေပါတယ်။ ဘာတွေဖြစ်ခဲ့တာလဲ ဆိုတော့ မန်ဟက်တန်မြို့လယ် Greenwich Village က Christopher Park ထဲမှာရှိတဲ့ အဲဒီအလံတိုင်ဟာ LGBTQ+ သင်္ကေတ သက်တံရောင်အလံကြီး ဟိုးအရင်ကတည်းက တလူလူနဲ့ ရှိနေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညမှာ အစိုးရတာဝန်ရှိသူတွေက ဒီအလံကို လာဖြုတ်သွားပါတယ်။ အကြောင်းပြချက်ကတော့ “အစိုးရပိုင် အလံတိုင်တွေမှာ အမေရိကန်အလံ ကလွဲရင် ကျန်တာတွေ မလွှင့်ရဘူး” ဆိုတဲ့ မူဝါဒကို တပြေးညီကျင့်သုံးတာပါလို့ ဆိုပါတယ်။ အခု ထရမ့်ရဲ့

သက်တံရောင်အလံနဲ့ ထရမ့်အစိုးရရဲ့ စစ်ဆင်ရေး Read More »

မေတ္တာဖြင့် ကျော်ဖြတ်သော ကီလိုမီတာ ၃,၇၀၀ ငြိမ်းချမ်းရေး လမ်းလျှောက်ခရီးရှည်

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးအခြေအနေဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ တင်းကျပ်တဲ့ အရေးယူမှုတွေကြောင့် အတော်လေးကို ပူပြင်း လောင်ကျွမ်း နေချိန်မှာပဲ၊ လိမ္မော်ရင့်ရောင် သင်္ကန်းတွေ ဆင်မြန်းထားတဲ့ ဗုဒ္ဓဘာသာရဟန်းတော် ၂၄ ပါးရဲ့ “ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း” (Walk for Peace) ခရီးစဉ်ဟာ ဝါရှင်တန်ဒီစီကို အင်္ဂါနေ့မှာ ရောက်ရှိ အဆုံးသတ်ခဲ့ပါတယ်။ သုံးလကြာ ခရီးကြမ်း ဒီခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၃ လကျော်က တက္ကဆက်ပြည်နယ်မှာ စတင်ခဲ့တာပါ။ သံဃာတော်တွေဟာ တက္ကဆက်၊ လူဝီစီယားနား၊ မစ္စစ္စပီ၊ အလာဘားမား၊ ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနား၊ မြောက်ကယ်ရိုလိုင်းနားနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေကို ဖြတ်သန်းပြီး ပြည်နယ် ၉ ခုမြောက်ဖြစ်တဲ့ ဝါရှင်တန်ဒီစီကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့

မေတ္တာဖြင့် ကျော်ဖြတ်သော ကီလိုမီတာ ၃,၇၀၀ ငြိမ်းချမ်းရေး လမ်းလျှောက်ခရီးရှည် Read More »

‘ဒေါ်နယ်ထရမ့်’ သို့မဟုတ် အမေရိကန်ဒီမိုကရေစီကို ဖြိုဖျက်နေသူ

ဒေါ်နယ်ထရမ့်ဟာ လူလိမ်လား၊ သမ္မတရာထူးနဲ့ ထိုက်တန်သူ ဟုတ်ရဲ့လား။ ၂၀၂၆ ခုနှစ်ဆန်းချိန်ရဲ့ ထူးခြားချက်ကတော့ အမေရိကန်ပြည်သူအများစုကြီးခမျာ ကြီးမားလှတဲ့ နောင်တကို ရင်မှာ ပိုက်မိနေလျက်သား ဖြစ်နေခြင်းပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ (၄၇) ယောက်မြောက် သမ္မတအဖြစ် ‘ဒေါ်နယ်ထရမ့်’ ကို ဒုတိယအကြိမ် ထပ်မံရွေးချယ်မိခဲ့တဲ့အတွက် အကြီးအကျယ်မှားကြောင်း သိရှိလာကြပြီးနောက် အတော့်ကို နောင်တရနေကြရပြီ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုအတွင်း လတ်တလော ဖြစ်ပွားနေတဲ့ ပြည်တွင်းရေးရာ မူဝါဒပြဿနာတွေနဲ့ နိုင်ငံခြားရေး မူဝါဒအလွဲတွေကို လေ့လာကြည့်ရင် ဒီမိုကရေစီစနစ် ဖြိုဖျက်ခံနေရတာ ထင်ရှားလာနေတယ်။ လက်သည်တရားခံက တခြားသူမဟုတ်၊ ‘ဒေါ်နယ်ထရမ့်’ ဖြစ်နေတာ တွေ့ရတယ်။ ထရမ့်ရဲ့ ရမ်းကားမှုတွေကြောင့် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် အဓိက နိုင်ငံရေးပါတီကြီး ၂ ခု အကြားမှာလည်း ပဋိပက္ခတွေ

‘ဒေါ်နယ်ထရမ့်’ သို့မဟုတ် အမေရိကန်ဒီမိုကရေစီကို ဖြိုဖျက်နေသူ Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၈)

၂၀၂၆ မှာ ဒုက္ခရောက်နေကြသူတွေ အထဲ ကုလလည်းပါ ဦးမိုး – ဟေ့ ကိုတိုး ကျွန်တော် ဒီမှာဗျ။ ထိုင် ထိုင်။ ခင်ဗျား စားချင်တာသာ တန်းမှာလိုက်ပေတော့။ ကျွန်တော်တော့ မှာပြီးသွားပြီ။ ဦးတိုး – ကျေးဇူးပါပဲဗျာ။ အိမ်မှာ စီစဉ်စရာလေးတွေ စီစဉ်ပေးခဲ့ရတော့ နည်းနည်း နောက်ကျသွားတယ်။ ဦးမိုး – ရပါတယ်။ ခင်ဗျားကို မျှော်နေတာ။ မနေ့က သတင်းတွေ လျှောက်ဖတ်ရင်း အရင်က မကြားဖူးတာတွေ ကြားလိုက်ရလို့။ ခင်ဗျားက နှံ့နှံ့စပ်စပ် ဆိုတော့ သိများသိမလားလို့။ ဦးတိုး – ပြောပါဦး ဘာလဲဗျ။ ဦးမိုး – အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် ဒုက္ခရောက်ကြသူတွေအထဲမှာ နောက်တစ်ယောက် တိုးလာတဲ့ ကုလသမဂ္ဂအကြောင်းလေ။ ဦးတိုး

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၈) Read More »