The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၁)၊ ဖေဖော်ဝါရီ ၂၀၂၅

Share မယ်

The Corner မိတ်ဆက်

ဖြတ်သန်းလာခဲ့ရတဲ့ ခရီးက နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှု အပြောင်းအလဲတွေ များလွန်းလှပါတယ်။ မူလတန်းမှာ ကျောက်သင်ပုန်းကျောက်တံနဲ့ စခဲ့ရတဲ့ ဘဝကနေ ခုဆို စကရင်ကို တို့ထိလိုက်ရုံနဲ့ စာတွေရေးနိုင် စာမျက်နှာတွေကို လှန်နိုင်တဲ့ ခေတ်ကို ရောက်ခဲ့ရပြီ။ လူငယ်လူလတ်ပိုင်းအရွယ်မှာ စာအုပ်တွေကို ကိုင်ဖတ်ပြီး ဖြတ်သန်းလာခဲ့တော့ စာ ဖတ်ရတဲ့ ဘဝကို တမ်းတမိပါတယ်။ ဒါပေမဲ့ ခုချိန်မှာ စာအုပ်ဝယ်ဖတ်ဖို့ဆိုတာ ထုတ်ဝေတဲ့ သူက ရှိဦးမှ၊ ရှိရင်လည်း ဝယ်ဖို့တတ်နိုင်ဦးပါမှ၊ ပြီးတော့… ပြီးတော့…

ဒီဂျစ်တယ်ခေတ်မှာ နိုင်ငံတကာ သတင်းတွေဟာ သိပ်မြန်လွန်းနေပါပြီ။ ဖြစ်ဖြစ်ချင်း နေ့မဆိုင်းပဲ ချက်ခြင်းသိနိုင်နေပါပြီ။ အဲဒီအတွက် သတင်းတွေ ဖော်ပြဖို့ အတွက် လုံ့လ မစိုက်တော့ပါဘူး။ ဒါပေမဲ့ တချိန်က ဆရာကြီးများရဲ့ သတင်း သုံးသပ်ချက်၊ ဝေဖန်ချက် ဆောင်းပါးတွေကို သတိရမိတယ်။ နွယ်နီ ဓန စတဲ့မဂ္ဂဇင်းတွေလိုမျိုး နိုင်ငံရေး၊ စီးပွားရေး သုံးသပ်ချက်၊ ဝေဖန်ချက်တွေကို အားရပါးရ ဖတ်ချင်လှပါတယ်။ ဒါပေမဲ့ မျက်မှောက်ခေတ်မှာက အဲဒီလို အခြေအနေမပေးတော့ဘူး။

တောင်ကြီးက မိုဟာမက်ဆီ ရောက်မလာရင် မိုဟာမက်က တောင်ကြီးဆီ အရောက်သွားရမှာပေါ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိတ်တူ ကိုယ်တူ ရှိမယ့်သူတွေ အတွက် အခုတင်ဆက်မယ့် The Corner အွန်လိုင်း စာစောင် ကို စလုပ်ဖြစ်ပါတယ်။ လက်လှမ်းမှီသလောက် ဝယ်ယူ  စုဆောင်းထားတဲ့ ကမ္ဘာနိုင်ငံရေး၊စီးပွားရေး ဆောင်းပါးတွေကို ဉာဏ်စွမ်းရှိသလောက် မြန်မာလို ပြန်ဆိုကြပါတယ်။ ဆောင်းပါးပါ အကြောင်းအရာတွေကတော့ မူရင်းရေးသားသူတွေရဲ့ အာဘော်တွေပါ။ The Corner မှာ ပါဝင်ပြီး မိမိတို့ရဲ့ ရှုဒေါင့်တွေကို တင်ပြချင်တယ်ဆိုရင် စာမူတွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ The Corner အဖွဲ့သားများ အနေနဲ့ ယခု စမ်းသပ်တဲ့  (Pilot edition) အတွဲ (၁) ကို စာဖတ်သူများဆီ အရောက် တင်ဆက်လိုက်ပါတယ်။ ဒီထက်ကောင်းအောင် ကြိုးစားရဦးမယ်ဆိုတာ နားလည်ပါတယ်။ စာဖတ်သူ ပရိသတ်များဆီကလဲ အကြံပေးချက် အပြုသဘော ဝေဖန်ချက်များကို အစဥ်အမြဲ ကြိုဆိုလျက်ရှိပါတယ်။

The Corner

cover_feb-page001
Click to rate this post!
[Total: 0 Average: 0]