သက်တံရောင်အလံနဲ့ ထရမ့်အစိုးရရဲ့ စစ်ဆင်ရေး
အမေရိကန်ရဲ့ လိင်တူ ချစ်သူများရဲ့ LGBTQ+ လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ နယူးယောက်က သမိုင်းဝင် Stonewall အထိမ်းအမှတ်နေရာမှာ လွှင့်ထူထားတဲ့ သက်တံရောင်အလံကြီးကို ထရမ့်အစိုးရက ဖြုတ်ချလိုက်တာကြောင့် အခုရက်ပိုင်းအတွင်း နယူးယောက်မှာ တော်တော်လေး ပွက်လော ရိုက်ခတ်လျက် ရှိနေပါတယ်။ ဘာတွေဖြစ်ခဲ့တာလဲ ဆိုတော့ မန်ဟက်တန်မြို့လယ် Greenwich Village က Christopher Park ထဲမှာရှိတဲ့ အဲဒီအလံတိုင်ဟာ LGBTQ+ သင်္ကေတ သက်တံရောင်အလံကြီး ဟိုးအရင်ကတည်းက တလူလူနဲ့ ရှိနေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညမှာ အစိုးရတာဝန်ရှိသူတွေက ဒီအလံကို လာဖြုတ်သွားပါတယ်။ အကြောင်းပြချက်ကတော့ “အစိုးရပိုင် အလံတိုင်တွေမှာ အမေရိကန်အလံ ကလွဲရင် ကျန်တာတွေ မလွှင့်ရဘူး” ဆိုတဲ့ မူဝါဒကို တပြေးညီကျင့်သုံးတာပါလို့ ဆိုပါတယ်။ အခု ထရမ့်ရဲ့ […]
သက်တံရောင်အလံနဲ့ ထရမ့်အစိုးရရဲ့ စစ်ဆင်ရေး Read More »









