The Corner

The Corner

cropped-Logo_round_grey-background.png

ဥရောပ

ယူကရိန်း-ရုရှားစစ်ပွဲ ပြဿနာ တတိယကမ္ဘာစစ်ဆီ ဦးတည်နိုင်သလား

ဒီကနေ့ ကမ္ဘာမြေပြင်ပေါ်မှ ဖြစ်ပွားနေတဲ့ စစ်ရေး နိုင်ငံရေး အဖြစ်အပျက်တွေထဲမှာ နိုင်ငံတကာက ပြည်သူတွေ စိုးရိမ်ကြောင့်ကြ အဖြစ်ရဆုံး ပြဿနာကို ပြောပါဆိုရင် ဦးစွာပထမ ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခကို ပြေးမြင်ကြလိမ့် မယ်ထင်တယ်။ ဘာကြောင့်လဲ။  ရုရှားဟာ ယူကရိန်းကျူးကျော်စစ်ပွဲ ဆက်လက်ဆင်နွှဲနေရင်း တခြား ဥရောပနိုင်ငံ တစ်ခုခု အပေါ် ဒုတိယ စစ်မျက်နှာ ဖွင့်လာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ဂါဒီယန်သတင်းစာနဲ့  တွေ့ဆုံစဉ်မှာ သတိပေး လိုက်တာကို သတိပြုမိလို့ ဖြစ်ပါတယ်။ ပူတင်ရဲ့ ‘ကရင်မလင်အစိုးရ’ ဟာ လက်ရှိအခြေအနေမှာ ဥရောပကို မထိတထိ သွေးတိုးစမ်းတဲ့ စစ်ကစားမှုမျိုး ဆင်နွှဲနေတယ်။ နေတိုးအုပ်စုရဲ့ ကန့်သတ်ထားတဲ့ မျဉ်းနီဇုန်ကို ရုရှားက အကဲစမ်းမှုတွေ ဆက်ပြီး လုပ်နေလိမ့်ဦးမယ် လို့ ဇလန်းစကီးက […]

ယူကရိန်း-ရုရှားစစ်ပွဲ ပြဿနာ တတိယကမ္ဘာစစ်ဆီ ဦးတည်နိုင်သလား Read More »

စစ်ပြင်နေရတဲ့ ဥရောပ

ဥရောပသမဂ္ဂရဲ့ ရုံးစိုက်ရာ မြို့လည်းဖြစ်တဲ့ အပြင်နေတိုး (NATO) ခေါ်  မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ရဲ့ တည်ရှိတဲ့အပြင်  နိုင်ငံတကာ မြို့တော်တစ်ခုဖြစ်တဲ့ ဘရပ်ဆဲလ်မြို့ရဲ့ အမည်စာလုံးတွေကို  လက်နှိပ်စက်ရိုက်မယ်ဆိုရင်တောင်  မျက်စိနောက်စရာ ကောင်းသလို  စစ်ပွဲဆင်နွှဲတော့မယ့် ပြင်ဆင်နေတဲ့ မြို့တစ်မြို့သဖွယ်လည်း ခံစားရပါတယ်။ စက်တင်ဘာ (၁၀) ရက်နေ့က  ပြည်ထောင်စု  အခြေအနေပြ မိန့်ခွန်း တစ်ရပ်ကို  ပြောခဲ့ရာမှာတော့  ဥရောပသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့နဲ့  အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင် (European  Commission) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ  အာဆူလာ ဘွန် ဒါလေယန်က ဥရောပဟာ စစ်ပွဲ ဆင်နွှဲနေရပြီလို့  ပြောခဲ့ပါတယ်။ အင်အားအပေါ် အခြေခံတဲ့  ကမ္ဘာကြီးရဲ့ ပုံစံအသစ် တစ်ခုအတွက် စစ်ကြောင်းတွေကို ယခုပဲ ရေးဆွဲ ပြီးခဲ့ပါပြီလို့ ပြောခဲ့တယ်။

စစ်ပြင်နေရတဲ့ ဥရောပ Read More »

ထရမ့်၊ ပူတင်၊ ဇလန်းစကီး တို့နဲ့ တိုမာဟော့ခ် ဒုံးကျည်ဗျူဟာ ဘယ်လဲ ဘာလဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဗိုလ်လုပ်ဖို့ ကြံစည် နေတယ်။ လက်ရှိအခြေအနေမှာ ယူကရိန်းစစ်ပွဲကြောင့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်နေတဲ့ ရုရှားသမ္မတ ပူတင် ကို နယ်ရုပ်တစ်ရုပ်အဖြစ် ကစားဖို့ ထရမ့်က ဗျူဟာခင်းနေတာတွေ့ရတယ်။ ယူကရိန်းသမ္မတ ဇလန်းစကီး ကတော့ နိုင်ငံအရွယ် ပမာဏနဲ့ စစ်အင်အားအရ ရုရှားကို မယှဉ်နိုင်ဘူးလို့ ထင်ရပေမယ့် အမေရိကန်နဲ့ နေတိုးမဟာမိတ်တို့ဆီက လက်နက်တွေရရှိအောင်ကြံဖန်နိုင်တာကြောင့် စစ်ပွဲအနေအထားက သရေပွဲ ဖြစ်နေတာတွေ့ရတယ်။ ဒါကြောင့် စစ်ပွဲချိန်ခွင်လျှာ အပြောင်းအလဲဖြစ်စေဖို့အတွက် အမေရိကန်ဆီက မဟာဗျူဟာ လက်နက်တွေရရှိနိုင်ရေး ကြိုးပမ်းနေရတာ တွေ့ရတယ်။ ဒါကြောင့် ယူကရိန်းက တိုမာဟော့ခ်ဒုံးကျည်တွေ လိုချင်တဲ့ အကြောင်းဖြစ်လာတယ်။ ၂၀၂၂ ခုနှစ် ရုရှားရဲ့ အလုံးစုံ ကျူးကျော်စစ် စတင်ကတည်းက တာဝေးပစ်ဒုံးကျည်တွေ ရရှိရေးအတွက် ယူကရိန်းက

ထရမ့်၊ ပူတင်၊ ဇလန်းစကီး တို့နဲ့ တိုမာဟော့ခ် ဒုံးကျည်ဗျူဟာ ဘယ်လဲ ဘာလဲ Read More »

ယူကရိန်းမှာ စစ်ပွဲကြီးပြီးဆုံးသွားခဲ့ရင်

မကြာသေးမီက ကီယဗ် မြို့မှာကျင်းပခဲ့တဲ့ ကွန်ဖရင့်တစ်ခုမှာ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံရဲ့ အထူး သံတမန် ကိသ် ကယ်လော့က “ကျွန်တော်တို့ဟာ နိဂုံးအဆုံးကို ရောက်ရှိဖို့အတွက် ထူးထူးခြားခြားကို နီးကပ်နေပြီ”လို့ ပြောဆိုခဲ့တယ်။ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဒွန်းဘတ်စ် ဒေသကို လုံးဝ စိုးမိုးနိုင်ရေး အတွက် စစ်ဆင်နွှဲနေပါပြီ။ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးဟာ စစ်ရေးနည်းလမ်းတွေနဲ့သာ ရရှိနိုင်မယ့် အကန့်အသတ်တွေ ဆီကို ချဥ်းကပ်လျက် ရှိနေကြပါတယ်။ သို့ပေမဲ့ နိုင်ငံ အသီးသီးမှ ပြည်သူတွေအကြား စစ်ပွဲကို ဆက်တိုက်လိုတဲ့ စိတ်ဆန္ဒကကိုတော့ အနည်းအကျဥ်းသာ ပြသလျက်ရှိတယ်။ စစ်ပြေး အရေအတွက်လည်း မြင့်မားနေတယ်။ Russia Field အဖွဲ့ရဲ့ လူထုဆန္ဒသဘောထား စစ်တမ်း ကောက်ယူရာမှာ ရုရှားနိုင်ငံသားတွေရဲ့ ၅၈

ယူကရိန်းမှာ စစ်ပွဲကြီးပြီးဆုံးသွားခဲ့ရင် Read More »

ဗြိတိသျှ နိုင်ငံရေး ဗဟိုချက်မ ပြိုကွဲ ပျက်စီးနေပြီလား

ဆာကီယားစတာမာ ဗြိတိန်ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလတုန်းက လေဘာပါတီ ဝန်ကြီးတွေက မိမိတို့ရဲ့ အစိုးရဟာ ဗြိတိန်နိုင်ငံမှာ လူထုအကျိုးစီးပွားကို လုပ်ဆောင်တဲ့ နောက်ဆုံးမြင်တွေ့ရမယ့် အစိုးရပဲ ဖြစ်တယ်လို့ သတိပေး ပြောဆိုခဲ့ကြတယ်။ ကြိုတင် သတိပေးထားတာထက် စောပြီး နိုင်ငံရေး ဗဟိုချက်မဟာ လျင်မြန်စွာပဲ ပြောင်းလဲကာ ဟာကွက်တွေ စတွေ့လာကြပါတယ်။ ယခုအခါမှာတော့ မဲဆန္ဒရှင် ငါးဦးမှာ တစ်ဦးလောက်ပဲ အစိုးရကို ထောက်ခံကြပါတော့တယ်။ ဆာ ကီယားရဲ့ ဝန်ကြီးချုပ် ရာထူးအပေါ် ထောက်ခံမှုဟာ ကြောက်မက်ဖွယ်ရာ ကောင်းလောက် အောင် လျော့ကျလာပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့တုန်းက သူ့ရဲ့လက်ထောက် အန်ဂျီလာရေနာဟာ အခွန်တိမ်းရှောင် မှုကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ရပြီး နောက်ပိုင်း သူ့အစိုးရအဖွဲ့ကို ကြီးမားတဲ့ အပြောင်းအလဲတွေ

ဗြိတိသျှ နိုင်ငံရေး ဗဟိုချက်မ ပြိုကွဲ ပျက်စီးနေပြီလား Read More »

ဥရောပမှ ထရမ့်ဆန့်ကျင်ရေး ခေါင်းဆောင်

ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အာခံနေကြသူ ရှိပါလား။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချေ့စ် (Pedro Sanchez) အဖို့ သမ္မတ ထရမ့်ကို အဖော်မဲ့ တစ်ကိုယ်တော် ဆန့်ကျင် အာခံနေရသလို ဖြစ်နေတာ လို့ သုံးသပ်ရပေမည်။ စပိန်ဝန်ကြီးချုပ် ဆန်းချေ့စ် အထီးကျန် ဖြစ်နေပုံကို သဘောပေါက်ချင်လျှင် ဒါကိုပဲကြည့်။ ဩဂုတ်လ ၁၈ ရက်နေ့တွင် သမ္မတ အိမ်ဖြူတော်၌ ပြုလုပ်သည့် ယူကရိန်းဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ဝန်ကြီးချုပ် ဆန်းချေ့စ်ကို မဖိတ်ဘဲ ချန်လှပ် ထားခဲ့သည်။ မက်ဒရစ်မြို့တော်မှ စပိန်အစိုးရ နိုင်ငံခြားရေး မူဝါဒချမှတ်သူများအတွက် မျက်နှာမလှ အရှက်ရစရာ ဖြစ်ရသည်က ထိုနေ့မှာပင် ဖင်လန်နိုင်ငံ သမ္မတကို ယူကရိန်း အစည်းအဝေးသို့ တက်ရောက်ရန် အိမ်ဖြူတော်က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။

ဥရောပမှ ထရမ့်ဆန့်ကျင်ရေး ခေါင်းဆောင် Read More »

သမ္မတ ပူတင်နဲ့ ရုရှားနိုင်ငံရဲ့ အနောက်အုပ်စု ဖြိုခွဲရေး ဗျူဟာ

ဗလာဒီမာ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် တစ်ရက် ဖြစ်တဲ့ သြဂုတ်လ ၁၆ ရက်မှာ ရုရှားနိုင်ငံရဲ့ ကဏ္ဍအသီးသီးမှ ထိပ်တန်း တာဝန်ရှိသူတွေကို ကရင်မလင် နန်းတော်ရှိ စိန့်ကက်သရင်း ခန်းမကို ဖိတ်ခေါ်ခဲ့ပါတယ်။ စိန့်ကက်သရင်း ခန်းမဆိုတာ ကတော့ ဇာဘုရင် ခေတ်ကာလတွေတုန်းက ရုရှားအင်ပါယာကြီးရဲ့ ဝင့်ထည်တဲ့ ဘုန်းဂုဏ်ရောင်ကို ပြစားဖို့ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံကြီးပါ။ မစ္စတာပူတင်ဟာ အတိတ်ကာလတုန်းက လက်နက်နိုင်ငံ အင်ပါယာရှင် ဇာဘုရင်တွေ တည်ဆောက်ခဲ့တဲ့ ထိုခန်းမမှာ အမေရိကန်ပြည်ထောင်စု အလာစကာ ပြည်နယ်ကို သူခရီးဆန့်ခဲ့စဥ်အတွင်းမှာ သူရယူနိုင်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ရှင်းပြခဲ့တယ်။ မစ္စတာပူတင်ဟာ အခမ်းအနား စတင်စမှာတော့ မစ္စတာထရမ့်ရဲ့ ရိုးသား ဖြောင့်မတ်မှုနဲ့ စစ်ပွဲ ပြီးဆုံးဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေကို ရှင်းပြခဲ့တယ်။ ထိုတွေ့ဆုံမှုက

သမ္မတ ပူတင်နဲ့ ရုရှားနိုင်ငံရဲ့ အနောက်အုပ်စု ဖြိုခွဲရေး ဗျူဟာ Read More »

စစ်တပ်မရှိတဲ့ အိုက်စလန်နိုင်ငံ

သမ္မတ ထရမ့် ခေတ်မှာ သူ့နိုင်ငံရဲ့ကာကွယ်‌ရေးကို ပြောင်းလဲဖို့ ပြန်စဉ်းစားရမယ့်အိုက်စလန် မီးတောင်ချော် လယ်ကွင်းတွေနဲ့  ဖယော့လို့ ခေါ်တဲ့ ချောက်ကမ်းပါးနှစ်ခုကြားက ပင်လယ်ရေဝင်ပေါက်၊ တစ်နည်း ဆိုရရင် ပင်လယ်ကျဉ်း တွေမှာ တစ်နေရာကနေ တစ်နေရာ အင်မတန်ကို လျင်မြန်စွာနဲ့ ရွေ့ရှား သွားလာနေကြရတဲ့ အိုက်စလန် နိုင်ငံရဲ့  ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ စွမ်းရည်ပြပြီး ရဟတ်ယာဉ် မောင်းသမားကို ချပေးနေတယ်။ အိုက်စလန် နိုင်ငံမှာ စစ်တပ်အစား မှီခို အားထားနေရတဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဟာ ထိန်းကျောင်းရခက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေ ကိုကယ်ဆယ်‌ရေး သာမက ပင်လယ်ရေအောက်က ကေဘယ်ကြိုးတွေကို အဖျက်အမှောင့်တွေ ဘေးကနေ ကာကွယ် ပေးရတာမျိုး အထိ အစစ အရာရာ ဆောင်ရွက်ပေးရပါတယ်။ အခုတော့ သူတို့တွေဟာ ဝန်နဲ့ အားမျှအောင်

စစ်တပ်မရှိတဲ့ အိုက်စလန်နိုင်ငံ Read More »

အကျင့်ပျက် ခြစားခြင်းကို သုံးသပ်ခြင်း

လွန်ခဲ့တဲ့လက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး ဟာ အငြင်းပွားဖွယ်ရာ ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေအရ အမျိုးသား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဗျူရိုနဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အထူးအဖွဲ့ စတဲ့ အရေးပါတဲ့ ဌာန နှစ်ခုကို အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို သွတ်သွင်းလိုက်ပါတယ်။ အဆိုပါ အဖွဲ့အစည်းများကို ၂၀၁၃-၁၄ တော်လှန်ရေးကာလအတွင်း အနောက်နိုင်ငံများရဲ့ တိုက်တွန်းမှုနဲ့ ဖွဲ့စည်း ထားတာပါ။ ဒီ ဥပဒေပြဋ္ဌာန်းပြီးနောက် ထောင်နဲ့ချီတဲ့ ယူကရိန်းပြည်သူများဟာ မြို့တော် “ကိယက်ဖ်” နဲ့ အခြား မြို့ကြီး တချို့မှာ လမ်းမများပေါ် ထွက်လာကြပြီး “လာဘ်စားမှုဟာ လူတွေကို သတ်ပစ် နိုင်တယ်“၊ “ယူကရိန်းဟာ ရုရှားမဟုတ်” စတဲ့ ကြွေးကြော်သံများ

အကျင့်ပျက် ခြစားခြင်းကို သုံးသပ်ခြင်း Read More »

ဗလာဒီမာ ပူတင်၊ ယူကရိန်းစစ်ပွဲ နဲ့ နောက်ကွယ်က နိုင်ငံရေးလှိုင်းဂယက်များ

ရုရှားအစိုးရ ဝန်ကြီးတစ်ဦးအပါအဝင် အရာရှိကြီးများ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ တသီတတန်း ဖြစ်နေတာ ဘာကြောင့်လဲ? မျက်မှောက်ခေတ် ရုရှားနိုင်ငံ အကြောင်း ပြောကြတဲ့အခါ ‘ဗလာဒီမာ ပူတင်’အကြောင်းနဲ့ ယူကရိန်း စစ်ပွဲအကြောင်းက ထိပ်ဆုံးကပါလာမှာဖြစ်တယ်။ ရုရှား သမ္မတ ‘ပူတင်’ဟာ လက်ရှိသမိုင်းမှာ နာမည် ဆိုးနဲ့ကျော်ကြားနေသူဖြစ်တယ်။ သူ့ရဲ့ ရက်စက် ကြမ်းကြုတ်မှုနဲ့ အာဏာမက်မောမှုတွေကို မြင်ကြရတဲ့ အခါ ဆိုဗီယက်ခေတ် အာဏာရှင် ‘စတာလင်’ ကိုလည်း သတိရစရာဖြစ်တယ်။ ၁၉၃၄ ကစပြီး အာဏာရှင်ဖြစ်လာတဲ့ ‘စတာလင်’ဟာ နိုင်ငံရေးအရ မရှိသင့်ဘူးလို့ သူထင်တဲ့လူတွေကို  ပိုက်စိပ်တိုက် ရှာဖွေပြီး လုပ်ကြံသတ်ဖြတ်ဖယ်ရှားခဲ့တယ်လို့ ဆိုတယ်။ စတာလင်ရဲ့ အကြံပေး ပုဂ္ဂိုလ် ကွန်မြူနစ်အရာရှိကြီး ‘ဆာဂီ ကိရော့ဗ်’ (Sergi Kirov)ဟာ  ၁၉၃၄ ဒီဇင်ဘာ

ဗလာဒီမာ ပူတင်၊ ယူကရိန်းစစ်ပွဲ နဲ့ နောက်ကွယ်က နိုင်ငံရေးလှိုင်းဂယက်များ Read More »