The Corner

The Corner

cropped-Logo_round_grey-background.png

စီးပွားရေး

ဖောင်းပွလာတဲ့ အိတ်ချ်အာ

အိတ်ချ်အာ ဌာနကို အေအိုင်က ထိန်းချုပ်နိုင်မလား အိတ်ချ်အာ ဆိုတာ အင်္ဂလိပ်စကား Human Resources – ဝန်ထမ်းရေးရာ လို့ခေါ်ကြတဲ့ ဌာနကို အတိုကောက် – HR ကို ဆိုလိုပါတယ်။ HR လို့အစဥ်အဆက် ခေါ်လာနေရာကနေ အခုနောက်ပိုင်းတော့ people management လို့လည်း ခေါ်ရဲ့ အချို့ နေရာ ဌာနတွေမှာ people and culture လို့လည်း ခေါ်ကြပြန်ပါတယ်။ ဒါက အရေး မကြီးပါဘူး သုံးသပ်ချက်များအရ လုပ်ငန်းကြီးကြီး တွေမှာ အိတ်ချ်အာ ဌာနက တဖြည်းဖြည်းနဲ့ ဖောင်းပွကြီးထွားလာပါတယ်တဲ့။ ဒီလိုဖြစ်လာတာဟာ သူတို့ လုပ်ငန်း ကဏ္ဍတွေ ကလည်း ရှုပ်ထွေးလာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်နိုင်ငံက […]

ဖောင်းပွလာတဲ့ အိတ်ချ်အာ Read More »

ကုန်သွယ်ရေးစစ် အတွန်းအတိုက်များ ကြားထဲက အက်ကြောင်းများ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ပင်တို့ နှစ်ယောက်စလုံးဟာ သူတို့ ထင်သလောက် အင်အားမရှိကြပါဘူး။ လျှပ်စစ်ကား (EV) တစ်စီးအတွက် လစ်သီယမ် အိုင်းယွန်း ဘက်ထရီတစ်ခု လုပ်ရတာဟာ ကိတ်မုန့်တစ်လုံး ဖုတ်ရ သလိုပါပဲ။ ပထမ အိုင်းယွန်းဓာတ် ကြွယ်ဝတဲ့ သတ္တုမှုန့်တွေကို အနှစ်ရည်မှာ ရောမွှေဖျော်ပြီးတော့ အနှစ်ရည်ကို သတ္တုပြားပေါ်မှာ ညီညီညာညာ လောင်းချ၊ ပြီးရင် သတ္တုပြားကို မုန့်ဖုတ်သလို မီးဖိုထဲထည့်ပြီး ရေတွေကုန်သွားအောင် အခြောက်ခံ အပူပေး၊ အဲဒီနောက် ရလာတဲ့ ဘက်ထရီချပ်ပြားတွေကို စနစ်တကျ စီရရီ တင်ထားရုံပါပဲ။ အခြေခံ ဓာတုဗေဒ ဖြစ်စဉ်သဘောမို့ ဘာမှ မခက်လှပါဘူး။ ဒါပေမဲ့ အကောင်းဆုံး ဘက်ထရီ ထုတ်လုပ်သူတွေဟာ အတော်ဆုံး မုန့်ဖုတ်သမားတွေလိုပဲ။ မုန့်ဖိုထဲမှာ

ကုန်သွယ်ရေးစစ် အတွန်းအတိုက်များ ကြားထဲက အက်ကြောင်းများ Read More »

မားဒေါ့ မိသားစုအမွေ ဆက်ခံသူ

အနှစ်သုံးဆယ်လောက်ကြာတဲ့ အလုပ်အင်တာဗျူး စာရှုသူ ကြားဖူးပါသလား။ တကယ့်အပြင်ဘက်က အနှစ် ၃၀ ကြာခဲ့တဲ့ လူရွေးပွဲ ကြီးက အခုတော့ ပြီးဆုံးသွားပါပြီ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့ အငြင်းပွားမှုတစ်ခု ပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့ တယ်လီဗီးရှင်းနဲ့ သတင်းစာလုပ်ငန်း များစွာကို အင်ပါယာကြီးရဲ့ ပိုင်ရှင် ယခုအသက် ၉၄ နှစ်ရွယ် သူဋ္ဌေးကြီး ရူးပတ်မားဒေါ့ မရှိတော့တဲ့အခါ အမွေဆက်ခံသူ ဘယ်သူဖြစ်မလဲဆိုတာ စက်တင်ဘာလ ၈ ရက်နေ့က မားဒေါ့မိသားစုက ကြေညာ သွားခဲ့ပါတယ်။ ဒီလို အကြာကြီး ရှုပ်ထွေးပွေလီတဲ့ ကိစ္စကြီး ပြီးသွားတဲ့အခါ ထွက်ပေါ်လာတဲ့ အမွေဆက်ခံသူက မားဒေါ့ရဲ့ သားသမီးခြောက်ယောက်အထဲက တတိယအကြီးဆုံးဖြစ်သူ လက်ကလဲန် မားဒေါ့ပဲဖြစ်ပါတယ်။ လက်ကလဲန်ဟာ ဒေါ်လာ ၄၂ ဘီလီယံ တန်ဖိုးရှိတဲ့ ဖောက်စ် နဲ့ နယူးစ်ကော့စ်

မားဒေါ့ မိသားစုအမွေ ဆက်ခံသူ Read More »

HR = Human + Robot

၂၀၁၆ ခုနှစ်လောက်မှာ ဆီလီကွန် မိန်းမအရုပ်တွေ ကြော်ငြာအားကောင်းလာချိန် တစ်ယောက်က Facebook မှာ ဒီလို ရေးပါတယ်။ “အယုတ်မတွေကို အရုပ်မတွေနဲ့ အစားထိုးကြစို့” တဲ့။ ကိုယ့်အပေါ် မကောင်းတဲ့မိန်းမနဲ့ ပေါင်းမယ့်အစား ဆီလီကွန်အရုပ် ဝယ်သုံးရင်လည်း ကိုယ်လိုချင်တာ ရတာပါပဲ လို့ဆိုလိုပုံပါ။ နိုင်ငံရဲ့ စီမံကိန်းကိစ္စတွေမှာ အကျင့်ပျက်ခြစားမှုတွေ မရှိအောင် စီမံခန့်ခွဲဖို့ AI အမျိုးသမီးစက်ရုပ်ကို ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ စက်တင်ဘာ ၁၁ ရက်နေ့က အယ်ဘေးနီးယား ဝန်ကြီးချုပ်က ကြေညာပါတယ်။  ဘာသာရေးမှာလည်း AI စက်ရုပ်ကို တရားတော်တွေ program နဲ့ သွင်းပေးထားလိုက်ရင် လူပုထုဇဉ် ရဟန်းတော်များလို  လောဘ၊ ဒေါသ၊ မောဟ မရှိတဲ့အတွက် သိက္ခာပုဒ်တွေ ချိုးဖောက်မှာ မစိုးရိမ်ရတော့ဘူးလို့ တချို့က ပြောဆိုလာ

HR = Human + Robot Read More »

ရှောင်မီ ငွေကြေး

တရုတ်နိုင်ငံက စမတ်ဖုန်း ချန်ပီယံဟာ ကမ္ဘာ့ အထင်ကရ ကားထုတ်လုပ်သူ ဖြစ်လာတော့မယ် တရုတ် နည်းပညာကုမ္ပဏီကြီးရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ လီဂျန်ဟာ ရှောင်မီကုမ္ပဏီကို ၂၀၁၀ ခုနှစ်က စပြီး ဖက်စပ် တည်ထောင်ခဲ့ သူပါ။ ရှောင်မီကို တည်ထောင်ချိန်ကစလို့ စွမ်းဆောင်ချက်တွေ တစ်ခုပြီးတစ်ခု လုပ်နိုင်ခဲ့ပြီး ကုမ္ပဏီကို ထိပ်တန်းရောက်အောင် ပို့ဆောင် နိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တစ်ခုကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က စမတ်ဖုန်း ၂ ဒသမ ၁သန်းကို ၂၄ နာရီအတွင်း ရောင်းချနိုင်ခဲ့လို့ ဂင်းနစ် စံချိန် တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူက စျေးပေါပေါဖုန်းတွေ စျေးကွက်ထဲ စက်နဲ့ လှည့်ထုတ်သလို ထုတ်နေရုံပဲ မဟုတ်တော့ပါ။ ဇွန်လက ရှောင်မီက သူရဲ့

ရှောင်မီ ငွေကြေး Read More »

အမေရိကန်-တရုတ် မြေရှားသတ္တုရရှိရေး အပြိုင်ကြိုးပမ်းမှုမှာ ရှေ့တန်းရောက်လာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ

တခါတုန်းက တရုတ်သမ္မတ တိန်ရှောက်ဖိန်က ဒီလိုပြောခဲ့ဖူးတယ်။ “အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရေနံ ရှိတယ်။ တရုတ်က မြေရှားသတ္တုရှိတယ်“ တိန်ရှောက်ဖိန်ရဲ့စကားက တကယ်မှန်ပါတယ်။ ဒီနေ့အချိန်မှာ ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်ရေး တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တရုတ်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ အပေါ်စီးက စကားပြောနိုင်ခဲ့ပြီ။ တရုတ်ဟာ ကမ္ဘာ့မြေရှားသတ္တုထုတ်လုပ်ရေးရဲ့ ၆၀ ရာခိုင်နှုန်း၊ မြေရှားသတ္တုသန့်စင်ရေး ၈၅ ရာခိုင်နှုန်း နဲ့ အမြဲတမ်းသံလိုက်ပစ္စည်း (Permanent magnet) ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်။ အမြဲတမ်းသံလိုက်ပစ္စည်းတွေကို လျှပ်စစ်ကားတွေ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ၊ လေရဟတ်တာဘိုင်တွေမှာ အသုံးပြုကြတယ်။ ဒီလိုအခြေအနေကြောင့် အမေရိကန် နဲ့ အနောက်နိုင်ငံတွေဟာ တရုတ်ရဲ့နောက်မှာ ကျန်နေခဲ့ပြီး ခုကျမှ မြေရှား သတ္တုကို တရုတ်ဆီက မဝယ်ယူဘဲ အခြားနေရာက ရရှိဖို့ နည်းလမ်းပေါင်းစုံနဲ့

အမေရိကန်-တရုတ် မြေရှားသတ္တုရရှိရေး အပြိုင်ကြိုးပမ်းမှုမှာ ရှေ့တန်းရောက်လာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ Read More »

တရုတ်ပြည်လုပ် အမှတ်တံဆိပ်များနှင့် အမွေးပွရုပ်များရဲ့ ပါဝါ

အနောက်နိုင်ငံသား တစ်ယောက်ကို တရုတ်နိုင်ငံက နာမည်ကြီး လူသုံးကုန် အမှတ်တံဆိပ်တစ်ခု ကို ပြောပါလို့ မေးကြည့်ရင် ဘာပြန်ဖြေရမှန်း သိမယ်မထင်ပါဘူး။ ဒါဟာ သိပ်မကြာသေးခင် ကာလတစ်ခု အထိပေါ့။ အခုတော့ မဟုတ်တော့ဘူး ထင်ပါတယ်။ တရုတ်နိုင်ငံက ထွက်ပေါ်လာတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေ များလာနေပါပြီ။ စတော့ဟုမ်း၊ ဆစ်ဒနီ စတဲ့ မြို့ကြီးတွေမှာ စက်သံ ညက်ညက်၊ ‘ဝှစ်’ ‘ဝှစ်’ နဲ့ ဖြတ်သန်း သွားလာနေကြတဲ့ လျှပ်စစ်ကားတွေကို ကြည့်လိုက်ရင် တရုတ်ထုတ်ကား များသည်ထက် များလာ နေပါပြီ။ ဟိုးအရင်တုန်းက တရုတ်လုပ်ငန်းရှင်များဟာ အနောက်နိုင်ငံထုတ် ပစ္စည်းများကို ဆင်တူယိုးမှား တုပ ထုတ်လုပ်တဲ့ နည်းလမ်း ကနေ အခုဆိုရင် ဉာဏပစ္စည်း ပိုင်ဆိုင်မှု မူပိုင်ခွင့်တွေကို အရင်းအနှီးပြုပြီး ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့

တရုတ်ပြည်လုပ် အမှတ်တံဆိပ်များနှင့် အမွေးပွရုပ်များရဲ့ ပါဝါ Read More »

ကမ္ဘာကျော် အိုးပင်းအေအိုင်   အမြတ်အစွန်းအတွက် ရုန်းကန်နေရဆဲလား 

ဆမ် အောလ်တ်မန်း ဆိုတဲ့နာမည်ကို မကြားဖူးသူ ရှားပါးသွားလောက်ပါပြီ။ ချက် ဂျီဘီတီ ပေါ်လာပြီး နောက်ပိုင်း သူက ကမ္ဘာကျော် ဆူပါစတားတစ်ယောက် ဖြစ်လာခဲ့တာပေါ့။ သူ့ကုမ္ပဏီ အိုးပင်း အေအိုင် ကလည်း တန်ဖိုးတွေ အများကြီးတက်လာတယ်။ ဒါပေမယ့် ဒီလို ထင်ပေါ်ကျော်ကြားတဲ့ ပုံရိပ်ကြီးရဲ့ နောက်ကွယ်မှာ အိုးပင်း အေအိုင် အနေနဲ့ ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင် နေရလဲ ဆိုတာကို ဒီဆောင်းပါးမှာ ပြောပြသွားပါမယ်။ ဆမ် အောလ်တ်မန်း ဘာလို့ နာမည်ကြီးရတာလဲ မကြာသေးခင်ကမှ ဆမ် အောလ်တ်မန်း ရဲ့ နာမည် ကမ္ဘာအနှံ့ ပြန့်နေတာ သတိထားမိကြတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ သူ့ရဲ့ကုမ္ပဏီ အိုးပင်း အေအိုင် ကနေ ချက် ဂျီဘီတီ ကို မိတ်ဆက် လိုက်ပြီးတဲ့ နောက်ပိုင်း ဆမ် အောလ်တ်မန်း ဆိုတဲ့ ဒီလူဟာ ကမ္ဘာကျော် စီးပွားရေးနယ်ပယ်ရဲ့ ဆူပါစတား တစ်ယောက် ဖြစ်လာခဲ့တာပေါ့။ သူ့ကို ဘယ်သူတွေက သဘောကျကြလဲ

ကမ္ဘာကျော် အိုးပင်းအေအိုင်   အမြတ်အစွန်းအတွက် ရုန်းကန်နေရဆဲလား  Read More »

တရုတ်ပြည်ကနေ အက်ပဲလ် ထွက်ခွာသွားမှာလား – ဖြိုးဝင်းကိုကို

ဒီနေ့ အမေရိကန်နိုင်ငံမှာ iPhone 16 Pro Max လက်လီရောင်းစျေးက ဒေါ်လာ တစ်ထောင့် နှစ်ရာ ပတ်ဝန်းကျင် ရှိပါလိမ့်မည်။ သမ္မတ ထရမ့်၏ သွင်းကုန်အသစ် များ အသက်ဝင်လာမည့် အချိန် ရောက်လာ မည့်အခါ ထိုဖုန်း ကို သုံးစွဲသူများက ဒေါ်လာ နှစ်ထောင့်သုံးရာ နီးပါး ဖြင့် ဝယ်ရမည်ဖြစ်ပြီး အဆိုပါ ဖုန်းတစ်လုံး ကို အမေရိကန် နိုင်ငံတွင် အစ-အဆုံး ထုတ်လုပ်မည်ဆိုပါက ဒေါ်လာ သုံးထောင့် ငါးရာ ရောင်းစျေး ဖြစ်လာ နိုင်ခြေ ရှိမည်ဟု ဆန်းစစ်သူများက သုံးသပ်ကြသည်။ ကုန်သွယ်ရေး စစ်ပွဲကြောင့် ယခင်က ဘာသိဘာသာ နေခဲ့သော ကိစ္စတစ်ရပ်သည် ယခုအခါ အမေရိကန် ကုန်ပစ္စည်းများ၊ ကုန်အမှတ်တံဆိပ်များ၏ ထောက်ပံ့ရေး

တရုတ်ပြည်ကနေ အက်ပဲလ် ထွက်ခွာသွားမှာလား – ဖြိုးဝင်းကိုကို Read More »

အမေရိကန် သွင်းကုန်ခွန် အသစ်နဲ့ မြန်မာ ပို့ကုန်များ – မောင်လူထွန်း

အမေရိကန် သမ္မတသစ် ဒေါ်နယ် ထရမ့်က သူသမ္မတ မဲဆွယ်ပွဲတွေတုန်း ကတည်းက ကြုံးဝါးနေတဲ့ အမေရိကန် နိုင်ငံကို ပစ္စည်းတွေ တင်သွင်းနေတဲ့ နိုင်ငံတွေက သွင်းကုန်တွေကို အတွက် အခွန်နှုန်းက နည်းခဲ့တာကို အပြစ်ပေးတဲ့အနေနဲ့ နိုင်ငံတွေအပေါ် သွင်းကုန်ခွန်တွေ တိုးမြှင့်လိုက်တဲ့ အမိန့်ကို ဧပြီလ (၂) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အားလုံးအပေါ်မှာ လက်ရှိ ကောက်နေတာထက် အနည်းဆုံး ၁၀ ရာခိုင်နှုန်း တိုးကောက်ပြီး နိုင်ငံပေါင်း ၅၉ နိုင်ငံအပေါ် နိုင်ငံအလိုက် တိုးမြှင့်လိုက်တဲ့ နှုန်း အတိအကျ နဲ့ ထုတ်ပြန်တာပါ။ ဒီလို တိုးမြှင့် ကောက်ခံမှုဟာ ဧပြီလ (၉) ရက်နေ့ကစပြီး အသက်ဝင်မယ် လို့လည်း ဆိုခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ပြီး သိပ်မကြာခင် ဧပြီလ

အမေရိကန် သွင်းကုန်ခွန် အသစ်နဲ့ မြန်မာ ပို့ကုန်များ – မောင်လူထွန်း Read More »