တရုတ်ပို့ကုန်များကြောင့် ထိခိုက်လာရသည့် လက်တင်အမေရိကနိုင်ငံများ၏ စီးပွားရေး
အမေရိကန်ပြည်ထောင်စုရဲ့ သွင်းကုန်ခွန်တွေကြောင့် စီးပွားရေးထိခိုက်လာတဲ့ တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ ဈေးပေါလှတဲ့ ပို့ကုန်တွေနဲ့ လက်တင်အမေရိကဈေးကွက်ကို လွှမ်းမိုးထားခဲ့တာမို့ အဲဒီနိုင်ငံတွေက ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းတွေဟာ အခက်အခဲတွေကြုံကာ ညှစ်သတ်လိုက်သလို ဖြစ်ခဲ့ရတာမို့ တရုတ်ရဲ့ လွှမ်းမိုးမှုကို တွန်းလှန်ဖို့ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးဖို့ တွက်ဆလာရတယ်။ တရုတ်နိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဟာ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ရဲ့ သွင်းကုန်ခွန်တိုးမြှင့်တာနဲ့ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ကာမိအောင် ဆောင်ရွက်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံက လက်တင်အမေရိကနိုင်ငံတွေရဲ့ ဈေးကွက်ကို ဈေးပေါတဲ့ သူ့နိုင်ငံထွက် ပို့ကုန်ပစ္စည်းတွေနဲ့ လွှမ်းမိုးထားတယ်။ အထူးသဖြင့်ကတော့ ကားအမျိုးမျိုးနဲ့ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး ပစ္စည်းတွေပဲ ဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ဟာ လက်တင်အမေရိကနိုင်ငံ အတော်များများရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပြီး ဒီနိုင်ငံတွေက ပေါကြွယ်ဝလှတဲ့ […]
တရုတ်ပို့ကုန်များကြောင့် ထိခိုက်လာရသည့် လက်တင်အမေရိကနိုင်ငံများ၏ စီးပွားရေး Read More »





