ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၂)
ပိတ်လိုက်ဆို့လိုက်နဲ့ ရှုပ်နေတဲ့ ကမ္ဘာ ဦးမိုး – တော်ပါသေးရဲ့ဗျာ။ သင်္ကြန်တွင်း ကျွန်တော်တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလေး ဖွင့်ပေး နေလို့။ မဟုတ်ရင် ကျွန်တော်တို့ ဘယ်ဆိုင်မှာသွားထိုင်ပြီး မနက် စောစော ကျွန်တော်တို့ လေပစ်ရမှန်းတောင် မသိတော့ပါဘူးဗျာ။ ဦးတိုး – ဟုတ်ပဗျာ။ သူတို့ကို ကျေးဇူးတင်ပါတယ်ဗျာ။ သူတို့လည်း ပိတ်ရက်အတွင်း ဝင်ငွေလေးရ ကျွန်တော်တို့လည်း အဆင်ပြေ။ သြော်… ဒါနဲ့ ကျွန်တော်တို့ ငယ်စဥ်က အခုလို အခါကြီး ရက်ကြီးဆိုရင် ဆိုင်တွေ နှစ်ရက် သုံးရက် ဆက်တိုက်ပိတ်ကြတော့ စားဖို့ သောက်ဖို့အတွက် တော်တော်ခက်သားဗျ။ ခင်ဗျား မှတ်မိသေးလား။ ဦးမိုး – မှတ်မိပါတယ်။ အိမ်မှာ အမေက သင်္ကြန်တွင်းမတိုင်ခင် အိမ်မှာ စားဖို့သောက်ဖို့ရော၊ လှူဖို့တန်းဖို့တွေကိုပါ […]
ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၂) Read More »









