The Economist magazine ပါ Don’t let AI kill the author ဆောင်းပါးကို မြန်မာဘာသာ ပြန်ဆိုသည်။
The Economist မဂ္ဂဇင်းမှာ အရေးအသားကောင်းခြင်းနဲ့ အသစ်ထွင်ခြင်းများရှိတယ်ဆိုရင် AI ပေါ်မလာခင်အထိ အဲဒီ နှစ်ခုဟာ ဆန့်ကျင်ဘက်တွေ မဟုတ်ကြပါဘူး။ အခုအချိန်မှာတော့ AI အရေးအသားတွေက ဆုတွေဆွတ်ခူးနေကြတဲ့ အပြင် သတင်းစာအယ်ဒီတာအာဘော်ကို ငြင်းချက်ထုတ်တဲ့ ဆောင်းပါးတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ မိန့်ခွန်းတွေအထိ ရောက်လာပါတယ်။ ဗြိတိသျှပါလီမန်မှာ ပြောတဲ့ စကား ၁၀လုံးမှာ တစ်လုံး၊ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ စကား ၇ လုံးမှာ တစ်လုံးက AI ကူညီပြင်ဆင်ပေးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
စာတပုဒ်ဖြစ်လာပြီဆိုရင် ဘယ်စာရေးဆရာမှ ကြားမနေပါ။ သတင်းစာတစ်စောင်က နှစ်ပေါင်း ၂၀ နည်းပညာ တိုးတက်မှုတွေကို အားပေးချီးမြှောက်လာရာကနေ အခုလူ့အစားထိုးအလိုအလျောက်စက် သရဲသဘက်တွေက ကိုယ့်ကို ခြိမ်းခြောက်လာတော့မှ ခေတ်နောက်ပြန်ဆွဲရမယ်ဆို ရူးမိုက်ရာကျရ ပါတော့မယ်။ ကလောင်ကိုင်ခွင့် AI ကို ပေးဖို့ရာ ရေးသူရော ဖတ်သူပါ သတိထားသင့်ပါတယ်။

အချို့သော နေရာတွေမှာ AI ရဲ့ အရေးအသားကို ကြိုဆိုပါတယ်။ ဥပမာ ရှင်းလင်းဖို့လိုတဲ့ Customer service အကြံပြုစာတွေ၊ နည်းပညာ ဝေဖန်ချက်တွေ စသဖြင့်ပါ။ ဒီလိုကိစ္စမျိုးတွေမှာ အရေးကြီးတာ က AI ကို သုံးထားကြောင်း ဖော်ပြဘို့နဲ့ တစ်နေရာတည်းမှာ တူတူ ဖော်ပြထားတဲ့လူနာမည်ဟာ တာဝန်ယူမယ့်သူဖြစ်ကြောင်းပါ။ စာရေးသူများဟာ သုတေသန၊ စာပြင်ခြင်းနဲ့ သင့်တော်တဲ့နေရာမှာ တုံ့ပြန်ဆွေးနွေးခြင်း တွေ ကို AI နဲ့ မလုပ်ဘူးဆိုရင်စာဖတ်သူတွေကို အကျိုးယုတ်စေနိုင်ပါတယ်။
သို့သော်လည်းပဲ အခြား ကဏ္ဍများဖြစ်တဲ့ ၀တ္ထု၊ မိန့်ခွန်းတွေနဲ့ ဆောင်းပါးများအတွက် လူကိုယ်တိုင် မရေးတာက အမှားတစ်ခုပါ။ လောလောဆယ် အကြားရဆုံးညည်းညူသံတွေက AI ရဲ့ ကို့ရိုးကားယား အရေးအသားတွေ အပေါ်မှာပါ။ ဒီညည်းညူသံတွေဆိုတာလည်း မခိုင်မာတဲ့ အခြေခံက လာတာပါ။ တစ်ကြိမ်တစ်ခါတုန်းက ရှေးရိုးစွဲ တွေဟာ လူလုပ်စက်ကိရိယာနဲ့ သိုလှောင်မှုတွေလုပ်တဲ့နေရာမှာ လူတွေရဲ့ ညံ့ဖျင်းတဲ့ အရည်အချင်းကို ညည်းညူ ခဲ့ကြဖူး ပါတယ်။ နောက်တော့ သိုလှောင်မှုတွေ ပိုကောင်းလာပါ တယ်။ အခုလည်း သံသယမရှိပါနဲ့၊ AI ဝါကျတွေ ပိုကောင်း လာမှာပါ။
ဒါကြောင့်မို့လဲ AI အရေးအသားကို ဆန့်ကျင်တာမှန်သမျှ အခြေခံ စဉ်းစားရမှာက စကားလုံးတွေဟာ လှောင်ထားတဲ့ ကုန်တွေမဟုတ်ဘူးဆိုတာပါ။ အဓိပ္ပာယ်တွေ၊ ရည်ရွယ် ချက်တွေကို စာမျက်နှာပေါ်က စာလုံးတွေထက် ကျော်လွန်ပြီး AI ဘယ်လိုယူတာလဲ။ စာပေနဲ့ ဘ၀ရပ်တည်တဲ့ စာရေးဆရာတွေ အဖို့ တောင် စာရေးသားခြင်းက ခက်ခဲပါတယ်။ အဓိကအခက်အခဲက တွေးခေါ်ကြံဆရတာ၊ အတွေးကို စာအဖြစ် ချရေးရတာ ဖြစ်ပါတယ်။ AI တစ်ခုဖြစ်တဲ့ Claude ကို စာစီစာကုံးရေးခိုင်းတဲ့ ကျောင်းသား တွေအတွက် ဆင်ခြင်စဉ်းစားတဲ့ အလေ့ပျောက်သွားမှာပါ။ AI ကို ဆွေးနွေးချက် ပြင်ဆင်ခိုင်းတဲ့ နိုင်ငံရေးသမားတွေဟာ နောက်ဆက်တွဲပြဿနာကို သတိလွတ်သွားနိုင်ပါတယ်။
ကဗျာ ကဏ္ဍကို ကြည့်ပါ။ AI အားမကောင်းခင် လွန်ခဲ့နှစ်အနည်းငယ်က AI ရေး ကဗျာနဲ့ လူသားရေး ကဗျာတို့ ယှဉ်ပြိုင်ရာမှာ လူအများက စက်ကရေးတဲ့ ကာရန်ကို ပိုနှစ်ခြိုက်ကြတာကို သုတေသီများ ကတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကဗျာရဲ့ အနှစ်သာရက လူသားကိုယ်တိုင်ရေးပြီး တခုခုကို တစ်ယောက်ယောက်အတွက် ရည်ရွယ်တာပါ။
AI မသုံးတာတောင်မှ ဖတ်သူကို စိတ်ညစ်ညူးသွားစေတာမျိုး ရှိနိုင်ပါတယ်။ စက်က ရေးတာလို့ သံသယရှိတဲ့ စာလုံးကို မတော်တဆ တွေ့လိုက်ရပြီးတဲ့နောက် ကျန်တဲ့စာတွေကို ဆက် မဖတ်တော့ဘဲ ထားလိုက်တာမျိုးပါ။ အဲလိုမဟုတ်လဲ AI လုပ် အတုတွေ ဖေါချင်း သောချင်း ဖြစ်လာတဲ့အခါ တကယ့် အစစ်ကို မယုံတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သတင်းနည်းပညာနယ်ပယ်ကို ညစ်ညမ်းစေတဲ့ ဒီလိုအ ဖြစ်မျိုးကို စီးပွားရေးပညာရှင်တွေက ပြင်ပသက်ရောက်မှု လို့ခေါ်ကြပါတယ်။
နည်းပညာကတော့ လိုက်နာရမယ့် စည်းကမ်းတွေကို ပြန်ဖန်တီးပေးမှာပါ။ အပြည့်အ၀ လိုက်လုပ်ဖို့တောင် မလွယ်ကူသေးတဲ့ ကြီးမားလှတဲ့ အခွင့်အရေးကြီးကိုလည်း AI က ပေးမှာပါ။ လွပ်လပ်ပွင့်လင်းတဲ့ လူ့အသိုင်းအဝိုင်းက ပြောင်းလဲတိုးတက်မှုကို အညံ့ခံလိုက်တာ မဟုတ်ပဲ လိုက်လျောညီထွေ နေနိုင် အောင် ကြိုးစားလိုက်တာပါ။

အနာဂတ်မှာ စာပေရေးသားတဲ့အခါ လူသားတွေအနေနဲ့ AI ကို ဘယ်လိုသုံးသင့်သလဲဆိုတာကို အတိအကျ လမ်းကြောင်းပြရမယ် ဆိုရင်တော့ ဒါဟာမာန်တက်သလို ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ စာရေးမယ့် ဘယ်သူမဆို ပထမဆုံးစာမူကြမ်းကို ကိုယ်တိုင် စ ရေးသင့်ပါတယ်။ ဒါ ငါရေးတာပေါ့။


