The Corner

The Corner

cropped-Logo_round_grey-background.png

တင်စိန် (ပထဝီဝင်)

တင်စိန် (ပထဝီဝင်)

အီရန်ထိပ်တန်းခေါင်းဆောင်များကိုလုပ်ကြံသတ်ဖြတ်ခြင်းရဲ့ အကျိုးဆက်များ

အီရန်အစိုးရ၏ အလားအလာကို ခန့်မှန်းရ ပိုမိုခက်ခဲလာခြင်း  အီရန်ခေါင်းဆောင်ပိုင်းမှ ဝါရင့်ထိပ်တန်းပုဂ္ဂိုလ်များ တဖြည်းဖြည်း လျော့နည်းလာနေသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှု ပထမညမှာပင် ဗိုလ်ချုပ်ကြီးအတော်များများ၊ ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံ၏ အဓိပတိခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီတို့ အားလုံး သတ်ဖြတ်ခံလိုက်ရသည်။ ယခုရက်သတ္တပတ် အတွင်း၌လည်း အဆိုပါ ကနဦး လေကြောင်းအလုံးအရင်းနှင့် တိုက်ခိုက်ခံရမှု နောက်ပိုင်းတွင် အီရန်နိုင်ငံကို ဦးစီးဦးကိုင်ပြုနေသူဟု ယူဆရသည့် ပုဂ္ဂိုလ်ဖြစ်သော အလီလာရီဂျာနီသည်လည်း အလားတူအခြေအနေမျိုးနှင့် ကြုံတွေ့ရပြီး သေဆုံးခဲ့ရသည်။  ပြည်တွင်းအတိုက်အခံများကို နှိမ်နင်းရာတွင် အသုံးချသည့် လက်နက်ကိုင်တပ်ဖွဲ့ ‘ဘာဆစ်ဂျ်’ (Basij) ကို ဦးဆောင်နေသူ ဗိုလ်ချုပ်ကြီးနှစ်ဦးနှင့် ထောက်လှမ်းရေးဝန်ကြီးဌာန ဝန်ကြီးတို့သည်လည်း ထိုနည်းတူပင် သေဆုံးခဲ့ရသည်။ အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ် (ယခင်အဓိပတိကြီး၏သား) မော့ဂျ်တာဘာ ခါမေနီ သည်လည်း လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ၎င်းအား တာဝန်အပ်နှင်းချိန်မှစ၍ […]

အီရန်ထိပ်တန်းခေါင်းဆောင်များကိုလုပ်ကြံသတ်ဖြတ်ခြင်းရဲ့ အကျိုးဆက်များ Read More »

အသက် ၃၅ နှစ်အရွယ် နီပေါဝန်ကြီးချုပ်သစ်

မဲဆန္ဒရှင်များက ဘာလင်ဒရာရှားကို အစဉ်အလာမရှိသော လုပ်ပိုင်ခွင့်များနှင့် ကြီးမားသည့် အာဏာများကို အပ်နှင်းလိုက်ခဲ့ကြပေသည်။ ဟိမဝန္တာတောင်ခြေက ကျယ်ပြောလှသည့် တောင်ကြားဒေသရှိ ခတ္တမန္ဒူမြို့မှ နီပေါနိုင်ငံ အရှေ့တောင်ပိုင်း မြေနိမ့်ဒေသရှိ ခရိုင်တစ်ခုဖြစ်သော ဂျာပါ (Jhapa) သို့ သွားရသည်မှာ ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းတစ်ခု ဖြစ်သည်။ ရာသီဥတုကောင်းမွန်ပြီး သွားလာရ အဆင်ပြေသည့် နေ့မျိုးမှာတောင် ကီလိုမီတာ ၄၃၀ ခန့် ဝေးသည့် ဤခရီးကို မော်တော်ကားဖြင့် သွားလျှင် ဆယ်နာရီခန့် ကြာအောင် မောင်းနှင်ရသည်။ ရာသီဥတုဆိုးပြီး လမ်းခရီး အဆင်မပြေသည့် နေ့မျိုးဆိုလျှင်တော့ တကယ့်ကို မသွားမဖြစ် လိုအပ်သည့် အရေးကြီးကိစ္စရှိမှသာ သွားခြင်းက ပိုကောင်းပါသည်။ “ဘာလန်” ဟု ပြည်သူလူထု က အသိများသည့် ဘာလင်ဒရာရှားသည် ဤခရီးလမ်းကို လွယ်လွယ်ကူကူပင် သွားနေကျသူ

အသက် ၃၅ နှစ်အရွယ် နီပေါဝန်ကြီးချုပ်သစ် Read More »

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား

၂ဝဝ၈ နောက်ပိုင်း ပထမဆုံး မှန်မှန်ကန်ကန် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေခဲ့ပြီး မိခင်နိုင်ငံကို ပြန်လာတဲ့ နိုင်ငံရေး မျိုးဆက်ထဲက ထင်ရှားသူ တစ်ယောက် အနိုင်ရခဲ့တယ်… “အမေရိကန်မှာလိုပဲပေါ့ဗျာ” ဆိုပြီး အသစ်စက်စက် ဝန်ကြီးတစ်ယောက်က အားရပါးရ ပြုံးပြီး ပြောလိုက်သည်။ ၎င်း၏ အကြီးအကဲသစ် တာကစ်ရာမန်သည် လေဟာပြင်မှာ ကျင်းပသည့် အခမ်းအနားတစ်ခု၏ စင်မြင့်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ပွင့်လင်းမြင်သာမှုရှိသည့် နေဟန်ထားသစ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ငါးရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဗဟိုလက်ယာယိမ်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) သည် ပါလီမန်အမတ်နေရာ ၃၀၀ ရှိသည့်အနက် သုံးပုံနှစ်ပုံဖြင့် အပြီးသတ် အနိုင်ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား Read More »

တရုတ်ပို့ကုန်များကြောင့် ထိခိုက်လာရသည့် လက်တင်အမေရိကနိုင်ငံများ၏ စီးပွားရေး

အမေရိကန်ပြည်ထောင်စုရဲ့ သွင်းကုန်ခွန်တွေကြောင့် စီးပွားရေးထိခိုက်လာတဲ့ တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ ဈေးပေါလှတဲ့ ပို့ကုန်တွေနဲ့ လက်တင်အမေရိကဈေးကွက်ကို လွှမ်းမိုးထားခဲ့တာမို့ အဲဒီနိုင်ငံတွေက ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းတွေဟာ အခက်အခဲတွေကြုံကာ ညှစ်သတ်လိုက်သလို ဖြစ်ခဲ့ရတာမို့ တရုတ်ရဲ့ လွှမ်းမိုးမှုကို တွန်းလှန်ဖို့ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေက ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ကျင့်သုံးဖို့ တွက်ဆလာရတယ်။ တရုတ်နိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဟာ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ရဲ့ သွင်းကုန်ခွန်တိုးမြှင့်တာနဲ့ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ကာမိအောင် ဆောင်ရွက်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံက လက်တင်အမေရိကနိုင်ငံတွေရဲ့ ဈေးကွက်ကို ဈေးပေါတဲ့ သူ့နိုင်ငံထွက် ပို့ကုန်ပစ္စည်းတွေနဲ့ လွှမ်းမိုးထားတယ်။ အထူးသဖြင့်ကတော့ ကားအမျိုးမျိုးနဲ့ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး ပစ္စည်းတွေပဲ ဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ဟာ လက်တင်အမေရိကနိုင်ငံ အတော်များများရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပြီး ဒီနိုင်ငံတွေက ပေါကြွယ်ဝလှတဲ့

တရုတ်ပို့ကုန်များကြောင့် ထိခိုက်လာရသည့် လက်တင်အမေရိကနိုင်ငံများ၏ စီးပွားရေး Read More »

ဆီးရီးယားအရှေ့မြောက်ပိုင်းကိုလက်လွှတ်လိုက်တဲ့ ကာ့ဒ်လူမျိုးစုများ

တစ်ချိန်က အမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့သည့် ကာ့ဒ်လူမျိုးစုများ ဦးဆောင်သော ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့များကို အသုံးတည့်သည်ဟု သဘောမထားကြတော့ပေ တိုက်ခိုက်ရေး ရဲမေတွေနဲ့ ဂုဏ်ယူခဲ့ရတဲ့ ကာ့ဒ်လူမျိုးလက်နက်ကိုင်တပ်ဖွဲ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာဟာ ယူဖရေးတီး မြစ်ကမ်းပါးမှာပဲ ဆွဲချ ခံလိုက်ရပါတယ်။ အမေရိကန်က ထောက်ပံ့ ကူညီပေးထားတဲ့ သူတို့ရဲ့ ဟမ်းဘီး ကားတွေကိုလည်း လမ်းဘေးမှာပဲ စွန့်ပစ် ထားခဲ့ ကြတယ်။ အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ (Islamic State – IS)ကို တိုက်ခိုက်ရာမှာ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ရခဲ့တဲ့ ကာ့ဒ် လူမျိုးစုတွေရဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (Syrian Democratic Forces – SDF) ဟာ ရက်ပိုင်း အတွင်းမှာပဲ ပြိုကွဲ သွားခဲ့ရတယ်။ ဆီးရီးယားမှာ

ဆီးရီးယားအရှေ့မြောက်ပိုင်းကိုလက်လွှတ်လိုက်တဲ့ ကာ့ဒ်လူမျိုးစုများ Read More »

ဗင်နီဇွဲလားကို အကာအကွယ်ပေးဖို့ တရုတ် လက်လှမ်းမမီခဲ့တာလား

ဒီဖြစ်ရပ်ဟာ ထိုင်ဝမ်အတွက်ကတော့ လမ်းပြနမူနာ တစ်ရပ်မဟုတ်ပေမယ့် တရုတ်ရဲ့ ကမ္ဘာ ဩဇာအာဏာ ဖြန့်ကြက်မှုကို တကယ်ကန့်သတ်လိုက်တာပါပဲ။ ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ်မှာ နီကိုလတ်စ် မာဒူရို အစီအစဉ်မရှိဘဲ ရုတ်တရက်တွေ့ဆုံ လိုက်ရတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ မဆုံခင် သမ္မတ မာဒူရိုနဲ့ တွေ့ဆုံဖို့ နောက်ဆုံး ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တော်တွေ ကတော့ တရုတ် ဝါရင့် သံတမန်တွေပဲ ဖြစ်ပါတယ်။ မစ္စတာ မာဒူရို ဟာ သူ့အိပ်ခန်းထဲကနေ ရုတ်တရက် ဆွဲပြီး ခေါ်သွားမခံရခင် နာရီပိုင်းအလို အချိန်လေးမှာတင် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်တင် အမေရိက‌ ဒေသဆိုင်ရာ အထူး သံတမန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ “တရုတ်ပြည်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေ စည်းလုံး

ဗင်နီဇွဲလားကို အကာအကွယ်ပေးဖို့ တရုတ် လက်လှမ်းမမီခဲ့တာလား Read More »

ဂါဇာမှာတုံ့ဆိုင်းနေရတဲ့ ထရမ့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်

အမေရိကန် အရာရှိများက ယင်းကျွန်းဆွယ်တွင် တောက်ပသည့် အနာဂတ်ရှိဟုဆို ရာဖာမြို့ ဟာ ဂါဇာ ကမ်းမြောင်ဒေသမှာ တတိယ အကြီးဆုံး မြို့ကြီးတစ်မြို့ဖြစ်တယ်။ လူပေါင်း ၂ဝဝ,ဝဝဝကျော်တို့ရဲ့ နေရပ် ဌာနေ ဖြစ်ပါတယ်။ ဒီကနေ့ အချိန်မှာတော့ အဆောက်အအုံ အပျက်အစီးတွေရဲ့ အုတ်ကျိုးအုတ်ပဲ့တွေနဲ့ တွန့်လိမ် ကောက်ကွေ့ပြီး ငေါထွက်နေတဲ့ သံချောင်းကြီးတွေရဲ့အောက် မြေမျက်နှာပြင်က လမျက်နှာပြင် ရှုခင်းလို ချိုင့်တွေ ခွက်တွေ ဗရပျစ်အတိပြီးလို့ လူသူတိတ်ဆိတ်နေတဲ့ မြို့ပျက်ကြီး ဖြစ်နေပါပြီ။ ရာဖာမြို့ကြီးနဲ့ သူ့ရဲ့ ဆင်ခြေဖုံး ဒေသတွေကို အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟားမာ့စ်တပ်ဖွဲ့ကို ချေမှုန်းတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ ရစရာမရှိအောင်ကို စနစ်တကျ အကြိမ်ကြိမ် ဖျက်ဆီးခဲ့တာပါ။ ရာဖာမှာ နေထိုင်ခဲ့ကြတဲ့သူတွေဟာ ညစ်ပတ် ပေရေပြီး စုတ်ချာလှတဲ့

ဂါဇာမှာတုံ့ဆိုင်းနေရတဲ့ ထရမ့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ် Read More »

မိတ်ဆွေဟောင်းကို ထားခဲ့တော့မှာလား ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဟာ ကုန်သွယ်ရေးနဲ့လုံခြုံရေးအတွက် ပိုပြီးအင်အားကြီးတဲ့အိမ်နီးချင်း တရုတ်ပြည်ကို မှီခိုအားထားမှု တိုးလာနေတယ်။ ထိုင်းနိုင်ငံရဲ့ဘုရင် တရုတ်ပြည်ကိုချစ်ကြည်ရေးခရီးမရောက်ခင်တစ်ရက်မှာ သူ့နိုင်ငံအစိုးရအဖွဲ့က အိမ်ရှင် တရုတ်ပြည်အတွက် အထူးလက်ဆောင် တစ်ခုပို့လိုက်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်လူမျိုး ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ရှဲကျိကျန်းကို ထိုင်းနိုင်ငံမှာ သုံးနှစ်ကျော်ကြာ တရားဥပဒေကြောင်း အရ ရှည်လျားရှုပ်ထွေးတဲ့ အငြင်းအခုံ ဖြစ်ပြီးတဲ့နောက် တရားခံအဖြစ် လွဲပြောင်းပေးခဲ့တယ်။ မစ္စတာရှီဟာ ထိုင်းနိုင်ငံရဲ့ နယ်စပ်တွေမှာ ကျယ်ပြန့်တဲ့အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကိုဆောင်ရွက် နေတဲ့သူလို့ စွပ်စွဲထားပြီး တရုတ်ပြည်က သူ့ကိုပြည်တွင်းမှာ အမှုရင်ဆိုင်စေပြီး စစ်ဆေးဖို့ အချိန်အတော် ကြာကြာကတည်းက လိုချင်နေခဲ့တဲ့သူဖြစ်တယ်။ လက်ရှိဘုရင် မဟာဝိဇယ လောင်ကွန်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်ကျော် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင် ပြီးချိန်ကတည်းကဆိုရင် ပထမဆုံး တရုတ်ပြည်ကို လာရောက်လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံဘုရင်ဖြစ်တယ်။ တရုတ်နဲ့

မိတ်ဆွေဟောင်းကို ထားခဲ့တော့မှာလား ထိုင်းနိုင်ငံ Read More »

တောင်အာရှရဲ့  ရေစစ်ပွဲ

ရာသီဥတုဖောက်ပြန်မှုနဲ့စွမ်းအင်လိုအပ်ချက်တိုးမြင့်လာတာက မြစ်တွေနဲ့ ပတ်သက်လို့ ဖြစ်ပွားတဲ့ အရေးအခင်းတွေကို ပိုပြီး ဆိုးရွား လာစေတယ်။ တောင်အာရှဒေသက မြစ်ကြီးတွေရဲ့ တည်ငြိမ်ခဲလှတဲ့ နယ်စပ်ဖြတ်ကျော်နိုင်ငံရေးဟာ အခုခေတ်‌နှောင်း ပိုင်းအထိ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတယ်။ အောက်တိုဘာလနှောင်းပိုင်းတုန်းက အာဖဂန်နစ္စတန်နိုင်ငံဟာ ကဘူးမြစ်မှာ ဆည်တွေ တည်ဆောက်ဖို့ စီမံကိန်းကိုထုတ်ဖော်ပြောဆိုခဲ့တယ်။ အဲဒီကြေညာချက်ကြောင့် မကြေညာခင် ရက်အနည်းငယ်ကမှ နှစ်နိုင်ငံ နယ်စပ်မှာ တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပါကစ္စတန်နိုင်ငံကို အတော် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ အောက်တိုဘာထဲ မှာပဲ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ ဗြဟ္မပုတ္တရမြစ်လက်တက် (ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ ဂျမူးလို့ သိကြတယ်) တစ်ခုဖြစ်တဲ့ တီစတာမြစ် စီးဆင်းမှုကို အိန္ဒိယနိုင်ငံက ဩဇာလွှမ်းမိုးတာကို ကန့်ကွက် ဆန္ဒပြဖို့ လမ်းမတွေ ပေါ်ထွက်ခဲ့ကြတယ်။ အိန္ဒိယနိုင်ငံဟာ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက်

တောင်အာရှရဲ့  ရေစစ်ပွဲ Read More »

ဗင်နီဇွဲလားကမ်းလွန်မှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှုဘာသဘောလဲ

ကမ္ဘ့ာအကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးဟာ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်မှာ စစ်ရေးအတွက် အဆင်သင့် ဖြစ်နေတယ်။ သူ့ရဲ့ စစ်ရေး ရည်မှန်းချက်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကမ္ဘာပေါ်မှာ အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးဖြစ်တဲ့ ယူအက်စ်အက်စ် ဂျရယ်ဖို့ဒ် ဟာ  အောက်တိုဘာလ ၂၆ ရက်နေ့ တုန်းက ခရိုအေးရှားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ စပလစ် မြို့ကနေတိတ်တဆိတ်ထွက်ခွာလာခဲ့တယ်။အဲဒီနေ့မတိုင်ခင် စောစောပိုင်း ရက်တွေထဲမှာ အမေရိကန် ကာကွယ်ရေး (စစ်ရေး) ဝန်ကြီး ဌာန (ပင်တဂွန်) ရဲ့ အကြီးအကဲ ပိ ဟက်ဆက် (Pete Hegseth)က ဒီလေယာဉ်တင်သင်္ဘောကြီးကို ကြီးမားကျယ်ပြန့်ပြီး အခုအချိန်အထိရှင်းလင်းမပြနိုင်သေးတဲ့ စစ်ရေး ပြင်ဆင်မှုမှာ ပူးပေါင်း ပါဝင်ဖို့  ကာရစ်ဘီယံ ပင်လယ်ကို ထွက်ခွာရေး အမိန့်ပေးခဲ့တယ်။ တပ်ချထားတဲ့ အမေရိကန် စစ်သင်္ဘောအားလုံးရဲ့

ဗင်နီဇွဲလားကမ်းလွန်မှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှုဘာသဘောလဲ Read More »