The Corner

The Corner

cropped-Logo_round_grey-background.png

KIDD

KIDD

တိုက်တန်းနစ် ကုလသမဂ္ဂ

ဤဆောင်းပါးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၂၀၀၇ မှ ၂၀၁၆ အထိ တာဝန် ထမ်းဆောင် ခဲ့သည့်ဘန်ကီမွန်းနှင့် UNDP အကြီးအကဲအဖြစ် ၂၀၀၉ မှ ၂၀၁၇ အထိ ထမ်းဆောင်ခဲ့သည့် ဟယ်လင်ကလာ့ခ် တို့ ရေးသားသည့်ဆောင်းပါးဖြစ်သည်။ ဘန်ကီမွန်းနှင့် ဟယ်လင် ကလာ့ခ် တို့သည် တောင်အာဖရိက လူမည်းသမ္မတ နယ်လ်ဆင် မန်ဒဲလား တည်ထောင်ခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရသူအများအပြား ပါဝင်သည့် The Elders အဖွဲ့ဝင်များ ဖြစ်ကြသည်။ ~ ~ ~ ~ ~ ~ ~ ~ ၁၉၆၂ခုနှစ်တွင် အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ကျူးဘားတို့အကြား ဝက်ပင်လယ်အော်အရေး အခင်းကိုအောင်မြင်စွာ စေ့စပ်ဖြေရှင်းပေးခဲ့သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်အလုပ်ဆိုတာ တကယ်တော့ ကမ္ဘာ့ရုံးစာရေးကြီးအလုပ်ပါ ဟု ပြောခဲ့ဖူးသည်။ နိုင်ငံခေါင်းဆောင်များကို ပြောနိုင် ဆိုနိုင် အကြံပြုနိုင်သော်လည်း လိုက်ကိုလိုက်နာရမည် ဟူသည့် သြဇာအာဏာ မရှိခြင်းကို ဆိုလိုပုံရပါသည်။ လက်ရှိ ကာလတွင်မည်သည့် အရေးအခင်းကိုမှ မဖြေရှင်းနိုင်သူ အန်တိုနီယို ဂူတားရက် လက်ထက်မှာတော့ ဆနွင်းမကင်းတွေ (စိုးရိမ်မကင်း) ပဲ ဖုတ်နေသည်ဟု လှောင်ပြောင် ကြသည်။ ဒေါ်နယ်ထရမ့်က (WHO) မှ ထွက်လိုက် ပြီးနောက်တွင် ကုလသမဂ္ဂမှလည်း ထွက်မည်လားဟု ထင်မြင်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေ အတွင်းရေးမှူး ချုပ် ဒက် ဟမ်းမားရှိုးက “ကုလသမဂ္ဂကို ဖွဲ့စည်းတာ (နိုင်ငံအားလုံး) နတ်ပြည်တက်ဖို့ မဟုတ်ပါဘူး။ ငရဲပြည်မကျဖို့ပါ” ဟု ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ဤသီတင်းပတ်မှာပင် စာချုပ်ကြီးကို လက်မှတ်ထိုးခဲ့ကြသည်။ အမေရိကန် သမ္မတ ထရူးမင်းက စာချုပ်ကြီး၏ တန်ဖိုးမှာ အဖွဲ့ဝင်နိုင်ငံများက မည်မျှ လိုက်နာ ကျင့်သုံးကြမည်ဟူ သည့် စိတ်ဆန္ဒပေါ်တွင်မူတည်ကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကိုယ်ကျင့် တရားနဲ့ စရိုက် လက္ခဏာတွေ အပေါ် ဒီအလုပ်ကြီးက တောင်းဆိုမှု တွေ အရမ်းများမှာပဲ” ဟု သူကဆိုသည်။ ဤအချက်မှာ ၁၉၄၅ခုနှစ်တုန်းက ပိုမိုထင်ရှားမည် ဖြစ်သော်လည်း ယနေ့အခါတွင်မူ နိုင်ငံ ပေါင်းစုံပါဝင် သည့်အဖွဲ့ကြီး ကောင်းစွာလည်ပတ်ရန် မည်သည့်အရာများလိုအပ်သည်နှင့် မည်သည့် အတွက် လိုအပ်သည်တို့ကို ကမ္ဘာကြီးကမေ့သွားလေပြီ။ စစ်ပွဲအစား ငြိမ်းချမ်းရေးကို ရွေးခဲ့ သည်ကတော့ ထင်ရှားသည်။ သို့ရာတွင် ငြိမ်းချမ်း ရေး ကို ထိန်းသိမ်းရန်အတွက် သဘောတူညီချက်ရရန် ကမ္ဘာစစ် ကြီးနှစ်ခု၏ ကြောက်မက်ဖွယ်တို့ကို ဖြတ်ကျော်ခဲ့ ရသည်။  ကမ္ဘာကြီးသည် အထိန်း အကွပ်မဲ့ အာဏာ၊ မကြုံဖူး သည့် ပဋိပက္ခများ၊ စီးပွားရေး ကပ်၊ ရောဂါများ၊ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲ မွဲတေမှု များပြည့်နေသည့် အန္တရာယ်တွင်း ထဲသို့ စစ်ပြီးခေတ်တွင် ပိုမိုကောင်းမွန်ကျယ်ပြန့်သည့် ငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးနှင့် လူ့အခွင့် အရေး အပေါ်လေးစားလိုက်နာမှုရှိသည့် ကမ္ဘာကြီးကို အတူတကွ တည်ဆောက်ရန် ၎င်းတို့၏ စိတ်ခွန် အားများကို နိုင်ငံအများကအနည်းနှင့်အများ ပါဝင်စိုက်ထုတ်ခဲ့ကြသည်။ ပြီးပြည့်စုံမှု မရှိသေး […]

တိုက်တန်းနစ် ကုလသမဂ္ဂ Read More »

အစ်ပစတိန်း ဆောင်ကြာမြိုင်မှတ်တမ်း – KIDD

မင်းတုန်းမင်းကြီးလက်ထက် မိဖုရားတွေထဲက သစ်ဆိမ့်မိဖုရားက လူပျိုတော်တစ်ယောက်နဲ့ ချိန်းတွေ့ တဲ့ အရေးအခင်း ပြီးတဲ့နောက် မင်းတရားကြီးက မိဖုရားတွေ ရဲ့အဆောင်တော်တွေကို မင်းတရားကြီး ဘယ်နေ့ ဘယ်အချိန် ကူးတယ် ဆိုတဲ့မှတ်တမ်းကို အတိအကျ ပြုစုရမယ်လို့ အမိန့်တော်မှတ်ကြောင်း ပါးစပ်ရာဇဝင်တွေက ဆိုပါတယ်။ အဲဒီ ဆောင်ကြာမြိုင်မှတ်တမ်းကို ပြုစုထိန်းသိမ်းရမယ့်သူက ပင်းတလဲ မြို့စား ဦးရွှေမောင် ပါ။ ဦးရွှေမောင်ဟာ မင်းမျိုး မင်းနွယ် မဟုတ်သော်လည်း မင်းတုန်း၊ ကနောင် ညီနောင် နှစ်ပါးလုံးက ယုံကြည်အားကိုးတော်မူတဲ့အတွက် နန်းတွင်းမှာ ဩဇာ အလွန် ညောင်းသူ ဖြစ်ပါတယ်။ ပါးစပ်ရာဇဝင်တွေအရ (ပါးစပ်ရာဇဝင်ပါနော်) ညီနောင် နှစ်ပါး တစ်လှည့်စီ မြို့ပြင်ထွက်ပြီး အပျော်ရှာချင်ရင် ဦးရွှေမောင်ပဲ နောက်တော်ပါးက လိုက်ပြီး အလိုပြည့်အောင် စီမံရပါတယ်တဲ့။ ပျော်ပါးဖို့

အစ်ပစတိန်း ဆောင်ကြာမြိုင်မှတ်တမ်း – KIDD Read More »

မစ္စတာ ပူတင် ဘာလိုချင်… KIDD

မေလ (၉) ရက်နေ့တွင် နာဇီဂျာမဏီကို အနိုင်ရသည့် အထိမ်းအမှတ် အောင်ပွဲကို ရင်ပြင်နီတွင် သမ္မတ ပူတင် ကျင်းပသည်။ ရုရှား၏ ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်များ တက်ရောက် ဆင်နွှဲလေ့ရှိ သော အခမ်းအနား ဖြစ်၏။ ယခုအခါ သမယတွင် ပူတင် ပစ်မှတ်ထားသည်က ယူကရိန်းအစိုးရသည် နာဇီလက် သစ် အစိုးရဟု ရက်ရက်စက်စက် စွပ်စွဲရန် ဖြစ်လေသည်။ အနောက်နိုင်ငံများကို ရုရှား တူးတူးခါးခါးဆန့် ကျင်ရခြင်းအကြောင်းရင်းကို ပြသခြင်း ဖြစ်သည်။ ဥရောပ နိုင်ငံများ အားလုံးအတွက် စိုးရိမ်ပူပန်ဖွယ် ဖြစ်ပါသည်။         ယူကရိန်းတွင် သေဆုံးမှုများ မြင့်တက်လာနေချိန်တွင် ရုရှားနိုင်ငံ၏ ဆုံးရှုံးရမှုများအတွက် တရားမျှတ ကြောင်း ပြသရန် အထိ

မစ္စတာ ပူတင် ဘာလိုချင်… KIDD Read More »

တရားအားမထုတ်တော့သည့် အိန္ဒိယ – KIDD

သမ္မတ ဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန် အပြန်အလှန် တိုးမြှင့်ခြင်းတွင် အိန္ဒိယအား သွင်းကုန်ခွန် လျှော့ချပေးသည်။ အတုံ့အပြန်သဘောဖြင့် တရုတ်နိုင်ငံအား နိုင်ငံတကာ စီးပွားရေးမှ “ပ”ထုတ်ထားရန် အခြားနိုင်ငံများအား တွန်းအားပေးမည့် အမေရိကန်၏ ဗျူဟာ တစ်စိတ်တစ်ပိုင်း အဖြစ် ဒု-သမ္မတ ဂျေဒီဗန့်စ် သည် ဧပြီလ ၂၁ ရက်နေ့တွင် ဒေလီသို့ ဆိုက်ရောက်လာသည်။ အိန္ဒိယအပေါ် ၂၆% စည်းကြပ်မှု ပါဝင်သည့် ယင်း သွင်းကုန်ခွန်များမှာ နိုင်ငံ အများစု အပေါ် ဇူလိုင်လ ၈ ရက်နေ့အထိ ၁၀% တွင် တန့်နေသည်။ အိန္ဒိယ အစိုးရမှာ အမေရိကန်၊ EU အပြင် အခြား နိုင်ငံများနှင့် စီးပွားရေး လုပ်ငန်းများ အပြေး အလွှား လုပ်ရ တော့သည်။

တရားအားမထုတ်တော့သည့် အိန္ဒိယ – KIDD Read More »

ပျော်ပါတယ် ရေနီမြောင်း – KIDD

၇.၇ ရစ်ချတာစကေး ငလျင် သို့မဟုတ် မိုင် ၃၀၀၀ ကျော်ရှည်သည့် နဂါးကြီးမှာ မန္တလေး ရေနီမြောင်းကို လက်မှိုင်ချရသည်။ ၁၉၀၂ ခုနှစ်မှ စတင်စီးဆင်းနေသည့် ရေနီမြောင်းမှာ အစီးမပျက်၊ မြောင်းဘေး နံရံ အုတ်လေး တချပ်ပင် ပဲ့သွားခြင်းမရှိသလို နောက်ကျိ ညစ်ပတ်နံစော်နေသည့် ရေကွာလတီလည်း ပြောင်းလဲသွားခြင်း မရှိပါ။ ဆည်တော်ကြီးမှ ရေများကို လယ်ကွင်းများအတွင်းသို့ ပေးပို့ရန် အင်္ဂလိပ် အစိုးရလက်ထက် တွင် ဖောက်လုပ်ခဲ့သည့် ရေနီမြောင်းသည် သာယာလှပ သန့်ရှင်းစွာ ၁၉၈၈ ခုနှစ် မတိုင်မီအထိ စီးဆင်းခဲ့သည်ဟု ဆိုပါသည်။ ဆူးနှင့် ဩဘာရေးဖွဲ့ပြီး လွှမ်းမိုးသီဆိုသော “သတိတရ နန်းတော်ရှေ့” သီချင်းမှာ “ရေနီမြောင်း အချစ်အကြောင်းတို့ဖွဲ့ရာမြေ” ဟု ရန်ကုန်တက္ကသိုလ် ပုဂံလမ်းနှင့် နှိုင်းယှဉ်ပြသွားသည်။ ဂျူး

ပျော်ပါတယ် ရေနီမြောင်း – KIDD Read More »

မော်စီနယ်ထရမ့်နှင့် အမေရိကန်ယဉ်ကျေးမှုတော်လှန်ရေး – KIDD

တရုတ်ပြည်တွင် ယဉ်ကျေးမှုတော်လှန်ရေး* အကြောင်းကို ပေါ်ပေါ်တင်တင် ဆွေးနွေးရန် မဖြစ်နိုင်။ မော်စီတုန်း လွှတ်ပေးလိုက်သည့် တယူသန်ဂိုဏ်းသားများက လူသန်းပေါင်းများစွာကို စွဲချက်များတင်ခဲ့ကြပြီး အချို့မှာ သေဒဏ်ကျ ခံခဲ့ရသော ၁၉၆၆ မှ ၁၉၇၆ ကံဆိုးမိုးမှောင်နှစ်များမှာ အစိုးရ၏ မှတ်တမ်းများတွင် အပြည့်အစုံ ဖေါ်ပြ မထားပါ။ ဤအဖြစ်မှာ ရှီကျင်းဖျင် လက်ထက်တွင် ပို၍ပင် ရှောင်ရှားရမည့် ခေါင်းစဉ်ဖြစ်လာသည်။ မော်စီတုန်း လက်ထက် ရက်စက်မှုကြီးကို ရှီက ကွန်မြူနစ်ဝါဒ အာဏာ လွှမ်းမိုးမှုအား “သမိုင်းဝင် ဘာသာမဲ့” ခြိမ်းခြောက်မှုဟု သုံးသပ်သည်။ သို့သော် အမေရိကန်နိုင်ငံရေးအကြောင်း အွန်လိုင်း ဆွေးနွေးခန်းများတွင် ဖြတ်တောက်မှုများ လျှော့လျှော့ ပေါ့ပေါ့ ရှိသည်။ တရုတ်လူမျိုးများက ထရမ့်၏ အာဏာကို သရော် သို့မဟုတ် ညည်းညူမြည်တမ်းရာ တွင်

မော်စီနယ်ထရမ့်နှင့် အမေရိကန်ယဉ်ကျေးမှုတော်လှန်ရေး – KIDD Read More »

ရပ်မယ်၊ စစ်မယ်၊ ပိတ်မယ်

ပြည်ပ အကူအညီကို အပြစ်ပြောဖို့ လွယ်ပါတယ်။ မကြာခဏဆိုသလို ပိုက်ဆံဆိုတာ အလဟဿ ဖြစ်သွား နိုင်သလို အလွဲသုံးခံ ရနိုင်တယ်။ သူ့ရဲ့အကျိုးရလဒ်ကို လွယ်လွယ်မမြင်ရနိုင်ဘူး။ တခြားနိုင်ငံက သူစိမ်းတွေကို ထောက်ပံ့ လိုက်တယ်ဆိုတာ ကိုယ့်နိုင်ငံက မဲဆန္ဒရှင်တွေ ရမယ့်အထဲက လျော့သွားတာလေ။ ဒါဟာ အမေရိက ပထမ ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စံပြပစ်မှတ် ဖြစ်လာ စေတာပါ။  ဇန်နဝါရီ ၂၄ ကစပြီး အကူအညီအားလုံး ရပ်ပါလို့ နိုင်ငံခြားရေးဌာနက အမိန့်ထုတ်လိုက်တဲ့အခါ တစ်ကမ္ဘာလုံးက လိုအပ်နေသူတွေအတွက် မြောက်မြားလှစွာသော အကူအညီတွေ ညတွင်းချင်း ပျောက်ကွယ် သွားရပြီး နေရာတိုင်း မှာ နာကျင်ခံစားကြရပါတယ်။ ဆေးပေးခန်းတွေပိတ်၊ ခုခံအားနည်း ရောဂါသည်တွေအတွက် ဆေးတွေကုန်၊ ဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းတွေရပ်၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး

ရပ်မယ်၊ စစ်မယ်၊ ပိတ်မယ် Read More »

ဖြတ်တောက်ခြင်းများ၏ လောင်းကြေး

Dr Craig Spencer, an emergency medicine physician and an Associate Professor of the Practice of Health Services, Policy and Practice at Brown University School of Public Health က မတ်လ ၁၄ရက်နေ့ CNN နဲ့ အင်တာဗျူး အတွင်းမှာ ကမ္ဘာကြီးအတွက် ရောဂါတွေ လာနေပြီ “Diseases are coming” လို့ US ရဲ့ WHO က ထွက်ခွာမှု နဲ့ ပတ်သက်ပြီး သတိပေးသွားခဲ့ပါတယ်။ အောက်က ဆောင်းပါးမှာ အမေရိကန် က အထောက် အပံ့တွေ

ဖြတ်တောက်ခြင်းများ၏ လောင်းကြေး Read More »

အာရှက မိတ်ဆွေများ

အမေရိကန်ရဲ့ မဟာမိတ်စစ်စစ် ဒီမိုကရေစီနိုင်ငံတစ်ခုက တစ်ကိုယ်တော်အာဏာသိမ်းဖို့ ကြိုးစားမှုဟာ အိမ်ဖြူ တော်က သူတွေအတွက် ပိုပြီး အတွေးအမြင်တွေ ကောင်းလာစေပါသလား၊ တောင်ကိုရီးယား နိုင်ငံ သမ္မတ ယွန်းဆွတ်ယူးက စစ်အုပ်ချုပ်ရေးကြေညာချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပါးစပ်ပိတ်နေခဲ့ပါတယ်။ သမ္မတရဲ့လုံခြုံရေးဆိုင်ရာအကြံပေး ဂျိတ်ဆူလီဗန်က တောင်ကိုရီးယား အဖြစ်ဟာ အချက်ပေးခေါင်းလောင်း မြည်တာ လို့ ပြောပါတယ်။ ဒီကိစ္စ မလျော်ကန်ဘူးဆိုတာ ထုတ်ပြောနိုင်ဖို့ အရေး ဆူလီဗန်အတွက် တစ်လ ကြာခဲ့ပါတယ်။ ဘာကြောင့်စောင့်စည်းနေတာလဲ၊ ဂျပန်နိုင်ငံနဲ့ ပြန်လည်စည်းလုံးဖို့ အရေးမှာ သမိုင်းတစ်လျှောက်က အားလုံး သော သမ္မတတွေထက် ယွန်းဆွတ်ယူးက ပိုလုပ်နိုင်ပါတယ်။ ဒါက အမေရိကန် မဟာဗျူဟာ သမားတွေ ဆယ်စု နှစ်များစွာ စောင့်ဆိုင်းခဲ့ရတဲ့ တိုးတက်မှုကြီးပါ။ သုံးနိုင်ငံ သမ္မတများအကြား ပြုလုပ်တဲ့

အာရှက မိတ်ဆွေများ Read More »

သမ္မတပြုသမျှ နုရမည့် US လူဝင်မှု

ဘယ်ကိစ္စမှ လူဝင်မှုကိစ္စလောက် ဒေါ်နယ်ထရမ့်နဲ့တွဲ မနေပါဘူး။ ၂၀၁၅ သမ္မတဖြစ်တာနဲ့ မက်ဆီကန်တွေကို ရာဇဝတ်ကောင်တွေ၊ မုဒိမ်းကောင် တွေလို့ ပြောခဲ့ပါတယ်။ ကိုးနှစ်လုံးလုံး သမ္မတရွေးကောက်ပွဲ သက်တမ်း တစ်လျှောက် “တံတိုင်းကာမယ်”၊ “အစုလိုက် အပြုံလိုက် ပြန်ပို့ပစ်မယ်” ဆိုတဲ့ကြုံးဝါးသံတွေ ညံနေခဲ့တာပါ။ ကင်မလာဟားရစ်ကို အနိုင်ယူပြီးနောက်မှာတော့ တရားဝင် လူဝင်မှုကို ထိန်းချုပ်ပြီး တရားမဝင် လူဝင်မှုကို တားမြစ်ဖို့ ထရမ့်က အားထုတ်လာမှာပါ။ သူ့ရဲ့အဖွဲ့က ၂၀၂၅မှာ အတွေ့အကြုံပိုများလာပြီး ထိထိရောက်ရောက် ပိုလုပ်လာနိုင်ပါလိမ့်မယ်။ အမေရိကန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်က ပြည်ထောင်စုအစိုးရဌာနများရဲ့ အကဲဖြတ်မှုအပေါ် အခြေခံထား တာပါ။ လုပ်ထုံးလုပ်နည်းတွေက အရမ်းကို ခေတ်နောက်ကျနေပြီး ရွှေ့ပြောင်းဝင်ရောက်လာ သူများနဲ့ မူဝါဒရေး ဆွဲသူများ နားမလည်နိုင်အောင် ရှုပ်ထွေးပါတယ်။ သုံးနေရာစလုံးမှာ နိုင်ထားတဲ့ ရီပတ်ဘလီကန်တွေ (အထက်လွှတ်တော်၊

သမ္မတပြုသမျှ နုရမည့် US လူဝင်မှု Read More »