The Corner

KIDD

KIDD

အာရှက မိတ်ဆွေများ

အမေရိကန်ရဲ့ မဟာမိတ်စစ်စစ် ဒီမိုကရေစီနိုင်ငံတစ်ခုက တစ်ကိုယ်တော်အာဏာသိမ်းဖို့ ကြိုးစားမှုဟာ အိမ်ဖြူ တော်က သူတွေအတွက် ပိုပြီး အတွေးအမြင်တွေ ကောင်းလာစေပါသလား၊ တောင်ကိုရီးယား နိုင်ငံ သမ္မတ ယွန်းဆွတ်ယူးက စစ်အုပ်ချုပ်ရေးကြေညာချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပါးစပ်ပိတ်နေခဲ့ပါတယ်။ သမ္မတရဲ့လုံခြုံရေးဆိုင်ရာအကြံပေး ဂျိတ်ဆူလီဗန်က တောင်ကိုရီးယား အဖြစ်ဟာ အချက်ပေးခေါင်းလောင်း မြည်တာ လို့ ပြောပါတယ်။ ဒီကိစ္စ မလျော်ကန်ဘူးဆိုတာ ထုတ်ပြောနိုင်ဖို့ အရေး ဆူလီဗန်အတွက် တစ်လ ကြာခဲ့ပါတယ်။ ဘာကြောင့်စောင့်စည်းနေတာလဲ၊ ဂျပန်နိုင်ငံနဲ့ ပြန်လည်စည်းလုံးဖို့ အရေးမှာ သမိုင်းတစ်လျှောက်က အားလုံး သော သမ္မတတွေထက် ယွန်းဆွတ်ယူးက ပိုလုပ်နိုင်ပါတယ်။ ဒါက အမေရိကန် မဟာဗျူဟာ သမားတွေ ဆယ်စု နှစ်များစွာ စောင့်ဆိုင်းခဲ့ရတဲ့ တိုးတက်မှုကြီးပါ။ သုံးနိုင်ငံ သမ္မတများအကြား ပြုလုပ်တဲ့ […]

အာရှက မိတ်ဆွေများ Read More »

သမ္မတပြုသမျှ နုရမည့် US လူဝင်မှု

ဘယ်ကိစ္စမှ လူဝင်မှုကိစ္စလောက် ဒေါ်နယ်ထရမ့်နဲ့တွဲ မနေပါဘူး။ ၂၀၁၅ သမ္မတဖြစ်တာနဲ့ မက်ဆီကန်တွေကို ရာဇဝတ်ကောင်တွေ၊ မုဒိမ်းကောင် တွေလို့ ပြောခဲ့ပါတယ်။ ကိုးနှစ်လုံးလုံး သမ္မတရွေးကောက်ပွဲ သက်တမ်း တစ်လျှောက် “တံတိုင်းကာမယ်”၊ “အစုလိုက် အပြုံလိုက် ပြန်ပို့ပစ်မယ်” ဆိုတဲ့ကြုံးဝါးသံတွေ ညံနေခဲ့တာပါ။ ကင်မလာဟားရစ်ကို အနိုင်ယူပြီးနောက်မှာတော့ တရားဝင် လူဝင်မှုကို ထိန်းချုပ်ပြီး တရားမဝင် လူဝင်မှုကို တားမြစ်ဖို့ ထရမ့်က အားထုတ်လာမှာပါ။ သူ့ရဲ့အဖွဲ့က ၂၀၂၅မှာ အတွေ့အကြုံပိုများလာပြီး ထိထိရောက်ရောက် ပိုလုပ်လာနိုင်ပါလိမ့်မယ်။ အမေရိကန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်က ပြည်ထောင်စုအစိုးရဌာနများရဲ့ အကဲဖြတ်မှုအပေါ် အခြေခံထား တာပါ။ လုပ်ထုံးလုပ်နည်းတွေက အရမ်းကို ခေတ်နောက်ကျနေပြီး ရွှေ့ပြောင်းဝင်ရောက်လာ သူများနဲ့ မူဝါဒရေး ဆွဲသူများ နားမလည်နိုင်အောင် ရှုပ်ထွေးပါတယ်။ သုံးနေရာစလုံးမှာ နိုင်ထားတဲ့ ရီပတ်ဘလီကန်တွေ (အထက်လွှတ်တော်၊

သမ္မတပြုသမျှ နုရမည့် US လူဝင်မှု Read More »

A symbolic sculpture of a knotted gun promoting non-violence at the United Nations in NYC.

ငြိမ်းချမ်းရေး သင်ခန်းစာ

မငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး သင်ခန်းစာ သုံးခု ICG ဥက္ကဌဖြစ်သူ ကွန်ဖော့ အီဂရို ရေးသားသည့် 3 lessons for peace making in an unstable world ဆောင်းပါးကို KIDD မြန်မာပြန်ဆိုသည်။ ရက်စက်ကြမ်းကြုတ်လှတဲ့ ဆယ်စုနှစ် များရဲ့ အလယ်မှာ ကျွန်မတို့ ရောက်ရှိနေရတာပါ။ အီသီယိုးပီးယား၊ မြန်မာ၊ ယူကရိန်း၊ ဆူဒန်၊ အရှေ့အလယ်ပိုင်း တို့မှာ ၂၀၂၀ ခုနှစ်မှ စလို့ စစ်ပွဲတွေ ဖြစ်ခဲ့ပြီး လူထောင်ပေါင်း များစွာ သေကျေ ပျက်စီးကြရပါတယ်။ စစ်ပွဲအသေးစားလေးများရဲ့ အရေအတွက်ကလည်း ပိုတိုးလာနေတာပါ။ ကမ္ဘာ့ နိုင်ငံများရဲ့ လေးပုံတစ်ပုံမှာ အကြမ်းဖက်မှု ပုံစံမျိုးစုံကို ကြုံတွေ့နေရပါတယ်။ ရှေ့လာမည့်နှစ်မှာလည်း လျော့ကျ သွားမည့်ပုံ မရှိပါဘူး။  အကြမ်းဖက်မှုတွေ မြင့်တက်လာတာနဲ့ အမျှ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အပေါ် မြို့ကြီးများနေ မူဝါဒ ချမှတ်သူများရဲ့စိတ်ပါဝင်စားမှုက လျော့ကျလာပါတယ်။ စစ်အေးခေတ်အလွန် တည်ငြိမ်တဲ့နှစ်များလို့ လှလှပပ အမည်တပ်ထားတဲ့ ကာလဟာ ရဝမ်ဒါကနေ ဆီးရီးယားအထိ စစ်ပွဲများနဲ့

ငြိမ်းချမ်းရေး သင်ခန်းစာ Read More »

ဘာလဲဟဲ့  ၂၀၂၄ 

သည် အီကောနောမစ် အယ်ဒီတာ တွန်မ် စတန်းဒေ့ချ် ရေးသားသည့် How we did in 2024 ဆောင်းပါးကို KIDD မြန်မာဘာသာပြန်ဆိုသည်။ တကယ့်နှစ်ပါဗျာ။ အမေရိကန် သမ္မတလောင်းက ရွေးကောက်ပွဲ မစခင် လပိုင်းမှာ နုတ်ထွက်သွားတယ်။ နောက် သမ္မတလောင်းက သေတော့မလို လုပ်ကြံခံရတာ နှစ်ခါ။ ယူကရိန်းက ရုရှားနယ်မြေထဲကို ပြန်ဝင်တိုက်တယ်။ အီရန် သမ္မတကတော့ ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လုံး၀ကြိုတင် ထင်မထားခဲ့ပါဘူး။ အမေရိကန် သမ္မတရွေးကောက်ပွဲက ခေါင်းပန်းလှန်ရသလိုမျိုး ကံစီမံရာ ဖြစ်မှာပဲလို့ ထင်ထားခဲ့ပြီး ထရမ့်ရဲ့ အပြတ်အသတ်အောင်ပွဲကို မျှော်လင့်မထားခဲ့ဘူး။ အခြားနေရာက ရွေးကောက်ပွဲခန့်မှန်းချက်တွေက ပိုကောင်းပါတယ်။ ရုရှားနဲ့ ရဝမ်ဒါမှာ မဲမသမာမှုများနဲ့ ဘယ်သူနိုင် မယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးခန့်.မှန်းထားတဲ့အတိုင်း ဗြိတိန်မှာ လေဘာပါတီ၊ မက္ကဆီကိုမှာ ကလော်ဒီယာ ရှိမ်းဘောင်း၊

ဘာလဲဟဲ့  ၂၀၂၄  Read More »