The Corner

The Corner

cropped-Logo_round_grey-background.png

CWM

CWM

အဖိနှိပ်ခံ ပြည်သူတွေကိုယ်စား ပေးတဲ့ဆု

အဖိနှိပ်ခံ ပြည်သူတွေကိုယ်စား ပေးတဲ့ဆု (သို့မဟုတ်) ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို ရရှိသွားတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ၂၀၂၅ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ ရလိမ့်မယ်လို့ ဆုရွေးချယ်ရေး ကော်မတီရဲ့ ကြေညာချက် မထွက်ခင်အထိ ကြွေးကြော်နေခဲ့တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ လုပ်ဆောင်ချက် တွေဟာ နိုဘယ်လ်ဆုနဲ့ ထိုက်တန်တယ်ဆိုပြီးတော့လည်း လူအများရှေ့မှာ ပြောဆိုနေတာ တွေ့ရတယ်။ နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဟာ ခုလို သမ္မတထရမ့်က သူ ရလိမ့်မယ်လို့ ပြောဆိုနေတဲ့ကြားက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် အမျိုးသမီး မာရီယာ ကိုရီနာ မာချာဒို ကို ချီးမြှင့် လိုက်ကြောင်း အောက်တိုဘာ(၁၀)ရက်နေ့မှာ ကြေညာလိုက်တယ်။ ဗင်နီဇွဲလားအတိုက်ခံခေါင်းဆောင် မာချာဒို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိကြောင်း သတင်းတွေ […]

အဖိနှိပ်ခံ ပြည်သူတွေကိုယ်စား ပေးတဲ့ဆု Read More »

စာဖတ်ခြင်း.. အကြောင်း

The Corner က စာဖတ်ခြင်းအကြောင်း ရေးဖို့ပြောလာတော့ နည်းနည်းတော့ ထိတ်လန့်သွားတယ်။ စာမဖတ်တာ ကြာပြီလေ။ ကိုယ့်ကိုယ်ကိုယ် စာအုပ်တွေနဲ့ အတော်ဝေးနေတာကို သတိထားမိတယ်။ တစ်နှစ်နေလို့မှ စာတစ်အုပ် မဖတ်ဖြစ်တော့။ ကိုယ့်ရှေ့မှာ စာအုပ်တွေ တွေ့နေရပေမယ့် တစ်ရွက်ချင်း အစအဆုံး အချိန်ယူ လှန်လှော မဖတ်ရှုနိုင်တော့တာ အတော်ကြာပြီ။ စာအုပ်တွေနဲ့ ဒီလောက်အထိ အချိန်အကြာကြီး ဝေးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ စာမဖတ်ဘူးဆိုပေမယ့် စာဖတ်တတ်စအချိန်ကစလို့ ဒီနေ့ဒီအချိန်အထိ စာမဖတ်တဲ့နေ့ဆိုတာ မရှိဘူးဆိုရင် အံ့ဩ သွားမလား မသိ။ ကျောင်းသားဘဝက စလို့ ခုချိန်ထိ စာကို အငမ်းမရ၊ သဲကြီးမဲကြီး ဖတ်နေတုန်းပါ။ ဒါဖြင့် ဘာလို့ စာမဖတ်ဘူးလို့ ဆိုတာတုံးလို့ မေးစရာရှိတယ်။ လက်နဲ့ ကိုင်တွယ်ဖတ်ရှုရတဲ့ စာအုပ် (physical books)

စာဖတ်ခြင်း.. အကြောင်း Read More »

နီပိုကစ် နဲ့ ဂျန်ဇီ

(Nepo Kid  & Gen Z) အခု နီပေါမှာ ဖြစ်သွားတဲ့ ဆန္ဒပြပွဲတွေကို ဂျန်ဇီ ဆန္ဒပြပွဲလို့လည်း ခေါ်ကြတယ်။ (Gen Z protest)။ ဒီဆန္ဒပြပွဲကို အဓိက ဦးဆောင်သူတွေက အသက် ၂၀ကျော်အရွယ် လူငယ်တွေ။ ၁၉၉၇ ခုနှစ်ဝန်းကျင်က မွေးဖွားလာတဲ့ လူငယ်အများစုဖြစ်တယ်။ ဒီဆန္ဒပြပွဲမတိုင်မီ Gen Z လှုပ်ရှားမှုလေးတွေ ဖြစ်နေတာတော့ အတော်ကြာပြီ။ အထူးသဖြင့်တော့ အင်တာနက် အွန်လိုင်းပေါ်မှာ။ အခြားသော နိုင်ငံများက လူငယ်တွေလိုပဲ နီပေါ Gen Z တွေလည်း Tiktok, Instergram, Facebook အစရှိတဲ့ ဆိုရှယ်မီဒီယာ အသုံးများကြတယ်။ လူဦးရေ သန်း ၃၀ ရှိတဲ့ နီပေါနိုင်ငံရဲ့ ၇၃% က မိုဘိုင်းဖုန်း

နီပိုကစ် နဲ့ ဂျန်ဇီ Read More »

တရုတ်ဖြူ နဲ့ တရုတ်နီ…

ငယ်ငယ်တုန်းကတော့ ” တရုတ်ဖြူ” ” တရုတ်နီ” လို့ လူတွေ ပြောကြတဲ့အခါ၊ သမိုင်းစာအုပ်တွေထဲ ဖတ်ရတဲ့အခါ သိပ်သဘောမပေါက်ခဲ့ဘူး။ နားလည်း မလည်ခဲ့ခဲ့ဘူး။ “တရုတ်ဖြူ”ဆိုတာ အသားဖြူတဲ့ တရုတ်ကို ပြောတာနေမှာလို့ ထင်ခဲ့သလို “တရုတ်နီ” ဆိုတာလည်း အသားနီတဲ့ တရုတ်ကို ပြောတာဖြစ်မယ် ထင်ခဲ့တယ်။ တကယ်တော့ တရုတ်လူမျိုးက အသားဖြူတာ တစ်မျိုးပဲ တွေ့ဖူးတယ်။ နည်းနည်း အရွယ် ရောက်လာပြီး စာဖတ်သက်လည်း ရလာတော့မှ “တရုတ်ဖြူ” ဆိုတာ ထိုင်ဝမ်ကို ပြောတာဖြစ်ပြီး “တရုတ်နီ” ဆိုတာ ပြည်မတရုတ် (တစ်နည်း) ပြည်ကြီးတရုတ် (Mainland China) ကိုခေါ်မှန်း သိရတော့တယ်။ တကယ်က တရုတ်ကွန်မြူနစ်ပါတီရဲ့ အလံအရောင်ကို အစွဲပြုပြီး ပြည်မ တရုတ်ကို “တရုတ်နီ”၊ ချန်ကေရှိတ်ဦးဆောင်တဲ့

တရုတ်ဖြူ နဲ့ တရုတ်နီ… Read More »

အမေရိကန်-တရုတ် မြေရှားသတ္တုရရှိရေး အပြိုင်ကြိုးပမ်းမှုမှာ ရှေ့တန်းရောက်လာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ

တခါတုန်းက တရုတ်သမ္မတ တိန်ရှောက်ဖိန်က ဒီလိုပြောခဲ့ဖူးတယ်။ “အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရေနံ ရှိတယ်။ တရုတ်က မြေရှားသတ္တုရှိတယ်“ တိန်ရှောက်ဖိန်ရဲ့စကားက တကယ်မှန်ပါတယ်။ ဒီနေ့အချိန်မှာ ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်ရေး တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တရုတ်ဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ အပေါ်စီးက စကားပြောနိုင်ခဲ့ပြီ။ တရုတ်ဟာ ကမ္ဘာ့မြေရှားသတ္တုထုတ်လုပ်ရေးရဲ့ ၆၀ ရာခိုင်နှုန်း၊ မြေရှားသတ္တုသန့်စင်ရေး ၈၅ ရာခိုင်နှုန်း နဲ့ အမြဲတမ်းသံလိုက်ပစ္စည်း (Permanent magnet) ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်။ အမြဲတမ်းသံလိုက်ပစ္စည်းတွေကို လျှပ်စစ်ကားတွေ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ၊ လေရဟတ်တာဘိုင်တွေမှာ အသုံးပြုကြတယ်။ ဒီလိုအခြေအနေကြောင့် အမေရိကန် နဲ့ အနောက်နိုင်ငံတွေဟာ တရုတ်ရဲ့နောက်မှာ ကျန်နေခဲ့ပြီး ခုကျမှ မြေရှား သတ္တုကို တရုတ်ဆီက မဝယ်ယူဘဲ အခြားနေရာက ရရှိဖို့ နည်းလမ်းပေါင်းစုံနဲ့

အမေရိကန်-တရုတ် မြေရှားသတ္တုရရှိရေး အပြိုင်ကြိုးပမ်းမှုမှာ ရှေ့တန်းရောက်လာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ Read More »

အာဏာရှင်တွေဟာ ရူးသွပ်ကြတယ်..

(ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ပွဲ အထူး သုံးသပ်ချက်) ၁၉၈၀ ပြည့်လွန်နှစ်များက အင်ဒိုချိုင်းနား (အာဆီယံမဖြစ်သေး) အခင်းအကျင်းကို ကြည့်ရင် အနိဋ္ဌာရုံ အတော်ပေါများပြီး စစ်ပွဲတွေ၊ ဒုက္ခသည်တွေ၊ ဆင်းရဲခြင်းတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ မြင်ကွင်းတွေကို မြင်ကြရမှာပါ။ အင်ဒိုချိုင်းနားဆိုတာ တောင်/မြောက် ဗီယက်နမ်၊ ကမ်ပူးချား၊ လာအိုတို့ကိုပြောတာပါ။ ဗီယက်နမ်မှာ တောင်ဗီယက်နမ်ကွန်မြူနစ်ပြောက်ကျား ဗီယက်ကောင်းတွေက အမေရိကန်နဲ့ တောင်ဗီယက်နမ် ရုပ်သေး အစိုးရကို ဖြုတ်ချလိုက်တဲ့အခါ ဒီနေ့ ဟိုချီမင်းလို့ အမည် တွင်နေတဲ့ ဆိုင်ဂုံမြို့ပေါ်က ထွက်ပြေးကြရတဲ့ ဗီယက်နမ် လှေစီး ဒုက္ခသည်တွေဟာ တောင်တရုတ်ပင်လယ်မှာ ရေမျော ကမ်းတင်ပါ။ ဆိုင်ဂုံကျဆုံးရှုံးခြင်း (fall of Saigon) နဲ့အတူ ဗီယက်နမ်နှစ်နိုင်ငံ ပေါင်းစည်းသွားပေမယ့် ဗီယက်နမ်ရဲ့ ဆင်းရဲ မွဲတေမှုဟာ မြန်မာထက်တောင်

အာဏာရှင်တွေဟာ ရူးသွပ်ကြတယ်.. Read More »

အရူးတွေရဲ့ ကမ္ဘာ..

(၁) အရူးဟာ သူရူးနေတာကို မသိဘူး။ အရူးဟာ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတယ်။ အရူးပြောသမျှစကား ယုံသူအားလုံး ရူးသွားကြတယ်။ အရူးက ဒီနေ့ ဒီစကားပြောပြီး နောက်တနေ့ နောက်တမျိုးပြောတယ်။ တနေ့တမျိုး မရိုးရဘူး။အရူးကို သွားမခန့်မှန်းနဲ့ ရူးသွားမယ်။ အရူးဟာ ဗလောင်းဗလဲ အမြဲပြောတယ်။ အရူးစကားကို အတည်ယူလို့ မရသလို အတည်မယူလို့လည်း မရဘူး။ အရူးဟာ သူစိတ်ထင်ရင် ထင်သလို ဆုံးဖြတ်တတ်ပြီး စိတ်မထင်ရင် မထင်သလို ရုတ်တရက်ပြောင်းလဲလုပ်တတ်တယ်။အရူးဟာ သူ့ကိုယ်သူသာ ဒီကမ္ဘာမှာ အကြီးမြတ်ဆုံးလို့ ယူဆပြီး တခြားသူတွေကို အထင်သေးတယ်။။ အရူးကို ဘယ်သူမှ လျှော့မတွက်ရဲကြဘူး။ အရူးက ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်လို့။ အရူးဟာ စကားကိုအလွယ်ပြောတယ်။ ပြောပြီး ကတိမတည်ဘူး။  (၂) ဘီဘီစီ In-Depth မှာ Allan Little ရဲ့ How

အရူးတွေရဲ့ ကမ္ဘာ.. Read More »

ကျင့်ဝတ် ဖောက်ဖျက်သူ နဲ့ ကျင့်ဝတ် နားမလည်သူ

ထိုင်း နဲ့ ကမ္ဘောဒီးယား ပြဿနာက “အပျက်အပျက်နဲ့  နှာခေါင်းသွေးထွက်” ဆိုသလို နယ်စပ် အငြင်းပွားမှုကနေ အစိုးရအဖွဲ့ ပြုတ်ကျတော့မယ့် အနေအထားထိ ရောက်ရှိလာတယ်။ ထိုင်း-ကမ္ဘာဒီးယား နယ်စပ်တင်းမာမှုဖြစ်ပြီး ဟိုဘက် ဒီဘက် စစ်ပြင်သလို တင့်ကားတွေ၊ အမြောက်တွေ အသင့်နေရာယူလာတော့ ဒါဟာ တကယ်မဖြစ်ပါဘူး။ နှစ်နိုင်ငံလုံး အမျိုးသားရေး နောက်ခံ ယူဆချက်တွေနဲ့ အင်အားတွေ ထုတ်ပြကြတာပဲ ဖြစ်မှာလို့ သုံးသပ်ခဲ့တယ်။ ပြီးခဲ့တဲ့ မေလအတွင်း တင်းမာမှုတွေ ဖြစ်ကြပြီးတော့ ကမ္ဘောဒီးယားတပ်တွေ နောက်ဆုတ်သွားချိန်မှာ နည်းနည်း ပြန်ငြိမ် သွားတယ်။  ပြဿနာက ဘယ်ကစသလဲဆိုတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး  အသက်(၃၈)နှစ်သာရှိသေးတဲ့ နိုင်ငံရေးအတွေ့အကြုံ ကလေးသာသာရှိတဲ့ ထိုင်းဝန်ကြီးချုပ် “ပေထုန်ထန်” က စတယ် လို့ပဲ ဆိုရမယ်။  ပထမဆောင်းပါးမှာ ဖော်ပြခဲ့သလိုပဲ ထိုင်းဝန်ကြီးချုပ် မိသားစု နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟောင်း မိသားစုက အင်မတန် ရင်းနှီးကြတယ်။

ကျင့်ဝတ် ဖောက်ဖျက်သူ နဲ့ ကျင့်ဝတ် နားမလည်သူ Read More »

လက်မောင်းကြွက်သား ညှစ်ပြကြခြင်း နဲ့ နယ်စပ်ပြဿနာ – CWM

(၁) ပြီးခဲ့တဲ့ မေလ ၇ ရက်ကနေ ၁၁ ရက်နေ့အထိ အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား လေးရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့တယ်။ နှစ်နိုင်ငံစလုံး နျူကလီးယားလက်နက်ပိုင်ဆိုင်ကြတာမို့ ကမ္ဘာက စိုးရိမ်တကြီး စောင့်ကြည့်ခဲ့တယ်။ ဖြစ်ရတဲ့ အကြောင်းက သမိုင်းနဲ့ချီ ရှည်ကြာပြီဖြစ်တဲ့ ကက်ရှ်မီးယား ဒေသ ပိုင်ဆိုင် မှုနဲ့ ပါကစ္စတန်အကြမ်းဖက်သမားတွေ အိန္ဒိယပိုင် ကက်ရှ်မီးယားထဲ ဝင်ရောက်ပြီး ဟိန္ဒူလူမျိုး ၂၅ ဦး ကို သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ မေလ ၇ ရက်မှာ အိန္ဒိယက ဆင်ဒူး စစ်ဆင်ရေး ခေါင်းစဉ်နဲ့ ပါကစ္စတန်နယ်စပ်က အကြမ်းဖက်သမားပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြတော့ ပါကစ္စတန်ဘက်ခြမ်းမှာ အကြမ်းဖက် အဖွဲ့ စခန်းတွေ၊ ဗလီတွေ၊ စာသင်ကျောင်းတွေ ထိမှန်ခဲ့သလို ပါကစ္စတန်လေတပ်က

လက်မောင်းကြွက်သား ညှစ်ပြကြခြင်း နဲ့ နယ်စပ်ပြဿနာ – CWM Read More »

တရုတ်၊ အမေရိကန် နဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ – CWM

စင်္ကာပူမှာ ရှန်ဂရီလာဒိုင်ယာလော့ ဆွေးနွေးပွဲပြီးသွားတော့ တရုတ် နဲ့ အမေရိကန် ကိုယ်စားလှယ် တွေကြား အပြန် အလှန် အသံလေးတွေ ထွက်လာတယ်။ ဒီပွဲကို အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် ပိ ဟက်ဆက် တက်ရောက်တယ်။ ပိ ဟက်ဆက် ဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွေးချယ် ခန့်ထားတဲ့ အသက်(၄၅) နှစ်သာ ရှိသေးတဲ့ အမေရိကန် အမျိုးသား အစောင့်တပ် အရာရှိဟောင်း၊ ငယ်ရွယ်ပြီး ပြတ်သားတဲ့ စကားတွေပြောတတ်ပေမယ့် ပထဝီ နိုင်ငံရေးကိုတော့ သိပ်ကျေညက်ပုံ မရဘူး။ ကာကွယ်ရေးဝန်ကြီးရာထူးအတွက် ဆီးနိတ်ကြားနာစစ်ဆေးပွဲတုန်းက အထက် လွှတ်တော် အမတ် အမျိုးသမီး ဒတ်ဝပ်က အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ အမည်ကို ပြောပါဆိုတော့ မပြော နိုင်ဘဲ တောင်ကိုးရီးယား၊ ဂျပန်၊ အောကပ်စ်အဖွဲ့အကြောင်းတွေကို စကားလမ်းကြောင်းလွှဲ ဖြေခဲ့

တရုတ်၊ အမေရိကန် နဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ – CWM Read More »