The Corner

The Corner

cropped-Logo_round_grey-background.png

CWM

CWM

ဒေါ်နယ်ထရမ့်ရဲ့ ထိုင်ခုံကို ကိုင်လှုပ်နေတဲ့ အီရန်စစ်ပွဲ

လူကြိုက်မများတဲ့ စစ်ပွဲနဲ့ တရိပ်ရိပ်တက်လာတဲ့ လောင်စာဆီစျေးနှုန်းတွေက သမ္မတဒေါ်နယ်ထရမ့်ရဲ့ နောင် အနာဂတ်ကို ကိုင်လှုပ်နေပါပြီ။  ထရမ့်က ရီပတ်ဘလစ်ကန်တွေ “ဘယ်တော့မှ မထိတ်လန့်ကြနဲ့ (NOPANICANS!)” လို့ မတ်လ ၁၄ ရက်နေ့က တွစ်တာမှာ ရေးသားခဲ့တယ်။ ဒါပေမယ့် ထိတ်လန့်တုန်လှုပ်နေတဲ့ လက္ခဏာတွေကို ရီပတ်ဘလစ်ကင်တွေမှာ မြင်တွေ့နေရဆဲပါ။  သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ “အီရန်ရဲ့ စစ်ရေးစွမ်းဆောင်ရည် ၁၀၀% စလုံးကို ဖျက်ဆီးပစ်လိုက်ပြီ” လို့ ပြောဆိုထားပေမဲ့ ကျန်ရှိနေသေးတဲ့ ၀% ဟာ ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၁၀-၁၅% ခန့်ကို ပိတ်ဆို့ဖြတ်တောက်ပြီး ကမ္ဘာ့စီးပွားရေးကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ထရန့် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဒီစစ်ပွဲဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေထက် အမေရိကန်မဲဆန္ဒရှင်တွေကြားမှာ ပိုပြီး လူကြိုက်နည်းနေပြီး နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ အကြီးအကျယ် […]

ဒေါ်နယ်ထရမ့်ရဲ့ ထိုင်ခုံကို ကိုင်လှုပ်နေတဲ့ အီရန်စစ်ပွဲ Read More »

အာဏာရဲ့ မောက်မာမှုက တွန်းပို့လိုက်တဲ့ အီရန်စစ်ပွဲ

(စစ်ပွဲအစမှာ အီရန်စစ်ပွဲက ပြီးသလောက်ဖြစ်သွားပါပြီ။ သူတို့မှာ ခေါင်းဆောင်လည်း မရှိတော့ဘူး။ ဘာမှ မကျန်တော့ဘူး၊ မကြာခင် စစ်ပွဲပြီးဆုံးတော့မယ်လို့ ပြောခဲ့တဲ့ ဒေါ်နယ်ထရမ့်က အခုတော့ အီရန်စစ်ကို အဆုံးမသတ်နိုင်သေးဘဲ ဆက်တိုက်နေရတုန်းပါ။ ထရမ့် စတင်လိုက်တဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဆောင်းပါးရှင် NICHOLAS KRISTOF ရဲ့ The ‘Arrogance of Power’ Drives War in Iran ဝေဖန်ချက်ကို ဖော်ပြလိုက်ပါတယ်) “အီရန်ကို တိုက်ခိုက်ခြင်းဟာ မိုက်မဲတဲ့လုပ်ရပ်ပဲ” လို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝေဖန်ရေးဆောင်းပါးတစ်ပုဒ် ရေးပြီးတဲ့နောက်မှာတော့ ဒေသတွင်းအခြေအနေကို ကျွန်တော့်ထက် အဆပေါင်းများစွာ ပိုနားလည်တဲ့ အီရန်နိုင်ငံသားတချို့ဆီကနေ ကန့်ကွက်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့တယ်။ “ဒါကို ကျွန်တော်တို့ အီရန်နိုင်ငံသားတွေ ကိုယ်တိုင်က

အာဏာရဲ့ မောက်မာမှုက တွန်းပို့လိုက်တဲ့ အီရန်စစ်ပွဲ Read More »

အီရန်ကို အမေရိကန် ဝင်တိုက်တော့မှာလား

အီရန်မှာ စနေနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) က တက္ကသိုလ်ကျောင်းသားတွေရဲ့ ခါမေနီအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့လက တစ်နိုင်ငံလုံး အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအပြီးမှာ ထပ်မံ ပေါ်ပေါက်ခဲ့တာပါ။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲကို အီရန်စစ်တပ်က နှိမ်နင်းခဲ့လို့ လူပေါင်း (၅,၀၀၀) ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အီရန်အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ သေဆုံးသူပေါင်း ၃,၀၀၀ ကျော်ရှိပြီး ဒီအထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို ကြည့်ရင် အီရန်လူငယ်တွေဟာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ ရှေးရိုးဝါဒီ အစွန်းရောက် ခါမေနီအစိုးရ ဖယ်ရှားရေးကို ဘယ်လောက်အထိ လိုလားနေတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။

အီရန်ကို အမေရိကန် ဝင်တိုက်တော့မှာလား Read More »

ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးအရှုပ်အထွေး

(Feature article: အာရှဒေသတွင်း ရွေးကောက်ပွဲများကို လေ့လာသုံးသပ်ချက်) ဒီလထဲမှာ ရွေးကောက်ပွဲတွေ ဆက်နေတယ်။ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလားမသိ။ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာ ဖေဖော်ဝါရီ (၇) ရက်နေ့က ရွေးကောက်ပွဲတွေ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြတယ်။ သူ့အကြောင်းနဲ့သူ ရွေးကောက်ပွဲ ကျင်းပကြတာဖြစ်ပေမဲ့ ရွေးကောက်ပွဲနေ့က ဖေဖော်ဝါရီ (၇) ရက် တစ်ရက်တည်းမှာဆိုတော့ ထူးခြားနေတယ်လို့ ဆိုရမယ်။ ရွေးကောက်ပွဲ နှစ်ခုစလုံးကလည်း လက်ရှိဝန်ကြီးချုပ်တွေကပဲ ဆက်ပြီး အနိုင်ရသွားကြတယ်။ ထိုင်းနိုင်ငံက ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အနုတင် ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်းပါတီက ထိုင်ခုံနေရာအများဆုံးနဲ့ အနိုင်ရခဲ့သလို ဂျပန်ရွေးကောက်ပွဲမှာလည်း လက်ရှိဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ အယ်လ်ဒီပီပါတီက အပြတ်အသတ် အနိုင်ရရှိသွားခဲ့တယ်။ တိုက်ဆိုင်တာမဟုတ်ပေမဲ့ ထူးထူးခြားခြား တစ်ရက်တည်း တစ်ပြိုင်တည်း ကျင်းပတဲ့ ရွေးကောက်ပွဲနှစ်ခုမှာ ဝန်ကြီးချုပ်နှစ်ဦး

ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးအရှုပ်အထွေး Read More »

တရုတ်ပြည်က အသံများ

ဒီရက်အတွင်း တရုတ်ပြည်က အသံတွေ ကြားလာရတယ်။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ကြားက အာဏာလွန်ဆွဲပွဲ သတင်းအစအနတွေပါ။ သိကြတဲ့အတိုင်း ကွန်မြူနစ်ပါတီတွေဟာ အင်မတန် လျှို့ဝှက် သိုသိပ် တတ်ကြပါတယ်။ ပါတီတွင်း ဘာတွေ ဖြစ်ပျက် နေတယ်ဆိုတာ အပြင်ကလူတွေ ဘယ်လိုမှ ဂဃနဏ မသိနိုင်ကြဘူး။ မှန်းဆချက်နဲ့ ပြောတာ။ ပုံကြီးချဲ့ပြောတာ။ လိုသလို ပြောတာ စတဲ့ အချက်အလက်အလွဲတွေဟာ အပြင်ကို ရောက်လာလေ့ ရှိကြတယ်။ ဒါပေမဲ့ မီးမရှိဘဲ မီးခိုး မထွက်ဘူး ဆိုသလို တကယ် မဖြစ်ဘဲလည်း အပြင်ကို သတင်းတွေ စိမ့်ထွက် လာစရာ အကြောင်းမရှိဘူး။ တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အနီးကပ်ဆုံး လက်ရုံးလည်းဖြစ်။ မိတ်ဆွေလည်းဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီး ကျန်းယုံရှားကို ရာထူးကဖယ်ရှားပြီး

တရုတ်ပြည်က အသံများ Read More »

အီရန် ပြိုနိုင်သလား

(၁) အီရန်ဆန္ဒပြပွဲတွေက စိုးရိမ်စရာအခြေအနေကို ရောက်လာတော့ ကမ္ဘာကြီးကလည်း ရင်တမမ ဖြစ်လာတယ်။ ကာတာမှာရှိတဲ့ အမေရိကန်စစ်စခန်း အယ်လ် အူဒိုက် က စစ်သားတွေ ပြန်ရုပ် နေပြီ ဆိုတဲ့ သတင်းနဲ့အတူ အမေရိကန်က အီရန်ကို လေကြောင်းကနေ တိုက်ခိုက်တော့မလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်။ ဗြိတိန်ကလည်း တီဟီရန်မှာရှိတဲ့ သူ့သံရုံးကို ယာယီပိတ်ထားလိုက်ပြီး တာဝန်ရှိသူတချို့ကို ပြန်ခေါ် လိုက်တယ်။ အီရန်ကလည်း သူ့ရဲ့လေပိုင်နက်ကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပိတ်ထား လိုက်ပြီ ဆိုတဲ့ အတွက် ကမ္ဘာကြီးက စိတ်လှုပ် ရှားစရာ မြင်ကွင်းတွေကို မြင်ရတော့မလားဆိုပြီး ထိတ်ထိတ်ပျာပျာ ဖြစ်လာတယ်။ အီရန်မှာ အခြေအနေဆိုးနေတာကတော့ အမှန်ပဲ။ ကုန်စျေးနှုန်း မတရားကြီးပြီး ငွေတန်ဖိုး ထိုးကျရာက ဒီဇင်ဘာ (၂၈) ရက်မှာ

အီရန် ပြိုနိုင်သလား Read More »

အာဏာရှင် မိသားစုနှစ်ခုရဲ့ ပြိုင်ဆိုင်မှုက စတင်တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲ

ထိုင်း နဲ့ ကမ္ဘောဒီးယားတို့ နှစ်ဖက် အပစ်အခတ်ရပ်စဲလိုက်ကြပြန်ပါပြီ။ ဒီဇင်ဘာ (၂၇) ရက်၊ နှစ်နိုင်ငံ နယ်ခြားကော်မတီ (GBC) တို့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ ယာယီ အပစ်အခတ် ရပ်စဲလိုက်ကြတာပါ။  (၇၂) နာရီ အတွင်း နှစ်ဖက်တပ်တွေ အပြန်အလှန် ပစ်ခတ်ခြင်းမပြုကြတော့ဘဲ တပ်တွေက ရောက်ရှိနေရာမှာပဲ ဆက်နေဖို့ သဘောတူခဲ့ကြတာပါ။ ဒီအပစ်အခတ်ရပ်စဲရေးက ဘယ်လောက်တာရှည်မယ် မသိနိုင်သေးပေမယ့် ဒီဇင်ဘာ (၇) ရက်နေ့က စတင်လိုက်တဲ့ စစ်ပွဲဟာ ဒီဇင်ဘာ (၂၇) မှာ ရပ်စဲသွားတော့ ရက်ပေါင်း (၂၀) ကြာခဲ့တယ်လို့ ဆိုရမယ်။ ရက် (၂၀) ကြာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲဟာ တစ်ကျော့ပြန် ပြီးဆုံးခဲ့ပြီဆိုပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာ အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်ပြီး နှစ်ဖက်

အာဏာရှင် မိသားစုနှစ်ခုရဲ့ ပြိုင်ဆိုင်မှုက စတင်တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲ Read More »

တာကိုင်ချီ ရဲ့ ထိုင်ဝမ် မှတ်ချက် နဲ့ တရုတ်-ဂျပန် တင်းမာမှု နောက်ဆက်တွဲ ဂယက်များ

“အခု ဂျပန် နဲ့ တရုတ်ကိစ္စကိုကြည့်။ ကျနော်တို့အားလုံး တည်ငြိမ်တဲ့ အာရှဒေသကို လိုလားကြတယ်။ လူတိုင်းလည်း ဒီကိစ္စ စိတ်ဝင်စားတယ်။ နှစ်နိုင်ငံစလုံး ရှုပ်ထွေးတဲ့ လက်ရှိကိစ္စကို ဆက်ပြီး အငြင်းမပွားဘဲ လျှော့ချလိုက်ကြပြီး ရှေ့ဆက်သွားရင် ကောင်းမယ်။ တရုတ်-ဂျပန် ဆက်ဆံရေးဟာ နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတယ်။ စီးပွားရေးအရ ပိုအရေးကြီးတယ်။ တရုတ်ဟာ ဂျပန်ရဲ့ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်တယ်။ ဒါပေမဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေ ရှိတယ်။ တရုတ်-အမေရိကန်အားပြိုင်မှု နဲ့ တရုတ် ဂျပန် သမိုင်းကြောင်းပဋိပက္ခတွေ ရှိတယ်။ ပြဿနာက နှစ်နိုင်ငံလုံးက အတိတ်သမိုင်းကို ဆုပ်ကိုင်ထားကြတယ်။ ကျွန်တော့်အနေနဲ့က နှစ်နိုင်ငံစလုံး ရှုပ်ထွေးတဲ့ သမိုင်းကြောင်းကိစ္စတွေကို နည်းလမ်းရှာ ဖြေရှင်းပြီး ရှေ့ဆက်နိုင်ဖို့ မျှော်လင့်တယ်။ ဂျပန် နဲ့ အရှေ့တောင်အာရှဟာလည်း သမိုင်းကြောင်းတွေ

တာကိုင်ချီ ရဲ့ ထိုင်ဝမ် မှတ်ချက် နဲ့ တရုတ်-ဂျပန် တင်းမာမှု နောက်ဆက်တွဲ ဂယက်များ Read More »

ထိုင်း-တရုတ် ဆက်ဆံရေး နဲ့ တိုက်ဆိုင်မှုမဟုတ်တဲ့ နိုင်ငံရေး

နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူးလို့ ပြောကြတယ်။ ထိုင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန် ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၂)ရက် (ဗုဒ္ဓဟူးနေ့)က တရုတ်နိုင်ငံ ပီကင်းမြို့ကို နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိလာပါတယ်။ ထိုင်းဘုရင်မင်းမြတ်ရဲ့ ဒီခရီးစဉ်ဟာ ထိုင်း-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းမှာ အထူးခြားဆုံး မှတ်တမ်းတင်ရမယ့် ခရီးစဉ် လည်းဖြစ်တယ်။ တရုတ် နဲ့ ထိုင်းဟာ ၁၉၇၅ ခုနှစ်ကျမှ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ကြတာဖြစ်ပြီး ဒီနှစ်မှာ နှစ် (၅၀) ပြည့် ပါတယ်။ အစဉ်အလာအားဖြင့် ထိုင်းဟာ တရုတ်ရဲ့ မဟာမိတ်မဟုတ်ပါဘူး။ အမေရိကန်ရဲ့ မဟာမိတ်ပါ။ နှစ်ပေါင်း (၅၀) သံတမန်ဆက်ဆံရေး ထူထောင်ထားစဉ်ကာလ တစ်လျှောက်လုံး ထိုင်းအစိုးရအဖွဲ့ခေါင်းဆောင်တွေ ပီကင်းကို သွားရောက် လည်ပတ်တာမျိုး ရှိခဲ့ပေမယ့် ခုလို ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး

ထိုင်း-တရုတ် ဆက်ဆံရေး နဲ့ တိုက်ဆိုင်မှုမဟုတ်တဲ့ နိုင်ငံရေး Read More »

အာဆီယံ ခေါင်းဆောင်များနဲ့ အာဆီယံ နိုင်ငံရေး ဇာတ်ခုံ

အာဆီယံက ခုတော့ (၁၁) နိုင်ငံဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆) ရက်ကစပြီး အရှေ့တီမော နိုင်ငံငယ် ကလေးက အဖွဲ့ဝင် ဖြစ်လာတာပါ။ အရှေ့တီမောက အာဆီယံမှာ သက်တမ်းအနုဆုံး နိုင်ငံဖြစ်သလို နောက်အကျဆုံး အဖွဲ့ဝင်ဖြစ်လာတဲ့နိုင်ငံပါ။ ၂၀၀၂ ခုနှစ်ကမှ အင်ဒိုနီးရှားနိုင်ငံလက်အောက်က လွတ်မြောက်ပြီး နိုင်ငံတခုအဖြစ် ပေါ်ထွန်းလာခဲ့တာပါ။ သမိုင်းကြောင်းအရ အရှေ့တီမောဟာ ပေါ်တူဂီကိုလိုနီအဖြစ် ၁၉၇၅ ခုနှစ်အထိ နေခဲ့ရပြီး ၁၉၉၉ ခုနှစ်မှာ အင်ဒိုနီးရှားတပ်တွေက ကျူးကျော်သိမ်းပိုက်ခြင်းခံခဲ့ရတယ်။ ကုလသမဂ္ဂရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ၂၀၀၂ ခုနှစ်မှာ အရှေ့တီမော လွတ်လပ်ရေး ရခဲ့တယ်။ အင်ဒိုနီးရှားကျွန်းစုများရဲ့ အစွန်ဆုံး တီမောကျွန်းရဲ့ အရှေ့ဘက်ခြမ်းတည်ရှိလို့ အရှေ့တီမောလို့ ခေါ်တွင်တာဖြစ်တယ်။ တကယ်တော့ အာဆီယံမှာ ၂၀၂၅၊ အောက်တိုဘာ(၂၆)မတိုင်မီအထိ အဖွဲ့ဝင် (၁၀) နိုင်ငံပဲ

အာဆီယံ ခေါင်းဆောင်များနဲ့ အာဆီယံ နိုင်ငံရေး ဇာတ်ခုံ Read More »