The Corner

The Corner

cropped-Logo_round_grey-background.png

ကမ္ဘာ

ထရမ့်အလွန် ကာလနောက်ပိုင်း၌ ဖြစ်နိုင်ခြေရှိသည့် ကမ္ဘာ့အခင်းအကျင်း သုံးမျိုး

(မြန်မာပြန်သည်) ကမ္ဘာဟောင်းသည် သေအံ့မူးမူး ဖြစ်နေပြီ “ကမ္ဘာဟောင်းသည် သေအံ့မူးမူး ဖြစ်နေပြီ” ဟု အီတလီ ဒဿနပညာရှင် ‘အန်တိုနီယို ဂရမ်ဆီ’ (Antonio Gramsci) က ၁၉၃၀ ပြည့်နှစ် တွင် ရေးသားခဲ့သည်။ “ကမ္ဘာအသစ်သည် မွေးဖွားရန် ကြိုးစားရုန်းကန်လျက်ရှိသည်” ဟုလည်း သူက ဆိုသည်။ သူ၏ မာ့က်စ်ဝါဒဆိုင်ရာ ယုံကြည်ချက်များ မည်သို့ပင် ရှိနေစေကာမူ ‘ဂရမ်ဆီ’တစ်ယောက် ယခု ‘ထရမ့်ခေတ်’ (Trumpian Age) မှာ ရှိနေမည် ဆိုလျှင်တော့ လက်ရှိအခြေအနေသည် သူ့အတွက် အထူး အဆန်းကိစ္စတစ်ခု ဖြစ်နေမည် မဟုတ်ပေ။ ဤနေရာတွင် “ကမ္ဘာဟောင်း” ဟုဆိုသည်မှာ ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်ပြည်ထောင်စုက အနောက်နိုင်ငံများတွင် ပြန်လည်ထူထောင်တည်ဆောက်ပေးခဲ့သော လူမှုဘဝအခင်းအကျင်းဖြစ်သည်။ ‘စစ်အေးခေတ်’ စစ်ပွဲတွင် အောင်ပွဲရရှိခဲ့လေသည်။ […]

ထရမ့်အလွန် ကာလနောက်ပိုင်း၌ ဖြစ်နိုင်ခြေရှိသည့် ကမ္ဘာ့အခင်းအကျင်း သုံးမျိုး Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၁)

စုံ-မ ပြဿနာ အဖြေရှာ ဦးမိုး – လာဗျ လာဗျ။ ခင်ဗျား ဒီနေ့ နောက်ကျတယ်နော်။ ဘာလဲ၊ ဆီသွားတန်းစီနေတာလား။  ဦးတိုး – မဟုတ်ရပါဘူးဗျာ။ အိမ်မှာ ဟိုလုပ်ဒီလုပ်နဲ့ ကြာသွားလို့ပါ။  ဦးမိုး –  ဪ ဟုတ်လား၊ မသိပါဘူးဗျာ။ ခေတ်မီအောင်များ ဆီသွားတန်းစီနေသလားလို့ မေးတာပါ။  ဦးတိုး – ပုံမှန်အခြေအနေမှာကတည်းက ကျွန်တော်က ကားကို ဆီအပြည့်ဖြည့်ထားလေ့ရှိတယ်။ ကားကလည်း ဟိုနားသည်နား အဖိုးကြီးအဖွားကြီး နှစ်ယောက်တည်း သုံးတာဆိုတော့ ခရီးဝေးဝေးလည်း မသွားဖြစ်ပါဘူးဗျာ။ သွားဖြစ်ရင်လည်း တိုင်ကီအပြည့် ပြန်ဖြည့်တဲ့အကျင့်ကို လုပ်ထားတော့ အခုအချိန်မှာ ဆီဆိုင်မှာ တန်းသွားစီရင်တောင် သူတို့ရောင်းပေးတဲ့ ၁၅ လီတာတောင် ရမှာမဟုတ်ဘူး။  ဦးမိုး – အေးဗျာ။ ခင်ဗျားလိုလူတွေချည်းပဲဆိုရင် သိပ်ကောင်းမှာပဲ။ အခုတော့ တစ်ရက်ခြားပဲ ကားတွေကို မောင်းခွင့်ပေးထားသေးတယ်လို့

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၁) Read More »

(သား) ခါမေနီဟာ ဘယ်လို လူမျိုးလဲ

အီရန်မှာ ပေါ်ထွက်လာတဲ့ ထိပ်တန်းခေါင်းဆောင်သစ်အကြောင်း ဝေဖန်ဖို့ရာ ဘာမှ သိပ်မရှိပေမဲ့ သူရှေ့ဆက်လျှောက်ရမယ့်လမ်းကတော့ ကြမ်းတမ်းလိမ့်မယ်။ အီရန်နိုင်ငံအတွက်တော့ ဖခင်ရဲ့ ဘာသာရေးအာဏာကို ဆက်ခံမယ့်သူ မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) ဟာ နောက်ထပ် ဘာသာရေး ထိပ်တန်း ခေါင်းဆောင် (Supreme Leader) တစ်ဦးအဖြစ် ရွေးချယ်ခံရတယ်ဆိုတဲ့ သတင်းဟာ မျှော်လင့်ထားသလိုပင် ဖြစ်ပေမဲ့လည်း တစ်ဖက်မှာလည်း ခပ်ဆန်းဆန်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ မိုဂျ်တာဘာကို သူ့ဖခင်ဖြစ်သူ အီရန်ရဲ့ အမြင့်ဆုံး ဘာသာရေး ခေါင်းဆောင်ကြီး အလီ ခါမေနီ အာယာတိုလာရဲ့ အရိုက်အရာကို ဆက်ခံနိုင်မည့်သူ ဖြစ်နိုင်ကြောင်းကို အီရန်ပြည်သူတွေက နှစ်ပေါင်းများစွာကတည်းက ခန့်မှန်းခဲ့ပါတယ်။ ကျွန်တော်လည်း ဒီကိစ္စကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ခန့်အကြာကတည်းက တီဟီရန်မြို့က

(သား) ခါမေနီဟာ ဘယ်လို လူမျိုးလဲ Read More »

စစ်ဝဲဂယက်အတွင်းက ချားလ်စ် ဘုရင်ရဲ့ အမေရိကန် ခရီးစဥ်

၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာတို့ကို ချားလ်စ် ဘုရင်နဲ့ မိဖုရား ကင်မလာတို့က ဝင်ဆာရဲတိုက်မှာ ခမ်းနားထည်ဝါစွာ ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။ လာမယ့် ဧပြီလမှာ စီစဉ်ထားတဲ့ ချားလ်စ် ဘုရင် (King Charles) ရဲ့ အမေရိကန်ကို လာရောက် လည်ပတ်မယ့် နိုင်ငံတော်အဆင့် ခရီးစဉ်ကို ဖျက်သိမ်းသင့်သလား?။ ဖျက်သိမ်းသင့်တယ်လို့ ယူဆရမယ့် အကြောင်းရင်းတွေက တော်တော်လေးကို ခိုင်လုံနေပါတယ်။ လက်ရှိအခြေအနေမှာ အမေရိကန်ဟာ ခိုင်လုံတဲ့ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ အီရန်အပေါ် စစ်ပွဲဆင်နွှဲနေပြီး အပြစ်မဲ့ ပြည်သူ ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီးပါပြီ။ ဒီစစ်ပွဲကြောင့် ဗြိတိန်အပါအဝင် ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်မှုတွေကလည်း အကြီးအကျယ် ဖြစ်လာနေပါတယ်။ အမေရိကန်

စစ်ဝဲဂယက်အတွင်းက ချားလ်စ် ဘုရင်ရဲ့ အမေရိကန် ခရီးစဥ် Read More »

အာဏာရဲ့ မောက်မာမှုက တွန်းပို့လိုက်တဲ့ အီရန်စစ်ပွဲ

(စစ်ပွဲအစမှာ အီရန်စစ်ပွဲက ပြီးသလောက်ဖြစ်သွားပါပြီ။ သူတို့မှာ ခေါင်းဆောင်လည်း မရှိတော့ဘူး။ ဘာမှ မကျန်တော့ဘူး၊ မကြာခင် စစ်ပွဲပြီးဆုံးတော့မယ်လို့ ပြောခဲ့တဲ့ ဒေါ်နယ်ထရမ့်က အခုတော့ အီရန်စစ်ကို အဆုံးမသတ်နိုင်သေးဘဲ ဆက်တိုက်နေရတုန်းပါ။ ထရမ့် စတင်လိုက်တဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဆောင်းပါးရှင် NICHOLAS KRISTOF ရဲ့ The ‘Arrogance of Power’ Drives War in Iran ဝေဖန်ချက်ကို ဖော်ပြလိုက်ပါတယ်) “အီရန်ကို တိုက်ခိုက်ခြင်းဟာ မိုက်မဲတဲ့လုပ်ရပ်ပဲ” လို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝေဖန်ရေးဆောင်းပါးတစ်ပုဒ် ရေးပြီးတဲ့နောက်မှာတော့ ဒေသတွင်းအခြေအနေကို ကျွန်တော့်ထက် အဆပေါင်းများစွာ ပိုနားလည်တဲ့ အီရန်နိုင်ငံသားတချို့ဆီကနေ ကန့်ကွက်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့တယ်။ “ဒါကို ကျွန်တော်တို့ အီရန်နိုင်ငံသားတွေ ကိုယ်တိုင်က

အာဏာရဲ့ မောက်မာမှုက တွန်းပို့လိုက်တဲ့ အီရန်စစ်ပွဲ Read More »

ဒေါ်နယ်ထရမ့်ရဲ့ ရည်မှန်းချက် ဝေဝါးတဲ့စစ်ပွဲ

သူ့ရဲ့ အဆင်ခြင်နည်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပဋိပက္ခဟာ ဖရိုဖရဲ ပရမ်းပတာ အခြေအနေအဆင့်ကို သက်ဆင်းတော့မည့် ဘေးကြုံနေရသည်။ အစိုးရအဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်က တခြားအစိုးရအဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲ တစ်ယောက်ကို သေမိန့်ပေးတာဟာ အတော်ကို ရှားပါးတဲ့ ဖြစ်ရပ်ပါ။ အခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတော့ အမေရိကန်သမ္မတနဲ့ အစ္စရေးဝန်ကြီးချုပ်တို့က အဲဒီအတိုင်း လုပ်ခဲ့ကြပြီး အီရန်နိုင်ငံရဲ့ အသက် ၈၆ နှစ်အရွယ်ရှိ နိုင်ငံ့အကြီးအကဲချုပ် ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီကို သတ်ဖြတ်ခဲ့ကြတယ်။ အီရန်အစိုးရအဖွဲ့ရဲ့ ထိပ်ဆုံးခေါင်းဆောင်ကြီးကို သုတ်သင်လိုက်တာဟာ “Operation Epic Fury” (ကြီးကျယ်လှတဲ့ ဒေါသမာန် စစ်ဆင်ရေး) ရဲ့ စစ်ဆင်ရေးဆိုင်ရာ အောင်မြင်မှုအမျိုးမျိုးကို ထင်ဟပ်ဖော်ပြပါတယ်။ မစ္စတာခါမေနီရဲ့ နေရာကို သုံးဦးတွဲဖက် အုပ်ချုပ်ရေးအဖွဲ့က

ဒေါ်နယ်ထရမ့်ရဲ့ ရည်မှန်းချက် ဝေဝါးတဲ့စစ်ပွဲ Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၀)

မစားကောင်းတဲ့ အသီး ဦးမိုး – ခင်ဗျား ဒီနေ့ နောက်ကျပါလားဗျ။ ဘာအလုပ်တွေများ ရှုပ်နေလို့တုန်း။ ဦးတိုး – ဟုတ်တယ်ဗျာ။ အိမ်မှာ ဟိုကိစ္စ ဒီကိစ္စ လိုရင်သုံးဖို့ ကားလေး ဝယ်ထားတာ။ ဒီကားအတွက် ဓာတ်ဆီလိုက်ဖြည့်နေတာဗျို့။ အိမ်ကကားက မ နံပါတ်ဆိုတော့ စုံရက်မှာ ထွက်လို့မရ၊ ဆီလည်း ဖြည့်လို့မရတော့ ဒီနေ့ မရက်မှာ စောစောထပြီး လုပ်စရာရှိတာတွေ လုပ်ပြီးမှ ကားပြန်ထားပြီး ထွက်လာတာ။ ဒါကြောင့် နောက်ကျနေတာပါ။ ဦးမိုး – ဟား ဟား.. ခင်ဗျားတို့ကိုကြည့်ပြီး ကားပိုင်မရှိတဲ့ ကိုယ့်ဘဝကိုယ် အားကျမိတယ်။ တယ်လည်း လွတ်လပ်ပါလားလို့။ ဦးတိုး – မထင်နဲ့ မထင်နဲ့ဗျ။ အခုခင်ဗျား ဟိုနား ဒီနားသွားရင် စီးတဲ့ တက်စီ

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၀) Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉)

ဘာလုပ်မလဲ အမေရိကန် ဦးမိုး။  ။ ဟေ့လူ ဦးတိုး… ခင်ဗျားကြည့်ရတာ ဒီနေ့ မျက်မှောင်ကြီးကုပ်လို့။ ဘာလဲ… ဟိုဘက်က ထရမ့်ကြီးက နောက်တစ်ခါ ဗုံးထကြဲပြန်ပြီလား။ ဦးတိုး။ ။ အောင်မယ်… ဦးမိုးကလည်း၊ ကြဲတော့မယ့် အနေအထား ဖြစ်နေပြီဗျ။ အခု အရှေ့ အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ ပုံအောပြီး လွှတ်ထားတာ ၂၀၀၃ အီရတ် စစ်ပွဲတုန်းကထက်တောင် များနေပြီ။ လေယာဉ်တင်သင်္ဘောကြီး နှစ်စင်းတင်မကဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန် လေတပ်အင်အားရဲ့ တစ်ဝက်နီးပါးလောက်ကို အဲ့ဒီမှာ သွားစုထားတာဗျ။ ဦးမိုး။ ။ ကျွန်တော်လည်း အဲဒါကိုပဲ သိချင်နေတာ ပြောပြပါဦး… ဒါက အီရန်ကို ခြိမ်းခြောက်တာလား၊ တကယ်ပဲ ဝင်တိုက်တော့မှာလား။ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း အစ္စရေးနဲ့ပေါင်းပြီး အီရန်ရဲ့

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉) Read More »

‘ဒေါ်နယ်ထရမ့်’ သို့မဟုတ် အမေရိကန်ဒီမိုကရေစီကို ဖြိုဖျက်နေသူ

ဒေါ်နယ်ထရမ့်ဟာ လူလိမ်လား၊ သမ္မတရာထူးနဲ့ ထိုက်တန်သူ ဟုတ်ရဲ့လား။ ၂၀၂၆ ခုနှစ်ဆန်းချိန်ရဲ့ ထူးခြားချက်ကတော့ အမေရိကန်ပြည်သူအများစုကြီးခမျာ ကြီးမားလှတဲ့ နောင်တကို ရင်မှာ ပိုက်မိနေလျက်သား ဖြစ်နေခြင်းပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ (၄၇) ယောက်မြောက် သမ္မတအဖြစ် ‘ဒေါ်နယ်ထရမ့်’ ကို ဒုတိယအကြိမ် ထပ်မံရွေးချယ်မိခဲ့တဲ့အတွက် အကြီးအကျယ်မှားကြောင်း သိရှိလာကြပြီးနောက် အတော့်ကို နောင်တရနေကြရပြီ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုအတွင်း လတ်တလော ဖြစ်ပွားနေတဲ့ ပြည်တွင်းရေးရာ မူဝါဒပြဿနာတွေနဲ့ နိုင်ငံခြားရေး မူဝါဒအလွဲတွေကို လေ့လာကြည့်ရင် ဒီမိုကရေစီစနစ် ဖြိုဖျက်ခံနေရတာ ထင်ရှားလာနေတယ်။ လက်သည်တရားခံက တခြားသူမဟုတ်၊ ‘ဒေါ်နယ်ထရမ့်’ ဖြစ်နေတာ တွေ့ရတယ်။ ထရမ့်ရဲ့ ရမ်းကားမှုတွေကြောင့် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် အဓိက နိုင်ငံရေးပါတီကြီး ၂ ခု အကြားမှာလည်း ပဋိပက္ခတွေ

‘ဒေါ်နယ်ထရမ့်’ သို့မဟုတ် အမေရိကန်ဒီမိုကရေစီကို ဖြိုဖျက်နေသူ Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၈)

၂၀၂၆ မှာ ဒုက္ခရောက်နေကြသူတွေ အထဲ ကုလလည်းပါ ဦးမိုး – ဟေ့ ကိုတိုး ကျွန်တော် ဒီမှာဗျ။ ထိုင် ထိုင်။ ခင်ဗျား စားချင်တာသာ တန်းမှာလိုက်ပေတော့။ ကျွန်တော်တော့ မှာပြီးသွားပြီ။ ဦးတိုး – ကျေးဇူးပါပဲဗျာ။ အိမ်မှာ စီစဉ်စရာလေးတွေ စီစဉ်ပေးခဲ့ရတော့ နည်းနည်း နောက်ကျသွားတယ်။ ဦးမိုး – ရပါတယ်။ ခင်ဗျားကို မျှော်နေတာ။ မနေ့က သတင်းတွေ လျှောက်ဖတ်ရင်း အရင်က မကြားဖူးတာတွေ ကြားလိုက်ရလို့။ ခင်ဗျားက နှံ့နှံ့စပ်စပ် ဆိုတော့ သိများသိမလားလို့။ ဦးတိုး – ပြောပါဦး ဘာလဲဗျ။ ဦးမိုး – အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် ဒုက္ခရောက်ကြသူတွေအထဲမှာ နောက်တစ်ယောက် တိုးလာတဲ့ ကုလသမဂ္ဂအကြောင်းလေ။ ဦးတိုး

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၈) Read More »