The Corner

The Corner

cropped-Logo_round_grey-background.png

အတွဲ (၁၂)

The Corner, volume 12

အင်ဒိုနီးရှားသမ္မတသစ်ရဲ့ အဖေ့ခြေရာနင်းချင်တဲ့ ရောဂါ

သမ္မတသစ် ပရာဘိုဝို ဆူဘီယန်တို ဟာသူ့ဖခင်လုပ်ဆောင်ခဲ့တာတွေကို အလွန် ယုံကြည် အားကျပြီး အတုယူ လိုက်လုပ်ပြ ချင်စိတ်တွေ ပြင်းထန်နေပါတယ်။ သမ္မတသစ်ကံကောင်းပါစေ။ မနှစ်က သမ္မတအဖြစ် ရွေးကောက်ခံရပြီးပြီးချင်း ပရာဘိုဝို ဆူဘီယန်တို ဟာ သူ့ ရဲ့ ညီအစ်ကိုတော် ကို “ငါတို့ အဖေ ရဲ့ အစီအစဥ်တွေကို  အကောင်အထည်ဖော် နိုင်တော့မယ်၊ သူ့ရဲ့ အိပ်မက်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးနိုင်တော့မယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီ “ငါတို့ အဖေ” ဆိုတာကတော့ လွတ်လပ်ရေးရပြီးစ အင်ဒိုနီးရှား နိုင်ငံ တည်ဆောက်ရေး ကာလ ဗိသုကာကြီး ဆူမီထရို ဂျိုဂျိုဟာဒီကူဆူမို (Sumitro Djojohadikusumo) ကိုပြောတာပါ။ သူဟာ အင်ဒိုနီးရှားရဲ့ ပထမဆုံးသမ္မတ ဆူကာနို နဲ့ […]

အင်ဒိုနီးရှားသမ္မတသစ်ရဲ့ အဖေ့ခြေရာနင်းချင်တဲ့ ရောဂါ Read More »

ကုန်သွယ်ရေးစစ်ကြောင့်အထိနာမည့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ

ဘင်္ဂလားဒေ့ရှ်နှင့်သီရိလင်္ကာ စသည့် တောင်အာရှနိုင်ငံများနှင့် ထိုင်း၊ မလေးရှားစသည့်  အရှေ့တောင်အာရှ နိုင်ငံများသည် ဒေါ်နယ်ထရမ့်နှင့် သဘောတူညီချက် မရလျှင် စီးပွားရေး အခက်အခဲများ ရင်ဆိုင် ကြုံရမည်။ တောင်အာရှဒေသ အလုပ်သမားဈေးကွက်မှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်တဲ့ နှုန်းဟာ ယေဘုယျအားဖြင့် ဆိုရင် အတော်ကို ဆိုးဆိုးရွားရွား နိမ့်ကျ နေပါတယ်။ ဒါပေမဲ့ ဒီဒေသကြီးအတွင်းက အထည်ချုပ် စက်ရုံတွေ ကတော့ ခြွင်းချက် ထားရမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံမှာ အပ်ချုပ်စက်တွေနဲ့ ချုပ်လုပ်နေတဲ့ စက်ချုပ် အလုပ်သမ တွေက လုပ်သား အင်အားရဲ့ သုံးပုံနှစ်ပုံ လောက်ရှိတယ်။  အထည်ချုပ် လုပ်ငန်းက ၁၉၈ဝ ပြည့်လွန်နှစ်တွေ ကာလ နောက်ပိုင်းမှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ကို ဦးဆောင်နေပြီး သန်းချီရှိတဲ့

ကုန်သွယ်ရေးစစ်ကြောင့်အထိနာမည့် တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ Read More »

ဗိုလ်ကျသူနဲ့ လိမ္မာသူ

စင်္ကာပူနိုင်ငံက သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့နိုင်ငံတွေကို စော်ကားလိုက်တယ်လို့ မြင်ပါတယ် ငယ်ငယ်တုန်းက ကျောင်းက ကစားကွင်းကို အတန်းထဲက အနိုင် ဗိုလ်ကျလေ့ရှိတဲ့ ကျောင်းသားတစ်စုက အုပ်စီး ထားတယ် ဆိုပါတော့။ လိမ္မာပြီး စည်းကမ်းတကျ နေတတ်တဲ့ ကျောင်းသားလေးတွေ ဘာလုပ်ကြမယ် ထင်ပါလဲ။ ဒီလို အကျပ်အတည်းမျိုး ကမ္ဘာ့ စီးပွားရေး အခင်းအကျင်းမှာ ဖြစ်နေပါပြီ။ ဒီနှစ် ဇန်နဝါရီလမှာ သမ္မတအဖြစ် နောက်တစ်ဖန် ပြန်ရောက်လာတဲ့ ဒေါ်နယ်ထရမ့် တစ်ယောက်ဟာ ကုန်သွယ်ဖက် နိုင်ငံတွေကို အစွန်းရောက် အာဏာရှင်ဆန်ဆန် ဖိနှိပ် ဆက်ဆံလာပါတယ်။ ဒီ အပြုအမူ မျိုးဟာ သူရဲ့ အရင် သမ္မတသက်တမ်းတုန်းကနဲ့ မတူတဲ့ လုပ်ရပ်တစ်ခုပါ။ အဲဒီတုန်းကတော့ အစိုးရ အာဏာပိုင်တွေက ကမ္ဘာ့ နိုင်ငံတွေကို ထိန်းချုပ်နိုင်ဖို့

ဗိုလ်ကျသူနဲ့ လိမ္မာသူ Read More »

သမ္မတ ပူတင်နဲ့ ရုရှားနိုင်ငံရဲ့ အနောက်အုပ်စု ဖြိုခွဲရေး ဗျူဟာ

ဗလာဒီမာ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် တစ်ရက် ဖြစ်တဲ့ သြဂုတ်လ ၁၆ ရက်မှာ ရုရှားနိုင်ငံရဲ့ ကဏ္ဍအသီးသီးမှ ထိပ်တန်း တာဝန်ရှိသူတွေကို ကရင်မလင် နန်းတော်ရှိ စိန့်ကက်သရင်း ခန်းမကို ဖိတ်ခေါ်ခဲ့ပါတယ်။ စိန့်ကက်သရင်း ခန်းမဆိုတာ ကတော့ ဇာဘုရင် ခေတ်ကာလတွေတုန်းက ရုရှားအင်ပါယာကြီးရဲ့ ဝင့်ထည်တဲ့ ဘုန်းဂုဏ်ရောင်ကို ပြစားဖို့ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံကြီးပါ။ မစ္စတာပူတင်ဟာ အတိတ်ကာလတုန်းက လက်နက်နိုင်ငံ အင်ပါယာရှင် ဇာဘုရင်တွေ တည်ဆောက်ခဲ့တဲ့ ထိုခန်းမမှာ အမေရိကန်ပြည်ထောင်စု အလာစကာ ပြည်နယ်ကို သူခရီးဆန့်ခဲ့စဥ်အတွင်းမှာ သူရယူနိုင်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ရှင်းပြခဲ့တယ်။ မစ္စတာပူတင်ဟာ အခမ်းအနား စတင်စမှာတော့ မစ္စတာထရမ့်ရဲ့ ရိုးသား ဖြောင့်မတ်မှုနဲ့ စစ်ပွဲ ပြီးဆုံးဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေကို ရှင်းပြခဲ့တယ်။ ထိုတွေ့ဆုံမှုက

သမ္မတ ပူတင်နဲ့ ရုရှားနိုင်ငံရဲ့ အနောက်အုပ်စု ဖြိုခွဲရေး ဗျူဟာ Read More »

‘သမ္မတ ပရာဘိုဝို’ ကို စိန်ခေါ်နေတဲ့ အင်ဒိုနီးရှား လူထုအုံကြွမှု

အင်ဒိုနီးရှားနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ အကြားမှာ တည်ရှိပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိ တဲ့အတွက် ကမ္ဘာပေါ်မှာ အကြီးဆုံး ကျွန်းနိုင်ငံဖြစ်တယ်။ လူဦးရေ ၂၈၆ ဒသမ ၆ သန်းကျော်ရှိကြောင်း ၂၀၂၅ ဇွန်လ အင်ဒိုနီးရှား ပြည်ထဲရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရတယ်။ လူဦးရေရဲ့ ၈၆ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၁၆ ခုနှစ်က စာရင်းဇယားအရ လူဦးရေရဲ့ ၁၀ ဒသမ ၈% ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရောက်ရှိ နေပြီး အလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၅% ရှိတယ်လို့ ဖော်ပြထားတယ်။ အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံရေးသြဇာ အမြင့်ဆုံးလို့ ပြောနိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ‘သမ္မတ ပရာဘိုဝို

‘သမ္မတ ပရာဘိုဝို’ ကို စိန်ခေါ်နေတဲ့ အင်ဒိုနီးရှား လူထုအုံကြွမှု Read More »

အင်ဒိုနီးရှား ရှစ်လေးလုံး

အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဇာတာစန်းလဂ်ဟာ တစ်ခုခုတော့ တိုက်ဆိုင်နေသလား မသိပါ။ အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတို နဲ့ ဆူကာနို လက်အောက်မှာ ခံခဲ့ကြရတဲ့ တစ်ချိန်တည်းမှာ  မြန်မာမှာလည်း အာဏာရှင်တွေရဲ့ အောက်မှာပါပဲ။ လွတ်ပြန်တော့လည်း အင်ဒိုနီးရှားမှာ လုပ်သလို ၂၅ ရာခိုင်နှုန်း သော စစ်ဗိုလ်တွေက လွှတ်တော်ထဲမှာ ထိုင်နေကြပြန်ပါတယ်။ ၁၉၉၈ မှာ ဆူဟာတို ကျဆုံးသွားတဲ့အခါ တို့တော့ ဒီမိုကရေစီရပြီလို့ အင်ဒိုနီးရှားပြည်သူတွေ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဆူဟာတိုရဲ့ ဂိုဏ်းဝင်ဗိုလ်ချုပ်တွေက စစ်တပ်ရာထူး တွေစွန့်လွှတ်၊  ဒီမိုကရေစီ အရေခြုံပြီး အုပ်စုတွေ ပြန်ဖွဲ့၊ ပါတီတွေကို အုပ်စီးကာ သူတို့ရဲ့ ချမ်းသာမှုတွေအတွက် လုပ်ဆောင်လာကြပါတယ်။ သြဂုတ်လအတွင်းမှာ အင်ဒိုနီးရှား နိုင်ငံအတွင်း မြန်မာတွေ ကြုံခဲ့ရတဲ့ အရေးအခင်းကြီးမျိုး

အင်ဒိုနီးရှား ရှစ်လေးလုံး Read More »

နိုင်ငံထက် ပိုပြီး အရေးကြီးတဲ့ ဓာတ်ပုံတစ်ပုံ 

အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုတစ်ယောက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ပင်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့နဲ့အတူ တီယင်မင် ရင်ပြင်မှာ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ သူ့အတွက် ကမ္ဘာက အာရုံစိုက်စရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ သုံးသပ်သူတွေရဲ့ အပြောအရ ကမ္ဘာ့ အင်အားကြီး နိုင်ငံများက ခေါင်းဆောင်များနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ အထိမ်းအမှတ် တစ်ခုဆိုတာထက်ပိုကာ မစ္စတာ ပရာဘိုဝိုတစ်ယောက် ဒီခေါင်းဆောင်များနဲ့ ပခုံးချင်း ယှဥ်နိုင်သွားပြီဆိုတဲ့ ပုံရိပ်တစ်ခု ဆိုလည်း မမှားပါဘူး။ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်က ဂျပန်ကို နှိမ်နင်းနိုင်ခဲ့တဲ့ အနှစ် (၈၀) မြောက် အောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြပွဲဟာ မစ္စတာ ရှီအတွက်

နိုင်ငံထက် ပိုပြီး အရေးကြီးတဲ့ ဓာတ်ပုံတစ်ပုံ  Read More »

နီပိုကစ် နဲ့ ဂျန်ဇီ

(Nepo Kid  & Gen Z) အခု နီပေါမှာ ဖြစ်သွားတဲ့ ဆန္ဒပြပွဲတွေကို ဂျန်ဇီ ဆန္ဒပြပွဲလို့လည်း ခေါ်ကြတယ်။ (Gen Z protest)။ ဒီဆန္ဒပြပွဲကို အဓိက ဦးဆောင်သူတွေက အသက် ၂၀ကျော်အရွယ် လူငယ်တွေ။ ၁၉၉၇ ခုနှစ်ဝန်းကျင်က မွေးဖွားလာတဲ့ လူငယ်အများစုဖြစ်တယ်။ ဒီဆန္ဒပြပွဲမတိုင်မီ Gen Z လှုပ်ရှားမှုလေးတွေ ဖြစ်နေတာတော့ အတော်ကြာပြီ။ အထူးသဖြင့်တော့ အင်တာနက် အွန်လိုင်းပေါ်မှာ။ အခြားသော နိုင်ငံများက လူငယ်တွေလိုပဲ နီပေါ Gen Z တွေလည်း Tiktok, Instergram, Facebook အစရှိတဲ့ ဆိုရှယ်မီဒီယာ အသုံးများကြတယ်။ လူဦးရေ သန်း ၃၀ ရှိတဲ့ နီပေါနိုင်ငံရဲ့ ၇၃% က မိုဘိုင်းဖုန်း

နီပိုကစ် နဲ့ ဂျန်ဇီ Read More »

ယီမင်ဝန်ကြီးချုပ်သေဆုံးရတဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှု အရှေ့အလယ်ပိုင်းမှာ စစ်ဘောင် ပိုကျယ်လာမည်လား

ယီမင်နိုင်ငံက ဟူသီအဖွဲ့ ပြဿနာဟာ အရှေ့အလယ်ပိုင်းအတွက် နောက်ထပ်တောက်လောင် လာနေတဲ့ စစ်ပွဲကြီးဖြစ်လာနေပြီလားလို့ နိုင်ငံတကာ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြတယ်။ အစ္စရေးရဲ့  သြဂုတ် ၂၈ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်မြို့တော်ရှိ သူပုန် အစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် အာမက် အယ်လ် ရာဟာဝီ(Ahmed al-Rahawi) သေဆုံးသွားကြောင်း ဟူသီ အဖွဲ့က ဩဂုတ် ၃၀ ရက်မှာ ကြေညာခဲ့တယ်။ အီရန်က ကျောထောက် နောက်ခံ ပေးထားတဲ့ ဟူသီသူပုန် အဖွဲ့ အပေါ် အစ္စရေး-အမေရိကန် တိုက်ခိုက်မှုအတွင်း အဆင့်အမြင့်ဆုံး ဟူသီ ခေါင်းဆောင်တစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သူပုန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ Source: Washington Institute ယီမင်မြို့တော် ဆာနားကို ဩဂုတ် ၂၈ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ

ယီမင်ဝန်ကြီးချုပ်သေဆုံးရတဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှု အရှေ့အလယ်ပိုင်းမှာ စစ်ဘောင် ပိုကျယ်လာမည်လား Read More »

ကော်လဂျင် သောက်ဖို့ လိုအပ်လား

ဓာတုနည်းနဲ့ ပြုပြင်ထားတဲ့ အမှုန့်တစ်ထုပ်ကို ပေါင် ၄၀ ( ၅၃  ဒေါ်လာ ) လောက် ပေးဝယ်ဖို့ဆိုတာ လူတစ်ယောက်ရဲ့စိတ်ကူးထဲ မှာတောင် ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအမှုန့်ကို အားဖြည့် ကော်လဂျင် လို့ တံဆိပ်ကပ်ပြီး ပုလင်းထဲ၊ ဘူးထဲ ထည့်လိုက်တဲ့အခါ လူတွေအတွက် ဆွဲဆောင်မှု ပိုရှိလာပါတယ်။ ကော်လဂျင်ဟာ အလှအပအတွက်ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ နာမည်ကြီးနေတဲ့ ဖြည့်စွက်စာတစ်ခု ဖြစ်လာ ပါတယ်။ အားကစားသမားတွေက အဆစ်အမြစ်နဲ့ အရွတ်တွေ သန်မာဖို့ သောက်ကြသလို အလှအပ ကြိုက်သူတွေ ကတော့ အရေပြားပေါ်က အရေးကြောင်းတွေနဲ့ ဆံပင်အတွက် သောက်ကြပါတယ်။ တကယ်တမ်း ကော်လဂျင်က ဘယ်လောက် အကျိုးပြု သလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ Source: Vitauthority ကော်လဂျင်ဆိုတာ

ကော်လဂျင် သောက်ဖို့ လိုအပ်လား Read More »