တစ်ချိန်က စံပြမဂ္ဂဇင်း
ဤကားနိဗ္ဗာန်သို့သွားရာလမ်း ဤကားငရဲသို့သွားရာလမ်း ဤကားနတ်ပြည်သို့သွားရာလမ်း အရှေ့အနောက် တောင်မြောက် ထက်အောက်ဝဲယာ သွားလိုရာကို စာကလမ်းညွှန်ပါလိမ့်မည်။ စာရေးဆရာငြိမ်းကျော်ရဲ့ “စာဖတ်ငါ”ဆိုသည့်ကဗျာလေးအတိုင်း ကိုယ်သွားချင်သည့် နေရာကို ငယ်စဉ်က ကိုယ်တိုင် ရှာဖွေနေရသည့် အချိန်။ ကိုယ့်ဝန်းကျင်က စိတ်တူ ကိုယ်တူသူငယ်ချင်းတွေနဲ့ လှည်းတန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း မှာရှိသည့် စာအုပ်ငှားဆိုင် များတွင် စာအုပ်တန်ဖိုး စပေါ်တင်ပြီး စာအုပ်လိုက် ငှားဖတ်ရသည်နှင့် အားမရ၍ စာအုပ်အငှားဆိုင် လေးကို ကိုယ်တိုင်ဖွင့် ဖြစ်ခဲ့သည်။ ထိုအချိန်ကလည်း စာအုပ်အငှားဆိုင်တွေ မြို့နယ်တိုင်းမှာ ပေါများနေသည့် အချိန်။ ၁၉၈၀ တစ်ဝိုက်၊ ရသစာပေများ အရှိန်အဟုန် ကောင်းသလို မဂ္ဂဇင်းတွေနှင့် ဖတ်စရာအတော် များသည်။ ထိုထို မဂ္ဂဇင်းများ ကြားတွင် ဒဂုန်မဂ္ဂဇင်းသည် နှစ်ပေါင်း လေးဆယ် နီးပါး […]
တစ်ချိန်က စံပြမဂ္ဂဇင်း Read More »



