လျှော့တွက်ခဲ့သော AI အန္တရာယ်
ဖြစ်လာနိုင်သော အန္တရာယ်များကိုပင် စဉ်းစားချင့်ချိန်ရန် အချိန်မရှိတော့သော AI ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှု နည်းပညာသစ်တစ်ခု ပေါ်လာသောအခါ လူများကြားတွင် ပွက်လောရိုက်တတ်သည်မှာ သဘာဝပင် ဖြစ်သည်။ ဝိတိုရိယ ဘုရင်မကြီးလက်ထက် ကြေးနန်း စာပို့စနစ်များ ပေါ်ပေါက်လာတုန်းက လူတွေက ထိုစနစ်ကြောင့် လူတွေ အထီးကျန် လာမည်ကို စိုးရိမ်ခဲ့ကြသည်။ စာပေ အရေးအသားများ ပေါ်ပေါက်လာတုန်းကလည်း ဆိုကရေးတီးစ် က လူများ၏ ဦးနှောက်စွမ်းရည် ကျဆင်းသွားမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ထိုနည်းပညာကို တီထွင်သူ ကိုယ်တိုင်က စိုးရိမ်ရမည် ဆိုလျှင်တော့ အဆန်းပင်။ ပို၍ ဆန်းသည်က ထိုတီထွင်သူများက ထိုနည်းပညာတွင် အန္တရာယ်များ ရှိလင့်ကစား သူ့ထက်ငါ ရှေ့ရောက်အောင် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။ ယနေ့ခေတ် ကမ္ဘာတွင် နည်းပညာ ကုမ္ပဏီများသည် အေဂျီအိုင် Artificial […]
လျှော့တွက်ခဲ့သော AI အန္တရာယ် Read More »








