The Corner

The Corner

cropped-Logo_round_grey-background.png

နည်းပညာ

ဘယ်ကလာလို့ ဘယ်ကိုသွားမလဲ AI

ဒေတာစင်တာ (Data Center) ကြီးများ လွှမ်းမိုးလာခြင်း အမေရိကန်မြို့အတော်များများကနေ ဘယ်ဘက်ကိုပဲသွားသွား မကြာခင်မှာ ဒေတာစင်တာ (Data Center) တစ်ခုဆီကို ရောက်လာပါလိမ့်မယ်။ အဲဒီ ဒေတာစင်တာတွေက အဖြူရောင်သေတ္တာကြီးတွေနဲ့တူပြီး မီးစက်တွေနဲ့ ထောင်ဝင်းလို ခြံစည်းရိုးတွေနဲ့ ဝန်းရံထားလေ့ရှိပါတယ်။ ဉာဏ်ရည်တု (AI – အေအိုင်) ထုတ်လုပ်ဖို့ အတွက် ဒေတာစင်တာ တွေဟာ အမေရိကန်ရဲ့ စက်ရုံအသစ်တွေ ဖြစ်လာနေပါတယ်။ ဒီစင်တာတွေမှာ အချက်အလက်တွေကို စားသုံးကာ ဉာဏ်ရည်တု (AI) ကို ထုတ်လုပ်ပေးပါတယ်။ AI Data Center ဆိုတာက Artificial Intelligence (AI) နည်းပညာအတွက် အထူးပြုလုပ်ထားတဲ့ ကွန်ပျူတာ စနစ်ကြီးတွေ ထားရှိရာ နေရာ (အဆောက်အအုံ) ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ […]

ဘယ်ကလာလို့ ဘယ်ကိုသွားမလဲ AI Read More »

အနာဂတ်မှာ ဉာဏ်ရည်တု အေအိုင်က လူသားတွေနေရာကို အပြည့်အဝ အစားထိုးနိုင်မှာလား

အေအိုင်က လူသားတွေနေရာ အပြည့်အဝ အစားထိုးတာဖြစ်မလားဆိုတဲ့ မေးခွန်းအပေါ် သုံးသပ်ချက်ကို မဖော်ပြခင် လူသား ဝန်ထမ်းတွေနေရာကို အေအိုင် အစားထိုး အသုံးပြုနိုင်ခဲ့တဲ့ နာမည်ကျော် ကုမ္ပဏီကြီးတွေထဲကမှ ကုမ္ပဏီ ငါးခု အကြောင်း ကနဦး အနေနဲ့ ဖော်ပြပါရစေ။ Amazon ကမ္ဘာ့နာမည်အကြီးဆုံး အွန်လိုင်းဈေးဝယ်နိုင်တဲ့ ဝက်ဘ်ဆိုက် (website) အပါအဝင် ဈေးကွက် စီးပွားရေးနဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်းတွေပါ လုပ်ဆောင်နေတဲ့ အမေဇုံကုမ္ပဏီရဲ့ စီအီးအို အန်ဒီဂျာစီ (CEO Andy Jassy) က အေအိုင်ကို ကုမ္ပဏီ လုပ်ငန်းတွေမှာ အသုံးချခဲ့ခြင်းက ထိရောက်မှု ရှိခဲ့တာကြောင့် “ဝန်ထမ်းအင်အား လျှော့ချရန်အစီအစဉ်ရှိကြောင်း” ကုမ္ပဏီ အတွင်း ကြေညာခဲ့အပြီး ၂၀၂၅ ခုနှစ်‌ အောက်တိုဘာလမှာ ဝန်ထမ်း အယောက်

အနာဂတ်မှာ ဉာဏ်ရည်တု အေအိုင်က လူသားတွေနေရာကို အပြည့်အဝ အစားထိုးနိုင်မှာလား Read More »

ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် အေအိုင်

AI က အတိတ်က ထွက်ပေါ်လာခဲ့တဲ့ နည်းပညာများနည်းတူ တန်းတူညီမျှ‌တဲ့ ယှဉ်ပြိုင်ခွင့်ကို ပေးပါတယ် အီလီတန်ဒေ (Elly Ntonde) က ယူဂန္ဓာနိုင်ငံ ဘူဒွန်ဒို (Budondo) ရွာမှာ ဓာတုဗေဒ စာမေးပွဲ ဖြေဆိုဖို့ စာကျက်နေပါတယ်။ ဒီရွာလေးက လမ်းတွေမှာ ပလက်ဖောင်းများ မရှိပါဘူး။ ရေပိုက်လိုင်းတွေလည်း မရှိပါဘူး။ မီးကတော့ လာတစ်လှည့် ပျက်တစ်လှည့်ပါ။ ဒါပေမဲ့ အသက် ၁၈ နှစ်အရွယ် အီလီတန်ဒေ က သတ္တုတွေ အက်ဆစ်နဲ့ ဘယ်လို ဓာတ်ပြုလဲ သိရှိဖို့ လေ့လာတဲ့အခါ ကမ္ဘာ့ အဆင့်မြင့်ဆုံး ဆရာတစ်ယောက်က လက်နဲ့ သုံးလေးချက် တို့လိုက်တာနဲ့ ရောက်လာပါတယ်။ သူက ဈေးဆိုင်လေးဆီ လမ်းလျှောက်သွားပြီး အင်တာနက် ဒေတာ ၁၀၀ မီဂါဘိုက်

ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် အေအိုင် Read More »

AI စီစဉ်ပေးတဲ့ ဘရူဂဲစ် အပန်းဖြေ ခရီး

ခရီးသွားဖို့ စီစဉ်ရတာက အလုပ်ရှုပ်ဆုံးအပိုင်းပဲ။ ဘယ်သွား၊ ဘယ်လာ၊ ဘယ်တည်း၊ ဘာစားရမှန်း မသိတာနဲ့တင် အချိန်တွေကုန်နေ တတ်တာပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ AI လုပ်ငန်းတွေဖြစ်တဲ့ OpenAI က Operator နဲ့ Anthropic က Claude တို့လို ခရီးစဉ် စီစဉ်ပေးနိုင်တဲ့ AI တွေ ပေါ်လာပြီဆိုတော့ ခေါင်းစားစရာမလိုတော့ဘူးလို့ ဆိုတယ်။ Anthropic ရဲ့ Claude AI မှာ “ကွန်ပျူတာ သုံးနိုင်တဲ့ စွမ်းရည်” (Computer Use) ဆိုတာ လူတွေလိုပဲ ကွန်ပျူတာ screen ကိုကြည့်ပြီး mouse ရွှေ့တာ၊ click နှိပ်တာ၊ စာရိုက်တာမျိုးတွေ လုပ်နိုင်တာကို ပြောတာပါ။ ဒါဟာ AI ကိုယ်တိုင်က အင်တာနက်ပေါ်က

AI စီစဉ်ပေးတဲ့ ဘရူဂဲစ် အပန်းဖြေ ခရီး Read More »

အခမဲ့ အများသုံး ဝိုင်ဖိုင် (Public Free  Wifi) ဟာ လုံခြုံပါသလား

ယနေ့ခေတ်အခါမှာ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တာနဲ့အမျှ နေရာတိုင်း လိုလို မှာ အခမဲ့ ဝိုင်ဖိုင် တွေ တပ်ဆင်လာကြပြီပဲဖြစ်ပါတယ်။ ခေတ်အခြေအနေအရ အင်တာနက် အသုံးပြုသူတွေဟာ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင် ထိုင်ရင်တောင်မှ ဝိုင်ဖိုင်ရတဲ့ဆိုင်၊ ဆိုင်တစ်ဆိုင်ဆိုင်မှာ ဈေးဝယ်လို့ ငွေသား မဟုတ်ဘဲ ကေပေး (K Pay)၊ ဧရာပေး (AYA Pay) စတဲ့ ဒစ်ဂျစ်တယ် ဝေါလတ်လို့ခေါ်တဲ့ ခေတ်ပေါ် PAY app တစ်ခုခုနဲ့ ပိုက်ဆံ ရှင်းမယ်၊ QR code ဖတ်တော့မယ် ဆိုရင်တောင် ဆိုင်က ဝိုင်ဖိုင်လေး ချိတ်လိုက်ရမှ ဆိုတဲ့ အနေအထားဖြစ်နေပါပြီ။ ဒါ့အပြင် အင်တာနက်ကို အမြဲ အသုံးပြုရတဲ့ remote job လုပ်တဲ့သူ တွေက အိမ်မှာဆို

အခမဲ့ အများသုံး ဝိုင်ဖိုင် (Public Free  Wifi) ဟာ လုံခြုံပါသလား Read More »

အင်တာနက် ဖုန်းလိုင်း တွေ မလိုဘဲ စာပို့လို့ရမယ့် အက်ပ် အသစ် “BitChat”

ကျွန်တော်တို့က အခုခေတ်ကာလမှာ ဖုန်းနဲ့ တစ်ယောက်ကို တစ်ယောက် စာပို့ဆက်သွယ်မယ်ဆိုရင် ဆင်းမ်ကတ် (အော်ပရေတာ) ရဲ့မိုဘိုင်းလ် network  ကိုသုံးပြီး SMS (စာတို) ပို့မှာလား ဒါမှမဟုတ် အင်တာနက်ဖွင့်ပြီး viber, whatsapp, facebook messenger လိုမျိုး အက်ပ်တွေ သုံးပြီး ပို့မှာလား ကြိုက်တာ ရွေးချယ်ပြီး ပို့လို့ရပါတယ်။ ဒါပေမဲ့ ပေးပို့မှုတိုင်းအတွက် ဖုန်းလိုင်း ဒါမှမဟုတ် အင်တာနက်လိုင်းကတော့ မရှိမဖြစ် လိုအပ်နေမှာ ဖြစ်ပါတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ မရှိဘဲ တစ်ယောက်နဲ့တစ်ယောက် စာပို့လို့ရတဲ့ အက်ပလီကေးရှင်းတစ်ခု ကို ဒီနှစ် ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ မိတ်ဆက်သွားခဲ့ပါတယ်။ အက်ပလီကေးရှင်း နာမည်ကတော့ BitChat ဖြစ်ပါတယ်။ BitChat  အက်ပလီကေးရှင်းကို ဆိုရှယ် မီဒီယာ

အင်တာနက် ဖုန်းလိုင်း တွေ မလိုဘဲ စာပို့လို့ရမယ့် အက်ပ် အသစ် “BitChat” Read More »

လျှော့တွက်ခဲ့သော AI အန္တရာယ်

ဖြစ်လာနိုင်သော အန္တရာယ်များကိုပင် စဉ်းစားချင့်ချိန်ရန် အချိန်မရှိတော့သော AI ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှု နည်းပညာသစ်တစ်ခု ပေါ်လာသောအခါ လူများကြားတွင် ပွက်လောရိုက်တတ်သည်မှာ သဘာဝပင် ဖြစ်သည်။ ဝိတိုရိယ ဘုရင်မကြီးလက်ထက် ကြေးနန်း စာပို့စနစ်များ ပေါ်ပေါက်လာတုန်းက လူတွေက ထိုစနစ်ကြောင့် လူတွေ အထီးကျန် လာမည်ကို စိုးရိမ်ခဲ့ကြသည်။ စာပေ အရေးအသားများ ပေါ်ပေါက်လာတုန်းကလည်း ဆိုကရေးတီးစ် က လူများ၏ ဦးနှောက်စွမ်းရည် ကျဆင်းသွားမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ထိုနည်းပညာကို တီထွင်သူ ကိုယ်တိုင်က စိုးရိမ်ရမည် ဆိုလျှင်တော့ အဆန်းပင်။ ပို၍ ဆန်းသည်က ထိုတီထွင်သူများက ထိုနည်းပညာတွင် အန္တရာယ်များ ရှိလင့်ကစား သူ့ထက်ငါ ရှေ့ရောက်အောင် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။ ယနေ့ခေတ် ကမ္ဘာတွင် နည်းပညာ ကုမ္ပဏီများသည် အေဂျီအိုင် Artificial

လျှော့တွက်ခဲ့သော AI အန္တရာယ် Read More »

လူတိုင်းအသုံးပြုလာနိုင်တဲ့ အင်တာနက်နဲ့  လုံခြုံရေးအသိပညာ

အင်တာနက်ဆိုတဲ့ ကွန်ရက်ကြီးကျယ်ပြန့်လာတာအမျှ အသက်ကြီး/ငယ် မရွေး လူတိုင်းအသုံးပြုနိုင်တဲ့ အရာတစ်ခု ဖြစ်လာပါပြီ။ အင်တာနက်ကို သတင်းအချက်အလက်တွေ ရယူဖို့အသုံးပြုကြသလို စိတ်အပန်းဖြေဖို့၊ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ အတွက်  ဆိုရှယ်မီဒီယာလို့ ခေါ်ကြတဲ့ ဖေ့ဘုတ်၊ တစ်တော့ခ် နဲ့ အခြား တယ်လီဂရမ်လိုမျိုး ပလက်ဖောင်းတွေကို လူတိုင်း အသုံးပြု နေကြပါပြီ။ ဒါ့အပြင် ငွေကြေးစီးဆင်းမှုတွေအတွက်လည်း ကိုင်တွယ်ထိတွေ့လို့ရတဲ့ ပိုက်ဆံတွေကနေ KBZ, AYA စတဲ့ ဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ internet banking တွေ digital wallet တွေအပြင် wave pay, true money စတဲ့ ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ software တွေကိုလည်း အင်တာနက်ကနေ တစ်ဆင့် လူတိုင်းနီးပါး အသုံးပြုနေကြပြီပဲဖြစ်ပါတယ်။

လူတိုင်းအသုံးပြုလာနိုင်တဲ့ အင်တာနက်နဲ့  လုံခြုံရေးအသိပညာ Read More »

နီတန်ဒိုရဲ့ နောက်ဆုံးထုတ် Switch 2 လက်ကိုင်ဂိမ်းစက်

နီတန်ဒို (Nintendo) ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ လက်ကိုင် ဂိမ်းစက် အသစ် မော်ဒယ်လ် ဆွစ်ချ်တူး (Switch 2) ထွက်လာပါပြီ။ နီတန်ဒိုရဲ့ ပရိသတ်တွေ အရူးအမူးပေါ့။ ကျွန်တော့မှာတော့ လက်ရှိ ကစားနေတဲ့ မူလ Switch (အခုတော့ Switch 1 လို့ ခေါ်ရမလား) ရှိတော့ အသစ်ထွက် ဂိမ်းစက် ဝယ်ရမလို၊ လက်ရှိစက်ကိုပဲ ဆက်ကိုင်ရမလို ဘာလုပ်ရမှန်း မသိဖြစ်နေတော့ review တွေ၊ unboxing တွေကိုပဲ ကြည့်လိုက် ကိုယ့်မှာရှိတဲ့ စက်ကို ထုတ်ကစားလိုက် သူလည်း ကောင်းပါတယ် ဆိုပြီး ပြန်သိမ်းထားလိုက် စိတ်က မပြတ်သားသေးပါဘူး။ သူငယ်ချင်းတို့ရော ဘယ်လို ဆုံးဖြတ်ကြ သလဲ။ ကျွန်တော့လိုပဲ စိတ်နှစ်ခွ ဖြစ်နေသူများရှိရင် သိရအောင် ဖတ်ထား မှတ်ထားသမျှ နီတန်ဒို Switch 2

နီတန်ဒိုရဲ့ နောက်ဆုံးထုတ် Switch 2 လက်ကိုင်ဂိမ်းစက် Read More »

နှစ် ၁၀၀ ကျော်မှ အသက်ဝင်လာတဲ့ Porsche ရဲ့ ရှေ့ပြေး အိုင်ဒီယာ – SAI SAI  

ဘီးထဲမှာ မော်တာပါတဲ့ ကား ဘီးထဲမှာ မော်တာဆိုတော့ ဘာတွေကောင်းလဲ အရင်တုန်းက စိတ်ကူးကောင်းပေမယ့် အခုမှ ခေတ်စားတော့မယ်။ ၁၉၀၀ ပြည့်နှစ် ပါရီ ကမ္ဘာ့ပြပွဲမှာ နာမည်ကြီး Porsche ကားကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Ferdinand Porsche ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက တော်တော်ထူးဆန်းတဲ့ လျှပ်စစ်ကားတစ်စီးကို ပြခဲ့တယ်။ အဲဒီကားက သာမန်ကားတွေလို မော်တာအကြီးကြီး တစ်လုံးတည်း မဟုတ်ဘဲ ဘီးတစ်ခုစီထဲမှာ မော်တာလေးတွေ ထည့်ဆောက်ထားတာတဲ့။ အဲဒီတုန်းက လူတွေက ဒီအိုင်ဒီယာကို တော်တော်သဘောကျခဲ့ကြပေမယ့် လူကြိုက်တော့ မများခဲ့ဘူး။ ဘာလို့လဲဆိုတော့ သာမန်ကားအင်ဂျင်တွေက အရမ်းကြီးပြီး ရှုပ်ထွေးတော့ ဘီးထဲမှာ ထည့်ဖို့ အဆင်မပြေ ဘူးလေ။ ပြီးတော့ လျှပ်စစ်မော်တာတွေကလည်း အဲဒီအချိန်တုန်းက သိပ်ခေတ်မစားသေးဘူး။ ဒါကြောင့် ဘီးထဲမှာ မော်တာထည့်တဲ့ စနစ်က

နှစ် ၁၀၀ ကျော်မှ အသက်ဝင်လာတဲ့ Porsche ရဲ့ ရှေ့ပြေး အိုင်ဒီယာ – SAI SAI   Read More »