The Corner

The Corner

cropped-Logo_round_grey-background.png

ဥရောပ

ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု စစ်ပွဲ လေးနှစ်ပြည့်လာခဲ့ပြီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်မူ ရုရှားက ဗီတိုအာဏာ ကိုင်စွဲထားခြင်းကြောင့် စစ်ပွဲတစ်လျှောက်လုံး ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့သည်။ မကြာသေးခင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်  ကုလသမဂ္ဂ အထွေထွေညီလာခံသည် ယူကရိန်းနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်များကို ထောက်ခံကြောင်းနှင့် အရပ်သားများအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကို စိုးရိမ်ကြောင်း ဖော်ပြထားသည့် အဆိုပြုချက်တစ်ခုကို မဲအပြတ်အသတ်ဖြင့် အတည်ပြုလိုက်သည်။ ရုရှား၏ ကျူးကျော်စစ် ၄ နှစ်ပြည့်မြောက်သည့် အချိန်တွင် ကမ္ဘာ့နိုင်ငံများမှ ယူကရိန်းနှင့် တစ်သားတည်းရှိမှုကို စမ်းသပ်သည့် ယခုမဲခွဲမှု၌ ထောက်ခံမဲ ၁၀၇ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ နှင့် ကြားနေမဲ […]

ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး Read More »

ယူကရိန်း စစ်ပွဲ နောက်ဆုံး စာမျက်နှာများ

၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်စစ် စတင်ချိန်ကစပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် အရာရှိတွေ နဲ့ ပြုလုပ်ခဲ့တဲ့ သုံးပွင့်ဆိုင် (အမေရိကန်-ရုရှား-ယူကရိန်း) အစည်းအဝေးမတိုင်ခင်မှာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအနေနဲ့ သူတို့တောင်းဆိုထားသလို နယ်မြေဆိုင်ရာ တောင်းဆိုမှုတွေကို မလိုက်လျောခဲ့ရင် ယူကရိန်းအပေါ် စစ်ဆင်မှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် အထူးသံတမန် စတိဝစ်ကော့ နဲ့ သမ္မတထရမ့်ရဲ့ သားမက်ဖြစ်သူ ဂျရက်ကူရှ်နာတို့ကို “နယ်မြေ ဆိုင်ရာ ပြဿနာကို မဖြေရှင်းပဲနဲ့ ရေရှည်ဖြေရှင်းချက်ကို မျှော်လင့် နေတာဟာ အဓိပ္ပာယ် မရှိဘူး” လို့ ပြောဆိုခဲ့တာကို ရုရှား အကြီးတန်း အရာရှိ တစ်ဦးက ပြန်ပြော ခဲ့ပါတယ်။ သမ္မတ ပူတင်ရဲ့ နိုင်ငံခြားရေး

ယူကရိန်း စစ်ပွဲ နောက်ဆုံး စာမျက်နှာများ Read More »

၂၀၂၆ မှာလည်း ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးမယ့် ရုရှား-ယူကရိန်းစစ်ပွဲ

နှစ်ဟောင်းရဲ့ စစ်နဲ့အကြမ်းဖက်မှုအမွေ ဆက်ခံရမယ့် နှစ်သစ် ၂၀၂၅ နှစ်ဟောင်းဟာ အရိပ်ပမာ ကျန်ရစ်ခဲ့ပြီ။ ၂၀၂၆ နှစ်သစ်ကို အရှိအတိုင်း ကြိုဆို ကြရပေဦးမည်။ အကြမ်းဖက်မှုတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ၊ ရွှေ့ပြောင်းအခြေချနေထိုင်မှုပြဿနာတွေ၊ ဆင်းရဲမွဲတေမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ အလုပ်လက်မဲ့ပြဿနာတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘယထူပြောမှု ပြဿနာတွေ ငလျင်လှုပ်/ ရေကြီး/ မြေပြို/ တောမီးလောင်/ မီးတောင်ပေါက် အစရှိတဲ့ သဘာဝကပ်ဘေးတွေ၊ စစ်မက်ရေးရာ ပဋိပက္ခ ပြဿနာတွေနဲ့ ထွေးလုံးရစ်ပတ် ဖြစ်ခဲ့ရတဲ့ ကမ္ဘာကြီးဟာ ၂၀၂၅ ခုနှစ်ကို အတိတ်သမိုင်းထဲမှာ ချန်ထားရစ်ခဲ့ပြီ။ ၂၀၂၆ ခုနှစ်သစ် တစ်ခုဆီ ခရီး ဆက်လာခဲ့ရပြီဖြစ်သော်လည်း နာမကျန်းဖြစ်နေတဲ့  ကမ္ဘာကြီးဟာ နှစ်ဟောင်းက ချန်ထားရစ်ခဲ့တဲ့ နယ်မြေ ချဲ့ထွင်ရေးစစ်ပွဲတွေ ဥပဒေမဲ့အကြမ်းဖက်မှုတွေ သွေးထွက်သံယိုမှုတွေ အမြတ်အစွန်းအတွက် စီးပွား‌ရေးကုန်သွယ်ရေးပြိုင်ဆိုင်မှုတွေ၊ နိုင်ငံအချင်းချင်းအကြားက

၂၀၂၆ မှာလည်း ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးမယ့် ရုရှား-ယူကရိန်းစစ်ပွဲ Read More »

‘ဒေါ်နယ်ထရမ့်’ က  ‘ဗလာဒီမီယာ ပူတင်’ ကို မျက်နှာသာပေး နေသရွေ့ ယူကရိန်းစစ်ပွဲ ရပ်စဲနိုင်ဖွယ် မရှိ

သမ္မတ ထရမ့်ရဲ့  ၂၈-ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက် အလားအလာ ရုရှားဟာ ယူကရိန်းကို ကျူးကျော်တာ လေးနှစ်ထဲ ဝင်လာပြီဖြစ်တယ်။ ရှေ့တန်းစစ်မြေပြင်နဲ့တကွ စီးပွားရေးအရပါ အကြီးအကျယ် ထိခိုက် ဆုံးရှုံးနေရပေမယ့် ရုရှားသမ္မတ ပူတင်ကတော့ သူတပ်တွေက စစ်နိုင်နေတယ်လို့ ယူဆနေတာ တွေ့နေ ရတယ်။ လက်ရှိ အနေအထားအရ စစ်ပွဲရပ်ဖို့ အချိန် မတန်သေးဘူးလို့ ပူတင်က မြင်နေပုံရပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတ ထရမ့်ကတော့ ဒီစစ်ပွဲကို အမြန်ရပ်စေလိုတဲ့ သဘောထားရှိနေတာတွေ့ရတယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုလိုချင်တဲ့ သမ္မတ ထရမ့်ဟာ စစ်ရပ်စဲနိုင်အောင် သူ့အနေနဲ့ ဆောင်ရွက်နိုင်ရင် ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးဆီကနေ သယံဇာတ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးအကျိုးအမြတ် ကြီးကြီးမားမား ရလိမ့်မယ်လို့ ယုံကြည် နေပုံရပါတယ်။ ဒါကြောင့် ယူကရိန်းစစ်ပွဲ

‘ဒေါ်နယ်ထရမ့်’ က  ‘ဗလာဒီမီယာ ပူတင်’ ကို မျက်နှာသာပေး နေသရွေ့ ယူကရိန်းစစ်ပွဲ ရပ်စဲနိုင်ဖွယ် မရှိ Read More »

ယူကရိန်း-ရုရှားစစ်ပွဲ ပြဿနာ တတိယကမ္ဘာစစ်ဆီ ဦးတည်နိုင်သလား

ဒီကနေ့ ကမ္ဘာမြေပြင်ပေါ်မှ ဖြစ်ပွားနေတဲ့ စစ်ရေး နိုင်ငံရေး အဖြစ်အပျက်တွေထဲမှာ နိုင်ငံတကာက ပြည်သူတွေ စိုးရိမ်ကြောင့်ကြ အဖြစ်ရဆုံး ပြဿနာကို ပြောပါဆိုရင် ဦးစွာပထမ ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခကို ပြေးမြင်ကြလိမ့် မယ်ထင်တယ်။ ဘာကြောင့်လဲ။  ရုရှားဟာ ယူကရိန်းကျူးကျော်စစ်ပွဲ ဆက်လက်ဆင်နွှဲနေရင်း တခြား ဥရောပနိုင်ငံ တစ်ခုခု အပေါ် ဒုတိယ စစ်မျက်နှာ ဖွင့်လာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ဂါဒီယန်သတင်းစာနဲ့  တွေ့ဆုံစဉ်မှာ သတိပေး လိုက်တာကို သတိပြုမိလို့ ဖြစ်ပါတယ်။ ပူတင်ရဲ့ ‘ကရင်မလင်အစိုးရ’ ဟာ လက်ရှိအခြေအနေမှာ ဥရောပကို မထိတထိ သွေးတိုးစမ်းတဲ့ စစ်ကစားမှုမျိုး ဆင်နွှဲနေတယ်။ နေတိုးအုပ်စုရဲ့ ကန့်သတ်ထားတဲ့ မျဉ်းနီဇုန်ကို ရုရှားက အကဲစမ်းမှုတွေ ဆက်ပြီး လုပ်နေလိမ့်ဦးမယ် လို့ ဇလန်းစကီးက

ယူကရိန်း-ရုရှားစစ်ပွဲ ပြဿနာ တတိယကမ္ဘာစစ်ဆီ ဦးတည်နိုင်သလား Read More »

စစ်ပြင်နေရတဲ့ ဥရောပ

ဥရောပသမဂ္ဂရဲ့ ရုံးစိုက်ရာ မြို့လည်းဖြစ်တဲ့ အပြင်နေတိုး (NATO) ခေါ်  မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ရဲ့ တည်ရှိတဲ့အပြင်  နိုင်ငံတကာ မြို့တော်တစ်ခုဖြစ်တဲ့ ဘရပ်ဆဲလ်မြို့ရဲ့ အမည်စာလုံးတွေကို  လက်နှိပ်စက်ရိုက်မယ်ဆိုရင်တောင်  မျက်စိနောက်စရာ ကောင်းသလို  စစ်ပွဲဆင်နွှဲတော့မယ့် ပြင်ဆင်နေတဲ့ မြို့တစ်မြို့သဖွယ်လည်း ခံစားရပါတယ်။ စက်တင်ဘာ (၁၀) ရက်နေ့က  ပြည်ထောင်စု  အခြေအနေပြ မိန့်ခွန်း တစ်ရပ်ကို  ပြောခဲ့ရာမှာတော့  ဥရောပသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့နဲ့  အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ဖြစ်တဲ့ ဥရောပကော်မရှင် (European  Commission) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ  အာဆူလာ ဘွန် ဒါလေယန်က ဥရောပဟာ စစ်ပွဲ ဆင်နွှဲနေရပြီလို့  ပြောခဲ့ပါတယ်။ အင်အားအပေါ် အခြေခံတဲ့  ကမ္ဘာကြီးရဲ့ ပုံစံအသစ် တစ်ခုအတွက် စစ်ကြောင်းတွေကို ယခုပဲ ရေးဆွဲ ပြီးခဲ့ပါပြီလို့ ပြောခဲ့တယ်။

စစ်ပြင်နေရတဲ့ ဥရောပ Read More »

ထရမ့်၊ ပူတင်၊ ဇလန်းစကီး တို့နဲ့ တိုမာဟော့ခ် ဒုံးကျည်ဗျူဟာ ဘယ်လဲ ဘာလဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဗိုလ်လုပ်ဖို့ ကြံစည် နေတယ်။ လက်ရှိအခြေအနေမှာ ယူကရိန်းစစ်ပွဲကြောင့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်နေတဲ့ ရုရှားသမ္မတ ပူတင် ကို နယ်ရုပ်တစ်ရုပ်အဖြစ် ကစားဖို့ ထရမ့်က ဗျူဟာခင်းနေတာတွေ့ရတယ်။ ယူကရိန်းသမ္မတ ဇလန်းစကီး ကတော့ နိုင်ငံအရွယ် ပမာဏနဲ့ စစ်အင်အားအရ ရုရှားကို မယှဉ်နိုင်ဘူးလို့ ထင်ရပေမယ့် အမေရိကန်နဲ့ နေတိုးမဟာမိတ်တို့ဆီက လက်နက်တွေရရှိအောင်ကြံဖန်နိုင်တာကြောင့် စစ်ပွဲအနေအထားက သရေပွဲ ဖြစ်နေတာတွေ့ရတယ်။ ဒါကြောင့် စစ်ပွဲချိန်ခွင်လျှာ အပြောင်းအလဲဖြစ်စေဖို့အတွက် အမေရိကန်ဆီက မဟာဗျူဟာ လက်နက်တွေရရှိနိုင်ရေး ကြိုးပမ်းနေရတာ တွေ့ရတယ်။ ဒါကြောင့် ယူကရိန်းက တိုမာဟော့ခ်ဒုံးကျည်တွေ လိုချင်တဲ့ အကြောင်းဖြစ်လာတယ်။ ၂၀၂၂ ခုနှစ် ရုရှားရဲ့ အလုံးစုံ ကျူးကျော်စစ် စတင်ကတည်းက တာဝေးပစ်ဒုံးကျည်တွေ ရရှိရေးအတွက် ယူကရိန်းက

ထရမ့်၊ ပူတင်၊ ဇလန်းစကီး တို့နဲ့ တိုမာဟော့ခ် ဒုံးကျည်ဗျူဟာ ဘယ်လဲ ဘာလဲ Read More »

ယူကရိန်းမှာ စစ်ပွဲကြီးပြီးဆုံးသွားခဲ့ရင်

မကြာသေးမီက ကီယဗ် မြို့မှာကျင်းပခဲ့တဲ့ ကွန်ဖရင့်တစ်ခုမှာ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံရဲ့ အထူး သံတမန် ကိသ် ကယ်လော့က “ကျွန်တော်တို့ဟာ နိဂုံးအဆုံးကို ရောက်ရှိဖို့အတွက် ထူးထူးခြားခြားကို နီးကပ်နေပြီ”လို့ ပြောဆိုခဲ့တယ်။ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဒွန်းဘတ်စ် ဒေသကို လုံးဝ စိုးမိုးနိုင်ရေး အတွက် စစ်ဆင်နွှဲနေပါပြီ။ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးဟာ စစ်ရေးနည်းလမ်းတွေနဲ့သာ ရရှိနိုင်မယ့် အကန့်အသတ်တွေ ဆီကို ချဥ်းကပ်လျက် ရှိနေကြပါတယ်။ သို့ပေမဲ့ နိုင်ငံ အသီးသီးမှ ပြည်သူတွေအကြား စစ်ပွဲကို ဆက်တိုက်လိုတဲ့ စိတ်ဆန္ဒကကိုတော့ အနည်းအကျဥ်းသာ ပြသလျက်ရှိတယ်။ စစ်ပြေး အရေအတွက်လည်း မြင့်မားနေတယ်။ Russia Field အဖွဲ့ရဲ့ လူထုဆန္ဒသဘောထား စစ်တမ်း ကောက်ယူရာမှာ ရုရှားနိုင်ငံသားတွေရဲ့ ၅၈

ယူကရိန်းမှာ စစ်ပွဲကြီးပြီးဆုံးသွားခဲ့ရင် Read More »

ဗြိတိသျှ နိုင်ငံရေး ဗဟိုချက်မ ပြိုကွဲ ပျက်စီးနေပြီလား

ဆာကီယားစတာမာ ဗြိတိန်ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလတုန်းက လေဘာပါတီ ဝန်ကြီးတွေက မိမိတို့ရဲ့ အစိုးရဟာ ဗြိတိန်နိုင်ငံမှာ လူထုအကျိုးစီးပွားကို လုပ်ဆောင်တဲ့ နောက်ဆုံးမြင်တွေ့ရမယ့် အစိုးရပဲ ဖြစ်တယ်လို့ သတိပေး ပြောဆိုခဲ့ကြတယ်။ ကြိုတင် သတိပေးထားတာထက် စောပြီး နိုင်ငံရေး ဗဟိုချက်မဟာ လျင်မြန်စွာပဲ ပြောင်းလဲကာ ဟာကွက်တွေ စတွေ့လာကြပါတယ်။ ယခုအခါမှာတော့ မဲဆန္ဒရှင် ငါးဦးမှာ တစ်ဦးလောက်ပဲ အစိုးရကို ထောက်ခံကြပါတော့တယ်။ ဆာ ကီယားရဲ့ ဝန်ကြီးချုပ် ရာထူးအပေါ် ထောက်ခံမှုဟာ ကြောက်မက်ဖွယ်ရာ ကောင်းလောက် အောင် လျော့ကျလာပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့တုန်းက သူ့ရဲ့လက်ထောက် အန်ဂျီလာရေနာဟာ အခွန်တိမ်းရှောင် မှုကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ရပြီး နောက်ပိုင်း သူ့အစိုးရအဖွဲ့ကို ကြီးမားတဲ့ အပြောင်းအလဲတွေ

ဗြိတိသျှ နိုင်ငံရေး ဗဟိုချက်မ ပြိုကွဲ ပျက်စီးနေပြီလား Read More »

ဥရောပမှ ထရမ့်ဆန့်ကျင်ရေး ခေါင်းဆောင်

ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အာခံနေကြသူ ရှိပါလား။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချေ့စ် (Pedro Sanchez) အဖို့ သမ္မတ ထရမ့်ကို အဖော်မဲ့ တစ်ကိုယ်တော် ဆန့်ကျင် အာခံနေရသလို ဖြစ်နေတာ လို့ သုံးသပ်ရပေမည်။ စပိန်ဝန်ကြီးချုပ် ဆန်းချေ့စ် အထီးကျန် ဖြစ်နေပုံကို သဘောပေါက်ချင်လျှင် ဒါကိုပဲကြည့်။ ဩဂုတ်လ ၁၈ ရက်နေ့တွင် သမ္မတ အိမ်ဖြူတော်၌ ပြုလုပ်သည့် ယူကရိန်းဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ ဝန်ကြီးချုပ် ဆန်းချေ့စ်ကို မဖိတ်ဘဲ ချန်လှပ် ထားခဲ့သည်။ မက်ဒရစ်မြို့တော်မှ စပိန်အစိုးရ နိုင်ငံခြားရေး မူဝါဒချမှတ်သူများအတွက် မျက်နှာမလှ အရှက်ရစရာ ဖြစ်ရသည်က ထိုနေ့မှာပင် ဖင်လန်နိုင်ငံ သမ္မတကို ယူကရိန်း အစည်းအဝေးသို့ တက်ရောက်ရန် အိမ်ဖြူတော်က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။

ဥရောပမှ ထရမ့်ဆန့်ကျင်ရေး ခေါင်းဆောင် Read More »