The Corner

The Corner

cropped-Logo_round_grey-background.png

သူရေးတဲ့စာ

အကာလ မရဏ

လူသားတွေ ကွယ်လွန်အနိစ္စရောက်ခြင်း သို့မဟုတ် သေဆုံးခြင်းနဲ့ ပတ်သက်တဲ့ မရဏတရား လေးပါးရှိပါတယ်။ ထိုလေးမျိုးကတော့ (၁) အာယုက္ခယမရဏ သို့မဟုတ် သက်တမ်းကုန်ဆုံး၍ သေရခြင်း၊ (၂) ကမ္မက္ခယမရဏခေါ် ကံအစွမ်းကုန်၍ သေရခြင်း၊ (၃) ဥဘယက္ခယ မရဏခေါ် သက်တမ်းရော ကံပါ နှစ်မျိုးစလုံးကုန်၍ သေရခြင်းနဲ့ (၄) ဥပ‌စ္ဆေဒက မရဏ သို့မဟုတ် သက်တမ်းမကုန်တဲ့အပြင် နေမယ်ဆိုရင် ဆက်လက်အသက်ရှင်နိုင်သေးပေမယ့် ကံဆိုးဖြတ်ခြွေလို့ သေဆုံးခြင်းတို့ပဲ ဖြစ်ပါတယ်။  အာယုက္ခယမရဏခေါ် လူ့သက်တမ်းကုန်ဆုံးလို့ ကွယ်လွန်ကြရတဲ့အဖြစ်မျိုးကတော့ လူတိုင်း ကြုံရမယ့်အဖြစ်ပါ။ ရှေးခေတ်တုန်း ကတော့ လူ့သက်တမ်းဟာ နှစ်ပေါင်းရာကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်မှာတော့ လူတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ခြောက်ဆယ့်ငါး လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ သို့ပေမယ့် အသက်ခုနစ်ဆယ် […]

အကာလ မရဏ Read More »

ပျောက်ဆုံးသွားနိုင်သည့် ရွှေလက် ပိုင်ရှင်များ

ကျွန်တော် သူ့ကို တစ်ခါတုန်းက စျေးဆစ်ဖို့ကြိုးစားကြည့်ဖူးသည်။ အရှေ့အလယ်ပိုင်း စစ်ပွဲနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ် ရေးနေစဥ် နိုင်ငံခြား သတင်းဌာနတွေက ပြောသည့် အသံထွက် အတိုင်း အီရန်နိုင်ငံရဲ့ မြို့တော် ‘တီဟီရန်’ ကို ‘တီရန်’ ပြောင်းရေးလို့ ရမလားလို့ လှမ်းပြောတော့ သူက လေသံပြတ်ပြတ်နှင့် “တရားဝင်အတိုင်း လုပ်မယ်”ဟု ပြန်ပြော လေသည်။ ကျွန်တော် သူ့ကို စျေးဆစ်လို့ ရမယ်လို့ မထင်လို့ ထပ်မပြောတော့ပါ။ သူကား ကိုဇော်ဝင်း ဖြစ်လေသည်။ ဦးဇော်ဝင်း ဆိုခြင်းက ပိုမှန်ပေလိမ့်မည်။ ထိုက်နဲ့ အကြောင်းပါပြီး ကျွန်တော် ဒေါင်း ဒိုင်နက်စတီကို ရောက်တော့ ကိုဇော်ဝင်းကို မြင်ဖူးရုံ။ ဒေါင်းစာပေ အတွေးအမြင် စာအုပ်တိုက်မှာ မကြာခဏဆိုသလို မျက်မှန်းတန်းမိရုံ လောက်ပဲ

ပျောက်ဆုံးသွားနိုင်သည့် ရွှေလက် ပိုင်ရှင်များ Read More »

မိုးကထာ

မိုးသည် တစိမ့်စိမ့်ဖြင့်။ တက်လန်းစဉ်အခါက ဤအချိန်မျိုးတွင် စာအုပ်တစ်အုပ်ဖတ်နေခြင်း စည်းစိမ်က မြိန်လှသည်။ ယခု မဟုတ်။ ကော်ဖီခါးခါးသာမက ကော်ဖီမှုန့်ကိုချည်းဝါးစားနေပြီး စာအုပ် တစ်အုပ် ဖတ်မည် ဆိုလျှင်လည်း မျက်လုံးကချော့သိပ်နေသည့်အလား။ အပြင်ထွက်ရန်ကလည်း မိုးရေကာပစ္စည်းများက အပြည့်အဝ အကာအကွယ် မပေးနိုင်ကြ။ အိမ်ထဲ၌လည်းကိုယ်လုပ်ချင်တာ ကိုလုပ်မရ။ ကြာလျှင် အိပ်ခြင်း ဘူတာဆီသို့သာ ဆိုက်ရောက်ချေမည်။ ဆိုးသည်ကလေဖိအားနည်း ရပ်ဝန်းကြောင့်ရွာသောမိုးဖြစ်၍ ထိုလေဖိအားနည်း ရပ်ဝန်းအား မလျော့မချင်း ရွာနေ ဦးမည်။ လက်တွေ့တွင် ကိုယ့်အတွက် ကယောင်ချောက်ချား ဖြစ်စေသော်လည်း ဦးကြီးများက ဝမ်းသာပျော် ရွှင်နေ လိမ့်မည်။ ထိုမိုးရေမှ မရလျှင် မိုးစပါး မည်သို့ စိုက်မည်နည်း။ ကိုယ်ကလေဖိအားနည်းရပ်ဝန်း ကိုအပြစ်တင်နေ သလောက် ဦးကြီးတို့ကလက်ဆွဲနှုတ်ဆက်နေလိမ့်မည်။ ဟုတ်သည်။ ယနေ့တွင် သိသိသာသာ အနောက်တောင်

မိုးကထာ Read More »

ကမ္ဘာပေါ်မှာအရေးအကြီးဆုံးသောအရာ 

Find something outside yourself that is yourself. Then devote yourself to it with all your heart. – Bob Walker သင့်ခန္ဓာပြင်ပက သင့်ကိုယ်ထဲမှာ တစ်စုံတစ်ခုတွေ့အောင်ရှာ။ ပြီးလျှင်ထိုအရာကို သင့်နှလုံးသားနှင့်သိမ်းကျုံးပူဇော်ပါ။ – ဘော့ပ်ဝေါ်လ်ကာ တဆောင်းလုံးမိုးစွေခဲ့သမို့ ကျွန်မတို့ခြံနောက်ဘေးကွက်လပ်မှာ ပေါင်းပင်တွေဟီးထနေသည်။ နွေဦးပေါက်လာ သည်နှင့် သူတို့တစ်တွေထိုးထိုးထောင်ထောင် အပြိုင်းအရိုင်းဖြစ်လာသည်။ ကျွန်မ တစ်ခုခုလုပ်ရတော့မည်။ မဟုတ်လျှင် ဒီပေါင်းပင်တွေက ကျွန်မတို့ ဥယျာဉ်တစ်ခုလုံး စုံးစုံးမြုပ် ပစ်ရော့မည်။ လက်အိတ်တစ်စုံ စွပ်ပြီး ပေါင်းပင်တွေ ကျွန်မ စ ရှင်းသည်။ တစ်နာရီခန့်ကြာသွားချိန်မှာ ဒီအလုပ်ကြီးနှင့် နေကုန်နေခန်း တိုင်တော့မည် ဆိုတာ ကျွန်မသိလိုက်ပြီ။ တစ်နေကုန်ပြန်တော့ ဒီအလုပ်က သုံးရက်လေးရက်ပိုပိုသာသာ သို့တည်း မဟုတ် တစ်ပတ်ထိ တိုင် ကြာသွားနိုင် ကြောင်းကျွန်မသိ   လိုက်ရပြီ။ ဒါမှမဟုတ် တစ်သက်တာလုံးကြာသွားနိုင်သည်။ ဒီပေါင်းတွေကို တစ မကျန်ရှင်းလင်းဖို့ရာက ကျွန်မအတွက်ကပ်ကမ္ဘာတစ်ခုဖြစ်သွားနိုင်သည်။

ကမ္ဘာပေါ်မှာအရေးအကြီးဆုံးသောအရာ  Read More »

အကဲဖြတ်တဲ့အလုပ် 

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအကြောင်းပြောရင် စွမ်းဆောင်ရည်တိုင်းတာအကဲဖြတ်မှု၊ စွမ်းဆောင်ရည် စီမံခန့်ခွဲမှု အကြောင်းက မဖြစ်မနေပြောကြရမှာပါပဲ။ မဖြစ်မနေပြောရမှာဖြစ်သလို မကြာမကြာ လည်းပြောနေမှ ရမှာ။ တကယ် အရေးကြီးတဲ့ကိစ္စတစ်ခုမို့ပါ။ လုပ်ငန်းခွင်ထဲမှာ သူသူကိုယ်ကိုယ် အလုပ်တွေကတော့လုပ်နေကြတာပဲ။ ကိုယ့်အလုပ်ကိုယ် ပုံမှန် လုပ်နေတဲ့ သူ၊ ပျာပျာသလဲလုပ်နေတဲ့သူ၊ နေ့မအား ညမနားလုပ်တဲ့သူ၊ ဝတ်ကျေတန်းကျေလောက်ပဲ လုပ်တဲ့သူ စသည်အားဖြင့် လူအမျိုးမျိုးတွေ့နိုင်ပါတယ်။ ဒါဆို အလုပ်လုပ်တဲ့သူတွေကိုမြှောက်စားပြီး ဝတ်ကျေ တန်းကျေ သမားတွေကို နှိပ်ကွပ် လိုက်ရုံပေါ့လို့ပြောကြမှာပေါ့။ တကယ်တော့ ဒီလောက်လည်း မရိုးရှင်းပါဘူး။ လုပ်တော့ လုပ်နေတယ်လို့ ထင်ရတာပဲ ဆိုပေမယ့် တကယ်လုပ်နေတာဟုတ်ရဲ့လားဆိုတာကို စိစစ်ဖို့လိုလာပြန်တယ်။ ကိုယ်တိုင် လုပ်ရမယ့်အလုပ်ကို ကိုယ့်အဆင့်အတန်းနဲ့လျော်ညီစွာ အကြံကောင်း၊ ဉာဏ်ကောင်း၊ အားထုတ်မှု ကောင်းတွေနဲ့ လုပ်ကိုင်နေတာ ဟုတ်ရဲ့လား၊ အပြောတွေ၊ အပြတွေကများနေပြီး တကယ့် တကယ်တမ်း ကျတော့ မျက်နှာပန်း

အကဲဖြတ်တဲ့အလုပ်  Read More »

အလွမ်းအရသာ – ထိုက်

ကိုယ် ဖတ်ဖူးတဲ့ စာတစ်ပုဒ်မှာ အစားအစာတစ်ခု စားလိုက်တဲ့အခါ အရင်စားခဲ့တဲ့အချိန်က သတိရစရာ တွေကို ပြန်လည် ခံစားရတတ်တာဟာ အနံ့အာရုံကြောင့်လို့ ဆိုပါတယ်။ အထူးသဖြင့် ကလေးဘဝက အမှတ်တရတွေကို အထူး အောက်မေ့ လွမ်းဆွတ်တတ်ကြပါတယ်။ အရသာတစ်ခုကို မျက်လုံးမှိတ်ပြီး အနံ့ကို ရှူရှိုက်ကြည့်တဲ့အခါ စားခဲ့ ဖူးတဲ့အချိန်တွေကို သတိရလာတတ်ပါတယ်။ ဒါကြောင့်လည်း အရသာ ဆိုတာ နှာခေါင်းနဲ့ မှတ်ဉာဏ်ပေါ်မှာ မူတည် နေတယ်လို့ ဆိုကြတာ နေမယ်။ ဒီလို အနံ့အာရုံနဲ့ စိတ်ခံစားချက်နဲ့ ဆက်နွှယ်နေရတာဟာ အလွန်ရှေးကျတဲ့ ကာလတွေ ကတည်းက အနံ့အာရုံဟာ အခြား အာရုံတွေထက် ပိုပြီးစောစော ပေါ်ပေါက်ခဲ့တာကြောင့်လို့ ယူဆကြပေမယ့် သိပ္ပံနည်းကျ လေ့လာထား မှုတွေတော့ မရှိသေးပါဘူး။ ကိုယ်ဟာ အစားအသောက်တွေမှာနေတယ် ဆိုတာထက် ပျောက်ဆုံးသွားတဲ့

အလွမ်းအရသာ – ထိုက် Read More »

ဒီကာလမှာ ယုံရခက်တဲ့ ကျွန်ုပ်ရဲ့ ဘုရားသခင် – နောင်နောင်စိုးသိမ်း

ကျွန်တော်တို့ သတင်းစာ ကောက်ကိုင်လိုက်တိုင်း ဒါမှမဟုတ် သတင်းတွေကို ဖွင့်လိုက်တိုင်း ကြမ်းတမ်းတဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေရဲ့ ဇာတ်လမ်းတွေကို တွေ့ရတယ်။ ကမ္ဘာကြီးထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ဆိုးရွားလှတဲ့အရာတွေကို ပြုလုပ်နေကြတဲ့ လူတွေနဲ့ ပြည့်နေတယ်။ ပဋိပက္ခတွေကနေ ထွက်ပြေးဖို့ ဒုက္ခသည်တွေ သက်စွန့်ကြိုးပမ်းနေချိန်မှာ သူတို့ရဲ့ ဆင်းရဲဒုက္ခကနေ တချို့က အမြတ်ထုတ်နေကြတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဒီလိုပြုမူနေကြတာတင် မကပါဘူး။ မိုးခေါင်ရေရှားတာ၊ အငတ်ဘေးဆိုက်တာ၊ ငလျင် လှုပ်တာ စတဲ့ သဘာဝဘေးအန္တရာယ်တွေရယ် ဒါမှမဟုတ် ကြောက်စရာ ကပ်ရောဂါတွေရယ်ကြောင့် အပြစ်မဲ့သူ တွေဟာ နေ့တိုင်း သေကြေပျက်စီးနေရပါတယ်။ ခင်ဗျားက မေးလိမ့်မယ်။ ဘာကြောင့်များ မဟာဂရုဏာတော်နဲ့ ပြည့်စုံတဲ့ ဘုရားသခင်က ဒါတွေကို ဖြစ်ခွင့်ပေးရသလဲ။ ဆိုးယုတ်တဲ့အရာတွေကို ဘုရားသခင်က တားဆီးချင်တယ်။

ဒီကာလမှာ ယုံရခက်တဲ့ ကျွန်ုပ်ရဲ့ ဘုရားသခင် – နောင်နောင်စိုးသိမ်း Read More »

တက်မလား၊ ထွက်မလား – သိုက်စိုးထွန်း (နတ်ရွာ)

Up or Out တဲ့။ လိုရင်းကိုပြောရရင်တော့ “တက်မလား၊ ထွက်မလား”ပေါ့။ McKinsey, BCG, Bain စတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတချို့မှာ ဒီမူကိုကျင့်သုံးကြပါသတဲ့။ သဘောကတော့ ရာထူးတစ်ခုအတွက် အလုပ် ဝင်တဲ့အခါ သူ့ရဲ့စွမ်းဆောင်ရည်တွေကို ပုံမှန်စောင့်ကြည့်အကဲဖြတ်နေမယ်။ နှစ်နှစ်သုံးနှစ်၊ လေးငါးနှစ် စသည် အားဖြင့် သတ်မှတ်ထားတဲ့ကာလ တစ်ခုအတွင်းမှာ နောက်တစ်ဆင့်ကိုတက်နိုင်အောင်ကြိုးစား။ ဒီလိုမှမဟုတ်ဘဲ သတ်မှတ် ကာလပြည့်တဲ့အထိတောင် လက်ရှိရာထူးကနေဆက်မတက်နိုင်သေးဘဲ ဖြစ်နေဦးမယ်ဆိုရင်တော့ တွဲထားတဲ့ လက်ကလေးကို လွှတ်လိုက်ပါရစေဆိုတဲ့သဘော။             ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘယ်လိုမူကြီးလဲလို့ထင်စရာပါ။ သေချာပြန်စဉ်းစားကြည့်မှ တက်မလား၊ ထွက်မလားဆိုတဲ့ Up or Out Policy ရဲ့ကောင်းကွက်တွေကိုသဘောပေါက်လာတယ်။ ရာထူး နောက်တစ်ဆင့် တက်ဖို့ဆိုတာက သူလိုကိုယ်လိုဘာသိဘာသာနေနေလို့တော့ ဖြစ်မှာမဟုတ်ဘူးပေါ့။ ကိုယ့် အဆင့်နဲ့ လျော်ညီတဲ့ တွေးခေါ်မြော်မြင်မှု၊ ကိုယ့်အဆင့်နဲ့လျော်ညီတဲ့ကြိုးစားအားထုတ်မှုတွေအပြင်

တက်မလား၊ ထွက်မလား – သိုက်စိုးထွန်း (နတ်ရွာ) Read More »

နန်းဆန်လိုက်တဲ့အားကစား – ဏေသွေးအိမ်

ကမ္ဘာပေါ်မှာ အားကစားနည်းပေါင်းများစွာရှိတဲ့အထဲက အားကစားနည်း တချို့ကို လေ့လာ ကြည့်ကြပါစို့။ လူကြိုက် အများဆုံးဖြစ်တဲ့ ဘောလုံးအားကစားနည်းမှာဆိုရင် တစ်ဖက် ဆယ့် တစ်ယောက်စီ စုဖွဲ့ပြီး နှစ်သင်း ယှဉ်ပြိုင် ကစားရတာ အားလုံးအသိ။ ကိုယ့်အသင်း ဂိုးပေါက်ထဲ ဘောလုံးမဝင်နိုင်အောင် တစ်ဖက်အသင်း ဂိုးပေါက်ထဲဘောလုံးဝင်အောင် မိနစ်ကိုးဆယ်ယှဉ်ပြိုင်။ ဂိုးသွင်းနိုင်ခြင်းနဲ့ ဂိုးဝင်ခံ ရခြင်းဟာ အရှုံးနဲ့အနိုင်ပဲ။ ဒီအတွက် ကစားကွက် ဗျူဟာ၊ ငွေကြေး ဗျူဟာတွေကို အများကြီးစိုက် ထုတ်ထားကြရတယ် လို့ပဲ အကျဉ်းဆို ကြပါစို့။ ဒါကြောင့်လည်း နေရာဒေသ အသီးသီးက လူသန်းပေါင်းများစွာဟာ သူတို့ကစားပွဲတွေကို တကူးတကနဲ့ စောင့်ကြည့် နေကြတယ်။ သို့သော်လည်း ဘောလုံးယဉ်ကျေးမှုဟာ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘူး။ မျက်လုံး ပေါင်းများစွာရဲ့ ရှေ့မှောက်မှာ အသင်းနိုင်ပွဲရဖို့ အတွက် စည်းကမ်း

နန်းဆန်လိုက်တဲ့အားကစား – ဏေသွေးအိမ် Read More »

စက်ရုပ်နဲ့ပြိုင် ဘယ်သူနိုင် – နောင်နောင်စိုးသိမ်း

စက်ရုပ်တစ်ရုပ်က ကျွန်တော့်လက်ရှိအလုပ်ကို ဝင်လုသွားပါပြီ။ ကျွန်တော်လုပ်နိုင်တာ ဘာရှိသေးလဲ။ ဒါကတော့ “သတင်းကောင်း၊ သတင်းဆိုး” ဟာသနဲ့ တူပါတယ်။ “သတင်းကောင်းရှိတယ်” ခင်ဗျားရဲ့ ဘော့စ်က ပြောတယ်။ “အမြတ်တွေ တိုးလာပြီ” “အဲဒီတော့ သတင်းဆိုးက ဘာလဲ” “ဒါက HAL 2.0 လို့ ခေါ်တယ်။ မင်းနေရာမှာ အစားထိုးဖို့”။ (HAL ဆိုတာ သိပ္ပံဝတ္ထုစာရေးဆရာ အာသာစီကလပ် နဲ့ ဒါရိုက်တာ စတန်လေကူးဘရစ်တို့ရဲ့ ၂၀၀၁ အာကာသခရီးရှည် ရုပ်ရှင်ထဲက ဉာဏ်ရည်တု ကွန်ပျူတာကြီးရဲ့ နာမည်ပါ။ ဘာသာပြန်သူ။) ဒီအဖြစ်မျိုးကို အတွေးခေါင်လွန်းတယ်လို့ ခင်‌ဗျားက စဉ်းစားကောင်း စဉ်းစားမယ်။ မဟုတ်ပါဘူး။ ဉာဏ်ရည်တုနဲ့ စက်ရုပ်နည်းပညာ တိုးတက်လာတာနဲ့အမျှ အလိုအလျောက် လုပ်လို့ရတဲ့ အလုပ်တွေ ပိုပိုပြီး များလာမယ်။ အဲဒီကနေ

စက်ရုပ်နဲ့ပြိုင် ဘယ်သူနိုင် – နောင်နောင်စိုးသိမ်း Read More »