ပြတင်းပေါက်
(ထိုက်) အခုအချိန်အထိ အိမ်ယာ အတည်တကျ မရှိသေးတဲ့ သံသရာခရီးသည် ကိုယ့်အတွက်တော့ ကိုယ်လက်ရှိနေတဲ့ နေရာကို ကိုယ့်အိမ်လို့ သတ်မှတ်နေရချိန်မှာ နေရာအသစ်တစ်ခုမှာ အိမ်အသစ် တစ်ခုကို ရှာရပြီဆိုရင် ကိုယ်ပထမဆုံး တောင်းဆိုတာက ပြတင်းပေါက် များများပါတဲ့၊ အလင်းရောင် များများရတဲ့ အိမ်ဖြစ်ဖို့ပါပဲ။ ပြတင်းပေါက်လို့ ပြောလိုက်တာနဲ့ ဘာကို ပြောတယ်ဆိုတာ လူတိုင်းနီးပါး သိကြမှာပါ။ မျက်စိထဲမှာလဲ ပြတင်းပေါက် ပုံလေးတွေကို တန်းမြင်ကြမှာပါပဲ။ တံခါးပေါက်ကတော့ အဓိပ္ပါယ် နောက်တစ်မျိုးပေါ့။ အခု ပြောချင်တာက ပြတင်းပေါက် အကြောင်းပါ။ ပြတင်းပေါက်ဆိုတဲ့ စကားလုံး ရိုးရိုးကိုမှ ထပ်ပြီး ချဲ့လိုက်ရင် သစ်သားပြတင်းပေါက်၊ မှန်ပြတင်းပေါက်၊ ထရံကာ ပြတင်းပေါက်၊ အုတ်တံတိုင်းကြားက သံတိုင်တွေနဲ့ ပြတင်းပေါက်၊ ခြင်လုံဇကာတပ်ထားတဲ့ ပြတင်းပေါက်၊ မှန်အနောက်တွေ ကာထားတဲ့ ပြတင်းပေါက် […]