The Corner

The Corner

cropped-Logo_round_grey-background.png

အာရှ

အပြောလွယ်ပေမယ့် အလုပ်ခက်တဲ့ တရုတ် နဲ့ ထိုင်ဝမ်တို့ရဲ့ စနစ် နှစ်ရပ်ပေါင်းစည်းရေး

၂၀၂၅ ဇွန်လ ၄ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ‘လင်ကျန့်’ က ပုံမှန် သတင်းစာ ရှင်းလင်း ပွဲကို ကြီးမှူး ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ သတင်းထောက်တစ်ဦးက မကြာသေးမီက (၂၀၂၅ မေလ ၃၁ ရက်နေ့ ) စင်္ကာပူမှာ ကျင်းပခဲ့တဲ့ Shangri-la ဆွေးနွေးပွဲအတွင်း ဥရောပနိုင်ငံ ခေါင်းဆောင်တစ်ဦးက ‘ထိုင်ဝမ် ပြဿနာ’ နဲ့  ‘ယူကရိန်း ပြဿနာ’ ကို နှိုင်းယှဉ်ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အဆိုပါ မေးမြန်းချက်နဲ့ ပတ်သက်လို့ ‘လင်ကျန့်’ က “မိမိတို့သည် သက်ဆိုင်ရာ ပြောဆိုချက် အပေါ် ခိုင်မာပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ ‘ထိုင်ဝမ်’ သည် တရုတ် ပိုင်နက်နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်း […]

အပြောလွယ်ပေမယ့် အလုပ်ခက်တဲ့ တရုတ် နဲ့ ထိုင်ဝမ်တို့ရဲ့ စနစ် နှစ်ရပ်ပေါင်းစည်းရေး Read More »

တရုတ်ဖြူ နဲ့ တရုတ်နီ…

ငယ်ငယ်တုန်းကတော့ ” တရုတ်ဖြူ” ” တရုတ်နီ” လို့ လူတွေ ပြောကြတဲ့အခါ၊ သမိုင်းစာအုပ်တွေထဲ ဖတ်ရတဲ့အခါ သိပ်သဘောမပေါက်ခဲ့ဘူး။ နားလည်း မလည်ခဲ့ခဲ့ဘူး။ “တရုတ်ဖြူ”ဆိုတာ အသားဖြူတဲ့ တရုတ်ကို ပြောတာနေမှာလို့ ထင်ခဲ့သလို “တရုတ်နီ” ဆိုတာလည်း အသားနီတဲ့ တရုတ်ကို ပြောတာဖြစ်မယ် ထင်ခဲ့တယ်။ တကယ်တော့ တရုတ်လူမျိုးက အသားဖြူတာ တစ်မျိုးပဲ တွေ့ဖူးတယ်။ နည်းနည်း အရွယ် ရောက်လာပြီး စာဖတ်သက်လည်း ရလာတော့မှ “တရုတ်ဖြူ” ဆိုတာ ထိုင်ဝမ်ကို ပြောတာဖြစ်ပြီး “တရုတ်နီ” ဆိုတာ ပြည်မတရုတ် (တစ်နည်း) ပြည်ကြီးတရုတ် (Mainland China) ကိုခေါ်မှန်း သိရတော့တယ်။ တကယ်က တရုတ်ကွန်မြူနစ်ပါတီရဲ့ အလံအရောင်ကို အစွဲပြုပြီး ပြည်မ တရုတ်ကို “တရုတ်နီ”၊ ချန်ကေရှိတ်ဦးဆောင်တဲ့

တရုတ်ဖြူ နဲ့ တရုတ်နီ… Read More »

ဂျပန် နဲ့ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်ရေး ရုရှား၊ တရုတ်နဲ့ မြောက်ကိုးရီးယားတို့က ခြိမ်းခြောက်နေပြီလား

နိုင်ငံတကာလူ့အဖွဲ့အစည်းဟာ ခေတ်သစ်ကပ်ဘေးဆိုးကာလကြီး တစ်ခုထဲကို တိုးဝင်နေပြီ ဖြစ်တယ်လို့ ၂၀၂၅ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် “ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ” မှာ ဖော်ပြထားတယ်။ အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ ဂျပန်အတွက် “အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှု” ဖြစ်တယ်လို့ ဆိုထားတယ်။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ မူဝါဒတွေဟာ အင်ဒို-ပစိဖိတ်ဒေသအပေါ် ထိရောက်တဲ့ သြဇာသက်ရောက်မှုတွေ ဖြစ်လာ မယ်လို့ မျှော်လင့်ကြောင်း အစီရင်ခံစာက ဆိုတယ်။ ဂျပန်ရဲ့ အဆိုပါ နှစ်ပတ်လည် ကာကွယ်ရေးအစီရင်ခံစာကို ဇူလိုင် ၁၅ ရက်နေ့ က ပြုလုပ်တဲ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်တယ်။ အစီရင်ခံစာမှာ ဂျပန်နိုင်ငံရင်ဆိုင်နေရတဲ့ ဒေသဆိုင်ရာ လုံခြုံရေး ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ခက်ခဲတဲ့

ဂျပန် နဲ့ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်ရေး ရုရှား၊ တရုတ်နဲ့ မြောက်ကိုးရီးယားတို့က ခြိမ်းခြောက်နေပြီလား Read More »

မလေးရှားနိုင်ငံကိုပြုပြင်ပြောင်းလဲခဲ့တဲ့မဟာသီယာ အသက် ၁ဝဝ ပြည့်ပြီ

မလေးရှားနိုင်ငံအတွက် သူ့ရဲ့အမြော်အမြင်ကတော့ ကံကောင်းထောက်မလို့ လက်တွေ့ဖြစ် မလာသေးပါဘူး ၁၉၈၁ ခုနှစ် ကနေ ၂ဝဝ၃ခုနှစ် အထိ တစ်ကြိမ်၊ နောက်တစ်ခါ ၂ဝ၁၈ကနေ ၂ဝ၂၂ ခုနစ်အထိ တစ်ကြိမ် မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မဟာသီယာ မိုဟာမက်ဟာ ၁၉၈ဝ ပြည့်လွန်နှစ်တွေ ကာလ တုန်းက သူတရင်းတနှီး နေခဲ့တဲ့ ရိုနယ်ရေဂင်၊ မာဂရက်သက်ချာ၊ လီကွမ်ယူနဲ့ တိန့်ရှောင်ဖိန် တို့လို အခြား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူတို့အားလုံးမှာ ထူးခြား ထင်ရှားတဲ့ နိုင်ငံရေး မူဝါဒတွေ ရှိတယ်။ သူတို့ အားလုံး စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို ကမကထ လုပ်ခဲ့ကြတယ်။ သူတို့အားလုံးဟာ ဝင့်ဝါတယ်၊ ဩဇာ တိက္ကမ ကြီးတယ်၊ အများတကာထက် ထူးခြားပြီး

မလေးရှားနိုင်ငံကိုပြုပြင်ပြောင်းလဲခဲ့တဲ့မဟာသီယာ အသက် ၁ဝဝ ပြည့်ပြီ Read More »

တော်လှန်ရေးသမားဘ၀မှ လူအစုလိုက် အပြုံလိုက်သတ်သူဖြစ်သွားတဲ့ ပိုလ်ပေါ့

၁၉၇၅-၁၉၇၉ ခုနှစ် ကာလတွေအတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အာဏာရှင်ဟောင်း ပိုလ်ပေါ့ဟာ မိမိနိုင်ငံသား တစ်သန်းကျော်ကို လူသတ်ကွင်းမှာ ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်။ သူဟာ ထိုလူသတ်မှုတွေအတွက် တာဝန်အရှိဆုံးသူ ဖြစ်တယ်။ သူဟာ မိမိကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ မိမိရဲ့ နိုင်ငံရေးပုံရိပ်ကို မိမိဘာသာ ဖျက်ဆီးခဲ့သူလည်း ဖြစ်ပါတယ်။ ပိုလ်ပေါ့ဟာ ၁၉၂၅ ခုနှစ်မှာ ကွန်ပွမ်သွမ်ပြည်နယ်၊ ပရက်စတောရွာမှာ ချမ်းသာတဲ့ လယ်သမား မိသားစုမှာ မွေးဖွားခဲ့တယ်။ မူလတန်းကျောင်းသားအရွယ်က သူဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ စာစတင်သင်ခဲ့တယ်။ ဒီနောက် ကမ္ဘောဒီးယားနိုင်ငံမှာ ပြင်သစ်တွေ ဖွင့်လှစ်ထားတဲ့ကျောင်းမှာ ဆက်လက်ပညာသင်ခဲ့တယ်။ ၁၉၄၉ ခုနှစ်မှာ ပညာသင်ဆုရပြီး ပြင်သစ်နိုင်ငံကို သွားရောက်ကာ ပညာ သင်ခဲ့တယ်။ သူဟာ ပြင်သစ်နိုင်ငံမှာ ကျောင်းတက်နေစဉ်မှာ လက်ဝဲနိုင်ငံရေးနဲ့ ပထမဆုံးထိတွေ့ခဲ့ရတယ်။ ပြင်သစ်နိုင်ငံရောက် ကမ္ဘောဒီးယားကျောင်းသား

တော်လှန်ရေးသမားဘ၀မှ လူအစုလိုက် အပြုံလိုက်သတ်သူဖြစ်သွားတဲ့ ပိုလ်ပေါ့ Read More »

အာဏာရှင်တွေဟာ ရူးသွပ်ကြတယ်..

(ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ပွဲ အထူး သုံးသပ်ချက်) ၁၉၈၀ ပြည့်လွန်နှစ်များက အင်ဒိုချိုင်းနား (အာဆီယံမဖြစ်သေး) အခင်းအကျင်းကို ကြည့်ရင် အနိဋ္ဌာရုံ အတော်ပေါများပြီး စစ်ပွဲတွေ၊ ဒုက္ခသည်တွေ၊ ဆင်းရဲခြင်းတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ မြင်ကွင်းတွေကို မြင်ကြရမှာပါ။ အင်ဒိုချိုင်းနားဆိုတာ တောင်/မြောက် ဗီယက်နမ်၊ ကမ်ပူးချား၊ လာအိုတို့ကိုပြောတာပါ။ ဗီယက်နမ်မှာ တောင်ဗီယက်နမ်ကွန်မြူနစ်ပြောက်ကျား ဗီယက်ကောင်းတွေက အမေရိကန်နဲ့ တောင်ဗီယက်နမ် ရုပ်သေး အစိုးရကို ဖြုတ်ချလိုက်တဲ့အခါ ဒီနေ့ ဟိုချီမင်းလို့ အမည် တွင်နေတဲ့ ဆိုင်ဂုံမြို့ပေါ်က ထွက်ပြေးကြရတဲ့ ဗီယက်နမ် လှေစီး ဒုက္ခသည်တွေဟာ တောင်တရုတ်ပင်လယ်မှာ ရေမျော ကမ်းတင်ပါ။ ဆိုင်ဂုံကျဆုံးရှုံးခြင်း (fall of Saigon) နဲ့အတူ ဗီယက်နမ်နှစ်နိုင်ငံ ပေါင်းစည်းသွားပေမယ့် ဗီယက်နမ်ရဲ့ ဆင်းရဲ မွဲတေမှုဟာ မြန်မာထက်တောင်

အာဏာရှင်တွေဟာ ရူးသွပ်ကြတယ်.. Read More »

ပိုပြီးပြောင်းလဲရဦးမယ့်ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်ကို ပြဿနာဟောင်းတွေက ခြောက်လှန့်နေတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို ဖြုတ်ချခဲ့တဲ့ လူထု အုံကြွမှုကြီး  ပေါ်ပေါက်ခဲ့တာ  အခုဆို တစ်နှစ်နီးပါး ကြာခဲ့ပါပြီ။ ရက်သတ္တပတ်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ ဒီလူထု အုံကြွမှုကြီးမှာ လူပေါင်း တစ်ထောင် ကျော် သေဆုံးခဲ့ရတယ်။ လူအတော် များများ ထိခိုက် ဒဏ်ရာ ရခဲ့ကြတယ်။ ဖြုတ်ချ ခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟာ ၂ဝ၂၄ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေး လွတ်မြောက် သွားခဲ့ပြီးတဲ့ နောက်မကြာခင်မှာဘဲ  နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက်ယူနွတ် ဦးဆောင်တဲ့ ယာယီအစိုးရ နိုင်ငံ့ တာဝန်ကို ယူပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့တယ်။ ယာယီအစိုးရက နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ဖြုတ်ချ

ပိုပြီးပြောင်းလဲရဦးမယ့်ဘင်္ဂလားဒေ့ရှ် Read More »

ကုန်သွယ်ခွန် လျှော့ပေါ့ဖို့ ဗီယက်နမ်ဆီက အမေရိကန် ဘာတောင်းဆိုခဲ့သလဲ

အမေရိကန်သမ္မတ ထရမ့်ဟာ ဇူလိုင်လ ၃ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံနဲ့ ကုန်သွယ်ခွန် အပေးအယူ ဆွေးနွေးမှု အောင်မြင် အထမြောက်သွားကြောင်း သူပိုင် ဆိုရှယ်မီဒီယာဖြစ်သည့် “Truth Social” မှနေ၍ အသေးစိတ်များ မဖော်ပြဘဲ ရေးသား ကြေညာခဲ့ပါသည်။ ဖော်ပြပါ ဆောင်းပါးသည် အမေရိကန်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့ ကုန်သွယ်ခွန်ကိစ္စ ညှိနှိုင်း နေကြစဥ်အတွင်း ထွက်ပေါ်လာသည့် ရိုက်တာ သတင်းတစ်ပုဒ် ကို အခြေခံလျက် သုံးသပ်ရေးသားထားခြင်း ဖြစ်ပြီး ကုန်သွယ်ခွန်လျှော့ချရေး ဆွေးနွေးပွဲ အသေးစိတ်ကို မသိရသော်လည်း ဗီယက်နမ်နိုင်ငံ အနေနှင့် အဆိုပါ သဘော တူညီချက် ရရှိရေး အတွက် ဖြစ်နိုင်ဖွယ်ရှိသော လိုက်လျော အလျှော့ပေး လိုက်ရသည့် အချက်တစ်ချက် ဖြစ်ပါကြောင်း ခန့်မှန်းရပါသည်။  အ​မေရိကန်က ကုန်သွယ်ခွန်လျှော့ပေးဖို့ ဗီယက်နမ်ကို တရုတ်နှင့် စီးပွား​ရေး ဆက်ဆံ​မှု အဆင့်​လျှော့ချရန် ဖိအား​ပေး​ ​တောင်းဆိုမှုများကိုတင်းတင်းမာမာပြုလုပ်လျက်ရှိ

ကုန်သွယ်ခွန် လျှော့ပေါ့ဖို့ ဗီယက်နမ်ဆီက အမေရိကန် ဘာတောင်းဆိုခဲ့သလဲ Read More »

တရုတ်ခြိမ်းခြောက်မှု နှင့် အမေရိကန်၏ ကာကွယ်ရေး မူဝါဒအကြောင်း တစေ့တစောင်း 

အင်ဒို-ပစိဖိတ်ဒေသအပေါ် အမေရိကန်နိုင်ငံ၏ သဘောထားနှင့် တရုတ်နိုင်ငံ၏ အန္တရာယ် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) ၏ (၂၂) ကြိမ်မြောက် “ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ” ကို ယခု ၂၀၂၅ခုနှစ် မေလ ၃၁ ရက်နေ့တွင် စင်္ကာပူ၌ ကျင်းပခဲ့သည်။ ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲကို  နှစ်စဉ် ကျင်းပလေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသအတွင်းရှိ  အင်ဒို-ပစိဖိတ်နိုင်ငံများမှ  ကာကွယ်ရေးဝန်ကြီးများ၊  ကာကွယ်ရေး ဦးစီးချုပ်များနှင့် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်း အဆင့်ပုဂ္ဂိုလ်များ တက်ရောက် လေ့ရှိသည်။  ယင်းမေလ ၃၁ ရက်နေ့ ဆွေးနွေးပွဲသို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ (Pete Hegseth) တက်ရောက်ခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်နိုင်ငံ၏ နိုင်ငံခြား‌ရေးမူဝါဒကို ရှင်းပြခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ လက်ရှိ ‘ထရမ့်အစိုးရ’ သည် ယခင့်ယခင် အစိုးရအဖွဲ့များကဲ့သို့ “တာဝန်မဲ့သည့် ပျော့ညံ့ညံ့”

တရုတ်ခြိမ်းခြောက်မှု နှင့် အမေရိကန်၏ ကာကွယ်ရေး မူဝါဒအကြောင်း တစေ့တစောင်း  Read More »

အာဏာချုပ်ကိုင်မှု၏ ခေါင်းနှင့်ပန်း (သို့မဟုတ်) ဗီယက်နမ်ခေါင်းဆောင် တိုလမ်း

လွန်ခဲ့တဲ့ နှစ်ငါးဆယ်က ဆိုင်ဂုံမြို့ကနေ နောက်ဆုံးလက်ကျန် အမေရိကန်နိုင်ငံသားတွေကို ကယ်ထုတ်ခေါ်နိုင်ခဲ့ပါတယ်။ စစ်ကြောင့် ကျေမွပျက်စီး ဆင်းရဲမွဲတေနေတဲ့ နိုင်ငံကို ကျောခိုင်းစွန့်ခွာခဲ့ရတဲ့ အခြေအနေပါ။ ဟိုချီမင်းလို့ အမည်သစ်ပေးထားတဲ့ ဒီကနေ့ ဆိုင်ဂုံမြို့ဟာ လူဦးရေ ကိုးသန်းကျော်ရှိတဲ့ ကမ္ဘာ့မြို့ကြီး ဖြစ်နေပါပြီ။ မိုးမျှော်အထပ်မြင့်တိုက်ကြီးတွေ၊ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ အမှတ်တံဆိပ်တွေ ပြည့်နှက်နေတဲ့မြို့ပါ။ ဒါဟာ ဗီယက်နမ် နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားရမယ့်အချိန်လို့ ခင်ဗျားစိတ်ထဲ တွေးထင်ကောင်း တွေးထင်ပါလိမ့်မယ်။ ဗီယက်နမ်နိုင်ငံဟာ ဆင်းရဲမွဲတေမှုကို ကျော်လွှားဖြေရှင်းနိုင် ခဲ့သလို အမေရိကန်နိုင်ငံကို ကုန်ပစ္စည်း တင်ပို့နေတဲ့ ထိပ်တန်းဆယ်နိုင်ငံထဲက တစ်နိုင်ငံလည်း ဖြစ်တယ်။ အက်ပဲနဲ့ ဆမ်ဆောင်းလို ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ ကြီးတွေ စုဝေးရာနေရာလည်း ဖြစ်နေပါပြီ။ ဒါပေမဲ့ တကယ့်ပကတိအခြေအနေကတော့ ဗီယက်နမ်နိုင်ငံဟာ အခက်အခဲ အကျပ်အတည်း

အာဏာချုပ်ကိုင်မှု၏ ခေါင်းနှင့်ပန်း (သို့မဟုတ်) ဗီယက်နမ်ခေါင်းဆောင် တိုလမ်း Read More »