The Corner

The Corner

cropped-Logo_round_grey-background.png

အာရှ

ငွေငွေချင်း ထပ်ကြတဲ့ပွဲလား ရွေးကောက်ပွဲလား

ပါတီတွေဟာ အခမဲ့ ကမ်းလှမ်းမှုတွေနဲ့ မက်လုံးပေးပြီး ဖေဖော်ဝါရီ (၈) ရက်နေ့မှာ ကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် မဲဆွယ်နေကြတယ် ကလေး တစ်ယောက် မွေးလာရင် ဒေါ်လာ နှစ်ထောင် ထောက်ပံ့ပေးမယ်၊ ပြည်သူတွေမှာ တင်နေတဲ့ အကြွေးတွေ အားလုံးကိုလည်း လျှော်ပစ်ပေးမယ်၊ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေကိုတွေ ကို တစ်လကို ဒေါ်လာ ၁၀၀ နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ ၆,၃၀၀ ဖိုး ငွေသားနဲ့ ကူညီမယ်လို့ ထိုင်းနိုင်ငံက နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကာလမှာ နည်းလမ်းမျိုးစုံနဲ့ မဲပေးကြမယ့် ပြည်သူတွေကို ကမ်းလှမ်း မဲဆွယ်နေကြပါတယ်။ သို့ပေမယ့်လည်း နိုင်ငံရေး အကျပ်အတည်း ဖြစ်နေချိန်၊ စီးပွားရေးက နှေးကွေးပြီး ရပ်လုမတတ် ဖြစ်နေချိန်မျိုး ဖြစ်တဲ့အတွက် ဒီလို […]

ငွေငွေချင်း ထပ်ကြတဲ့ပွဲလား ရွေးကောက်ပွဲလား Read More »

ဗင်နီဇွဲလားကို အကာအကွယ်ပေးဖို့ တရုတ် လက်လှမ်းမမီခဲ့တာလား

ဒီဖြစ်ရပ်ဟာ ထိုင်ဝမ်အတွက်ကတော့ လမ်းပြနမူနာ တစ်ရပ်မဟုတ်ပေမယ့် တရုတ်ရဲ့ ကမ္ဘာ ဩဇာအာဏာ ဖြန့်ကြက်မှုကို တကယ်ကန့်သတ်လိုက်တာပါပဲ။ ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ်မှာ နီကိုလတ်စ် မာဒူရို အစီအစဉ်မရှိဘဲ ရုတ်တရက်တွေ့ဆုံ လိုက်ရတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ မဆုံခင် သမ္မတ မာဒူရိုနဲ့ တွေ့ဆုံဖို့ နောက်ဆုံး ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တော်တွေ ကတော့ တရုတ် ဝါရင့် သံတမန်တွေပဲ ဖြစ်ပါတယ်။ မစ္စတာ မာဒူရို ဟာ သူ့အိပ်ခန်းထဲကနေ ရုတ်တရက် ဆွဲပြီး ခေါ်သွားမခံရခင် နာရီပိုင်းအလို အချိန်လေးမှာတင် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်တင် အမေရိက‌ ဒေသဆိုင်ရာ အထူး သံတမန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ “တရုတ်ပြည်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေ စည်းလုံး

ဗင်နီဇွဲလားကို အကာအကွယ်ပေးဖို့ တရုတ် လက်လှမ်းမမီခဲ့တာလား Read More »

DRAGON ခံတွင်း DONALD ဆင်း

၂၀၂၅ ခုနှစ်ထဲမှာ အသံအကျယ်ဆုံးက သမ္မတ ဒေါ်နယ်ထရမ့်ပါ။ သမ္မတ ဒီကရီ အမိန့်တွေကို အတွဲလိုက် ထုတ်ပြန်ပြီး သူ့ရဲ့ ပစ်မှတ်တွေကို တစ်ခုပြီးတစ်ခု ပစ်ခဲ့ပါတယ်။ အီလွန်မတ်စ်က်ရဲ့ အကူအညီနဲ့ ပြည်ထောင်စု အုပ်ချုပ်ရေး ယန္တရားကြီးကို ဖြိုခွဲဖို့ လုပ်ခဲ့ပါတယ်။ “Liberation Day” မှာ ကုန်သွယ်ခွန် စည်းမျဉ်းတွေ ပြန်ဆွဲခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း ငြိမ်းချမ်းရေးတွေ ဖြစ်စေသလို စစ်ပွဲတွေနဲ့လည်း ခြိမ်းခြောက် ခဲ့ပါတယ်။ ဒါပေမဲ့လည်း အကျိုးအမြတ်အရဆုံးသူက တရုတ်သမ္မတ ရှီကျင်းဖျင် ဖြစ်သွားပါတယ်။ ဒီနှစ်ထဲမှာ ထရမ့်က ကုန်သွယ်ခွန်ကို လက်နက် အဖြစ် အသုံးချပြီး တိုးလျှိုးလာအောင် ကြိုးစားခဲ့တာကို တရုတ်ဘက်က ကောင်းကောင်းခုခံနိုင်ခဲ့ပါတယ်။ အသာစီးရသွားတဲ့ ရှီက အမေရိကန်ဟာ ဘယ်လောက်အထိ သူ့ရဲ့ မူဝါဒတွေအပေါ်  မှီခိုနေရကြောင်း

DRAGON ခံတွင်း DONALD ဆင်း Read More »

အာဏာရှင် မိသားစုနှစ်ခုရဲ့ ပြိုင်ဆိုင်မှုက စတင်တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲ

ထိုင်း နဲ့ ကမ္ဘောဒီးယားတို့ နှစ်ဖက် အပစ်အခတ်ရပ်စဲလိုက်ကြပြန်ပါပြီ။ ဒီဇင်ဘာ (၂၇) ရက်၊ နှစ်နိုင်ငံ နယ်ခြားကော်မတီ (GBC) တို့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ ယာယီ အပစ်အခတ် ရပ်စဲလိုက်ကြတာပါ။  (၇၂) နာရီ အတွင်း နှစ်ဖက်တပ်တွေ အပြန်အလှန် ပစ်ခတ်ခြင်းမပြုကြတော့ဘဲ တပ်တွေက ရောက်ရှိနေရာမှာပဲ ဆက်နေဖို့ သဘောတူခဲ့ကြတာပါ။ ဒီအပစ်အခတ်ရပ်စဲရေးက ဘယ်လောက်တာရှည်မယ် မသိနိုင်သေးပေမယ့် ဒီဇင်ဘာ (၇) ရက်နေ့က စတင်လိုက်တဲ့ စစ်ပွဲဟာ ဒီဇင်ဘာ (၂၇) မှာ ရပ်စဲသွားတော့ ရက်ပေါင်း (၂၀) ကြာခဲ့တယ်လို့ ဆိုရမယ်။ ရက် (၂၀) ကြာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲဟာ တစ်ကျော့ပြန် ပြီးဆုံးခဲ့ပြီဆိုပေမယ့် ဘယ်နေ့၊ ဘယ်အချိန်မှာ အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်ပြီး နှစ်ဖက်

အာဏာရှင် မိသားစုနှစ်ခုရဲ့ ပြိုင်ဆိုင်မှုက စတင်တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲ Read More »

လူငယ့်အားမာန်နှင့် နီပေါနိုင်ငံ

အေဂျေရာ ဘာဒရာခါနဲလ် (Ajaya  Bhadra  Khanal) ရဲ့ ရုံးကနေ မြင်ရတဲ့ မြင်ကွင်းဟာ သူ့အလုပ်အကိုင်က ဘယ်လောက်ထိ အန္တရာယ်များ မလုံခြုံတာကို အမြဲသတိပေးနေသလိုပါပဲ။ သူ့ရုံးက ပေရာဂဏန်းလောက် အကွာမှာ မီးလောင်ပြီး အခွံသာကျန်တဲ့ ဆင်ဂါဒါဘာ (Singha  Durbar) နန်းတော်ရှိပါတယ်။ သက်တမ်း (၁၁၇) နှစ်ရှိပြီဖြစ်တဲ့ နန်းတော်ပါ။ ဒီနန်းတော်ဟာ စက်တင်ဘာလ (၉) ရက်နေ့အထိ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ် ရုံးထိုင်ရာ နေရာပါ။ အဲဒီနေ့က လူအုပ်ကြီးဟာ ပါလီမန်၊ အခြားဖက်ဒရယ်ရုံးတွေနဲ့ စီးပွားရေးလုပ်ငန်း အမြာက်အမြား အပါအဝင် နန်းတော်ကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာပါ။ အကျဥ်းထောင်တွေကို ဖွင့်ပေးခဲ့သလို နိုင်ငံရေးသမားတွေကို သူတို့ရဲ့ နေအိမ်တွေမှာ တိုက်ခိုက်ခဲ့ ကြပါတယ်။ ဝန်ကြီးချုပ် ကေပီ ရှားမားအိုလီ

လူငယ့်အားမာန်နှင့် နီပေါနိုင်ငံ Read More »

မိတ်ဆွေဟောင်းကို ထားခဲ့တော့မှာလား ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဟာ ကုန်သွယ်ရေးနဲ့လုံခြုံရေးအတွက် ပိုပြီးအင်အားကြီးတဲ့အိမ်နီးချင်း တရုတ်ပြည်ကို မှီခိုအားထားမှု တိုးလာနေတယ်။ ထိုင်းနိုင်ငံရဲ့ဘုရင် တရုတ်ပြည်ကိုချစ်ကြည်ရေးခရီးမရောက်ခင်တစ်ရက်မှာ သူ့နိုင်ငံအစိုးရအဖွဲ့က အိမ်ရှင် တရုတ်ပြည်အတွက် အထူးလက်ဆောင် တစ်ခုပို့လိုက်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ တရုတ်လူမျိုး ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ရှဲကျိကျန်းကို ထိုင်းနိုင်ငံမှာ သုံးနှစ်ကျော်ကြာ တရားဥပဒေကြောင်း အရ ရှည်လျားရှုပ်ထွေးတဲ့ အငြင်းအခုံ ဖြစ်ပြီးတဲ့နောက် တရားခံအဖြစ် လွဲပြောင်းပေးခဲ့တယ်။ မစ္စတာရှီဟာ ထိုင်းနိုင်ငံရဲ့ နယ်စပ်တွေမှာ ကျယ်ပြန့်တဲ့အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကိုဆောင်ရွက် နေတဲ့သူလို့ စွပ်စွဲထားပြီး တရုတ်ပြည်က သူ့ကိုပြည်တွင်းမှာ အမှုရင်ဆိုင်စေပြီး စစ်ဆေးဖို့ အချိန်အတော် ကြာကြာကတည်းက လိုချင်နေခဲ့တဲ့သူဖြစ်တယ်။ လက်ရှိဘုရင် မဟာဝိဇယ လောင်ကွန်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်ကျော် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင် ပြီးချိန်ကတည်းကဆိုရင် ပထမဆုံး တရုတ်ပြည်ကို လာရောက်လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံဘုရင်ဖြစ်တယ်။ တရုတ်နဲ့

မိတ်ဆွေဟောင်းကို ထားခဲ့တော့မှာလား ထိုင်းနိုင်ငံ Read More »

တောင်အာရှရဲ့  ရေစစ်ပွဲ

ရာသီဥတုဖောက်ပြန်မှုနဲ့စွမ်းအင်လိုအပ်ချက်တိုးမြင့်လာတာက မြစ်တွေနဲ့ ပတ်သက်လို့ ဖြစ်ပွားတဲ့ အရေးအခင်းတွေကို ပိုပြီး ဆိုးရွား လာစေတယ်။ တောင်အာရှဒေသက မြစ်ကြီးတွေရဲ့ တည်ငြိမ်ခဲလှတဲ့ နယ်စပ်ဖြတ်ကျော်နိုင်ငံရေးဟာ အခုခေတ်‌နှောင်း ပိုင်းအထိ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတယ်။ အောက်တိုဘာလနှောင်းပိုင်းတုန်းက အာဖဂန်နစ္စတန်နိုင်ငံဟာ ကဘူးမြစ်မှာ ဆည်တွေ တည်ဆောက်ဖို့ စီမံကိန်းကိုထုတ်ဖော်ပြောဆိုခဲ့တယ်။ အဲဒီကြေညာချက်ကြောင့် မကြေညာခင် ရက်အနည်းငယ်ကမှ နှစ်နိုင်ငံ နယ်စပ်မှာ တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပါကစ္စတန်နိုင်ငံကို အတော် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ အောက်တိုဘာထဲ မှာပဲ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဟာ ဗြဟ္မပုတ္တရမြစ်လက်တက် (ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ ဂျမူးလို့ သိကြတယ်) တစ်ခုဖြစ်တဲ့ တီစတာမြစ် စီးဆင်းမှုကို အိန္ဒိယနိုင်ငံက ဩဇာလွှမ်းမိုးတာကို ကန့်ကွက် ဆန္ဒပြဖို့ လမ်းမတွေ ပေါ်ထွက်ခဲ့ကြတယ်။ အိန္ဒိယနိုင်ငံဟာ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက်

တောင်အာရှရဲ့  ရေစစ်ပွဲ Read More »

တာကိုင်ချီ ရဲ့ ထိုင်ဝမ် မှတ်ချက် နဲ့ တရုတ်-ဂျပန် တင်းမာမှု နောက်ဆက်တွဲ ဂယက်များ

“အခု ဂျပန် နဲ့ တရုတ်ကိစ္စကိုကြည့်။ ကျနော်တို့အားလုံး တည်ငြိမ်တဲ့ အာရှဒေသကို လိုလားကြတယ်။ လူတိုင်းလည်း ဒီကိစ္စ စိတ်ဝင်စားတယ်။ နှစ်နိုင်ငံစလုံး ရှုပ်ထွေးတဲ့ လက်ရှိကိစ္စကို ဆက်ပြီး အငြင်းမပွားဘဲ လျှော့ချလိုက်ကြပြီး ရှေ့ဆက်သွားရင် ကောင်းမယ်။ တရုတ်-ဂျပန် ဆက်ဆံရေးဟာ နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတယ်။ စီးပွားရေးအရ ပိုအရေးကြီးတယ်။ တရုတ်ဟာ ဂျပန်ရဲ့ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်တယ်။ ဒါပေမဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေ ရှိတယ်။ တရုတ်-အမေရိကန်အားပြိုင်မှု နဲ့ တရုတ် ဂျပန် သမိုင်းကြောင်းပဋိပက္ခတွေ ရှိတယ်။ ပြဿနာက နှစ်နိုင်ငံလုံးက အတိတ်သမိုင်းကို ဆုပ်ကိုင်ထားကြတယ်။ ကျွန်တော့်အနေနဲ့က နှစ်နိုင်ငံစလုံး ရှုပ်ထွေးတဲ့ သမိုင်းကြောင်းကိစ္စတွေကို နည်းလမ်းရှာ ဖြေရှင်းပြီး ရှေ့ဆက်နိုင်ဖို့ မျှော်လင့်တယ်။ ဂျပန် နဲ့ အရှေ့တောင်အာရှဟာလည်း သမိုင်းကြောင်းတွေ

တာကိုင်ချီ ရဲ့ ထိုင်ဝမ် မှတ်ချက် နဲ့ တရုတ်-ဂျပန် တင်းမာမှု နောက်ဆက်တွဲ ဂယက်များ Read More »

အတိတ်ကို အတိတ်မှာ မထားခဲ့ချင်တဲ့ အင်ဒိုနီးရှား သမ္မတ

၁၉၉၇ ခုနှစ်တွင် အာရှ၏ ဘဏ္ဍာရေး အကျပ်အတည်းကြီး အင်ဒိုနီးရှားကို ရိုက်ခတ်လာသောအခါ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အင်ဒိုနီးရှားကို ဘဏ္ဍာရေး အကူအညီ ထုတ်ပေးခဲ့သည်။ ထို IMF ထုတ်ချေးငွေကြောင့် အင်ဒိုနီးရှား ငွေကြေးအကျပ်အတည်းမှ လျင်မြန်စွာ ကျော်လွှားနိုင်ခဲ့သည်။ တကယ်တော့လည်း အင်ဒိုနီးရှားကို ၁၉၆၇ ကတည်းက အုပ်ချုပ်လာခဲ့သော အာဏာရှင် ဆူဟာတိုသည် နိုင်ငံစီးပွားရေးကို စီမံလုပ်ဆောင်ရန် အရည်အချင်း ပြည့်ဝသော အမေရိကန် တက္ကသိုလ်ကျောင်းထွက် ပညာရှင်များကို ခန့်ထား၍ ၎င်းတို့၏ အကြံဉာဏ်အတိုင်း ဆောင်ရွက်ခဲ့ရာ အင်ဒိုနီးရှားသည် အနှစ် ၃၀ အတွင်း လျင်မြန်စွာ တောက်လျှောက် စီးပွားရေး တိုးတက် ဖွံ့ဖြိုး လာခဲ့သည်။ ထိုနှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း အာဏာရှင်

အတိတ်ကို အတိတ်မှာ မထားခဲ့ချင်တဲ့ အင်ဒိုနီးရှား သမ္မတ Read More »

တဟီရာရှားပြောတဲ့ ကမ္ဘာဒီးယားနိုင်ငံရဲ့ လူသတ်ကွင်းအသစ်ထဲက မိန်းမ သူရဲကောင်းတွေ

သူမ၏ ဗိုက်ကို မြေပြင်မှာ မှောက်ထားပြီး ခြေထောက်နှစ်ချောင်း ခပ်ကျဲကျဲထားကာ ဆိုးခထန်းသည် သူမရှေ့ရှိ မြက်ပင်ရှည် တစ်အုပ်ကို လှံစွပ်ဓားသွားနှင့်ညင်ညင်သာသာလေးဆွနေသည်။ မျက်နှာပေါ် ချွေးသီး ချွေးပေါက်တွေ ကျနေသည့်ကြားက သူမက သတိနှင့်စိုက်ကြည့်ရင်း တစ်ကြိမ်လျှင်      မြက်တစ်ထုံးသာဖြတ်သည်။ ကိုယ်မှာ ရေတပ်အပြာရောင်ကျည်ကာအင်္ကျီဝတ်ထားပြီး ခေါင်းမှာ      စတီးခမောက်ဆောင်းထားရသဖြင့် လူကပိတ်လှောင်မွန်းကျပ်နေသည်။ သူမ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်သည်။ ညာလက်ပေါ်က ချွေးတွေကိုသုတ်ပြီး သူမ ခေတ္တရပ်နားလိုက်သည်။ မြက် ထုပ်ရဲ့အခြေမှာ၊ သူမရဲ့ မျက်နှာကာနှင့် ခြောက်လက်မအကွာမှာ အစိမ်းရောင်ပလတ်စတစ် ချပ်ပြားဝိုင်းလေး။ ရေခဲပြင်ဟော်ကီမှာ ဘောလုံးအဖြစ်သုံးတဲ့ ရော်ဘာ ဒိုးပြားလောက် အရွယ်ရှိတဲ့ ချပ်ပြားဝိုင်းလေး။ ဒီချပ်ပြားဝိုင်းလေးက တရုတ်နိုင်ငံကထုတ်လုပ်သည့် ၇၂-ဘီ အမျိုးအစားမြေမြှုပ်မိုင်းဖြစ်သည်။ လူသေစေသည်ထက် အနာတရ ဖြစ်အောင်၊ ဒုက္ခိတဖြစ်အောင် တီထွင်ထုတ်လုပ်ထားသည့်မိုင်း။

တဟီရာရှားပြောတဲ့ ကမ္ဘာဒီးယားနိုင်ငံရဲ့ လူသတ်ကွင်းအသစ်ထဲက မိန်းမ သူရဲကောင်းတွေ Read More »