The Corner

The Corner

cropped-Logo_round_grey-background.png

အာရှ

ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး

လွန်ခဲ့တဲ့ တစ်လလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂါဇီပူရ် (Gazipur) ခရိုင်၊ ကာလီယာကဲလ် (Kaliakair) မြို့နယ်ထဲက ဘာမွန်ဂိုနာ (Bamonghona) ကျေးရွာရဲ့ လယ်ကွင်းပြင်တွေမှာ စပါးစိုက်တဲ့ အလုပ်တွေ ပြီးစီးသွားခဲ့ပါပြီ။  ဒီကျေးရွာဟာ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာ (Dhaka) နဲ့ အကွာအဝေးအရ ကြည့်ရင် သိပ်မဝေးလှဘူး ဆိုပေမဲ့ ကဏ္ဍတော်တော်များများမှာတော့ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ အထောက်အပံ့တွေနဲ့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ကျေးရွာကနေ ဒေသတွင်းစျေးကို ဆက်သွယ်ပေးမယ့် ကောင်းမွန်တဲ့ ကတ္တရာလမ်း ဒါမှမဟုတ် အခိုင်အမာခင်းထားတဲ့ လမ်းမျိုးတောင် အခုထက်ထိ မရှိသေးပါဘူး။ ဒါကြောင့် ရွာကလူတွေ အနေနဲ့ ဆေးကုသခွင့်ရဖို့၊ ပညာရေးနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရယူဖို့အတွက် ခက်ခဲနေရပြီး အထူးသဖြင့် မိုးရာသီဆိုရင် ပိုပြီးတော့တောင် ဒုက္ခရောက်ကြရပါတယ်။  အခုအချိန်မှာတော့ လယ်ကွင်းပြင်နဲ့ ခြံတွေထဲမှာ […]

ညောင်ဦးကမ်းပါးပြို၊ စမ္ပာနဂိုရ်က နွားမပေါင်ကျိုး Read More »

အသက် ၃၅ နှစ်အရွယ် နီပေါဝန်ကြီးချုပ်သစ်

မဲဆန္ဒရှင်များက ဘာလင်ဒရာရှားကို အစဉ်အလာမရှိသော လုပ်ပိုင်ခွင့်များနှင့် ကြီးမားသည့် အာဏာများကို အပ်နှင်းလိုက်ခဲ့ကြပေသည်။ ဟိမဝန္တာတောင်ခြေက ကျယ်ပြောလှသည့် တောင်ကြားဒေသရှိ ခတ္တမန္ဒူမြို့မှ နီပေါနိုင်ငံ အရှေ့တောင်ပိုင်း မြေနိမ့်ဒေသရှိ ခရိုင်တစ်ခုဖြစ်သော ဂျာပါ (Jhapa) သို့ သွားရသည်မှာ ခက်ခဲကြမ်းတမ်းသည့် ခရီးလမ်းတစ်ခု ဖြစ်သည်။ ရာသီဥတုကောင်းမွန်ပြီး သွားလာရ အဆင်ပြေသည့် နေ့မျိုးမှာတောင် ကီလိုမီတာ ၄၃၀ ခန့် ဝေးသည့် ဤခရီးကို မော်တော်ကားဖြင့် သွားလျှင် ဆယ်နာရီခန့် ကြာအောင် မောင်းနှင်ရသည်။ ရာသီဥတုဆိုးပြီး လမ်းခရီး အဆင်မပြေသည့် နေ့မျိုးဆိုလျှင်တော့ တကယ့်ကို မသွားမဖြစ် လိုအပ်သည့် အရေးကြီးကိစ္စရှိမှသာ သွားခြင်းက ပိုကောင်းပါသည်။ “ဘာလန်” ဟု ပြည်သူလူထု က အသိများသည့် ဘာလင်ဒရာရှားသည် ဤခရီးလမ်းကို လွယ်လွယ်ကူကူပင် သွားနေကျသူ

အသက် ၃၅ နှစ်အရွယ် နီပေါဝန်ကြီးချုပ်သစ် Read More »

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား

၂ဝဝ၈ နောက်ပိုင်း ပထမဆုံး မှန်မှန်ကန်ကန် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေခဲ့ပြီး မိခင်နိုင်ငံကို ပြန်လာတဲ့ နိုင်ငံရေး မျိုးဆက်ထဲက ထင်ရှားသူ တစ်ယောက် အနိုင်ရခဲ့တယ်… “အမေရိကန်မှာလိုပဲပေါ့ဗျာ” ဆိုပြီး အသစ်စက်စက် ဝန်ကြီးတစ်ယောက်က အားရပါးရ ပြုံးပြီး ပြောလိုက်သည်။ ၎င်း၏ အကြီးအကဲသစ် တာကစ်ရာမန်သည် လေဟာပြင်မှာ ကျင်းပသည့် အခမ်းအနားတစ်ခု၏ စင်မြင့်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ပွင့်လင်းမြင်သာမှုရှိသည့် နေဟန်ထားသစ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ငါးရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဗဟိုလက်ယာယိမ်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) သည် ပါလီမန်အမတ်နေရာ ၃၀၀ ရှိသည့်အနက် သုံးပုံနှစ်ပုံဖြင့် အပြီးသတ် အနိုင်ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား Read More »

ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးအရှုပ်အထွေး

(Feature article: အာရှဒေသတွင်း ရွေးကောက်ပွဲများကို လေ့လာသုံးသပ်ချက်) ဒီလထဲမှာ ရွေးကောက်ပွဲတွေ ဆက်နေတယ်။ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလားမသိ။ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာ ဖေဖော်ဝါရီ (၇) ရက်နေ့က ရွေးကောက်ပွဲတွေ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြတယ်။ သူ့အကြောင်းနဲ့သူ ရွေးကောက်ပွဲ ကျင်းပကြတာဖြစ်ပေမဲ့ ရွေးကောက်ပွဲနေ့က ဖေဖော်ဝါရီ (၇) ရက် တစ်ရက်တည်းမှာဆိုတော့ ထူးခြားနေတယ်လို့ ဆိုရမယ်။ ရွေးကောက်ပွဲ နှစ်ခုစလုံးကလည်း လက်ရှိဝန်ကြီးချုပ်တွေကပဲ ဆက်ပြီး အနိုင်ရသွားကြတယ်။ ထိုင်းနိုင်ငံက ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အနုတင် ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်းပါတီက ထိုင်ခုံနေရာအများဆုံးနဲ့ အနိုင်ရခဲ့သလို ဂျပန်ရွေးကောက်ပွဲမှာလည်း လက်ရှိဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ အယ်လ်ဒီပီပါတီက အပြတ်အသတ် အနိုင်ရရှိသွားခဲ့တယ်။ တိုက်ဆိုင်တာမဟုတ်ပေမဲ့ ထူးထူးခြားခြား တစ်ရက်တည်း တစ်ပြိုင်တည်း ကျင်းပတဲ့ ရွေးကောက်ပွဲနှစ်ခုမှာ ဝန်ကြီးချုပ်နှစ်ဦး

ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးအရှုပ်အထွေး Read More »

တရုပ်နိုင်ငံ၏ “၁-၂-၄” ပြဿနာ

“၁-၂-၄” ပြဿနာဆိုလိုက်တော့ သင်္ချာရဲ့ GP Series လိုလို၊ အမှန်ကတော့ တရုတ်ပြည်သူတွေရဲ့ မိသားစုအလိုက် ဝင်ငွေနဲ့ အသုံးစရိတ် (Household Income and Consumption) ပြဿနာပါ။ မိသားစုအတွက် လိုအပ်တဲ့ ပစ္စည်း၊ ဝန်ဆောင်မှုတွေ ဝယ်ယူရတဲ့ အတွက် ကျခံရတဲ့ ကုန်ကျစရိတ်ပါ။ ဒီကုန်ကျစရိတ်ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တိုင်းပြည် ထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၆၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။ အမေရိကန် နိုင်ငံမှာ မိသားစုအလိုက် ကုန်ကျစရိတ်ဟာ (Household consumption) ဟာ တိုင်းပြည်ထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၆၈ ရာခိုင်နှုန်း ရှိပါတယ်။ ဥရောပမှာတော့ ၅၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်

တရုပ်နိုင်ငံ၏ “၁-၂-၄” ပြဿနာ Read More »

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းသစ်

(Feature article: အသေးစိတ် လေ့လာသုံးသပ်ချက်) ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ထိုင်းနိုင်ငံ၏ အမျိုးသား ရွေးကောက်ပွဲသည် အရှေ့တောင်အာရှ ဒေသတွင်း၌သာမက ကမ္ဘာ့အဆင့်တွင်ပါ စိတ်ဝင်စားစရာ ကောင်းသည့် နိုင်ငံရေးအလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဤရွေးကောက်ပွဲသည် ထိုင်းနိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသော ဒီမိုကရေစီသမိုင်းကြောင်းတွင် နောက်ထပ်အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်သည် တိုးတက်သောဝါဒီ (Progressive) အင်အားစုများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး၊ ကွန်ဆာဗေးတစ် (Conservative) အင်အားစုများအတွက်မူ မမျှော်လင့်ထားသော အောင်ပွဲတရပ် ဖြစ်လာခဲ့သည်။ ဘွန်ဂျိုင်ထိုင်း (Bhumjaithai) ၏ အံ့အားသင့်ဖွယ် အောင်ပွဲနှင့် အမျိုးသားရေးလှိုင်း ရွေးကောက်ပွဲကော်မရှင်၏ မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးစီးချိန်တွင် ဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ် ၏ ဘွန်ဂျိုင်ထိုင်းပါတီသည်

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းသစ် Read More »

Central Asia က ထရမ့်ရဲ့ “Board of Peace” အဖွဲ့ဝင်တွေ

“အာရှ အလယ်ပိုင်း ဒေသရဲ့ အင်အားအကြီးဆုံး နိုင်ငံကြီးနှစ်ခုလုံးဟာ စိတ်အပြောင်းအလဲမြန်ပြီး အပေးအယူနဲ့ပဲ အလုပ်လုပ် တတ်တယ်လို့ နာမည်ကြီးတဲ့ အမေရိကန်သမ္မတကြီး ထရမ့်ရဲ့ မျက်နှာပေးတာ ခံရဖို့ နည်းမျိုးစုံနဲ့ ကြိုးစား နေကြတာပါ” ထရမ့်ရဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုတာ ဘာလဲ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ “Board of Peace” (ငြိမ်းချမ်းရေးဘုတ်အဖွဲ့) ဆိုတာကြီးက အတိအကျ ဘာလုပ်မှာလဲဆိုတာ အခုထိတော့ ဝေဝေဝါးဝါးပါပဲ။ ဒါပေမဲ့ ဒါကို ဂရုမစိုက်ဘဲ ကာဇက်စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ကတော့ လက်မှတ်ထိုးဖို့ အပြေးအလွှား တက်ကြွ နေကြတယ်။ မကြာခင်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် (Davos) မှာလုပ်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ် (World Economic Forum) အတွင်း သီးခြား အစီအစဉ်တစ်ခုအဖြစ် ကျင်းပတဲ့

Central Asia က ထရမ့်ရဲ့ “Board of Peace” အဖွဲ့ဝင်တွေ Read More »

မြောက်ကိုရီးယားကို စိုးမိုးမည့် ဆယ်ကျော်သက် သမီးတော်

သူ့နာမည်ကသည်ပင်လျှင်အငြင်းပွားစရာဖြစ်သည်။ နှစ်သစ်ကူးနေ့မှာ မြောက်ကိုရီးယားနိုင်ငံက အုပ်စိုးသူ အသိုက်အဝန်းတွေဟာ သူတို့နိုင်ငံက ထာဝရ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ကင်အီဆွန်း နဲ့ ကင်ဂျုံအီးလ်တို့ရဲ့ မပုပ်မသိုးအောင် ဆေးစီရင်ထားတဲ့ ရုပ်ကလာပ်တွေ ထားရှိရာ ပြုံယမ်းမြို့တော်ရှိ ခမ်းနားထည်ဝါလှတဲ့ အာဇာနည် ဗိမာန်ကြီးမှာ စုဝေး ခဲ့ကြတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ရှိ အာဏာရှင်နဲ့ ခေါင်းဆောင်နေရာကို ထိန်းသိမ်းထားနိုင်ဖို့ ကင်မိသားစုရဲ့ တတိယမြောက်မျိုးဆက် ကင်ဂျုံအန်းက သူရှေ့က ဆက်ခံခဲ့ရတဲ့သူတွေကို လာရောက် အလေးပြုတာ ဖြစ်တယ်။ သူ့ရဲ့ ညာဘက် ဘေးမှာ ရပ်နေတာက မိန်းခလေးငယ် တစ်ယောက်ဖြစ်ပြီး သီးသန့် အလေးအမြတ်ထားတဲ့ နေရာတစ်ခုအပေါ်က နေပြီး လူထုပရိသတ် ရှေ့မှောက်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင် ထွက်ပြတာလည်း ဖြစ်တယ်။ ဒီ ဆယ်ကျော်သက် အရွယ် မိန်းခလေးကတော့ မြောက်ကိုရီးယား

မြောက်ကိုရီးယားကို စိုးမိုးမည့် ဆယ်ကျော်သက် သမီးတော် Read More »

တရုတ်ပြည်က အသံများ

ဒီရက်အတွင်း တရုတ်ပြည်က အသံတွေ ကြားလာရတယ်။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ကြားက အာဏာလွန်ဆွဲပွဲ သတင်းအစအနတွေပါ။ သိကြတဲ့အတိုင်း ကွန်မြူနစ်ပါတီတွေဟာ အင်မတန် လျှို့ဝှက် သိုသိပ် တတ်ကြပါတယ်။ ပါတီတွင်း ဘာတွေ ဖြစ်ပျက် နေတယ်ဆိုတာ အပြင်ကလူတွေ ဘယ်လိုမှ ဂဃနဏ မသိနိုင်ကြဘူး။ မှန်းဆချက်နဲ့ ပြောတာ။ ပုံကြီးချဲ့ပြောတာ။ လိုသလို ပြောတာ စတဲ့ အချက်အလက်အလွဲတွေဟာ အပြင်ကို ရောက်လာလေ့ ရှိကြတယ်။ ဒါပေမဲ့ မီးမရှိဘဲ မီးခိုး မထွက်ဘူး ဆိုသလို တကယ် မဖြစ်ဘဲလည်း အပြင်ကို သတင်းတွေ စိမ့်ထွက် လာစရာ အကြောင်းမရှိဘူး။ တရုတ်သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အနီးကပ်ဆုံး လက်ရုံးလည်းဖြစ်။ မိတ်ဆွေလည်းဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီး ကျန်းယုံရှားကို ရာထူးကဖယ်ရှားပြီး

တရုတ်ပြည်က အသံများ Read More »

တိတ်ဆိတ်သွားတဲ့ တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံ ကြားနယ်ခြားဒေသ

တောင်ကိုးရီးယား သမ္မတက မြောက်ကိုရီးယား နဲ့ တင်းမာမှုတွေကို လျှော့ချချင်နေပါတယ် တောင်ကိုးရီးယားနိုင်ငံသား “ကင်ချမ်းဝှမ်” (Kim Chang Hwan) ဟာမြောက်ကိုးရီးယားနယ်စပ်အနီးမှာရှိတဲ့ ဒေဒေါင်းရီ (Daedong-ri) ရွာကသူ့အိမ်မှာ ညအိပ်ရာဝင်တိုင်းအသံတွေ မကြားရအောင် တပ်ထားတဲ့ နားဆို့ပလတ် (earplugs) တွေနဲ့ နားနှစ်ဖက်ကို ဆို့ပိတ်ပြီးမှ အိပ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစပြီး တောင်ကိုးရီးယား အာဏာပိုင် တွေဟာ မြောက်ကိုးရီးယား နယ်စပ်တစ်လျှောက်မှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်ကြီးတွေကနေ တစ်ဆင့် တောင်ကိုးရီးယား ခေတ်ပေါ် ကေပေ့ါ (K- pop) သီချင်းတွေနဲ့ သတင်းတွေကို မြောက်ကိုးရီးယားဘက်ကို ထုတ်လွှင့် နေပါတယ်။ မြောက်ကိုးရီးယားကလည်း နယ်စပ် တစ်လျှောက်မှာ အလားတူ အသံချဲ့စက်တွေ တပ်ဆင်ပြီး တိရစ္ဆာန် မျိုးစုံရဲ့ အော်သံတွေ ကျောချမ်းစရာ တဝီဝီမြည်သံတွေကို

တိတ်ဆိတ်သွားတဲ့ တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံ ကြားနယ်ခြားဒေသ Read More »