ရှောင်မီ ငွေကြေး
တရုတ်နိုင်ငံက စမတ်ဖုန်း ချန်ပီယံဟာ ကမ္ဘာ့ အထင်ကရ ကားထုတ်လုပ်သူ ဖြစ်လာတော့မယ် တရုတ် နည်းပညာကုမ္ပဏီကြီးရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ လီဂျန်ဟာ ရှောင်မီကုမ္ပဏီကို ၂၀၁၀ ခုနှစ်က စပြီး ဖက်စပ် တည်ထောင်ခဲ့ သူပါ။ ရှောင်မီကို တည်ထောင်ချိန်ကစလို့ စွမ်းဆောင်ချက်တွေ တစ်ခုပြီးတစ်ခု လုပ်နိုင်ခဲ့ပြီး ကုမ္ပဏီကို ထိပ်တန်းရောက်အောင် ပို့ဆောင် နိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တစ်ခုကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က စမတ်ဖုန်း ၂ ဒသမ ၁သန်းကို ၂၄ နာရီအတွင်း ရောင်းချနိုင်ခဲ့လို့ ဂင်းနစ် စံချိန် တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူက စျေးပေါပေါဖုန်းတွေ စျေးကွက်ထဲ စက်နဲ့ လှည့်ထုတ်သလို ထုတ်နေရုံပဲ မဟုတ်တော့ပါ။ ဇွန်လက ရှောင်မီက သူရဲ့ […]





