The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

အေအိုင်အတွက် အကဲဆတ်မယ့် ၂၀၂၅ 

သည် အီကောနောမစ် စီးပွားရေး ဆိုင်ရာ အယ်ဒီတာ၏ ဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုသည်။  ၂၀၂၅ဟာ အေအိုင်အတွက် စီးပွားရေးလုပ်ငန်းများအတွက် အကြီးဆုံး အလောင်းအစားတစ်ခု ဖြစ်လာနိုင်ပါလိမ့်မယ်။ ဒီကနေ့ အေအိုင်ခေါ် ဉာဏ်ရည်တု အပေါ် ရူးသွပ်ခြင်းဟာ ၂၀၂၂ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းလောက်က ပေါ်လာတဲ့ ချက်ဂျီဘီတီ က စတင်ခဲ့တာပါ။ အိုးပင်း အေအိုင် (OpenAI) က စလိုက်တဲ့ စကားပြောစက်ရုပ်တု (Chatbot)ဟာ တပတ်အတွင်း အသုံးပြုသူ သန်းတစ်ရာကျော်ထိ ရောက်သွားတဲ့ စံချိန်ဟာ သမိုင်းတလျှောက် ဘယ်ကုန်ပစ္စည်း ကမှ သူ့လောက်စံချိန်တင် သဲသဲလှုပ် မြန်မြန်ဆန်ဆန် ရောင်းရတာမျိုး မရှိခဲ့ပါဘူး။ အဲဒီမှာ ရင်းနှီးမြှုပ်နှံသူတွေ ပုံအောကြပါတော့တယ်။ အေအိုင်အတွက် သတင်းအချက်အလက်တွေ သိုလှောင်ဖို့အတွက်ချည်းပဲ သုံးဖို့ကို ၂၀၂၄ ကနေ ၂၀၂၇ – သုံးနှစ်တာအတွင်း […]

အေအိုင်အတွက် အကဲဆတ်မယ့် ၂၀၂၅  Read More »

ဆီးရီးယားနိုင်ငံ ထူထောင်ရေး အောင်မြင်နိုင်ပါ့မလား

(သည် အီကောနောမစ် အယ်ဒီတာချုပ် ဇန်နီ မစ်တန် ဘက်ဒိုးရဲ့ ဆောင်းပါးကို မြန်မာ ပြန်သည်) ခုဆိုရင် သမ္မတ အာဆတ်ဟာ နိုင်ငံရဲ့ အာဏာကို ၅၃ နှစ်ကြာအောင် ယူထားခဲ့ပြီး အကျင့်ပျက်ခြစား ရှုပ်ထွေး ပွေလီမှုတွေနဲ့ ဆီးရီးယားကို အပျက်အစီးပုံ ကြားမှာ ထားသွားခဲ့ပါပြီ။ ဒီဇင်ဘာလ ၈ရက်နေ့က သူပုန်တပ်တွေ ဒမတ်စကတ်မြို့ကိုရောက် ရှိလာခဲ့ကြတဲ့အချိန်မှာတော့ ဘတ်ဆာ အယ်အာဆတ်ကို ဆက်လက် ကာကွယ်တိုက်ခိုက်ပေးကြဖို့ အကြောင်းမရှိတော့တဲ့ အစိုးရတပ်တွေဟာလည်း လေထဲမှာ ပျောက်ကွယ်သွားသလို မရှိကြတော့ပါဘူး။ ဆင်းရဲတွင်း နက်ထဲ‌ရောက်နေကြတဲ့ ဆီးရီးယား နိုင်ငံသားတွေဟာ စွန့်ပစ်ခံနန်းတော်ကြီးကို ခပ်စိန်စိန်းကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီးတော့ မစွမ်းမသန် ဖြစ်ကာ ကျန်ခဲ့ကြတဲ့ အကျဉ်းသားတွေဟာလည်း အာဏာရှင်ရဲ့ ထောင်အတွင်းကနေ ကြောင်တောင်ကန်းတန်းနဲ့ ထွက်လာခဲ့ကြပါတယ်။ တချို့ဆို သူတို့နာမည်တောင်

ဆီးရီးယားနိုင်ငံ ထူထောင်ရေး အောင်မြင်နိုင်ပါ့မလား Read More »

Detailed close-up of a globe showcasing parts of Europe and Asia for world exploration concepts.

ကမ္ဘာကြီးအတွက် ၂၀၂၅

ကမ္ဘာကြီးအတွက် ၂၀၂၅ သည် အီကောနောမစ် မဂ္ဂဇင်းပါ အယ်ဒီတာ တွမ် စတန်းဒေ့ချ် ရဲ့  ‘’၂၀၂၅ ကမ္ဘာကို မျှော်ကြည့်ခြင်း’’ ဆောင်းပါးကို  မောင်လူထွန်း မြန်မာဘာသာပြန်ဆိုသည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီး က ၂၀၂၅ ခုနှစ်ကို ကွမ်တမ် သိပ္ပံနဲ့ နည်းပညာ နှစ် အဖြစ် သတ်မှတ်ထားတာ သဘာ၀ကျပါတယ်။ စကရိုဒင်ဂါးရဲ့ကြောင်လို့ လူတွေသိကြတဲ့ ကွမ်တမ်ဆိုင်ရာ လေ့လာ တွေးခေါ်ချက်တစ်ခု အရ သေခြင်းနဲ့ ရှင်သန်ခြင်းတွေဟာ အလုံပိတ်ဘူးတစ်ခုအတွင်း တပြိုင်တည်း ဖြစ်နိုင်သလို ၂၀၂၅ ခုနှစ်ဟာလဲ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ ရလဒ်ကြောင့် ထူးခြားပြီး မတူကွဲပြား ခြားနားတဲ့ အခြေအနေ နှစ်မျိုးအောက်မှာ ဘာမဆို ဖြစ်လာနိုင်ပါလိမ့်မယ်။ ခုဆိုရင် မဲရလဒ် ကိုလဲ သိနေကြပြီး ဒေါ်နယ်ထရမ့်

ကမ္ဘာကြီးအတွက် ၂၀၂၅ Read More »