The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

အိန္ဒိယ-ပါကစ္စတန် လေးရက်စစ်ပွဲ ဘယ်သူအနိုင်ရသလဲ – CWM

အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ စစ်ဖြစ်ကြ ပြီဆိုတဲ့သတင်းက သက်ကြီးပိုင်း အရွယ်တွေအတွက် သိပ်ထူးဆန်း လှ တယ် မဆိုနိုင်ပေမယ့် ဒီဘက်ခေတ် မျိုး ဆက်သစ် လူငယ်တွေ အတွက်တော့ အဆန်း တကြယ် ဖြစ်နိုင်ပါတယ်။ တစ်နိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ် ကြတယ် ဆိုတာ ဖြစ်ခေါင့် ဖြစ်ခဲမဟုတ်လား။ ယူကရိန်း စစ်ပွဲ၊ ဂါဇာစစ်ပွဲတို့က on going စစ်ပွဲတွေဖြစ်ပြီး စစ်လည်း တာရှည် နေပြီ။         လူကြီးပိုင်းတွေအဖို့တော့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲက ဟိုးအရင် တုန်းကလည်း ဖြစ်ခဲ့ဖူးတာမို့ သိပ်ဆန်း တယ်လို့ မဆိုနိုင်ဘူး။ အထူးသဖြင့် သမိုင်းကြောင်းတစ်လျှောက် အိန္ဒိယ နဲ့ ပါကစ္စတန်ဟာ ဗြိတိသျှဆီက လွတ်လပ်ရေး […]

အိန္ဒိယ-ပါကစ္စတန် လေးရက်စစ်ပွဲ ဘယ်သူအနိုင်ရသလဲ – CWM Read More »

ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မာရိန်းလီပင်းနဲ့ အတားအဆီး များ – ရဲခေါင်မင်းလတ်

(နောက်ခံ အခင်းအကျင်း : အသက် ၅၇ နှစ်အရွယ် မာရီယွန် အန်းန် ပါရင်း “မာရိန်’” လီပင်း ဟာ ပြင်သစ် ရှေ့နေ တစ်ဦးဖြစ်ပြီး ပြင်သစ် လက်ယျာစွန်း ပါတီ တစ်ခုဖြစ်တဲ့ အမျိုးသားမဟာမိတ် National Rally (RN) ပါတီ ရဲ့ ပါတီဝင် နိုင်ငံရေးသမား တစ်ဦး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပါတီ အထွေထွေ ညီလာခံမှာ ပါတီ ခေါင်းဆောင် ဖြစ်လာပါတယ်။ အဲဒီ နှစ်မှာပဲ ပြင်သစ် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ရာ ပထမ အကြိမ် မဲရလာဒ်အရ လက်ရှိသမ္မတ အီမန်နျူရယ် မာခရွန်က ပထမ၊ လီပင်း က ဒုတိယ

ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မာရိန်းလီပင်းနဲ့ အတားအဆီး များ – ရဲခေါင်မင်းလတ် Read More »

ပျော်ပါတယ် ရေနီမြောင်း – KIDD

၇.၇ ရစ်ချတာစကေး ငလျင် သို့မဟုတ် မိုင် ၃၀၀၀ ကျော်ရှည်သည့် နဂါးကြီးမှာ မန္တလေး ရေနီမြောင်းကို လက်မှိုင်ချရသည်။ ၁၉၀၂ ခုနှစ်မှ စတင်စီးဆင်းနေသည့် ရေနီမြောင်းမှာ အစီးမပျက်၊ မြောင်းဘေး နံရံ အုတ်လေး တချပ်ပင် ပဲ့သွားခြင်းမရှိသလို နောက်ကျိ ညစ်ပတ်နံစော်နေသည့် ရေကွာလတီလည်း ပြောင်းလဲသွားခြင်း မရှိပါ။ ဆည်တော်ကြီးမှ ရေများကို လယ်ကွင်းများအတွင်းသို့ ပေးပို့ရန် အင်္ဂလိပ် အစိုးရလက်ထက် တွင် ဖောက်လုပ်ခဲ့သည့် ရေနီမြောင်းသည် သာယာလှပ သန့်ရှင်းစွာ ၁၉၈၈ ခုနှစ် မတိုင်မီအထိ စီးဆင်းခဲ့သည်ဟု ဆိုပါသည်။ ဆူးနှင့် ဩဘာရေးဖွဲ့ပြီး လွှမ်းမိုးသီဆိုသော “သတိတရ နန်းတော်ရှေ့” သီချင်းမှာ “ရေနီမြောင်း အချစ်အကြောင်းတို့ဖွဲ့ရာမြေ” ဟု ရန်ကုန်တက္ကသိုလ် ပုဂံလမ်းနှင့် နှိုင်းယှဉ်ပြသွားသည်။ ဂျူး

ပျော်ပါတယ် ရေနီမြောင်း – KIDD Read More »

ဒေါ်လာတန်ဖိုးကျဆင်းလာလျှင် – လင်းထက်မြတ်

ဒေါ်လာဟာ ကမ္ဘာ့ ငွေကြေးဈေးကွက်မှာတော့ ဘုရင်ပဲ “Dollar is King” လို့ပြောဆိုကြသည်။ ကုန်သွယ်ရေး မှာလည်း ငွေတောင်းပြေစာများ၊ ကုန်ပစ္စည်းဈေးနှုန်းများကို အများစုက ဒေါ်လာဖြင့်သာ ဖော်ပြကြသည်။ ကုန်သွယ်မှု စုစုပေါင်းတန်ဖိုး၏ ၅၄%သည် ဒေါ်လာဖြင့်သာ ပေးချေမှုပြုကြသည်ဟု သိရသည်။ အရန်ငွေကြေး reserve currency အဖြင့် နိုင်ငံများကထားရှိရာတွင်လည်း ဒေါ်လာကိုသာအများစုကထားရှိပြီး အရန်ငွေကြေး စုစုပေါင်း၏ ၆၀% နီးပါးရှိသည်ဟုသိရသည်။ နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်မှာလည်း ၈၈%သည် ဒေါ်လာကို လဲလှယ်ကြခြင်း ဖြစ်သည်ကို တွေ့ရသည် ။             Carnegie Endowment for International Peace မှ Micheal Pettis က Foreign Affအေအိုင်rs မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် သူ၏“The High Price of Dollar Dominance; The Dollar is the Worst Reserve Currency -Except for All the Rest” ဆောင်းပါးမှာ “ကမ္ဘာ့သမိုင်းတွင် တစ်ခါမှ အမေရိကန် ဒေါ်လာကဲ့သို့ ငွေကြေး currency မပေါ်ပေါက်ဖူးသေး” ဟု ရေးသားခဲ့သည်။ ထိုကဲ့သို့ ကမ္ဘာ့ဘဏ္ဍာ ငွေကြေး ဈေးကွက်၊ ကုန်သွယ်မှုနှင့် အရန်ငွေကြေး အစရှိသဖြင့် စီးပွားရေးနယ်ပယ်အသီးသီးကို လွှမ်းမိုး ထားနိုင်သည့် ဒေါ်လာ ငွေကြေးကို ပိုင်ဆိုင်ထားခြင်းဟာ အမေရိကန် နိုင်ငံ အတွက် ကောင်းသလား၊ ဆိုးသလား ဆိုသည်ကို ပညာရှင်များအကြား ငြင်းချက်ထုတ်လျက် ရှိပါသည်။ သူမတူသည့် ဒေါ်လာကိုပိုင်ဆိုင်ထားခြင်း (သို့) Exorbitant Privilege သည် အမေရိကန်နိုင်ငံအတွက် ကောင်းသလား ဆိုးသလား။             ကမ္ဘာ့ပေါ်ရှိ နိုင်ငံအသီးသီးသည် ပိုလျှံသည့်ငွေများကို ဒေါ်လာအဖြင့် သိမ်းဆည်းထားကြ သဖြင့် (သို့မဟုတ်) ဒေါ်လာဖြင့်ဝယ်ယူရသည့် အမေရိကန်ငွေကြေးဈေးကွက်မှ စတော့ရှယ်ယာများ၊ ငွေတိုက်စာချုပ်များ၊ အိမ်ခြံမြေ

ဒေါ်လာတန်ဖိုးကျဆင်းလာလျှင် – လင်းထက်မြတ် Read More »

ဒေါ်နယ်ထရမ့် သယံဇာတတွေ ပိုတူးဖော်မည် – တင်စိန် (ပထဝီဝင်)

သွင်းကုန်သတ္တုများကို မှီခိုအားထားမှု ခဲယဉ်းလာမည်။ ဒေါ်နယ်ထရမ့်ကတော့ တွင်းထွက်ပစ္စည်းတွေကို လိုချင်တယ်။ အများကြီးကိုလိုချင်နေတာပါ။   အမေရိကန် သမ္မတက ဂရင်းလန်ကျွန်းကို စိတ်ဝင်စားတာကလည်း တခြားအကြောင်းတွေထက်ကို တွင်းထွက် ပစ္စည်းတွေ ကြီးမား ကျယ်ပြန့်အောင် သိုမှီးထားတဲ့ အချက်က ပိုပြီးအရေးပါတယ်။ အထူးသဖြင့်ကတော့ တရုတ်ပြည်ရဲ့ ပြင်ပမှာ အကြီးဆုံးဖြစ်တဲ့ မြေရှား တွင်းထွက်သိုက်ကြီးတွေရှိလို့ပဲ ဖြစ်တယ်။ ယူကရိန်းမှာလည်း သူက ထင်ရှားပေါ်လွင်နေတဲ့ လစ်သီယမ် တွင်းထွက် ရင်းမြစ်တွေကို မျက်စိကျနေတာဖြစ်တယ်။ အခုနှစ် ဖေဖော် ဝါရီလထဲမှာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ ခေါင်း ဆောင်တွေက သူတို့နိုင်ငံက မတူးဖော်ရသေးတဲ့ တွင်းတွက်  သဘာဝ သယံဇာတ ရင်းမြစ်တွေကို ရောင်းချဖို့ကမ်းလှမ်းတာကို မစ္စတာထရမ့်က စိတ်ဝင်စားခဲ့တာကို သတိပြုသင့်တယ်။             နိုင်ငံခြားကတွင်းထွက်သယံဇာတတွေကိုစွဲလမ်းတပ်မက်နေတာက တစ်ပိုင်းဖြစ်နေပေမယ့် မစ္စတာ ထရမ့်ဟာ သူ့နိုင်ငံတွင်းက သယံဇာတတွေနဲ့

ဒေါ်နယ်ထရမ့် သယံဇာတတွေ ပိုတူးဖော်မည် – တင်စိန် (ပထဝီဝင်) Read More »

မိုက်ခရိုပလတ်စတစ်ရဲ့  အန္တရာယ် – ယောဇက် (အာခါ-လားဟူ)

မိုက်ခရိုပလတ်စတစ်ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ နေရာအတော်များများမှာ တွေ့ရတဲ့ ပလတ်စတစ်အမှုန်အမွှားလေးတွေပဲ။ သွေးထဲမှာရော၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ ဦးနှောက်ထဲမှာတောင်တွေ့ရတယ်။ ကလေးလေးတွေ မွေးဖွား လာမယ့် အချင်းထဲမှာရော၊ မိခင်နို့ထဲမှာပါ တွေ့ရတယ်။ ၂၀၁၈ ခုနှစ်မှာ သြစတြီးယားက သိပ္ပံပညာရှင်တွေက လူတွေထဲမှာ မိုက်ခရိုပလတ်စတစ်တွေကို စရှာခဲ့တာ။ အဲဒီအချိန်ကစပြီး နေရာအတော်များများမှာ တွေ့ခဲ့ကြတယ်။             ဒီအမှုန်အမွှားလေးတွေက နှစ် မိုက်ခရွန်လောက်ပဲ သေးသေးလေးတွေ။ သဲတစ်မှုန်ထက်တောင် အများကြီး သေးတယ်။ ကျွန်တော်တို့ ရှူတဲ့လေ၊ စားတဲ့အစားအစာ၊ သောက်တဲ့ရေတွေကနေ ခန္ဓာကိုယ်ထဲကို ရောက်လာတာ။ မိုက်ခရိုပလတ်စတစ်တွေက ပျက်စီးသွားတဲ့ ပလတ်စတစ်အမှိုက်တွေနဲ့ ကားတာယာ၊ သုတ်ဆေး၊ အထည်အလိပ်လို နေ့စဉ်သုံးပစ္စည်းတွေကနေ လာတာ။ အဲဒါတွေက နေရာတိုင်းမှာ ရှိနေတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် အန္တရာယ် ရှိလားဆိုတာ

မိုက်ခရိုပလတ်စတစ်ရဲ့  အန္တရာယ် – ယောဇက် (အာခါ-လားဟူ) Read More »

ပီရူး တံငါသည်ကြီးရဲ့  အိမ်ပြန်လမ်း – စိုင်းအောင်မြင့် (တာချီလိတ်)

 (ပင်လယ်ထဲက အံ့ဖွယ်) ပီရူးက တံငါသည်ကြီး ပင်လယ်ထဲမှာ ရက်ပေါင်း ၉၅ ရက်ကြာ ပျောက်ဆုံး‌နေခဲ့ပြီးနောက် အိမ်ပြန်ရောက်လာတဲ့ အံ့သြဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို  ပြောချင်ပါတယ်။             ပီရူးနိုင်ငံက အသက် ၆၁ နှစ်အရွယ် မက်စီမို  နာပါ ကတ်စထရို ဆိုတဲ့ တံငါသည်ကြီးရဲ့ ဘဝဟာ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။ သူဟာ ပင်လယ်ထဲမှာ ၉၅ ရက်ကြာ ပျောက်ဆုံးနေခဲ့ပေမယ့် နောက်ဆုံးတော့ မိသားစုဆီ အသက်ရှင်လျက် ပြန်ရောက်လာခဲ့ပါတယ်။             ဒီဇင်ဘာ ၇ ရက်နေ့မှာ မက်စီမိုဟာ ဆန်ဂျွန်ဒီ မာကွန်နာ လို့ခေါ်တဲ့ ကမ်းရိုးတန်းမြို့‌လေးကနေ ငါးဖမ်း ထွက်ခဲ့ပါတယ်။ သူက ပင်လယ်ခရီး ရက်သတ္တပတ် နှစ်ပတ်လောက်ပဲကြာမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် ၁၀ ရက်မြောက်နေ့မှာ မုန်တိုင်းကြီးတစ်ခု တိုက်ခတ်ပြီး သူ့ရဲ့လှေငယ်လေးကို ပစိဖိတ်သမုဒ္ဒရာထဲ အဝေးကြီး မျောပါသွားစေခဲ့ပါတယ်။

ပီရူး တံငါသည်ကြီးရဲ့  အိမ်ပြန်လမ်း – စိုင်းအောင်မြင့် (တာချီလိတ်) Read More »

ဉာဏ်ပညာနံ့ သင်းနေတဲ့ ရပ်ဝန်း –  မယ်ကျော့

အသက်အရွယ်တခုရလာတဲ့အခါမှာ ဘယ်လိုနေရာ၊ ဘယ်လိုရပ်ဝန်းမှာ နေချင်တယ်ဆိုတာမျိုး ပိုပြီး ပီပြင်လာတာမျိုး မဟုတ်လား။ ကျွန်တော် ကတော့ ဉာဏ်ပညာနံ့လေး သင်းနေတဲ့ ရပ်ဝန်းမှာ နေချင်တဲ့ ဆန္ဒက ပိုပြီး ပြင်းပြင်းပြပြ ရှိလာတယ်။ ကျွန်တော် ဆိုလိုတဲ့ ဉာဏ်ပညာဆိုက အတန်းပညာ တတ်မြောက်တာနဲ့ မတိုင်းတာပါဘူး။ ဉာဏ်ပညာ ဆိုတာက အတန်းပညာမြင့်တာ၊ မမြင့်တာနဲ့ မဆိုင်ဘူးလို့ ကျွန်တော့ တစ်ဦးထဲအမြင်အရ ယူဆထားပါတယ်။ ဉာဏ်ပညာ ဆိုတာက ဘွဲ့လက်မှတ်တွေ၊ ဆုတံဆိပ်၊ အသိအမှတ်ပြုလက်မှတ်တွေထဲမှာ ရှာဖွေလို့ တွေ့ချင်မှ တွေ့ရတာမျိုးပါ။              ဉာဏ်ပညာဆိုတာ အသိပညာ၊ ဘဝအတွေ့အကြုံ၊ နားလည်မှု၊ အမြင်ကျယ်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ အရည်အချင်း လို့ ကျွန်တော်ကတော့ နားလည်လက်ခံထားပါတယ်။ ဒါကြောင့်လည်း ဘွဲ့လက်မှတ်တွေ၊ ဆုတံဆိပ်တွေကရတဲ့ အသိပညာတခုတည်းနဲ့ ဉာဏ်ပညာဆိုတာကို အလုံးစုံ

ဉာဏ်ပညာနံ့ သင်းနေတဲ့ ရပ်ဝန်း –  မယ်ကျော့ Read More »

ဆူဒန်နိုင်ငံက ပြည်တွင်းစစ်ရဲ့ အပြောင်းအလဲများ – မောင်လူထွန်း

ဗိုလ်ချုပ် အက်ဘ်ဒဲလ် ဖက်တာ အယ်လ် ဘာဟန် ဦးဆောင်တဲ့ ဆူဒန် တပ်မတော် (Sudanese Armed Forces – SAF) ဟာ ကမ်းရိုးတန်းဘက်က ပို့တ်ဆူဒန် ဘက်ဆီကို ဆုတ်ခွာပေးလိုက်ရပြီးတဲ့နောက် နှစ်နှစ် လောက်ကြာတဲ့ ယခု အချိန်မှာတော့ မြို့တော် ခါတွန်ကို အောင်မြင်စွာ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ မြို့တော်ရဲ့ တောင်ဘက်ပိုင်းနဲ့ နိုင်းမြစ် အနောက်ကမ်းဘက်ဆီက အွမ်ဒါမာန် ဒေသဘက် ကနေ ပြန်ခုခံတာတွေ တစ်ခါတစ်ရံ ရှိနေဆဲပါ။ သို့သော်လည်း မြို့တော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ လူပေါင်း ၁၂ သန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးရတာ၊ ရာ ထောင် ချီပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ဆယ်စုနှစ်ပေါင်းကြာ ပြည်တွင်းစစ် အတွက် အပြောင်းအလဲ တစ်ခု ဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး စကားပြောဖို့

ဆူဒန်နိုင်ငံက ပြည်တွင်းစစ်ရဲ့ အပြောင်းအလဲများ – မောင်လူထွန်း Read More »

မပီ ဝိုးဝါး ဖြစ်နေတဲ့ အမေရိကန်နဲ့ ဥရောပ ဆက်ဆံရေး – ရဲခေါင်မင်းလတ်

၁၉ ရာစုက ပရပ်ရှား ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တဲ့ ကားလ်ဗွန် ကလော့စ်ဝဇ်က စစ်ပွဲဆိုတာ မသေချာ မရေရာမှုရဲ့ နယ်ပယ် တစ်ခုပဲလို့ ပြောခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ဟာ ဒေါ်နယ်ထရမ့်ခေါင်းဆောင်တဲ့ အမေရိကန် အစိုးရနဲ့ ဘယ်တုန်းကမှ ထိတွေ့ ဆက်ဆံခြင်း ပြုဖူးသူ မဟုတ်ပါဘူး။ ကလော့စ်ဝဇ် မှတ်ယူထားတဲ့ စစ်ပွဲရဲ့ မရေရာ မသေချာမှုတွေကို မေ့ပစ်လိုက်ပါ။              ဥရောပနိုင်ငံတွေဟာ Pax Americana ဆိုတဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ချမှတ်ခဲ့တဲ့ အမေရိကန်ရဲ့ “အဓွန့်ရှည် ငြိမ်းချမ်းရေး” မူဝါဒ ကို သူ့နည်းသူဟန်နဲ့ အကောင်အထည်ဖော်မယ့် ထရမ့် လက်ထက်မှာ မှုန်ဝါးဝါး လမ်းကြောင်း ထဲကို ဖြတ်သန်းကာ လျှောက်လှမ်းဖို့ သူတို့ စိုးရွံ့နေကြတယ်။ ထရမ့်ရဲ့ ဘာဆိုလိုမှန်းမသိတဲ့ ရှုပ်ရှုပ်ထွေးထွေး ပြောစကား တွေကို နားမလည်တဲ့နေရာမှာ

မပီ ဝိုးဝါး ဖြစ်နေတဲ့ အမေရိကန်နဲ့ ဥရောပ ဆက်ဆံရေး – ရဲခေါင်မင်းလတ် Read More »