The Corner

The Corner

cropped-Logo_round_grey-background.png

thecorner_editor

ဖုန်းကိုချည်း ကြည့်မနေသင့်ကြောင်း အွန်လိုင်းက ပြောပြမယ်

အခုခေတ်စားနေတဲ့ ဖုန်းတွေကို အသုံးနည်းအောင် နည်းပညာနဲ့ ပြန်ထိန်းကြတာကို Digital Detox လုပ်တာလို့လည်း တစ်နည်းခေါ်ကြပါတယ်။ ဟုတ်ပါတယ်၊ အခုနောက်ပိုင်း လူတော်တော်များများက ဖုန်းမျက်နှာပြင်ကြည့်ချိန် (Screen Time) လျှော့ချချင်ကြပါတယ်။ အင်တာနက်ပေါ်မှာလည်း ဖုန်းကို နံရံမှာ ကြိုးနဲ့ချည်ထားတာမျိုး၊ ဆိုရှယ်မီဒီယာက ပုံတွေကို စက္ကူနဲ့ တကူးတက ပရင့်ထုတ်ကြည့်တာမျိုး ဒါမှမဟုတ် ဖုန်းကို အကြာကြီး ပစ်ထားတာမျိုးစတဲ့ ထူးဆန်းတဲ့ အကြံပြုချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးတော့ လူတွေကြားထဲမှာ ကျော်ကြားနေတဲ့ နည်းလမ်းတစ်ခုကတော့ “The Brick” လို့ခေါ်တဲ့ ဖုန်းထဲက App တွေကို သုံးလို့မရအောင် ပိတ်တဲ့ ကိရိယာလေးပဲ ဖြစ်ပါတယ်။ Brick ဆိုတာ ဘာလဲ Brick ဆိုတာ မြန်မာလို တိုက်ရိုက်ပြန်ရင်တော့ “အုတ်ခဲ” […]

ဖုန်းကိုချည်း ကြည့်မနေသင့်ကြောင်း အွန်လိုင်းက ပြောပြမယ် Read More »

သတိထား! တရုတ်ကားဈေးကွက်က အရင်လို မဟုတ်တော့ဘူး

ကားအသစ်တွေ အမြောက်အမြား တင်ပို့နိုင်တာဟာ ကားဝယ်သူတွေအတွက် သတင်းကောင်းပေါ့။ ဒါပေမဲ့ ကမ္ဘာပေါ်က ကားထုတ်လုပ်သူတွေ အတွက်တော့ အဲဒီလို ဟုတ်မယ်မထင်ဘူး။ ၂၀၁၈ ခုနှစ်တုန်းကပေါ့ဗျာ… ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကုန်သွယ်ရေး စနစ်ကြီးကို စတင်ခြိမ်းခြောက်နေတဲ့ အချိန်မှာပဲ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်ရဲ့ ကားရောင်းအားက ရုတ်တရက်ကြီး နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး တောက်လျှောက် တက်လာခဲ့ရာကနေ တရုတ်စီးပွားရေး အခြေအနေ မကောင်းတာနဲ့အမျှ ကားရောင်းအားတွေ စတင်ကျဆင်းလာခဲ့တာပါ။ အဲဒီအချိန်တုန်းက တရုတ်ကားဈေးကွက်ရဲ့ ငါးပုံသုံးပုံလောက်ကို ချုပ်ကိုင်ထားတဲ့ နိုင်ငံခြားကားကုမ္ပဏီတွေ အတော်လေး အထိနာခဲ့ကြပါတယ်။ အခုလည်း အရှေ့က လမ်းဟောင်းအတိုင်း တရုတ်ကားဈေးကွက်ဟာ နောက်တစ်ကြိမ် ရောင်းအားပြန်ကျတော့မယ်လို့ ခန့်မှန်းသူတွေက တွက်ချက်နေကြပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ထူးခြားတာက လျှပ်စစ်ကား (EV) နည်းပညာမှာ ရှေ့တန်းရောက်နေပြီး လက်ရှိဈေးကွက်ကို

သတိထား! တရုတ်ကားဈေးကွက်က အရင်လို မဟုတ်တော့ဘူး Read More »

အီရန်ကို အမေရိကန် ဝင်တိုက်တော့မှာလား

အီရန်မှာ စနေနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) က တက္ကသိုလ်ကျောင်းသားတွေရဲ့ ခါမေနီအစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့လက တစ်နိုင်ငံလုံး အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအပြီးမှာ ထပ်မံ ပေါ်ပေါက်ခဲ့တာပါ။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲကို အီရန်စစ်တပ်က နှိမ်နင်းခဲ့လို့ လူပေါင်း (၅,၀၀၀) ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အီရန်အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ သေဆုံးသူပေါင်း ၃,၀၀၀ ကျော်ရှိပြီး ဒီအထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို ကြည့်ရင် အီရန်လူငယ်တွေဟာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ ရှေးရိုးဝါဒီ အစွန်းရောက် ခါမေနီအစိုးရ ဖယ်ရှားရေးကို ဘယ်လောက်အထိ လိုလားနေတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။

အီရန်ကို အမေရိကန် ဝင်တိုက်တော့မှာလား Read More »

မင်နီးယားပိုးလစ်စ်၊ စိန့်ပေါလ် က မပြီးသေးသော ပန်းချီကား

ဖေဖော်ဝါရီလထဲကို ဝင်လာပြီမို့လို့ မင်နီးယားပိုးလစ်စ်နဲ့ စိန့်ပေါလ်တို့မှာ နှင်းထုကြီး အရည်ပျော်စပြုလာပါပြီ။ အလားတူပဲ ရီနီဂွဒ်နဲ့ ပရစ်တီတို့ သေနတ်ပစ်ခတ်ခံရ သေဆုံးမှုကြောင့် လူထုအုံကြွမှု အကြီးအကျယ်ဖြစ်ခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလထဲမှာ ပြည်ထောင်စုအစိုးရရဲ့ အလျှော့ပေးလာမှုကို စတင်မြင်တွေ့ရပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က I.C.E အဖွဲ့ဝင်အင်အားကို လျှော့ချဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အမိန့်ပေးလိုက်ပြီး I.C.E အဖွဲ့ဝင်တွေ စတင်ထွက်ခွာသွားကြကာ အခုတော့ အင်အား ၅၀၀ ခန့်သာ မင်နီးယားပိုးလစ်စ်နဲ့ စိန့်ပေါလ်မှာ ကျန်ပါတော့တယ်။ အင်အား ၂,၀၀၀ နဲ့ ၃,၀၀၀ ကြား အသုံးပြုပြီး ၂ လကြာ စစ်ဆင်ရေးရဲ့ အဆုံးသတ်ဖြစ်ပါတယ်။ သို့ပေမဲ့ စစ်ဆင်ရေးဟာ မြို့ပေါ်ကနေ ဆင်ခြေဖုံးနေရာတွေကို ရောက်သွားတယ်လို့ အချို့အကဲခတ်တွေက ဆိုပါတယ်။ နယ်ခြားဘုရင်ကြီးလို့ နာမည်ကျော်တဲ့

မင်နီးယားပိုးလစ်စ်၊ စိန့်ပေါလ် က မပြီးသေးသော ပန်းချီကား Read More »

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရှင်ဖြစ်ဖို့ ကြံစည်နေပြီလား

ဒေါ်နယ်လ်ထရမ့် – ဒီမိုကရေစီကို ပုန်ကန်ကာ အာဏာရှင်ဆန်နေပြီလား? ဒီကနေ့ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အခြေအနေအရပ်ရပ် မတည်မငြိမ် ဖြစ်နေရခြင်းရဲ့ နောက်ကွယ်မှာ ဘယ်သူ့ပယောဂ အများဆုံးလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်ချက်တွေကို တစ်နေ့တစ်မျိုး မရိုးအောင် တွေ့နေရတယ်။ ဒေါ်နယ်လ်ထရမ့်ဟာ အာဏာရှင် (Autocrat) လမ်းကြောင်းပေါ် ရောက်နေပြီလားလို့ မေးခွန်းထုတ်မှုတွေ ရှိလာနေတယ်။ သမိုင်းအတွေ့အကြုံတွေအရ အာဏာရှင်ဆိုတာ ဘယ်လိုလူမျိုးဆိုတာကို နိုင်ငံရေးလေ့လာသူတွေ အတော်လေး ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်။ သမိုင်းဥပမာ အတော်များများ ရှိပြီးသားလည်း ဖြစ်ပါတယ်။ ဟစ်တလာ၊ မူဆိုလီနီ၊ စတာလင်၊ မော်စီတုန်း၊ ချောင်ဆက်စကူး၊ ပိုပေါ့၊ မားကို့စ် စသဖြင့် သမိုင်းမှာ တွေ့ခဲ့ကြရပြီ ဖြစ်တယ်။ မျက်မှောက်ခေတ်မှာလည်း

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရှင်ဖြစ်ဖို့ ကြံစည်နေပြီလား Read More »

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား

၂ဝဝ၈ နောက်ပိုင်း ပထမဆုံး မှန်မှန်ကန်ကန် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ နေခဲ့ပြီး မိခင်နိုင်ငံကို ပြန်လာတဲ့ နိုင်ငံရေး မျိုးဆက်ထဲက ထင်ရှားသူ တစ်ယောက် အနိုင်ရခဲ့တယ်… “အမေရိကန်မှာလိုပဲပေါ့ဗျာ” ဆိုပြီး အသစ်စက်စက် ဝန်ကြီးတစ်ယောက်က အားရပါးရ ပြုံးပြီး ပြောလိုက်သည်။ ၎င်း၏ အကြီးအကဲသစ် တာကစ်ရာမန်သည် လေဟာပြင်မှာ ကျင်းပသည့် အခမ်းအနားတစ်ခု၏ စင်မြင့်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ပွင့်လင်းမြင်သာမှုရှိသည့် နေဟန်ထားသစ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ငါးရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဗဟိုလက်ယာယိမ်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) သည် ပါလီမန်အမတ်နေရာ ၃၀၀ ရှိသည့်အနက် သုံးပုံနှစ်ပုံဖြင့် အပြီးသတ် အနိုင်ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ရှေးရိုးစွဲလူစုနဲ့ ဒီမိုကရေစီသစ်ကို တည်ဆောက်နိုင်ပါ့မလား Read More »

ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု စစ်ပွဲ လေးနှစ်ပြည့်လာခဲ့ပြီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်မူ ရုရှားက ဗီတိုအာဏာ ကိုင်စွဲထားခြင်းကြောင့် စစ်ပွဲတစ်လျှောက်လုံး ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေခဲ့သည်။ မကြာသေးခင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်  ကုလသမဂ္ဂ အထွေထွေညီလာခံသည် ယူကရိန်းနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု နယ်နိမိတ်များကို ထောက်ခံကြောင်းနှင့် အရပ်သားများအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကို စိုးရိမ်ကြောင်း ဖော်ပြထားသည့် အဆိုပြုချက်တစ်ခုကို မဲအပြတ်အသတ်ဖြင့် အတည်ပြုလိုက်သည်။ ရုရှား၏ ကျူးကျော်စစ် ၄ နှစ်ပြည့်မြောက်သည့် အချိန်တွင် ကမ္ဘာ့နိုင်ငံများမှ ယူကရိန်းနှင့် တစ်သားတည်းရှိမှုကို စမ်းသပ်သည့် ယခုမဲခွဲမှု၌ ထောက်ခံမဲ ၁၀၇ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ နှင့် ကြားနေမဲ

ယူကရိန်းစစ်ပွဲ လေးနှစ်ပြည့်ချိန် ဥရောပ လုံခြုံရေး Read More »

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉)

ဘာလုပ်မလဲ အမေရိကန် ဦးမိုး။  ။ ဟေ့လူ ဦးတိုး… ခင်ဗျားကြည့်ရတာ ဒီနေ့ မျက်မှောင်ကြီးကုပ်လို့။ ဘာလဲ… ဟိုဘက်က ထရမ့်ကြီးက နောက်တစ်ခါ ဗုံးထကြဲပြန်ပြီလား။ ဦးတိုး။ ။ အောင်မယ်… ဦးမိုးကလည်း၊ ကြဲတော့မယ့် အနေအထား ဖြစ်နေပြီဗျ။ အခု အရှေ့ အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ ပုံအောပြီး လွှတ်ထားတာ ၂၀၀၃ အီရတ် စစ်ပွဲတုန်းကထက်တောင် များနေပြီ။ လေယာဉ်တင်သင်္ဘောကြီး နှစ်စင်းတင်မကဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန် လေတပ်အင်အားရဲ့ တစ်ဝက်နီးပါးလောက်ကို အဲ့ဒီမှာ သွားစုထားတာဗျ။ ဦးမိုး။ ။ ကျွန်တော်လည်း အဲဒါကိုပဲ သိချင်နေတာ ပြောပြပါဦး… ဒါက အီရန်ကို ခြိမ်းခြောက်တာလား၊ တကယ်ပဲ ဝင်တိုက်တော့မှာလား။ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း အစ္စရေးနဲ့ပေါင်းပြီး အီရန်ရဲ့

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၉) Read More »

“ကျွန်တော့် နာမည် လူဝီပါ၊ ရေကျော်မှာ နေပါတယ်”

အဲဒါ ကျွန်တော့်ကို ပါပါး အမြဲတမ်း နောက် နောက်ပြီး ဆိုနေတဲ့ သီချင်း။ သူဆိုရင် မာမားကပါ လိုက်ဆိုပြီး ကျွန်တော့်ကို စကြတယ်။ ကျွန်တော်ကတော့ ရေကျော်ဆိုတာ ဘာမှန်းမသိပေမယ့် ခဏခဏတော့ ကြားဖူးနေတာ။ ကျွန်တော့်ကို အရင်ဆုံး အိမ်မှာ မွေးစားခဲ့တဲ့ အန်နီကလည်း ရေကျော်မှာနေတယ်တဲ့။ ကျွန်တော့်ကို အမေ ကြောင်မကြီးက ညီအစ်ကို မောင်နှစ်မ လေးယောက်မွေးခဲ့တာ။ ကျွန်တော်တို့ကို မွေးပြီးတော့ အမေလည်း ဘယ်ပျောက် သွားလည်း မသိဘူး။ မှတ်လဲ မမှတ်မိတော့ဘူး။ အန်နီနောက်မှ ပြောပြလို့ သိတာက ကျွန်တော့်တို့ ကြောင်သေးသေးလေး လေးကောင်ကို ရေကျော် စီးတီးမတ်အောက်မှာ သူ အလုပ်သွား အလုပ်ပြန် လုပ်ရင် တွေ့ဖူးတယ်လို့ ပြောဖူးတယ်။ ကျွန်တော်တို့ လမ်းနည်းနည်း စပြီး

“ကျွန်တော့် နာမည် လူဝီပါ၊ ရေကျော်မှာ နေပါတယ်” Read More »

ဇာတ်ခုံပေါ်ကကြတဲ့အခါ

“ညီမလေး အကကောင်းတယ်ဆိုလို့ လာကြည့်တာ” လူရွှင်တော် ကိုကျောက်ခဲ မိတ်ဆက်မပေးမီမှာပင် အတူပါလာသော ကိုမင်းဟန်က ပွဲထွက်ရန် အပြီးသတ် ပြင်ဆင်နေသော မင်းသမီးဝေဝေလွင်ကို နှုတ်သွက်လျှာသွက် ပြောလိုက်သည်။ မှန်ထဲတွင် အကြည့်ရောက်နေသော ဝေဝေလွင်က လည်ပြန်စောင်းငဲ့ ကြော့ကြော့ကလေး မျက်ဝန်းကို မှေးရီ၍ ကြည့်လိုက်သည်။ ဝေဝေလွင်ကတော့ တမင်လုပ်စရာမလိုဘဲ ကြည့်လိုက်တိုင်းယဉ်၊ မြင်လိုက်တိုင်းလှအောင် အကြည့်ခံရုပ်နှင့် ဟန်အမူအရာ ရှိနေပါပေါ့လား။ “အစ်ကိုနဲ့ ယဉ်ကျေးမှုတက္ကသိုလ်ဆင်း သူငယ်ချင်း ပန်းချီဆရာ ကိုမင်းဟန်က တပူဆာဆာလုပ်နေလို့ ညီမလေးနဲ့ ခေါ်တွေ့ပေးရတာ” လူရွှင်တော် ကိုကျောက်ခဲ မိတ်ဆက်ပေးတာက နောက်ကျနေသည်။ ကိုမင်းဟန်၏ ပြောပုံဆိုပုံမှာ မသိခင်ကကျွမ်းပြီး ကြည့်ပုံရှုပုံမှာ မကျွမ်းခင်က သိနေသလိုပင်။ “ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီအဓိကမယူဘဲ သဘင်ပညာအဓိကသာ ယူခဲ့ရင် အစ်ကို ပြိုင်ဘက်ကင်း မင်းသားဖြစ်မှာ သေချာတယ်”

ဇာတ်ခုံပေါ်ကကြတဲ့အခါ Read More »