The Corner

The Corner

cropped-Logo_round_grey-background.png

ရပ်မယ်၊ စစ်မယ်၊ ပိတ်မယ်

Share မယ်

ပြည်ပ အကူအညီကို အပြစ်ပြောဖို့ လွယ်ပါတယ်။ မကြာခဏဆိုသလို ပိုက်ဆံဆိုတာ အလဟဿ ဖြစ်သွား နိုင်သလို အလွဲသုံးခံ ရနိုင်တယ်။ သူ့ရဲ့အကျိုးရလဒ်ကို လွယ်လွယ်မမြင်ရနိုင်ဘူး။ တခြားနိုင်ငံက သူစိမ်းတွေကို ထောက်ပံ့ လိုက်တယ်ဆိုတာ ကိုယ့်နိုင်ငံက မဲဆန္ဒရှင်တွေ ရမယ့်အထဲက လျော့သွားတာလေ။ ဒါဟာ အမေရိက ပထမ ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စံပြပစ်မှတ် ဖြစ်လာ စေတာပါ။ 

ဇန်နဝါရီ ၂၄ ကစပြီး အကူအညီအားလုံး ရပ်ပါလို့ နိုင်ငံခြားရေးဌာနက အမိန့်ထုတ်လိုက်တဲ့အခါ တစ်ကမ္ဘာလုံးက လိုအပ်နေသူတွေအတွက် မြောက်မြားလှစွာသော အကူအညီတွေ ညတွင်းချင်း ပျောက်ကွယ် သွားရပြီး နေရာတိုင်း မှာ နာကျင်ခံစားကြရပါတယ်။ ဆေးပေးခန်းတွေပိတ်၊ ခုခံအားနည်း ရောဂါသည်တွေအတွက် ဆေးတွေကုန်၊ ဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းတွေရပ်၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး အဆုံးသတ်၊ ဒုက္ခသည် အထောက်အပံ့တွေ လေထဲမှာပျောက် ဖြစ်ကုန် ရပါပြီ။ ဆီးရီးယားက အစ္စလာမ်မစ်စစ်သားတွေကို ထည့်ထားတဲ့ အမေရိကန် ကျောထောက်နောက်ခံ စခန်းတွေ ကတော့ နှစ်ပတ်စာ အထောက်အပံ့ ဆက်ရဖို့ ခွင့်ပြုမိန့် ရလိုက်ပါတယ်။ တစ်မျိုးတော့ စိတ်အေး စရာလေးပေါ့။  

ကမ္ဘာ့ခေါင်းဆောင်နေရာကို အမေရိကန်နဲ့ ပြိုင်နေတဲ့ တရုတ်အဖို့တော့ ဒီအဖြစ်ဟာ လက်ဆောင် တစ်ခုပါပဲ။ ဒေါ်နယ်ထရမ့်လို နမော်နမဲ့ သမ္မတမျိုးတောင်မှ ဘာလို့ ကိုယ့်နိုင်ငံ အကျိုးစီးပွားကို အကြောင်းမဲ့ ဖျက်ဆီးချင်မလဲ။ အကြောင်းပြချက်တစ်ခုက လူထုရဲ့ထင်မြင်ချက်ပါ။ လူထုသဘောထားကောက်ယူချက်အရ ပြည်ထောင်စု ဘတ်ဂျက်ရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်ပ အကူအညီ တွေက စားပစ်လိုက်တယ်လို့ အမေရိကန်တွေက ထင်ပါသတဲ့။ တကယ်တမ်းမှာတော့ ၁ ရာနှုန်းနီးပါး (ယူကရိန်းကို ပေးတာမပါ ၂၀၂၃မှာ ဒေါ်လာ ၆၈ ဘီလီလျံ) ဖြစ်ပါတယ်။ ဂျီဒီပီနဲ့ဆိုရင် သင့်တော်တဲ့ ၀.၂၅ ရာနှုန်းဖြစ်ပါတယ်။  

အစိုးရအသစ် အနေနဲ့ သုံးငွေတွေကို စစ်ဆေးခွင့်ရှိပါသော်လည်း ဘယ်သူ့ကိုမှ ထိခိုက်မှု မရှိစေတဲ့ နည်းလမ်းမျိုးနဲ့ စတင်ဖို့ တာဝန်ရှိပါတယ်။ လူမှုကရုဏာလုပ်ငန်းတွေရဲ့ ၄၀ ရာခိုင်နှုန်းကို အမေရိက က ပေးနေတယ်ဆိုပါတော့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထပ်တိုးမလား၊ ပြောင်းမလား၊ နည်းနည်းထားမလား ဆိုတာကို သုံးသပ်နေတုန်း မှာ လုပ်ငန်းတွေကို ဆက်လုပ်ခွင့်ပေးထားရမှာပါ။ အခုတော့ ထရမ့်အစိုးရက ပြောင်းပြန်လုပ်ပါတယ်။ အကူအညီ တွေကို အကုန်ရပ်ခိုင်းပြီးမှ ရက်ပေါင်း ၉၀ အကြာမှာ ဘယ်အလုပ်က ဆက်လုပ်ခွင့်ရမယ် ဆိုတာ တစ်ခုချင်းစီ ဆုံးဖြတ်ပါတယ်။ ကမောက်ကမ ရလဒ်တွေကို ခန့်မှန်း ကြည့်လို့ရပါတယ်။ ၄ ရက်အကြာမှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဘွာတေး လုပ်ပါတယ်။ အသက်ကယ် လူမှုကရုဏာ လုပ်ငန်းတွေကို ကင်းလွတ်ခွင့် ပြုကြောင်း ထုတ်ပြန်ပေမယ့် ဘာတွေကို ဆိုလိုမှန်း မရှင်းလင်းလှပါ။ 

ပရမ်းပတာ အကျိူးဆက်တွေကို အကြောင်းပြနိုင်တာတွေတော့ ရှိပါတယ်။ ပထမ တစ်ချက်က မရည်ရွယ်ပါဘူး ဆိုတာပါ။ ထရမ့်က ရာထူးခန့်ထားရာမှာ အရည်အချင်းထက် သစ္စာရှိမှုကို ဦးစားပေးပါတယ်။ ရာထူးနေရာ အများ အပြား လစ်လပ်နေဆဲပါ။ ထရမ့်ရဲ့ လူတွေက သူတို့ရဲ့ စိတ်အားထက်သန်မှုတွေကို ပြချင်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ထရမ့်ရဲ့ အမိန့်က ဖွံ့ဖြိုးရေး လုပ်ငန်းတွေက တာဝန်တွေနဲ့ ပေးရန်ရှိတာတွေကို ဆိုင်းငံ့ပါ လို့ ဆိုပါတယ်။ ရူဘီယိုက နည်းနည်း ပိုလိုက်ပြီး လူမှုကရုဏာလုပ်ငန်းတွေ၊ လုံခြုံရေးလုပ်ငန်းတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးရေး အပါအဝင် လက်ရှိ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းစေလိုက်ပါတယ်။  

ကမ္ဘာ့ခေါင်းဆောင်နေရာကို အမေရိကန်နဲ့ ပြိုင်နေတဲ့ တရုတ်အဖို့တော့ ဒီအဖြစ်ဟာ လက်ဆောင် တစ်ခုပါပဲ။

နိုင်ငံရေးသဘောတရားကို အပြစ်တင်လို့လည်း ရနိုင်ပါတယ်။ အစိုးရအဖွဲ့ဟာ ကြောက်စရာ အင်အားကို သုံးပြီး နိုင်ငံရေးအရမှန်တယ်ဆိုတဲ့ အမြင်တွေကို ဖယ်ထုတ်ကာ ဒီမိုကရေစီကို ချေဖျက်ပစ်တာပါ။ ဖြစ်နိုင်တာက ဘာကို ပြချင်တာလဲဆိုတော့ America first ဆိုတဲ့ အဓိပ္ပါယ်ဟာ ဆိုထားသလိုပဲ အမေရိက ပထမ၊ ကမ္ဘာကြီးက ဒုတိယ ဆိုတာပါ။ ကမောက်ကမတွေ ဖြစ်တာကို ထရမ့်က သဘောတွေ့ နေတာလည်း ဖြစ်နိုင်ပါတယ်။ မင်းမဲ့ဝါဒကမ္ဘာမှာ အင်အားကြီးသူသာ နိုင်စမြဲဖြစ်ပြီး ကမ္ဘာမှာ ဘယ်သူမှ အမေရိကလောက် အင်အားမကြီးပါ။  

တကယ့်အကြောင်းရင်းက အထက်က အချက်တွေအားလုံးပေါင်းစပ်နေတာ ဖြစ်နိုင်ပါတယ်။ အပြောင်းအလဲမြန် ပြီး အကြင်နာကင်းတဲ့ မူဝါဒဖေါ်ဆောင်ဘို့ အတွက် ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို နာမည်ဖျက်ပြီး ပြည်ပမှာ ဒုက္ခတွေဖြစ်စေတာ အဲဒီမူဝါဒရဲ့ ရည်ရွယ်ချက် ဖြစ်ပါလိမ့်မယ်။  

America First ဆိုတဲ့ မူကို လက်ခံရာမှာ  နောက်ကျနေတဲ့ ရူဘီယိုက နိုင်ငံခြားရေး မူဝါဒတွကိုလည်း အဲဒီလို ပုံသွင်းချင်ပါ တယ်။ ပြည်ပနိင်ငံတွေဟာ အမေရိကန်ရဲ့ မူဝါဒဖြစ်တဲ့ “သူတို့အကျိုးအတွက် ငါတို့ အကုန်အကျခံမည်” ကို အလွဲသုံးနေ တယ်လို့ သူက ဆိုပါတယ်။ သုံးလိုက်တဲ့ ဒေါ်လာတိုင်းဟာ အမေရိကန် ပိုလုံခြုံဘို့၊ ပိုအင်အားကြီးဘို့နဲ့ ပို ချမ်းသာဘို့ ဖြစ်ရမယ်လို့ သူက အကြိမ်ကြိမ် ပြောပါတယ်။  

ဒီ ရက်သတ္တပါတ်ထဲမှာ မရည်ရွယ်တဲ့ အကျိုးဆက်တွေကို သူ တွေ့မြင်လိုက်ရပါတယ်။ ဘာသာရေးစစ်ပွဲဝါဒီတွေ ရုတ်တရက်ပေါက်ဖွါးလာမယ့် အန္တရာယ်ဟာ အမေရိကန်လုံခြုံမှုကို လျော့ပါး စေပါတယ်။ ရှုပ်ထွေးမှုတွေ လုပ်တာဟာ မဟာမိတ်တွေ၊ မိတ်ဆွေဖြစ်လာနိင်သူတွေနဲ့ တသီးတခြား ဖြစ်သွားစေပြီး အမေရိကန်ကို အင်အားလျော့ပါး စေပါတယ်။ ဆင်းရဲသွားတဲ့ ကမ္ဘာကြီးက အမေရိကန် ကိုလည်း ဆင်းရဲသွားအောင် လုပ်မှာပါပဲ။ အမေရိကန်ရဲ့ ရက်ရောမှုဆိုတာ အလှူသက်သက် မဟုတ်ပါ။ အမေရိကန်ရဲ့ အကြီးဆုံးအကျိုးစီးပွားက ပြည်ပအကူအညီတွေပေးပြီး တည်ငြိမ်ပြီး ပိုချမ်းသာ ကြွယ်၀တဲ့ ကမ္ဘာကြီးဖြစ်လာဘို့ပါ။ အမေရိက နံပါတ် ၁ လို့ ခေါ်ချင်လည်း ခေါ်ပေါ့ဗျာ။  

မူရင်း Scorn Thy Neighbor by Cutting Off Assistance to Foreigners, America hurts itself, The Economist, February 2025 

Click to rate this post!
[Total: 1 Average: 5]