သည် အီကောနောမစ် အယ်ဒီတာ တွန်မ် စတန်းဒေ့ချ် ရေးသားသည့် How we did in 2024 ဆောင်းပါးကို KIDD မြန်မာဘာသာပြန်ဆိုသည်။
တကယ့်နှစ်ပါဗျာ။ အမေရိကန် သမ္မတလောင်းက ရွေးကောက်ပွဲ မစခင် လပိုင်းမှာ နုတ်ထွက်သွားတယ်။ နောက် သမ္မတလောင်းက သေတော့မလို လုပ်ကြံခံရတာ နှစ်ခါ။ ယူကရိန်းက ရုရှားနယ်မြေထဲကို ပြန်ဝင်တိုက်တယ်။ အီရန် သမ္မတကတော့ ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လုံး၀ကြိုတင် ထင်မထားခဲ့ပါဘူး။ အမေရိကန် သမ္မတရွေးကောက်ပွဲက ခေါင်းပန်းလှန်ရသလိုမျိုး ကံစီမံရာ ဖြစ်မှာပဲလို့ ထင်ထားခဲ့ပြီး ထရမ့်ရဲ့ အပြတ်အသတ်အောင်ပွဲကို မျှော်လင့်မထားခဲ့ဘူး။
အခြားနေရာက ရွေးကောက်ပွဲခန့်မှန်းချက်တွေက ပိုကောင်းပါတယ်။ ရုရှားနဲ့ ရဝမ်ဒါမှာ မဲမသမာမှုများနဲ့ ဘယ်သူနိုင် မယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးခန့်.မှန်းထားတဲ့အတိုင်း ဗြိတိန်မှာ လေဘာပါတီ၊ မက္ကဆီကိုမှာ ကလော်ဒီယာ ရှိမ်းဘောင်း၊ ထိုင်ဝမ်မှာ လိုင်ချင်တေး တို့နိုင်ခဲ့ကြပြီး တောင်အာဖရိကမှာတော့ အာဖရိကအမျိုးသားအဖွဲ့ချုပ် ANC က ညွန့်ပေါင်းအနေနဲ့ အနိုင်ရပါတယ်။ အိန္ဒိယမှာ နာရင်ဒရာမိုဒီရဲ့ ဘီဂျေပီအပေါ် တောင်ပိုင်းပြည်နယ်တွေက အားပေးမှုနည်းတာကို ကျွန်တော်တို့ထောက်ပြခဲ့ တာ မှန်သွားပြီး အာဏာရပါတီအဖို့ ညွန့်ပေါင်းအစိုးရဖွဲ့ရတဲ့ အခြေအနေ ရောက်သွားပါတယ်။ ပါကစ္စတန်မှာ အင်မရန်ခန်းက ထောင်ထဲရောက်နေပေမယ့် သူ့ပါတီ PTI က နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုမြင်ထား သလိုပဲ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများက အင်မရန်ခန်း မပါတဲ့ အစိုးရဖွဲ့ဖို့ လုပ်လာပါတယ်။ ဥရောပသမဂ္ဂ ရွေးကောက်ပွဲမှာတော့ လက်ယာယိမ်း အုပ်စုက အများစု စိုးမိုးထားပြီး မျှော်လင့်ထားတဲ့အတိုင်း အာဆူလာ ဗွန်ဒါ လေးယင်းကပဲ ဥက္ကဌအဖြစ်ပြန် ရွေးကောက်ခံရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရှိတ်ဟာဆီနာပဲ ပြန်ရမှာလို့ ကျွန်တော်တို့ ပြောနေတုန်းမှာ သူမရဲ့ ရက်စက်မှုတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီးနောက် ဇူလိုင်လမှာ နိုင်ငံကနေ ထွက်ပြေးသွားရပါတယ်။ ခန့်မှန်းချက်လွဲတာက ဂယ်ဘရီယယ် အက်တယ်ကို ပြင်သစ် ဝန်ကြီးချုပ်နေရာမဟုတ်ဘဲ သမ္မတ နေရာ မျှော်လင့်ချက်ရှိတယ်လို့ ထင်နေတုန်း ဝန်ကြီးချုပ်အဖြစ် ဇန်နဝါရီလမှာ ခန့်အပ်ခံရပြီး နွေရာသီ အရေးပေါ် ရွေးကောက်ပွဲကျတော့ ပြုတ်သွားပါလေရော။ ဂျပန်မှာလည်း လွဲတာပါပဲ။ ကီရှီဒါ ဖူမီယိုက ရွေးကောက်ပွဲကို စောလုပ်ပြီး နိုင်လိမ့်မယ်လို့ မှန်းထားတာ ဩဂုတ်လကျတော့ သူက နုတ်ထွက်သွားပါတယ်။
နောင်နှစ်သစ် မှာ ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော်တို့ ခန့်မှန်းကြည့်ဖို့ကို တားဆီးနိုင်မှာတော့ မဟုတ်ပါဘူး။
စီးပွားရေးဘက်မှာတော့ ငွေကြေးဖောင်းပွမှုက အလယ်အလတ် ဖြစ်မယ်၊ အတိုးနှုန်းတွေ စပြီးကျမယ်၊ ဘတ်ဂျက်လိုငွေပြမှုတွေကို ရေရှည်ထိန်းထားနိုင်မယ့်အရေးဘက်ကို အာရုံပြောင်းသွားမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားတွေ အားလုံးမှန်ပါတယ်။ အမေရိကအနေနဲ့စီးပွားရေးကပ်ကို ရှောင်မယ် ဒါပေမဲ့ တိုးတက်မှုနှုန်းက နှေးနှေးပဲ ဖြစ်မယ်လို့ ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ တိုးတက်မှုနှုန်းက အံ့အားသင့်လောက်အောင် ကြီးမားတာ တွေ့ရပါတယ်။ တရုတ်ရဲ့စီးပွားရေးအပေါ် ကျွန်တော်တို့ရဲ့ ခန့်မှန်းချက် က ပိုမှန်ပါတယ်။ ငွေတန်ဖိုးကျမှုအန္တရာယ်နဲ့ ဖြစ်နိုင်ခြေ ဂျီဒီပီ တိုးတက်မှုနှုန်း ၅% အောက် ဆိုတာပါ။ ယူရေနီယမ် စျေးခုန်တက်မှာနဲ့ တရုတ်က ကားနဲ့ အပိုပစ္စည်းတင်ပို့မှုစျေးကွက်မှာ ကမ္ဘာ့ထိပ်ဆုံး ရောက်လာမှာကို ကျွန်တော်တို့ မှန်မှန်ကန်ကန် တွက်ဆနိုင်ခဲ့ပါတယ်။ မောင်းသူမဲ့ အငှားယာဉ်တွေ ကမ္ဘာ့မြို့ကြီးအများမှာ သုံးလာကြပြီး ဧရာမ Starship ကြီးရဲ့ စမ်းသပ်ပျံသန်းမှုတွေကို တစ်ကမ္ဘာလုံး ရင်သပ်ရှုမောဖြစ်ကြရပါတယ်။
သို့သော်ငြားလည်း မမျှော်လင့်ဘဲ အာဂျင်တီးနားက [1]BRICS မှာ မပါတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ နာဆာရဲ့ လ စီမံချက်ကလည်း နှောင့်နှေးသွားတယ်။ သို့ပေမယ့် လူသားတွေရဲ့ ခန့်မှန်းရခက်တဲ့ ဆုံးဖြတ်ချက် တွေကြောင့် လမ်းလွဲသွားရတာတွေထဲမှာ အချို့သော ဖြစ်စဉ်တွေ မပါပါဘူး။ ဥပမာ သန်းပေါင်းများစွာသော လူတွေဟာ ဧပြီလမှာ နေကြတ်ခြင်းကို မြင်တွေ့လိုက်ကြရပါတယ်။ ၂၀၂၄ခုနှစ်ရဲ့ သင်ခန်းစာကတော့ ကမ္ဘာကြီးဟာ ကျွန်တော်တို့ စိတ်ကူးထဲကထက် ပိုမို ဆန်းကျယ်တယ်လို့ ဆိုရိုးစကားရှိပေမယ့် တကယ်တမ်း ကတော့ ကမ္ဘာကြီးဟာ ကျွန်တော်တို့ စိတ်ကူးကြည့်နိုင်တာထက် ပိုမိုဆန်းကျယ်ပါတယ်။ ဒီအချက်ဟာ နောင်နှစ်သစ် မှာ ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော်တို့ ခန့်မှန်းကြည့်ဖို့ကို တားဆီးနိုင်မှာတော့ မဟုတ်ပါဘူး။
[1] BRICS ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်၊ အာရပ်စော်ဘွား များပြည်ထောင်စု ၁၀နိုင်ငံပါဝင်သည့် နိင်ငံပေါင်းစုံအဖွဲ့။