The Corner

The Corner

cropped-Logo_round_grey-background.png

တင်စိန် (ပထဝီဝင်)

တင်စိန် (ပထဝီဝင်)

အိန္ဒိယ ပါကစ္စတန် လေးရက်စစ်ပွဲ ၏ ထူးခြားမှုများ – တင်စိန် (ပထဝီဝင်)

မေလ ၁ဝ ရက်နေ့က အပစ်အခတ်ရပ်စဲခဲ့တဲ့  အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံစစ်ပွဲမှာ ထူးခြားတဲ့ လက္ခဏာ တွေကို တွေ့ရတယ်။ နားထောင်ရတဲ့သတင်းတွေနဲ့ ဖတ်ရတဲ့သတင်းတွေက ကောက်နုတ်ပြီး တင်ပြလိုပါတယ်။ ပထမဆုံးအချက်ကတော့ ဒီစစ်ပွဲမှာ အိန္ဒိယနိုင်ငံရဲ့  ပြည်တွင်းဖြစ် အစွမ်းထက် လက်နက် တချို့ကို ထုတ်သုံး ပြလိုက်တာပါ။ အဲဒီလက်နက်တွေထဲမှာ ဘရာမော့စ် ဒုံးကျည် ပါတယ်။         အိန္ဒိယနိုင်ငံက ဗြဟ္မပုတ္တရမြစ်ကြီး (Brahmaputra) ရဲ့ နာမည်နဲ့ ရုရှားနိုင်ငံက မော်စကိုဗာ မြစ်ကြီး (Moskva) နှစ်စင်းတို့ရဲ့ နာမည်ကို တွဲယူပြီး( Bramos) လို့ ဂုဏ်ပြု ခေါ်ဝေါ်ထားတဲ့ လက်နက် နာမည် ဖြစ်ပါတယ်။ ဒီလက်နက်ဟာ ခရုစ် ဒုံးကျည် အမျိုးအစား ဖြစ်ပြီးအမြန်နှုန်း […]

အိန္ဒိယ ပါကစ္စတန် လေးရက်စစ်ပွဲ ၏ ထူးခြားမှုများ – တင်စိန် (ပထဝီဝင်) Read More »

ကက်ရှ်မီးယားမှာမွှေးခဲ့တဲ့  အိန္ဒိယ-ပါကစ္စတန် စစ်မီး – တင်စိန် (ပထဝီဝင်)

ဖဟဲလ်ဂမ် ဒေသက အယ်လ်ပိုင်း မြက်ခင်းတွေနဲ့ ပိုင်း ထင်းရှူး တောတွေဟာ အိန္ဒိယနိုင်ငံ ရဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယား ဒေသကို ခရီးသွား ဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ ဆွဲဆောင်ခဲ့တာ ကာလ အတန် ကြာပြီ ဖြစ်ပါတယ်။ ခရီးသွားတွေ ကတော့ အဲဒီဒေသကလေးကို ဆွစ်ဇာလန်နိုင်ငံ အငယ် စားကလေး (mini–Switzerland) လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ အဲဒီဒေသမှာ စစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အိန္ဒိယ အစိုးရက ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် နှိမ်နင်းလိုက် ပြီးမို့ အဲဒီလို တိုက်ခိုက်မှုတွေ လျော့နည်းခဲ့ပြီလို့ တွက်ဆ ထားခဲ့ကြတယ်။ ဒါပေမဲ့ ယခုနှစ် ဧပြီလ ၂၂ ရက် နေ့မှာ တော့ ဖဟဲလ်ဂမ်မှာ အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေက

ကက်ရှ်မီးယားမှာမွှေးခဲ့တဲ့  အိန္ဒိယ-ပါကစ္စတန် စစ်မီး – တင်စိန် (ပထဝီဝင်) Read More »

ဒေါ်နယ်ထရမ့် သယံဇာတတွေ ပိုတူးဖော်မည် – တင်စိန် (ပထဝီဝင်)

သွင်းကုန်သတ္တုများကို မှီခိုအားထားမှု ခဲယဉ်းလာမည်။ ဒေါ်နယ်ထရမ့်ကတော့ တွင်းထွက်ပစ္စည်းတွေကို လိုချင်တယ်။ အများကြီးကိုလိုချင်နေတာပါ။   အမေရိကန် သမ္မတက ဂရင်းလန်ကျွန်းကို စိတ်ဝင်စားတာကလည်း တခြားအကြောင်းတွေထက်ကို တွင်းထွက် ပစ္စည်းတွေ ကြီးမား ကျယ်ပြန့်အောင် သိုမှီးထားတဲ့ အချက်က ပိုပြီးအရေးပါတယ်။ အထူးသဖြင့်ကတော့ တရုတ်ပြည်ရဲ့ ပြင်ပမှာ အကြီးဆုံးဖြစ်တဲ့ မြေရှား တွင်းထွက်သိုက်ကြီးတွေရှိလို့ပဲ ဖြစ်တယ်။ ယူကရိန်းမှာလည်း သူက ထင်ရှားပေါ်လွင်နေတဲ့ လစ်သီယမ် တွင်းထွက် ရင်းမြစ်တွေကို မျက်စိကျနေတာဖြစ်တယ်။ အခုနှစ် ဖေဖော် ဝါရီလထဲမှာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ ခေါင်း ဆောင်တွေက သူတို့နိုင်ငံက မတူးဖော်ရသေးတဲ့ တွင်းတွက်  သဘာဝ သယံဇာတ ရင်းမြစ်တွေကို ရောင်းချဖို့ကမ်းလှမ်းတာကို မစ္စတာထရမ့်က စိတ်ဝင်စားခဲ့တာကို သတိပြုသင့်တယ်။             နိုင်ငံခြားကတွင်းထွက်သယံဇာတတွေကိုစွဲလမ်းတပ်မက်နေတာက တစ်ပိုင်းဖြစ်နေပေမယ့် မစ္စတာ ထရမ့်ဟာ သူ့နိုင်ငံတွင်းက သယံဇာတတွေနဲ့

ဒေါ်နယ်ထရမ့် သယံဇာတတွေ ပိုတူးဖော်မည် – တင်စိန် (ပထဝီဝင်) Read More »

လမ်းသစ်ရွေးရမယ့် ဟားမတ်စ်

[ဟားမာ့စ်အဖွဲ့ဟာ ပျောက်သွားမှာတော့ မဟုတ်ပါဘူး ဒါပေမဲ့ သူတို့ လမ်းသစ်ကို ရွေးကြရမယ်]  တိုက်ပွဲတွေ မရပ်ခင် ကတည်းကကိုပဲ ဟားမာ့စ်အဖွဲ့ဟာ သူတို့ ရှင်သန်နေတဲ့ အကြောင်းကို ဖော်ပြဖို့ အင်မတန်ကို စိတ်အားထက်သန် နေကြပါတယ်။ အစ္စလာမ်မစ် ဝါဒီအုပ်စု တွေက အစ္စရေးတပ်တွေနဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီချက် ရပြီးတဲ့နောက်မှာ စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဟားမာ့စ် တိုက်ခိုက်ရေး သမားတွေဟာ နာရီပေါင်း များစွာ ပုန်းအောင်းနေရာက နေထွက်လာ ကြပါတယ်။ အပစ်အခတ်ရပ်စဲတာ စတင်ချိန်ကတည်းက ဟားမာ့စ်တွေက လမ်းတွေပေါ်မှာ ရဲအဖွဲ့ဝင်တွေကို ချက်ချင်းပဲ တပ်ချ ထားလိုက် ကြတယ်။ ပြီးတော့ လက်နက်ကိုင်တွေကို ထောက်ပံ့ရေး ယာဉ်တန်းတွေကို စောင့်ရှောက်ဖို့နေရာ ယူထား စေတယ်။ အစ္စရေး ဓားစာခံတွေနဲ့ အကျဉ်းသား

လမ်းသစ်ရွေးရမယ့် ဟားမတ်စ် Read More »

မက္ကဆီကိုက Tesla

မက္ကဆီကိုက တက်စလာ ကားထုတ်လုပ်ရေး စက်ရုံစီမံကိန်း ရပ်ဆိုင်းတော့မလား အီလွန်မတ်ဟာ ကြီးကြီးကျယ်ကျယ်တွေ တွေးပြီး အကောင်အထည် ဖော်ရတာကို သဘောကျတယ်။ အင်မတန် ကြီးမား  လှတဲ့ ဒုံးပျံကြီးတွေကစ ဝင်ငွေ အမြောက်အမြား ရနိုင်တဲ့ လုပ်ငန်းကြီးတွေနဲ့ အလုံးအရင်းနဲ့ ဆောင်ရွက် ရတဲ့ လုပ်ငန်းကြီးမျိုး တွေကိုသူတွေးတယ်။ လမ်းလွဲခဲ့တဲ့ ဆိုရှယ် မီဒီယာမှာ ရင်းနှီးမြုပ်နှံမှူ မျိုးတွေလဲ  ရှိခဲ့တယ်။ မက္ကဆီကိုက ဖြစ်ရပ်မှာတော့ ၂ဝ၂၃ ခုနှစ် မတ်လက “ကမ္ဘာပေါ် မှာ အကြီးဆုံး လျှပ်စစ်ဓာတ်အား စက်ရုံကြီး” လို့ကြေညာခဲ့တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ ဖြစ်ပါတယ်။ တက်စလာ (Tesla) ရဲ့သူဌေးကြီး အီလွန်မတ်က အမေရိကန် ပြည်ထောင်စုနဲ့ နယ်နိမိတ်ချင်း စပ်နေတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ နွယ်ဗိုလေယွန် (Nuevo

မက္ကဆီကိုက Tesla Read More »

ဒေါ်နယ်ထရန့်မူဝါဒ

ဒေါ်နယ်ထရန့်ကိုဝေဖန်တဲ့သူတွေက သူ့ကို ကမောက်ကမတွေ ရွှတ်နောက်နောက် အပြုအမူတွေနဲ့   တလွဲတွေ လိုက်လုပ်နေတဲ့ အထီးကျန်ဝါဒကိုကျင့်သုံးတဲ့သူလို့ ယေဘုယျအားဖြင့် စွပ်စွဲခဲ့ကြတယ်။ ဇန်နဝါရီလ ၂ဝ ရက် သမ္မတရာထူးကို စတင်လက်ခံဆောင်ရွက်တဲ့နေ့မတိုင်ခင်အချိန်ထိတိုင်သူသမ္မတ အဖြစ် ဒုတိယ အကျော့ဝင်လာဖို့ မျှော်လင့်နိုင်ဖွယ်မရှိဘူးဆိုတာကို အဲဒီစကားလုံးတွေက ဖော်ပြနေပြီး ဖြစ်ပါ တယ်။ သမ္မတရာထူး တာဝန်စတင်လက်ခံတဲ့ အခမ်းအနားနီးကပ်လာတဲ့အလျောက် အရှေ့ အလယ်ပိုင်းက ဂါဇာဒေသ မှာ  အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေး သဘောတူညီချက် ခိုင်မာအောင်သူက အထောက်အကူ ပြုပေးခဲ့တယ်။ သူက မပြောအပ်မဆိုအပ်တဲ့ ရှောင်ဓလေ့ကို ချိုး ဖောက်ပြီး အာတိတ်ဒေသက တွင်းထွက် သယံဇာတ ကြွယ်ဝကာ မဟာဗျူဟာကျတဲ့အနေအထားရှိ  ဂရင်းလန်ကျွန်းကို ထိန်းချုပ် နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ဖို့ ရှိတယ်လို့ ပြောကြားခဲ့တယ်။ မစ္စတာထရမ့်ရဲ့ ဒုတိယသက်တမ်းဟာ

ဒေါ်နယ်ထရန့်မူဝါဒ Read More »