ကျူ ဝါးရုံလား . . . ကျူဝါးရုံလား
ဤအကြောင်းအရာ၏အစသည် ကဗျာဆရာမ ဝသုန္ဓေကဟုဆိုရပေမည်။ သူမနှင့် လူမှုကွန်ရက်အပေါ်တွင် စာတွေ ကဗျာတွေရေးကြရင်း ရင်းနှီးကြပေမင့် နောက်ပိုင်းကျွန်တော်တို့ မြို့နယ်အတွင်းသို့ပြောင်းရွှေ့လာသဖြင့် ပိုနီးစပ်လာသည်။ သို့သော်လည်း သူနေသည့်နေရာ နှင့် မိုင် ၃၀ လောက်ဝေးနေ၍ မဆုံဖြစ်ကြ။ ဆုံဖြစ်ရန် ချိန်းဆိုကြပါသော်လည်း အခက်အခဲပေါင်း များစွာကိုမကျော်နိုင်သည့်အပြင် သူမကလည်း ခြေထောက်ဗွေပါနေ၍ မဆုံသောလမ်းဖြစ်နေသည်။ ထိုအနေတွင် မဆုံမဖြစ်ဆုံကြရန်ကိစ္စပေါ်လာသည်က သူမပင်စင်ထုတ်ရန် အတွက် အကူအညီ တောင်းလာခြင်း ပဲဖြစ်သည်။ သို့သော်လည်း သူမကဒီပြောင်းလာပြီးမှ ရန်ကုန်ကိုယ်ပိုင် ကျောင်းတစ်ခုတွင် ဆရာမဝင်လုပ်နေပြန်သဖြင့် ပင်စင်ထုတ်ချိန်ဆုံကြပါသော်လည်း စကားကောင်းကောင်း ပြောမဖြစ်ကြပေ။ ရောက်သည်နှင့် ဘဏ်ပြေး။ ပင်စင်ထုတ်။ လက်ဖက်ရည်ဆိုင်တွင် နေ့လည်စာစား။ စားရင်း ဖြင့် ကြုံရဆုံရ တွေ့ရမြင်ရသည်တို့ကို စကားရည် လုကြရသည်။ သို့နှင့် စာအကြောင်းပေအကြောင်းသို့ ဂိတ် မထိုးဖြစ်ပေ။ […]
ကျူ ဝါးရုံလား . . . ကျူဝါးရုံလား Read More »




