The Corner

The Corner

cropped-Logo_round_grey-background.png

ဏေသွေးအိမ်

ကျူ ဝါးရုံလား . . .  ကျူဝါးရုံလား

ဤအကြောင်းအရာ၏အစသည် ကဗျာဆရာမ ဝသုန္ဓေကဟုဆိုရပေမည်။ သူမနှင့် လူမှုကွန်ရက်အပေါ်တွင် စာတွေ ကဗျာတွေ‌ရေးကြရင်း ရင်းနှီးကြပေမင့် နောက်ပိုင်းကျွန်တော်တို့ မြို့နယ်အတွင်းသို့ပြောင်း‌ရွှေ့လာသဖြင့် ပိုနီးစပ်လာသည်။ သို့သော်လည်း သူနေသည့်နေရာ နှင့် မိုင် ၃၀ လောက်ဝေးနေ၍ မဆုံဖြစ်ကြ။ ဆုံဖြစ်ရန် ချိန်းဆိုကြပါသော်လည်း အခက်အခဲပေါင်း များစွာကိုမကျော်နိုင်သည့်အပြင် သူမကလည်း ခြေထောက်ဗွေပါနေ၍ မဆုံသောလမ်းဖြစ်နေသည်။ ထိုအနေတွင် မဆုံမဖြစ်ဆုံကြရန်ကိစ္စပေါ်လာသည်က သူမပင်စင်ထုတ်ရန် အတွက် အကူအညီ တောင်းလာခြင်း ပဲဖြစ်သည်။ သို့သော်လည်း သူမကဒီပြောင်းလာပြီးမှ ရန်ကုန်ကိုယ်ပိုင် ကျောင်းတစ်ခုတွင် ဆရာမဝင်လုပ်နေပြန်သဖြင့် ပင်စင်ထုတ်ချိန်ဆုံကြပါသော်လည်း စကားကောင်းကောင်း ပြောမဖြစ်ကြပေ။ ရောက်သည်နှင့် ဘဏ်ပြေး။ ပင်စင်ထုတ်။ လက်ဖက်ရည်ဆိုင်တွင် နေ့လည်စာစား။ စားရင်း ဖြင့် ကြုံရဆုံရ တွေ့ရမြင်ရသည်တို့ကို စကားရည် လုကြရသည်။ သို့နှင့် စာအကြောင်းပေအကြောင်းသို့ ဂိတ် မထိုးဖြစ်ပေ။ […]

ကျူ ဝါးရုံလား . . .  ကျူဝါးရုံလား Read More »

ထိုင်ကူမှသည် စာပေသစ်ဆီသို့

တစ်နေ့က ကျွန်တော့်ကဗျာလေး တစ်ပုဒ်တွင် သူငယ်ချင်း တစ်ယောက်က မှတ်ချက် လာပေးသည်။ “ကဗျာဆရာ သတ်ပုံကျနေတယ်” ဟူ၍ ဖြစ်သည်။ မှန်ပါသည်။ ကျွန်တော့် ကဗျာတွင် “နှုတ်ဆက်” ဆိုသော စကားရပ်ကို “နှုတ်ဆတ်” ဟု ရေးထားခြင်း ဖြစ်သည်။ ကျွန်တော် စဉ်းစားသည်။ ”ဘာကြောင့် နှုတ်ဆတ်ဟု ရေးသည်ကို ရှင်းပြရကောင်းမည်လား သို့မဟုတ် ဒီအတိုင်းပဲ ထားလိုက်ရမလား“ဆိုတာကိုပဲ ဖြစ်သည်။ သို့သော်လည်း နှုတ်ဆက်ဆိုသည့် စကားလုံးအစား “ဆတ်” ဆိုသည့် နာကျင်သည့်စကားလုံးဖြင့် တွဲသုံး ဖြစ်ပုံကို ရှင်းပြမိသည်။ တစ်ဆက်တည်းမှာ ဆရာဒဂုန်တာရာကို သတိရမိသည်။ အဘယ်ကြောင့် ဆိုသော် ဆရာ ဒဂုန်တာရာသည် ဤသို့ စကားလုံးများကို ပေါရာဏထဲမှ သော်လည်းကောင်း ထိုပေါရာဏများကို မိမိ စိတ်ကူးအရ တီထွင်

ထိုင်ကူမှသည် စာပေသစ်ဆီသို့ Read More »

ဂိမ်းဆော့မလား စာဖတ်သလား

မနှစ်က ဖြစ်သည်။ မြို့နယ်အတွင်းရှိ စာကြည့်တိုက်တစ်ခုတွင် လူငယ်လေးတွေ ဦးဆောင်ပြီး စာဖတ်သူ တိုးတက် လာစေရန် အတွက် အစီအစဉ်တစ်ရပ်ကို သွားရောက်ဝန်းရံပေးဖြစ်သည်။ ကျွန်တော်တင်သာမက စာပေမြတ်နိုးသူ မိတ်ဆွေများလည်း ပါသည်။ စီစဉ်သူများက ဆယ်ကျော်သက်များဖြစ်၍ ကျွန်တော် တို့အားလုံး သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြစေရန် အိမ်ဖြည့် သဘောဖြင့်သာနေကြသည်။ အစီအစဉ်အစတွင် စာဖတ်ခြင်းနှင့်ပက်သက်ပြီး စကားအနည်းငယ်ပြောသည်မှအပ သူတို့ ဆောင်ရွက်နေ ကြသည်ကိုသာ အကဲခတ်နေကြသည်။ မဆိုးပါ။ လာသည့်ကလေးများကို မိမိဖတ်ဖူးသည့်စာအုပ်များထဲမှ အနှစ်သက်ဆုံး စာအုပ်အကြောင်း ပြောခိုင်းသည်။ ထပြောသူများကို ဇယားကွက်ပါ ကတ်ပြားလေးထဲတွင် အကြိမ်ရေမှတ်သားထား သည်။ ပြည့်သွားလျှင် လက်ဆောင်ပေးသည်။ ကလေးများက အစတွင် ထိုသို့ပြောလေ့မရှိသည့် အတွက် အနည်းငယ် စိုးရွံ့မှုများဖြင့် သိပ်အဆင် မချောသော်လည်း နောက်ပိုင်း အရှိန်

ဂိမ်းဆော့မလား စာဖတ်သလား Read More »

နောင် ဒိုင်း အသံလေးရပ်နေတော့

ကျွန်တော် အမှတ်တမဲ့ နေခဲ့တဲ့အကြောင်းအရာလေး မကြာခင်ကပြန်ဖတ်မိတော့စဉ်းစားစရာတစ်ခုဖြစ်ခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာမှာအချိန်သတ်မှတ်ပုံက နာရီ ၆၀ ရှိတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ မြန်မာ ရေနာရီပါ။ တစ်နေ့ကို နာရီ ၆၀ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့နာရီက ၂၄ နာရီရှိ တယ်ဆိုတာ လူတိုင်း လက်ခံ ထားပြီးသား ဖြစ်သလို မြန်မာတွေ လူငယ်ဘ၀ စာစသင်ပြီဆိုကတည်းက ဒီ ၂၄ နာရီရှိ တဲ့နာရီကို ကြည့်တတ်ဖို့ သင်ကြားခဲ့ရတာပဲဖြစ်ပါတယ်။ တကယ်ဆို ကျွန်တော်တို့တစ်တွေက မြန်မာတွေ မဟုတ်ဘူးလား။ ဘာဖြစ်လို့ သူများနာရီကို ယူငင် သုံးစွဲခဲ့ရတာလဲ။ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် မသိပါဘူး။ ကျွန်တော့်အထင် လွယ်ကူ အဆင်ပြေတဲ့အရာ မို့လို့ သုံးစွဲခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ယနေ့ထိ လူတိုင်းရဲ့

နောင် ဒိုင်း အသံလေးရပ်နေတော့ Read More »

မိုးကထာ

မိုးသည် တစိမ့်စိမ့်ဖြင့်။ တက်လန်းစဉ်အခါက ဤအချိန်မျိုးတွင် စာအုပ်တစ်အုပ်ဖတ်နေခြင်း စည်းစိမ်က မြိန်လှသည်။ ယခု မဟုတ်။ ကော်ဖီခါးခါးသာမက ကော်ဖီမှုန့်ကိုချည်းဝါးစားနေပြီး စာအုပ် တစ်အုပ် ဖတ်မည် ဆိုလျှင်လည်း မျက်လုံးကချော့သိပ်နေသည့်အလား။ အပြင်ထွက်ရန်ကလည်း မိုးရေကာပစ္စည်းများက အပြည့်အဝ အကာအကွယ် မပေးနိုင်ကြ။ အိမ်ထဲ၌လည်းကိုယ်လုပ်ချင်တာ ကိုလုပ်မရ။ ကြာလျှင် အိပ်ခြင်း ဘူတာဆီသို့သာ ဆိုက်ရောက်ချေမည်။ ဆိုးသည်ကလေဖိအားနည်း ရပ်ဝန်းကြောင့်ရွာသောမိုးဖြစ်၍ ထိုလေဖိအားနည်း ရပ်ဝန်းအား မလျော့မချင်း ရွာနေ ဦးမည်။ လက်တွေ့တွင် ကိုယ့်အတွက် ကယောင်ချောက်ချား ဖြစ်စေသော်လည်း ဦးကြီးများက ဝမ်းသာပျော် ရွှင်နေ လိမ့်မည်။ ထိုမိုးရေမှ မရလျှင် မိုးစပါး မည်သို့ စိုက်မည်နည်း။ ကိုယ်ကလေဖိအားနည်းရပ်ဝန်း ကိုအပြစ်တင်နေ သလောက် ဦးကြီးတို့ကလက်ဆွဲနှုတ်ဆက်နေလိမ့်မည်။ ဟုတ်သည်။ ယနေ့တွင် သိသိသာသာ အနောက်တောင်

မိုးကထာ Read More »

နန်းဆန်လိုက်တဲ့အားကစား – ဏေသွေးအိမ်

ကမ္ဘာပေါ်မှာ အားကစားနည်းပေါင်းများစွာရှိတဲ့အထဲက အားကစားနည်း တချို့ကို လေ့လာ ကြည့်ကြပါစို့။ လူကြိုက် အများဆုံးဖြစ်တဲ့ ဘောလုံးအားကစားနည်းမှာဆိုရင် တစ်ဖက် ဆယ့် တစ်ယောက်စီ စုဖွဲ့ပြီး နှစ်သင်း ယှဉ်ပြိုင် ကစားရတာ အားလုံးအသိ။ ကိုယ့်အသင်း ဂိုးပေါက်ထဲ ဘောလုံးမဝင်နိုင်အောင် တစ်ဖက်အသင်း ဂိုးပေါက်ထဲဘောလုံးဝင်အောင် မိနစ်ကိုးဆယ်ယှဉ်ပြိုင်။ ဂိုးသွင်းနိုင်ခြင်းနဲ့ ဂိုးဝင်ခံ ရခြင်းဟာ အရှုံးနဲ့အနိုင်ပဲ။ ဒီအတွက် ကစားကွက် ဗျူဟာ၊ ငွေကြေး ဗျူဟာတွေကို အများကြီးစိုက် ထုတ်ထားကြရတယ် လို့ပဲ အကျဉ်းဆို ကြပါစို့။ ဒါကြောင့်လည်း နေရာဒေသ အသီးသီးက လူသန်းပေါင်းများစွာဟာ သူတို့ကစားပွဲတွေကို တကူးတကနဲ့ စောင့်ကြည့် နေကြတယ်။ သို့သော်လည်း ဘောလုံးယဉ်ကျေးမှုဟာ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘူး။ မျက်လုံး ပေါင်းများစွာရဲ့ ရှေ့မှောက်မှာ အသင်းနိုင်ပွဲရဖို့ အတွက် စည်းကမ်း

နန်းဆန်လိုက်တဲ့အားကစား – ဏေသွေးအိမ် Read More »

အဟောင်းပြတိုက် – ဏေသွေးအိမ်

ကျွန်တော်တို့ ငယ်ငယ်တုန်းကကြားဖူးတဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်။ “မမလေးကိုနော်ဗျာ မောင်မောင်က ခိုးမယ်လို့လူဆိုးတွေနဲ့မောင်တိုင်ပင်” တဲ့။ ဒီသီချင်းမူရင်းဘယ်သူဆိုတယ်ဆိုတာမသိရပေမယ်လို့ အတော် များများသီဆိုခဲ့ ကြတာတော့သေချာတယ်။ တစ်နည်းအားဖြင့် ခေတ်အဆက်ဆက် ခေတ်စားခဲ့တဲ့ သီချင်း ဆိုလည်းမမှားလောက်ဖူး။ သီချင်းက သံစဉ်လေးကလည်းသွက် စာသားလေး ကလည်း ချစ်တတ်တဲ့ သူတွေကို ဆွဲဆောင်နိုင်တာဆိုတော့ လူတိုင်းပါးစပ်ဖျားမှာလိုလို သီချင်း တစ်ပုဒ်လုံး မဟုတ်ရင်တောင် စောစောက စာသားလေးကိုအလွတ်ရကြတာ မဟုတ်လား။  နောက်ဆို မြန်မာစကားဆိုတာ စာရွက်ဟောင်းတွေ ထဲမှာ ပျောက်ဆုံးနေတဲ့ ပြတိုက်တစ်ခုလောက်ပဲ အသုံးဝင်တော့မလားဆိုတာ  “မမလေးကိုနော်ရှင်၊ မောင်မောင်ကခိုးမယ်လို့၊ လူဆိုးတွေနှင့်မောင်တိုင်ပင် ၊ အရှေ့ဆို ညောင်ပင်ရင်းမှာ၊ မြင်းကို စီးပြင်၊ လထွက်လေးကိုတဲ့မြင်းပေါ်တင်၊ လဝင်ယင် မန်းတောင် ရောက်အောင် မြင်းငေါက်ပါ့ကွယ်။” ဆိုတဲ့ သီချင်းကို ဖတ်မိတော့မှ အော်,  ဒီလိုပါလားလို့ သိရတယ်။ သီချင်းမှာ

အဟောင်းပြတိုက် – ဏေသွေးအိမ် Read More »