တစ်ကွက်တည်းသော ဘဝနေနည်း
“ကျွန်တော်က သိုင်းကွက်အများကြီး ကစားတတ်တဲ့သူထက်စာရင် သိုင်းတစ်ကွက်တည်းကို ထပ်ခါတလဲလဲ လေ့ကျင့်ထားတဲ့သူကို ပိုကြောက်တယ်”။ ထိုစကားကို ပြောခဲ့သူမှာ တစ်ချိန်က ကမ္ဘာကျော်ကွန်ဖူးမင်းသားကြီး ဘရုစ်စလီ (Bruce Lee) ပင်ဖြစ်သည်။ ထိုစဉ်က ဤစကားကို သိပ်ပြီး သဘောမပေါက်ခဲ့ပေ။ မည်သည့်ပညာကိုပဲသင်သင် တစ်ခုတည်းကိုသာ သင်ယူ၍မရဟု ထင်ခဲ့မိသည်။ ကွန်ဖူးဆိုလျှင်လည်း ကွန်ဖူးသိုင်းကစားကွက်ပေါင်းများစွာကို ပြည့်စုံအောင် သင်ကြရသည် မဟုတ်ပါလား။ မည်သူမျှ “တစ်ကွက်တည်းသင်ပေးပါ” ဟုလည်း မပြောကြချေ။ ကျောင်းသားဘဝကဖြစ်၍ “အင်း… ဘရုစ်စလီကိုခေါ်ပြီး ကျောင်းတွေမှာ ဘာသာရပ်တစ်ခုတည်းကိုပဲ သင်ပေးဖို့ ပြောဦးမှ” ဟုပင် နောက်ပြောင်ခဲ့ ကြသေးသည်။ သို့သော်လည်း ဘရုစ်စလီ ပြောလိုသည်မှာ သင်ယူခြင်းသက်သက်နှင့်မဆိုင်။ သင်ယူသည့်ကိစ္စတွင် မည်သည့် ပညာရပ်ကို မဆို သင်ယူနိုင်သည်။ သို့သော် ဘဝရပ်တည်ရေးအတွက် အမှန်တကယ် လိုအပ်သည်မှာ ထိုသင်ယူခဲ့သည့် ပညာရပ်များထဲမှ “တစ်ကွက်” သာလျှင် […]
တစ်ကွက်တည်းသော ဘဝနေနည်း Read More »









